• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

စားပွဲတင် ပီစီတွေလို ပစ္စည်းတခုချင်းစီ ရွေးချယ်တပ်ဆင်သုံးနိုင်မယ့် စမတ်ဖုန်း

by ဖိုးနိုင်ဝင်း (မာစတာပိစ်)
19 January 2015
in ဆောင်းပါး
A A
ပီစီ, Clone PC, Upgrade, Project Ara, Hot-swapped, Google Ara,

ပါဝါပိတ်စရာ မလိုဘဲ ဖြုတ်နိုင် တပ်နိုင်တဲ့ မော်ဂျူးတွေ

2.4k
VIEWS
Share on FacebookShare on Twitter

ပီစီတွေမှာ Branded PC လို့ခေါ်တဲ့ ပီစီတွေဟာ ကွန်ပျူတာ ကုမ္ပဏီကြီးတွေက သူတို့ ရွေးချယ်ထားတဲ့ ဟာ့ဒ်ဝဲ ပစ္စည်းတွေကို၊ သူတို့ စိတ်ကြိုက်တပ်ဆင် ရောင်းချခဲ့တဲ့ ပီစီတွေ ဖြစ်ပါတယ်။ Memory (RAM) တိုးတာမျိုး၊ Hard Drive ထပ်တပ်တာမျိုး အသေးစား Upgrade လုပ်လို့ရပေမယ့် အဓိကကျတဲ့ အစိတ်အပိုင်းတွေကို ဝယ်ယူသူတွေက Upgrade လုပ်ဖို့ အဆင်မပြေပါဘူး။

အဲဒီမှာ သုံးစွဲသူတွေကနေ အစိတ်အပိုင်း တခုချင်းစီကို စိတ်ကြိုက်ရွေးချယ် တပ်ဆင်သုံးနိုင်မယ့်  ကလုန်း (Clone) ပီစီတွေနဲ့ ဟာ့ဒ်ဝဲ အစိတ်အပိုင်း ပစ္စည်းတွေ ထုတ်လုပ်ရောင်းချတဲ့ ဈေးကွက်ကြီးတခု ပေါ်ပေါက်ခဲ့ပါတယ်။ အခု တွေ့မိတာက Clone PC တွေလို  တစစီရွေးချယ် တပ်ဆင်သုံးနိုင်တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။

RelatedPosts

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
2.1k
မြိတ်မြို့

မြိတ်မြို့

11 May 2025
539
တရုတ်အကျဉ်းထောင်ရှိ မြန်မာအကျဉ်းသားများ၏ ဆင်းရဲဒုက္ခ

တရုတ်အကျဉ်းထောင်ရှိ မြန်မာအကျဉ်းသားများ၏ ဆင်းရဲဒုက္ခ

10 May 2025
1.4k

ဂူးဂဲလ်ကနေ တာဝန်ယူ  ထုတ်လုပ်ထားပြီး ဈေးကွက်တင် ရောင်းချတဲ့ အဆင့် မရောက်သေးပါဘူး။ ဒါပေမယ့် အဲဒီ စမတ်ဖုန်းဟာ ၂၀၁၅ ခုနှစ်ထဲမှာ ဈေးကွက်တင် ရောင်းချမယ်လို့ သိရပါတယ်။

စားပွဲတင် ကွန်ပျူတာတွေက တခြား အီလက်ထရောနစ် ပစ္စည်းတွေထက် အားသာချက်ကြီး ရှိနေပါတယ်။ အဲဒါ ကတော့ ဘယ် အီလက်ထရောနစ် ပစ္စည်းတွေမှာမှ လုပ်ဆောင်လို့ မရတဲ့ ကွန်ပျူတာပစ္စည်း အစိတ်အပိုင်း တွေကို သုံးစွဲသူတွေက စိတ်ကြိုက်ရွေးချယ် တပ်ဆင်သုံးနိုင်တာ ဖြစ်ပါတယ်။

အစိတ်အပိုင်းတခုခု ချို့ယွင်းခဲ့ရင်လည်း အဲဒီ အစိတ်အပိုင်းကိုပဲ လဲလှယ်တပ်ဆင် သုံးနိုင်ပါတယ်။ ပီစီရဲ့ မားသားဘုတ်၊ RAM, Power Supply အိမ်ခွံ၊ Hard Drive, CD/ DVD/ BluRays Drive စတာတွေကို ရွေးချယ် သုံးနိုင်ခဲ့ပါတယ်။ လက်ပ်တော့ တွေကိုလည်း အလားတူ လုပ်ဆောင်နိုင်အောင်၊ ကိုယ်တိုင် တပ်ဆင် သုံးနိုင်အောင် လုပ်ခဲ့ဖူးပါတယ်။

လက်ပ်တော့တွေရဲ့ အိမ်ခွံ၊ LCD Display Keyboard, Power Adapter စတာတွေနဲ့ မားသားဘုတ်ကို တွဲရောင်းချပြီး၊ ကျန်တဲ့ အစိတ်အပိုင်းတွေ သုံးစွဲသူကနေ ရွေးချယ်တပ်ဆင် သုံးနိုင်အောင် လုပ်ထားပါ တယ်။ ဒါပေမယ့် Clone PC မှာလို အောင်မြင်မှု မရခဲ့ပါဘူး။ စမ်းသပ် ထုတ်လုပ် ရောင်းချတဲ့ အဆင့်မှာတင် ပွဲသိမ်းသွားပါတယ်။

အခု စမတ်ဖုန်းတွေ ကိုလည်း အဲဒီလို ရွေးချယ်တပ်ဆင် သုံးနိုင်အောင် လုပ်ဆောင်ထားတာက ဂူးဂဲလ်က ဖြစ်ပြီး၊ လက်ရှိ နည်းပညာ ကုမ္ပဏီတွေထဲမှာ ထူးထူးခြားခြား လုပ်ဆောင်လေ့ ရှိပြီး၊ အချိန်တို အတွင်း အအောင်မြင်ဆုံး ဖြစ်ခဲ့တဲ့ ကုမ္ပဏီကြီး ဖြစ်ပါတယ်။

အဲဒီကုမ္ပဏီရဲ့ လုပ်ဆောင်ချက်က စမတ်ဖုန်းတွေရဲ့ အဓိကကျတဲ့ အစိတ်အပိုင်းကို ဝယ်ယူပြီး၊ လိုအပ်တဲ့ အပိုင်းတွေ ကို ရွေးချယ်ဝယ်ယူ တပ်ဆင်သုံးနိုင်ဖို့ ဖြစ်ပါတယ်။ ဂူးဂဲလ်ကနေ အဲဒီပရောဂျက်ကို Project Ara လို့ နာမည်ပေးထား ပါတယ်။ စမတ်ဖုန်းရဲ့ အစိတ်အပိုင်း တခုချင်းစီကို ပြောင်းလဲတပ်ဆင် သုံးနိုင်ပြီး ကင်မရာ အပိုင်းလေးကို ဖြုတ်လဲ တာ၊ CPU အပိုင်းကို ဖြုတ်လဲတာ၊ Display ကို ဖြုတ်ပြီး တခြားဖုန်းမှာ သုံးတာမျိုးကို အလွယ်တကူ မြန်မြန်ဆန်ဆန် လုပ်နိုင်ပါတယ်။

အဲဒီလိုလုပ်ဆောင်ဖို့ စီမံကိန်းကို I/O 2014 ပြပွဲကြီးမှာ ဂူးဂဲလ်က ပြသခဲ့ပြီး၊ Ara အတွက် နမူနာသုံးမယ့် CPU တွေကို ထုတ်လုပ်ဖို့ Marvell နဲ့ Nvidia ကုမ္ပဏီတွေနဲ့ အပူတပြင်း လုပ်ဆောင်နေပါတယ်။

လတ်တလော နမူနာပုံစံ ၂ မျိုး ထုတ်လုပ်ဖို့ အတွက် PXA 1928 နဲ့ Tegra K4 Processor တွေကို သုံးထားပါတယ်။ AP Module တွေနဲ့ ဆက်စပ်သုံးမယ့် အတိုင်းကို Toshiba Unipro bridge ASIC (Application-Sepcific Integrated Circuit) ကို သုံးထားပါတယ်။

၂၀၁၅ အစပိုင်းလောက်မှာ Ara ကို ဈေးကွက် တင်နိုင်လိမ့်မယ် လို့ ခန့်မှန်းထားပြီး အဓိက အထိုင် အစိတ်အပိုင်းကို ဒေါ်လာ ၅၀ လောက်နဲ့ပဲ ရောင်းချပါလိမ့်မယ်။ ဒါဟာ ဂူးဂဲလ်ကနေ လူသန်းခြောက် ထောင်လောက် ရှိနေတဲ့ ဈေးကွက် အနေအထားကြောင့် အမြတ်အစွန်း ပါးပါးလေးပဲ ယူပြီး လူအမြောက်အများ သုံးစွဲအောင် လုပ်ဆောင်တဲ့သဘော ဖြစ်ပါတယ်။

အဲဒီ အထိုင်ယူနစ်မှာ ကြိုးမဲ့ ဆက်သွယ်ဖို့ Wi-Fi ပဲ လုပ်ဆောင်ပေး နိုင်ပြီး သုံးစွဲသူရဲ့ လိုအပ်ချက်အရ 3G ဒါမှ မဟုတ် 4G LTE ဆက်သွယ်ရေး လုပ်ဆောင်ပေးနိုင်တဲ့ Module (မော်ဂျူး) တွေကို စိတ်ကြိုက်ရွေး တပ်ဆင်သုံးနိုင်ပါမယ်။ အဲဒီလို စမတ်ဖုန်းတွေကို စီမံကိန်း ရေးဆွဲ လုပ်ဆောင်နေတာက Google ရဲ့ Advanced Technology and Patents Department (ATAP) က ဦးဆောင် လုပ်ကိုင်နေပြီး အပြည့်အ၀ အလုပ်လုပ်နိုင်တဲ့ နမူနာပုံစံ (Prototype) ကို သီတင်းပတ် အနည်းငယ် အတွင်း ထုတ်လုပ်ပြီးစီးမယ် လို့ သိရပါတယ်။

Google ကနေ Ara ရဲ့ Developer Conference ကို ၂၀၁၄ ခု ဧပြီလ ၁၅ ရက်နဲ့ ၁၆ ရက်နေ့ ကယ်လီဖိုး နီးယားမှာ ကျင်းပခဲ့ပါတယ်။ အခုပွဲဟာ Developer တွေလို့ ပြောထားပေမယ့် ဆော့ဖ်ဝဲတွေသာမက ဟာ့ဒ်ဝဲသမားတွေနဲ့ပါ သက်ဆိုင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ Ara ဟာ ဟာ့ဒ်ဝဲတွေကိုပါ Open Source ဟာ့ဒ်ဝဲတွေ အဖြစ် လုပ်ဆောင် ဖို့ ရည်ရွယ်ထားပြီး၊ Google ရဲ့ Andriod ဆော့ဖ်ဝဲတွေလိုမျိုး Developer တွေ ထောင်ပေါင်းများစွာ ပူပေါင်း လုပ်ဆောင်နိုင်အောင် လုပ်ထားလို့ ဖြစ်ပါတယ်။

ကားဂိုထောင်ထဲမှာ၊ မြေအောက်ခန်းလေးထဲမှာ ကိုယ်ပိုင်တနိုင် လုပ်ဆောင်နေကြတဲ့ ဟာ့ဒ်ဝဲ၊ ဆော့ဖ်ဝဲ Developer တွေပါ ပါဝင် လုပ်ဆောင်နိုင်အောင် Open Source လုပ်ထားတယ်လို့ Google က ပြောထား ပါတယ်။ အဲဒီ ပွဲမှာပဲ Google ကနေ Module Developer Kit (MDK) ကို မိတ်ဆက်ပေးခဲ့ပါတယ်။ Google ကနေ အဲဒီ ကွန်ဖရင့်ကို ကျင်းပတာဟာ Ara ပလက်ဖောင်းအတွက် ဆောင်လိုသူတွေ အသေးစိတ် လုပ်ဆောင်နိုင်အောင်နဲ့ သူ့ရဲ့ Play Store မှာ Developer တွေက လုပ်ဆောင်ထားတဲ့ Ara ဟာ့ဒ်ဝဲ မော်ဂျူးတွေကို ရောင်းချဖို့ အထိ လုပ်ဆောင်သွားမှာ ဖြစ်တယ် လို့ ပြောပါတယ်။ သင့်အနေနဲ့ သင့်ဖုန်းမှာ တပ်ဆင်သုံးချင်တဲ့ မော်ဂျူးတွေ အလွယ်တကူဝယ်ယူ တိုးမြှင့်နိုင်ပါမယ်။

မော်ဂျူးတွေဟာ ၄ မီလီမီတာလောက်ပဲ ထူပြီး Ara မှာ တပ်ဆင်သုံးခဲ့ရင်တော့ အဲဒီ Ara ဖုန်းတွေဟာ ၁၀ မီလီမီတာလောက်ပဲ ထူပါလိမ့်မယ်။

မော်ဂျူးတွေကို ပြန်ဖြုတ်မယ်ဆိုရင်တော့ သင့်ဖုန်းရဲ့ App ကနေ အဲဒီ Module ကို အရင်ဖြုတ်ပြီးမှ လုပ်ပေးပါ လိမ့်မယ်။ အရင်က USB Memory Stick လေးတွေကို ဆော့ဖ်ဝဲသုံး အရင်ဖြုတ်ပြီးမှ Port ကနေ ဆွဲဖြုတ်ရတာနဲ့ ဆင်တူပါတယ်။

Time ရဲ့ အစီရင်ခံစာအရ Ara ဟာ အရွယ်အစား ၃ မျိုးနဲ့ ထုတ်လုပ်မှာ ဖြစ်ပြီး Mini (အသေးစား) Medium (အလတ်စား) နဲ့ ဂျမ်ဘို( အကြီးစား)ဆို ပြီးရှိပါမယ်။ ဂျမ်ဘိုကတော့ အခုလတ်တလော ရေပန်းစားနေတဲ့ Phablet စမတ်ဖုန်းတွေ အရွယ်အစားဖြစ်ပါတယ်။ အဲဒီစမတ်ဖုန်းတွေရဲ့ အရွယ်အစားပေါ် မူတည်ပြီး သူ့မှာ တပ်ဆင် သုံးနိုင်တဲ့ မော်ဂျူးလေးတွေရဲ့ ပမာဏ ကွာခြားမှု ရှိနေပါမယ်။

Hot-swapped လုပ်နိုင်တဲ့ Module တွေ

Hot-swapped လုပ်တယ် ဆိုတာ သင့်ရဲ့စမတ်ဖုန်း ဘက်ထရီကို ဖြုတ်ဖို့ အတွက် အဲဒီဖုန်းကို ပါဝါပိတ်စရာ မလိုဘဲ ဖြုတ်နိုင် တပ်နိုင်တာကို ဆိုလိုပါတယ်။ ဘက်ထရီ တင်မကသေးပါဘူး ကျန်တဲ့ မော်ဂျူး တွေကိုပါ ထုတ်တပ်နိုင်စေပြီး ဖြုတ်တပ်လို့ မရတာက ဖုန်းရဲ့ ပရိုဆက်ဆာနဲ့ ဒစ်စပလေးတွေ ဖြစ်ပါမယ်။
သင့် အနေနဲ့ ဓာတ်ပုံတပုံ ရိုက်ဖို့မြင်ကွင်း ကောင်းတဲ့ အခြေအနေ တခုကိုတွေ့တဲ့ အချိန်ကျ မှသင့်ရဲ့ စမတ်ဖုန်းမှာ ကင်မရာ တပ်မထားရသေးဘူး ဆိုပါစို့၊ သင့်အနေနဲ့ ကင်မရာ မော်ဂျူးကို အခုပဲတပ်၊ အခုပဲ ရိုက်နိုင်ပါမယ်။ ဒါမှ မဟုတ် အဲဒီ ကင်မရာ ပျက်စီးသွားခဲ့ရင် ဖြစ်ဖြစ်၊ ဒါမှမဟုတ် သူ့ထက်ကောင်းတဲ့ ကင်မရာကိုလဲ တပ်မယ် ဆိုရင်ဖြစ်ဖြစ် ဂူးဂဲလ်စတိုးက နေဝယ်ပြီး တပ်လိုက်ရုံပါပဲလို့ Paul Eremenko က ပြောပါတယ်။

မော်ဂျူးလာ ဖုန်းတွေရဲ့ဈေးနှုန်း

ဂူးဂဲလ်ကနေ သူ့ရဲ့ မော်ဂျူးလာဖုန်း (modular) ပရောဂျက်ကို project Ara လို့နာမည်ပေးထားပြီး သူ့ရဲ့ဖုန်းကိုတော့ ဂူးဂဲလ်ဧရာ (Google Ara) လို့ နာမည် ပေးထားပါတယ်။ ၂၀၁၅ ထဲမှာ ဈေးကွက်တင်မှာ ဖြစ်ပြီး အဲဒီနာမည်ကိုပဲ ဆက်သုံးမယ် လို့ ယူဆရပါတယ်။ အဲဒီ ဖုန်းရဲ့အထိုင်က ဒေါ်လာ ၅၀ လောက်ပဲ သတ်မှတ်ထားပြီး၊ ဗွီဒီယို လုပ်ဆောင်မှု အပိုင်းလေးကို ၁၅ ဒေါ်လာလောက် ရှိပြီး တခြား အစိတ်အပိုင်းတွေ အတွက် ၃၅ ဒေါ်လာလောက် ကုန်ကျပါမယ်။

ပြပွဲမှာတုန်းက ပြခဲ့တဲ့ နမူနာ မော်ဒယ်ဟာ display ကို လဲလို့ ရအောင် လုပ်ထားတာ တွေ့ရပါတယ်။ အရင်က ကြားထားတဲ့ အတိုင်းဆိုရင် ဒစ်စပလေးကို ဖြုတ်လို့ လဲလို့ မရဘူးလို့ သိထားပါတယ်။ ဒါပေမယ့် ဈေးသက်သာအောင် လုပ်ထားတဲ့ မူရင်း မော်ဒယ်ဟာ ရီဆိုလူးရှင်း 800 x 400 LCD တွေ ဖြစ်နိုင်ပါတယ်။ သင့်အနေနဲ့ အပြည့်အ၀ လုပ်ပေးနိုင်တဲ့ IPS ဒစ်စ်ပလေး ဒါမှမဟုတ် OLED ဒစ်စပလေးတွေ ပြောင်းသုံးခဲ့ရင်တော့ ဈေးအများကြီး ပိုသွား နိုင်ပါတယ်။

အခု ဂူးဂဲလ်ရဲ့ ဧရာဖုန်းဟာ ဂူးဂဲလ်လို ကုမ္ပဏီကြီးက တာဝန်ယူ လုပ်နေတဲ့ အတွက်သုံးစွဲ သူတွေကတော့ ဝမ်းသာစရာ သတင်းတခုပါ။ ဒါပေမယ့် မိုဘိုင်းလ် ဖုန်းတွေ ထုတ်ပြီး လုပ်စားနေကြတဲ့ ကုမ္ပဏီတွေကတော့ တော်တော် အထိနာမယ့် ကိစ္စဖြစ်နေပါလိမ့်မယ်။ လက်ရှိ ရောင်းချနေတဲ့ မိုဘိုင်းလ် ဖုန်းတွေကို ကြည့်ရင် သူတို့ရဲ့ ထုတ်ကုန်ပစ္စည်းတွေရဲ့ ကုန်ကျစားရိတ်ဟာ ရောင်းဈေးရဲ့ တဝက်လောက်ပဲ ရှိနေပါတယ်။

ဆမ်ဆောင်းဟာ ကုမ္ပဏီရဲ့ သက်တမ်းတလျှောက် ဒီနေ့အထိ ဖုန်းတွေ ထုတ်လုပ်ခဲ့တဲ့ အထဲမှာ Note 4 ဟာ ကုန်ကျစရိတ် အမြင့်ဆုံးဖြစ်ပါတယ်။ ဒါတောင်မှ အစိတ်အပိုင်းတွေရဲ့ စုစုပေါင်း ကုန်ကျစရိတ် ဒေါ်လာ ၂၆၀ ပဲ ရှိပါတယ်။ iPhone 6 ကတော့အရွယ် အစား ငယ်တဲ့ ဖုန်းတွေကို ၂၂၇ ဒေါ်လာ၊ ကြီးတဲ့ မော်ဒယ်တွေက ၂၄၂ ဒေါ်လာ ကုန်ကျပါတယ်။ quad HD diaplay 5.7” 2560 x 1440 66.5 ဒေါ်လာ၊ ပရိုဆက်ဆာက 40.5 ဒေါ်လာ၊16 Mega-pixel ကင်မရာက ၂၅.၅၀၊ ကျန်တဲ့ အစိတ်အပိုင်းတွေက ဒေါ်လာ၂၀ လောက် ပဲရှိပါ တယ်။

ကျန်တဲ့ ကုန်ကျစရိတ်တွေ လည်း ရှိနေပါလိမ့်မယ်။ ဒါပေမယ့် အများနဲ့ ထုတ်လုပ်ဆောင် ရွက်ရတာ ဖြစ်လို့ ဖုန်း တလုံးချင်းစီပေါ် ကုန်ကျစရိတ်က သိပ်များ မနေပါဘူး။ လက်ရှိဈေးကွက်ထဲက စမတ်ဖုန်းတွေရဲ့ ပေါက်ဈေးနဲ့ ယှဉ်ကြည့်ရင် ရာခိုင်နှုန်း တော်တော်များများ အမြတ်တင် ရောင်းချနေတာ ဖြစ်ပါတယ်။ အဲဒီလို ခွင်ကောင်းကောင်း မိထားတဲ့ ကုမ္ပဏီတွေကတော့ ဂူးဂဲလ်ရဲ့ ဧရာဖုန်း ဈေးကွက်တင် ရောင်း ချတာကို ကြိုဆိုမှာ မဟုတ်ပါဘူး။

အစိမ်းရောင်စမတ်ဖုန်း

အခု ရေးပြထားတဲ့ ဖုန်းသာ တွင်တွင်ကျယ်ကျယ် သုံးလာခဲ့ရင် သဘာ၀ ဝန်းကျင်ထိခိုက်မှုကိုပါ
လျော့ချနိုင်ပါ လိမ့်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မိုဘိုင်းလ်ဖုန်းတွေ စမတ်ဖုန်းတွေ အများစုဟာ အစိတ်အပိုင်းတခုခု ချို့ယွင်းသွားခဲ့ရင် ပြင်ဖို့ မလွယ်တာ၊ ကုန်ကျစရိတ်များ နေတာကြောင့် အသစ်တလုံး ဝယ်သုံးကြရတာ များပါတယ်။

ဒီကြားထဲမှာ ဘက်ထရီ၊ ဘက်ထရီချာချာတွေက အစ တခုနဲ့တခု မတူတာ၊ ပြောင်းသုံးလို့ မရတာ တွေကြောင့် မလိုအပ်ဘဲ ဖုန်းတွေ စွန့်ပစ်ကြရပါတယ်။ Adapter တွေကလည်း Brand ချင်း တူတာတောင်မှ မော်ဒယ် မတူရင် ပြောင်းသုံးလို့ မရအောင် လုပ်ထားတာတွေ ရှိနေလို့ အခုလို အပိုင်း တခုချင်းစီကိုသာ အလွယ်တကူ ဖြုတ်လဲနိုင်တဲ့ ဖုန်းဆိုရင် ပျက်တဲ့ အပိုင်းကိုပဲ အသစ်ဝယ်သုံးနိုင်၊ Upgrade လုပ်နိုင်ပါမယ်။ အဲဒီ အတွက် ပတ်ဝန်းကျင် ထိန်းသိမ်းဖို့လုပ် ဆောင်နေကြသူတွေက ကြိုဆိုမှာ သေချာပါတယ်။

Google ရဲ့ Ara ဖုန်းဟာ ဈေးနှုန်းလည်းသက်သာ ပစ္စည်းတခုချင်းစီ စိတ်ကြိုက်ရွေး တပ်ဆင် သုံးနိုင်တဲ့ အတွက် ဈေးကွက်မှာ ပေါက်သွားမယ် လို့ ယူဆရပါတယ်။ Google ရဲ့ Ara ဖုန်းကို သုံးစွဲသူတွေ အများအပြား ပြောင်းမသုံး ခဲ့ရင်တောင်မှ မိုဘိုင်းလ်ဖုန်းတွေရဲ့ ဈေးဟာ ဒီထက် ပိုလျော့လာပါလိမ့်မယ်။ ပီစီတွေမှာတုန်းကလိုသာ အောင်မြင်ခဲ့ ရင်တော့ အတိုင်းထက် အလွန်ပါပဲ။

Google ရဲ့ Play store မှာအဲဒီ Ara ဖုန်းကို ရောင်းခဲ့ရင်တော့ တလုံးလောက်တော့ စမ်းဝယ်မလို့ပါ။ ဒါပေမယ့် မင်းတို့ နိုင်ငံက ဈေးဝယ်လို့ ရတဲ့စာရင်းထဲမှာ မပါသေးပါဘူး ဆိုတဲ့ စာတန်း ပေါ်လာပြီး ဆက်လုပ် မရတာကိုတော့ နည်းပညာ လေ့လာရတဲ့ အခက်အခဲထက် ပိုပြီး စိတ်နာကြောင်းပါ။     ။

Your Thoughts …
Tags: ITTechnology
ဖိုးနိုင်ဝင်း (မာစတာပိစ်)

ဖိုးနိုင်ဝင်း (မာစတာပိစ်)

Contributor

Similar Picks:

မိုဘိုင်းလ် ဖုန်းတွေရဲ့ ရာဇဝင်

မိုဘိုင်းလ် ဖုန်းတွေရဲ့ ရာဇဝင်

by ဖိုးနိုင်ဝင်း (မာစတာပိစ်)
21 August 2014
9.1k

မိုဘိုင်းလ် ငွေချေတဲ့ စံနစ် (mobile payments) ကို ဖင်လန်နိုင်ငံနဲ့ ဆွီဒင် နိုင်ငံမှာ ၁၉၉၈ ကစတင် အသုံးပြုခဲ့ပါတယ်။

အစိုးရများက အင်တာနက်ပိတ်ခြင်းများသည် ပုံစံအမျိုးမျိုးရှိသည်

အင်တာနက် ဘယ်လိုပိတ်လဲ၊ ဘယ်လို ပြန်တိုက်ဖျက်သလဲ

by ဧရာဝတီ
28 November 2022
4.7k

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီး သုံးရက်အကြာ ဖေဖော်ဝါရီ ၄ ရက်တွင် စစ်တပ်သည် Facebook ကို ပိတ်ဆို့ခဲ့ပြီး မြန်မာအများစု၏ အင်တာနက်သုံးသည့် အဓိကတံခါးပေါက်ကို ပိတ်ပစ်ခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက ရန်ကုန်မြို့ရှိ တရုတ်သံရုံးရှေ့တွင် စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြသူများ  / ဧရာဝတီ

အင်တာနက် ထိန်းချုပ်နိုင်ရေး စစ်ကောင်စီက တရုတ်ကို အားကိုးနိုင်မလား

by Bertil Lintner
8 March 2022
14.7k

ဖမ်းဆီးခံရသူ သတင်းသမား အများအပြားသည် အချုပ်အနှောင်အတွင်း နှိပ်စက်ညှဉ်းပမ်းခံကြရပြီး ၎င်းတို့အနက် အနည်းဆုံး ၃ ဦးကို စစ်ကောင်စီ စစ်သားများက သတ်ဖြတ်ခဲ့သည်

Technology, Opinion

စမတ်ဖုန်းကပေးတဲ့ လူမှုဒုက္ခများ

by သန်းနိုင်ဦး
19 October 2015
8.6k

ဘွဲ့ရလူငယ်တယောက်က အီးမေးလ်အသုံးပြုမှု တခါမှမရှိသလို ဘယ်ဝက်ဘ်ဆိုဒ်ကိုမှလည်း မဖွင့်ဖူးဘူး။ ဂူလ်ဂဲကနေ ဘာကိုမှ မရှာဖွေဖူးတဲ့သူတွေ ရှိတယ်။ ကုန်ကုန်ပြောရရင် ဖေ့စ်ဘုတ်ကိုပဲ အင်တာနက် ထင်နေတဲ့သူတွေ ကျနော်တို့ ဝန်းကျင်မှာ ရှိနေတယ်။

Tablet တလုံး ဘယ်လိုရွေးသုံးမလဲ

Tablet တလုံး ဘယ်လိုရွေးသုံးမလဲ

by ဖိုးနိုင်ဝင်း (မာစတာပိစ်)
19 November 2014
4.2k

မိုက် ခရိုဆော့ဖ်ကတောင်မှ သူ့ရဲ့ထုတ်ကုန်မှာ Windows RT ကို သုံးမထား တော့တဲ့ အတွက် Windows RT သုံး တက်ဘလက်တွေ ကတော့ မ၀ယ်သင့် ပါဘူး

မြန်မာ့ အငွေ့အသက်နဲ့ ဂိမ်းတွေ ဖန်တီးသူများ

မြန်မာ့ အငွေ့အသက်နဲ့ ဂိမ်းတွေ ဖန်တီးသူများ

by ဇာနည်မာန်
28 November 2014
18.9k

ဒီဂိမ်းကို လူ ၈ ယောက်တည်းနဲ့ ရန်ကုန်မှာ ဖန်တီးနိုင်ခဲ့တဲ့ အတွက် အံ့ဩတယ် လို့ နိုင်ငံခြားဂိမ်း ရေးဆွဲတဲ့သူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင် တွေက ပြောကြပါတယ်။ ဒါကို လုပ်နိုင်ခဲ့တဲ့ အတွက် အရမ်းဂုဏ်ယူမိ ပါတယ်။

Next Post
HIV, AIDS, ဆေးမြီးတို

HIV/AIDS ကုသရေး ဆေးမြီးတိုဖြင့် လမ်းလွဲလိုက်ကြဆဲ

နေမျိုးဇင်, မင်းဒင်, ဖူးခက်, ရွှေဘ

နေမျိုးဇင် သို့မဟုတ် စနစ်ဆိုးကို အံတုသူ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
5k
လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

6 days ago
4.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate