• English
Friday, July 18, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

မိုဘိုင်းလ် ဘဏ်လုပ်ငန်း စိတ်ချရဖို့ ဘယ်လို ပြင်ဆင်

by ဖိုးနိုင်ဝင်း (မာစတာပိစ်)
26 January 2015
in ဆောင်းပါး
A A
မိုဘိုင်းလ် ဘဏ်လုပ်ငန်း စိတ်ချရဖို့ ဘယ်လို ပြင်ဆင်
2.8k
VIEWS
Share on FacebookShare on Twitter

ကျောက်တောင်စောင်းမှာ ပြုတ်ကျလုနီးပါး ခဲရာခဲဆစ် တက်နေတဲ့ အချိန်၊ သူ့ရဲ့ ဆဲလ်ဖုန်းက ဘဏ်ထဲမှာ သူ့ရဲ့ အကောင့် ငွေလက်ကျန် နည်းနေတဲ့ အကြောင်း သတိပေးစာတို ဝင်လာတယ်လို့ သတိပေးပါတယ်။ သူက လိုအပ်တဲ့ ငွေတွေ လွှဲပေးပြီး တောင်ကို ဆက်တက်နေပါတယ်။

လင်မယားနှစ်ယောက် အိမ်ကနေ ကားမောင်း ထွက်လာတဲ့ အချိန်၊ လမ်းရောက်မှ ကားဖိုး ငွေချေဖို့ အတွက် ငွေလွှဲဖို့ ရှိနေတာ သတိရပါတယ်။ သူက ကားမောင်းနေတဲ့ အတွက် ဘေးမှာထိုင်နေတဲ့ သူ့မိန်းမက အိတ်ထဲက ဆဲလ်ဖုန်းကို ထုတ်၊ ငွေလွှဲပေး စရာရှိတာတွေကို ငွေလွှဲပေးပါတယ်။

RelatedPosts

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

18 July 2025
1.2k
MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

17 July 2025
3.2k
မိုးထိမြင့်မား ကုန်ဈေးနှုန်းကြား ရုန်းကန်နေသော ပြည်သူများ

မိုးထိမြင့်မား ကုန်ဈေးနှုန်းကြား ရုန်းကန်နေသော ပြည်သူများ

14 July 2025
1.1k

အခု ရေးပြတဲ့ မြင်ကွင်းနှစ်ခုက တီဗီကြော်ငြာနှစ်ခု ဖြစ်ပြီး၊ သင့်ရဲ့ ဆဲလ်ဖုန်းသုံးပြီး လက်ကျန်ငွေ စစ်တာ၊ ငွေ လွှဲတာ၊ ပေးစရာရှိတဲ့ ရေခွန်၊ မီတာခ စတာတွေကို ပေးချေလိုက်တာဟာ အလွန်လွယ်ကူ အဆင်ပြေတဲ့ လုပ်ဆောင်မှုဖြစ်တာ တွေ့ရပါတယ်။ အဲဒီလောက် လွယ်လွယ်ကူကူ လုပ်ဆောင်နိုင်နေတာကို သုံးရမှာ ကြောက်နေတဲ့သူတွေက နည်းပညာ တွေရဲ့ ပြောင်းလဲတိုးတက်လာတာကို ဆန့်ကျင်တဲ့သူမျိုးပဲ ဖြစ်မှာပါ။

၂၀၁၃ ခုနှစ်မှာ မိုဘိုင်းလ်ဘဏ်လုပ်ငန်းဟာ ၄၀ ရာခိုင်နှုန်းလောက် တိုးလာပြီး တရက်မှာ အသုံးပြုသူ ၇၄၀ဝ၀ လောက် ရှိနေတယ်လို့ ဂျက်ဗလင် နည်းဗျူဟာနဲ့ သုတေသနအဖွဲ့ရဲ့ စစ်တမ်းအရ သိရပါတယ်။ အဲဒီလို မိုဘိုင်းလ် ဘဏ်လုပ်ငန်း တိုးတက် လာတာတွေနဲ့ အတူ မိုဘိုင်းလ်ဖုန်း သုံးပြီး ဘဏ်လုပ်ငန်း လုပ်ဆောင်တာ ဘယ်လောက် အထိ လုံခြုံစိတ်ချရသလဲ ဆိုတာ မေးစရာ ဖြစ်လာပါတယ်။

မိုဘိုင်းလ်ဖုန်း သုံးပြီး ဘဏ်လုပ်ငန်း လုပ်ကြတဲ့သူတွေ အစိုးရိမ်ဆုံး အချက်ကလည်း သူတို့ငွေကြေး ဆုံးရှုံးမှု ဖြစ်မှာနဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ခိုးခံရမှာကိုပဲ ဆိုတာ သိရပါတယ်။

ဘဏ်လုပ်ငန်း လုပ်သူတွေနဲ့ ခရက်ဒစ်ကတ် ဝန်ဆောင်ပေးတဲ့  ကုမ္ပဏီကြီးတွေ၊  ငွေကြေး ဝန်ဆောင်မှုလုပ်တဲ့ ဘဏ်ကြီးတွေ၊ လုပ်ငန်းကြီးတွေ ကနေ သူတို့ရဲ့ ဘဏ်လုပ်ငန်း ဝန်ဆောင်မှု ထိခိုက်  ဆုံးရှုံးမှုတွေ မဖြစ်အောင် လုံခြုံရေး စီမံချက်တွေ အတွက် ငွေကြေး အမြောက်အမြား အကုန်အကျခံ လုပ်ဆောင် ထားကြပါတယ်။

ဘဏ်ငွေကြေး ဝန်ဆောင်မှု၊ ခရက်ဒစ်ကတ် ဝန်ဆောင်မှု ပေးတဲ့ ကုမ္ပဏီတွေထဲက အများစုဟာ သူတို့ရဲ့ ဖောက်သည်တွေ ကနေ မိုဘိုင်းလ်ဘဏ် လုပ်ငန်းသုံးပြီး ဘဏ်လုပ်ငန်း လုပ်ကိုင်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ဆုံးရှုံးမှုမျိုးကို ၁၀ဝ ရာခိုင်နှုန်းပြည့် ကာမိအောင် တာဝန်ယူ လုပ်ဆောင်ပေးမယ် လို့ ကတိပေးထား ပါတယ်။

အမေရိကဘဏ် (Bank of America) က သူ့ရဲ့ ဖောက်သည်တွေ၊ သူ့ရဲ့ မိုဘိုင်းလ် ဘဏ်လုပ်ငန်းသုံးပြီး လုပ်ဆောင်ရာမှာ လှည့်စားမှု တခုခု၊ ငွေကြေးလိမ်လည်မှု တခုခုကြောင့် ဆုံးရှုံး နစ်နာမှု ဖြစ်ခဲ့ရင် ရက် ၆၀ အတွင်း ဘဏ်ကို အကြောင်း ကြားဖို့ အသိပေးထားပြီး ဖောက်သည်တွေဘက်က လုံးဝ တာဝန်ယူစရာ မလိုဘဲ၊ ဘဏ်ကနေ ၁၀ဝ ရာခိုင်နှုန်း တာဝန်ယူမယ် လို့ အသိပေးထားတယ်လို့ ဆိုပါတယ်။

အသုံးများတဲ့ နည်းလမ်း ၃ ခု

အခု ဖော်ပြထားတဲ့ မိုဘိုင်းလ် ဘဏ်လုပ်ငန်း လုပ်ဆောင်မှု နည်းလမ်း ၃ ခုက အသုံးများပြီး၊ ဘဏ်အများစုက အဲဒီ နည်းလမ်း ၃ ခုထဲက တခုခု၊ ဒါမှ မဟုတ် နည်းလမ်းတခုထက် ပိုပြီး သုံးစွဲဝန်ဆောင်မှု ပေးထားပါတယ်။

SMS

Short Message Service (SMS) လုပ်ဆောင်မှုဟာ လက်ရှိသုံးစွဲ ရောင်းချနေတဲ့ မိုဘိုင်းလ်ဖုန်းတွေ အားလုံးနီးပါးမှာ အသုံးပြု နိုင်ပါတယ်။ အခုခေတ် လူငယ်တွေ အချင်းချင်း စွဲစွဲလမ်းလမ်း အရူးအမူး SMS တွေ ပို့နေကြသလို သင်နဲ့ ဘဏ် အပြန်အလှန် မက်ဆေ့ချ်ပို့ ဆက်သွယ်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ ဘဏ်မှာ သင့်ဖုန်းကို မှတ်ပုံတင်ပြီးရင် သင် သတ်မှတ် ပေးထားတဲ့ လက်ကျန်ပမာဏ Level ရောက်ရင်၊ ဒါမှမဟုတ် သင့်ရဲ့ ခရက်ဒစ်ကတ်က သင်ကန့်သတ် ထားတဲ့ ပမာဏကို ကျော်ခါနီးရင် သတိပေးတဲ့ မက်ဆေ့ချ်တွေ ပို့ပေးခိုင်းထားနိုင်ပါတယ်။

သင့်အနေနဲ့ လက်ရှိ အချိန်ရဲ့ ငွေလက်ကျန် စာရင်းကို စစ်ဆေးပြီး ဘဏ်ကနေ ပေးပို့ဖို့၊ Code တွေပို့ပေးဖို့ ဘဏ်ကို တောင်းဆိုထား နိုင်ပါတယ်။

Mobile Web

အဲဒီ နည်းလမ်းကတော့ Internet Browser ကို သုံးပြီး သင့်ရဲ့ဘဏ် ဒါမှမဟုတ် ခရက်ဒစ်ကတ် ရယူထားတဲ့ ဝက်ဘ်ဆိုက်နဲ့ ဆက်သွယ်လုပ်ဆောင်တဲ့ နည်းလမ်း ဖြစ်ပြီး သင့်အိမ် ဒါမှမဟုတ် ရုံးက ကွန်ပျူတာသုံး ချိတ်ဆက်တာနဲ့ ဆင်တူပါတယ်။ စမတ်ဖုန်း သုံးတဲ့သူတွေ အတွက် ဘဏ္ဍာရေး ဆိုင်ရာ လုပ်ဆောင်ချက်တွေ အမြောက်အမြား လုပ်ဆောင် ပေးနေရတဲ့ ဝက်ဘ်ဆိုက်တွေကို သင့်ရဲ့ စမတ်ဖုန်း Screen အရွယ်အစားနဲ့ ကိုက်ညီအောင်လုပ်ဆောင် ပေးထားပါတယ်။

အကြမ်းဖျင်း ရေးရရင် Mobile Browser တွေဟာ ရုံးသုံး၊ အိမ်သုံး ကွန်ပျူတာတွေကနေ Browser သုံးစွဲ ဆက်သွယ်တဲ့ အခါမျိုးမှာ ကြုံရမယ့် လုံခြုံရေးဆိုင်ရာ ကိစ္စတွေနဲ့ ဆင်တူ၊ အလားတူ ကြုံရဖွယ် ရှိပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့  သင့်ရဲ့ Password တွေခိုးမယ့် ဗိုင်းရပ်စ်၊ ထရိုဂျန်ဗိုင်းရပ်စ် စတာတွေဟာ ပီစီတွေ အတွက် အဓိကထား ရေးသားလုပ်ဆောင်ထားတဲ့အတွက် မိုဘိုင်းလ်သုံးသူတွေ အတွက် ဘေးလွတ်ရာ ရောက်နေတဲ့ သဘော ဖြစ်ပါတယ်။

ဒါဟာ မိုဘိုင်းလ်သုံးစွဲသူတွေဟာ ခြိမ်းခြောက်ခံရတဲ့ အန္တရာယ်တွေကနေ ကင်းလွတ်နေတယ်လို့  မဆိုလိုပါဘူး။  မိုဘိုင်းလ် အတွက် ဦးတည်တိုက်ခိုက်ဖို့ လုပ်ထားတာတွေလည်း ရှိနေနိုင်ပါတယ်။ အကောင်းဆုံးကတော့ ပီစီတွေမှာ သုံးခဲ့တဲ့ ခုခံကာကွယ်တဲ့ နည်းလမ်းတွေကို သုံးပြီး မိုဘိုင်းလ် စမတ်ဖုန်းတွေ အတွက် ကြိုတင်ကာကွယ်ထားတာမျိုး လုပ်ထားသင့်ပါတယ်။

သင့်ရဲ့ Password ကိုယ်ရေး အချက်အလက်တွေ တောင်းခံလာတဲ့ အီးမေးလ်တွေကို မသေချာဘဲ ပို့တာ၊ Browser ရဲ့ လိပ်စာဘားထဲမှာ သင့်ဘဏ်ရဲ့ နာမည် ဟုတ်မဟုတ် မစစ်ဆေးဘဲ ပို့တာမျိုးတွေ လုံးဝ မလုပ်သင့်ပါဘူး။

ဘဏ်တွေပေါ် မူတည်ပြီး ငွေလွှဲမယ် ဆိုရင် တကြိမ်ပဲ သုံးရတဲ့ ကျပန်းပေါ်လာတဲ့ Password, Memory Stick လို ပစ္စည်းလေးတခု ပေးထားပြီး အဲဒီမှာ Password ကျပန်းကိုပဲ ရိုက်ထည့်ပြီး သုံးရတာမျိုး လုံခြုံရေးအတွက် ထပ်ဆောင်း လုပ်ဆောင် ထားတာတွေလည်း ရှိနေပါတယ်။ ဘဏ်တွေကနေ ပုံမှာတွေ့ရတဲ့ ပစ္စည်းလေးမျိုး ပေးထားပြီး အဲဒီ ပစ္စည်းလေးမှာ ပေါ်လာတဲ့ ဂဏန်းတွေကို သုံးပြီး ဘဏ်ရဲ့ ဆိုက်ထဲကို ဝင်ရပါတယ်။ ဒါဟာ လုံခြုံရေးအတွက် အပိုထပ်ဆောင်း လုပ်ဆောင်ပေးချက်တွေထဲက တခုဖြစ်ပါတယ်။

Banking App

ဘဏ်လုပ်ငန်း လုပ်ဆောင်ပေးမယ့် App တွေကတော့ ဘဏ်ရဲ့ ကွန်ပျူတာနဲ့ တိုက်ရိုက် ချိတ်ရတာ ဖြစ်ပါတယ်။ သင့်ရဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ လုပ်ဆောင်ချက်တွေ အဆင်သင့် လုပ်ဆောင်နိုင်အောင် ရေးထားပေးပြီး ဥပမာ Bank of Ameriac, Citibank စတဲ့ ဘဏ်ကြီးတွေကနေ သူတို့ရဲ့ ဖောက်သည်တွေ သီးသန့်သုံးဖို့ ရေးထားတာ ဖြစ်ပါ တယ်။ တခြားကြားခံ တတိယ ကုမ္ပဏီတွေဖြစ်တဲ့ AT&T လို ကုမ္ပဏီတွေကလည်း အလားတူ လုပ်ဆောင်ပေးနိုင်တဲ့ App တွေကိုရေးထားပြီး ဘဏ်တော်တော်များများနဲ့ ချိတ်သုံးနိုင်စေပါတယ်။

အဲဒီလို လုပ်ဆောင်ပေးတဲ့ App တွေ သုံးရတာဟာ ဘဏ်ရဲ့ဝက်ဘ်ဆိုက်ကို ဝင်ရောက်ကြည့်ရှု လုပ်ဆောင်တာထက် ပိုမြန် ပါတယ်။ သူ့ရဲ့သုံးစွဲသူတွေ အတွက် မြင်ကွင်းပုံစံ (Interface) ကလည်း Screen အသေးစားလေးတွေ အတွက် ကိုက်ညီအောင်၊ သုံးရတာ လွယ်ကူအောင် လုပ်ဆောင်ပေးထားပါတယ်။

သီအိုရီအရ ပြောရရင်တော့ ဘဏ်ကနေ သူ့ရဲ့ ဖောက်သည်တွေ သီးသန့် သုံးဖို့ ရေးထားတဲ့ App တွေက ဘဏ် အများအပြား သုံးလို့ရအောင် ရေးထားတဲ့ App တွေထက် လုံခြုံရေးဆိုင်ရာ ပိုစိတ်ချရစေပါတယ်။ အဲဒီ App နှစ်မျိုးစလုံး ကတော့ Browser ကို မသုံးတဲ့အတွက် Browser နဲ့ ဆက်စပ်နေတဲ့ ပြဿနာ၊ ဒုက္ခပေးတာတွေ ကင်းစေပါတယ်။

အဲဒီ App တွေနဲ့ပတ်သက်ပြီး သတိထားရမှာက တချို့ ပရိုဂရမ်တွေကနေ သင့်ရဲ့ အရေးကြီးတဲ့ အချက်အလက် တွေကို ဖုန်းထဲမှာသိမ်းထားကောင်း သိမ်းထားနိုင်ပြီး၊ သင် နောက်တကြိမ် Log-in ဝင်ရောက်တဲ့ အခါမျိုးမှာ အဆင်ပြေအောင် လုပ်ထားလေ့ရှိပါတယ်။ အဲဒီလို လုပ်ဆောင်ထားတာဟာ သင့်ရဲ့ဖုန်း ပျောက်သွားတာ၊ ခိုးခံရတာမျိုး ဆိုရင် အဲဒီအချက်အလက်တွေကိုသုံးပြီး တခြား မသမာသူတွေကနေ ဝင်ရောက်ကြည့်ရှု ဒုက္ခ ပေးစေနိုင်ပါတယ်။

သင့်အနေနဲ့ အဲဒီလို ပရိုဂရမ်မျိုး သုံးထားတယ် ဆိုရင် အဲဒီလို အချက်အလက်တွေ သိမ်းတဲ့လုပ်ဆောင်ချက်ကို ပိတ်ထားပါ၊ ဘယ်တော့မှ မသုံးပါနဲ့။ တကယ်လို့ အဲဒီလိုပိတ်တဲ့ လုပ်ဆောင်ချက် မပါခဲ့ဘူး ဆိုရင်၊ ဖြစ်နိုင်ရင် အဲဒီ App ကို မသုံးပါနဲ့။

ဘဏ်တွေရဲ့ လုံခြုံရေးဆိုင်ရာ ထပ်ဆောင်း စီမံမှု

စမတ်ဖုန်းတွေ သုံးပြီး ဘဏ်လုပ်ငန်း လုပ်ဆောင်ရာမှာ လုံခြုံရေးဆိုင်ရာ ပိုစိတ်ချရအောင် တခြား ပရိုဂရမ်တွေကို အပြိုင် အလုပ်လုပ်တာမျိုး မလုပ်ဘဲ၊ အဲဒီဘဏ်လုပ်ငန်းသုံးတဲ့ ပရိုဂရမ်ကိုပဲ အလုပ်လုပ်အောင် လုပ်ဆောင်ထား တာမျိုးလည်း ရှိပါတယ်။ အဲဒီအတွက် နောက်ကွယ်ကနေ တခြားပရိုဂရမ်တွေ အလုပ်လုပ်နေတာမျိုး မဟုတ်လို့ ဗိုင်းရပ်စ်တွေ၊ မဲလ်ဝဲလ်တွေ၊ ထရိုဂျန်တွေ စတဲ့ ပရိုဂရမ်တွေ အလုပ်လုပ်လို့ မရစေပါဘူး။

ဒါပေမယ့် ဖုန်းတွေရဲ့ လုပ်ဆောင်မှုတွေဟာ အလွန် တိုးတက်လာနေပြီ ဖြစ်လို့ ပုံမှန်သုံးနေကျ ကွန်ပျူတာတွေနဲ့ ပိုတူလာ ပါတယ်။ အဲဒီအတွက် ဖုန်းတွေရဲ့ လုံခြုံရေးကို ကြိုတင်ကာကွယ်ဖို့  စီမံထားတာ မမှားပါဘူး။

နောက်ထပ် ကာကွယ်မှု တမျိုးကတော့ သင့် ဘဏ်အကောင့်ရဲ့ လက်ကျန်စာရင်း ကြည့်တာ၊ ငွေစာရင်းရှင်းတမ်းတွေ ဖတ်ကြည့် စစ်ဆေးတာမျိုးနဲ့ သင့်ဘဏ်ရဲ့ တခြားအကောင့်တခုကိုပဲ ငွေလွှဲခွင့်ပြုတာ ဖြစ်ပါတယ်။ သင့်ရဲ့ ငွေစုအကောင့်ကနေ၊ သင့် ခရက်ဒစ်ကတ်သုံးတဲ့ အကောင့်ထဲကို လွှဲတာမျိုးပဲ ခွင့်ပြုတာမျိုး ဖြစ်ပါတယ်။

တချို့ ဘဏ်တွေ ကတော့ သင့်ရဲ့အကောင့်ကနေ သင် သတ်မှတ်ပေးထားတဲ့ တခြားအကောင့်ကိုပဲ ငွေလွှဲခွင့် ပြုထားတာမျိုး၊ ဥပမာ အသက်အာမခံ အကောင့်၊ ခရက်ဒစ်ကတ်သုံးထားတဲ့ လုပ်ငန်းရဲ့ အကောင့်ကိုပဲ ငွေလွှဲဖို့ ခွင့်ပြုထားပြီး တခြားမသိတဲ့ အကောင့်တွေကို မိုဘိုင်းလ်ဖုန်း သုံးပြီး ငွေလွှဲခွင့် မပြုတာဖြစ်ပါတယ်။ အဲဒီလို လုပ်ဆောင်တဲ့ လုပ်ငန်းတွေက ဘဏ်တွေပေါ် မူတည်ပြီး ကွဲပြားနေနိုင်တဲ့ အတွက် သင့်အနေနဲ့ သင့်ဘဏ်ကို ဆက်သွယ် မေးမြန်းလုပ်ဆောင်ဖို့ လိုပါတယ်။

တချို့ဘဏ်တွေ ဥပမာ ဘာကလေ (Barclays) ဘဏ်က ဆိုရင် Kaspersky မိုဘိုင်းလ်လုံခြုံရေး Kaspersky Mobile Security ဆော့ဖ်ဝဲကို သူရဲ့ ဖောက်သည်တွေကို သူရဲ့ ဘဏ်ပရိုဂရမ်နဲ့ အတူတွဲပြီး အခမဲ့ပေးပါတယ်။

အဲဒါကတော့ သူ့ရဲ့ ဘဏ်နဲ့ ဆက်သွယ်မှုကို သာမက သင့်ဖုန်းရဲ့ လုံခြုံရေး ဆိုင်ရာ ကိစ္စတွေ အတွက်ပါ ကာကွယ် ထားပြီး ဖြစ်နေပါတယ်။ ဗြိတိန်မှာရှိတဲ့ ဘဏ်တွေ ကတော့ အင်တာနက် ဒါမှမဟုတ် မိုဘိုင်းလ်ဖုန်းကနေ သုံးစွဲလို့ ဖြစ်လာတဲ့ ဆုံးရှုံးမှုတွေကို တာဝန် ယူ ငွေပြန်အမ်းမယ် ဆိုတဲ့ အာမခံချက် ပေးထားပါ တယ်။ အဲဒီ အာမခံချက် ပေါ်လစီတွေ ကလည်း အင်တာနက်နဲ့ မိုဘိုင်းလ်ဖုန်း သီးခြား ခွဲမထားပါဘူး။ သင့်အနေနဲ့ မရှင်းလင်းတာ၊ မသေချာ တာမျိုး ရှိခဲ့ရင် ဘဏ်နဲ့ဆက်သွယ်မေးမြန်း ဆောင်ရွက်ဖို့ လိုပါတယ်။

သင့်ဖုန်းရဲ့ လုံခြုံရေး ပိုစိတ်ချရအောင်

သင့်ရဲ့ ဖုန်းသုံးပြီး ဘဏ်လုပ်ငန်း လုပ်မယ် ဆိုရင် သင့်ဖုန်းရဲ့ လုံခြုံရေး ပိုစိတ်ချရအောင် လုပ်ဆောင်စရာတွေ ရှိနေပါတယ်။ သင့်အနေနဲ့ ဘဏ်လုပ်ငန်း ဆက်သွယ်သုံးဖို့ အတွက် App တွေကို Download လုပ်ဖို့ လိုလာခဲ့ရင် သင့် ဘဏ်က ပေးထားတဲ့ App ကို တိုက်ရိုက် Download လုပ်ပါ။ တခြားဆိုက်တွေ နေရာကနေ Download မလုပ်ပါနဲ့။

ဘဏ်ကနေ အခမဲ့ သုံးစွဲခွင့် ပြုထားတဲ့ လုံခြုံရေးဆိုင်ရာ ဆော့ဖ်ဝဲတွေကို Download လုပ်ပြီး သင့်ရဲ့ဖုန်းမှာ Install လုပ်ထားပါ။ အဲဒီ လုံခြုံရေးဆိုင်ရာ ဆော့ဖ်ဝဲထဲမှာ အဝေးကနေ လှမ်းပြီး ဖျက်လို့ရတဲ့ လုပ်ဆောင်ချက် ပါ မပါ စစ်ဆေးပါ။ မပါခဲ့ရင် အလားတူ လုပ်ဆောင်နိုင်တဲ့ စိတ်ချရတဲ့ ဆော့ဖ်ဝဲ (App) တခုခုကို Install လုပ်ထားပါ။ သင့်ရဲ့ စမတ်ဖုန်းကို  သင်မလုပ်ဘဲ ထားတဲ့ အချိန်မှာ တခြားသူတွေ အလွယ်တကူ ဝင်ကြည့်တာမျိုး မလုပ်နိုင်အောင် Pin ဒါမှမဟုတ်  Password သုံး Lock ချထားပါ။ သင့်ရဲ့ Phone Browser မှာ သင့်ရဲ့ Password နဲ့ Username တွေကို အလိုအလျောက် ထည့်သွင်းပေးတဲ့ လုပ်ဆောင်ချက်ကို မလုပ်အောင် ပိတ်ထားပါ။

သင့်ရဲ့ ဖုန်းကို အသုံးမလိုတဲ့ အခါမျိုးမှာ Wi-Fi, Bluetooth စတဲ့ ကြိုးမဲ့ဆက်သွယ်မှုကို ပိတ်ထားပါ။ ဒါဟာ သင့်ရဲ့ ဖုန်း သုံးစွဲမှု အခြေအနေ၊ ပုံစံကို တခြားသူတွေ အဝေးကနေ ထောက်လှမ်းလုပ်ဆောင်လို့မရအောင် ကာကွယ်တာ ဖြစ်ပါတယ်။

သင့်ရဲ့ ဖုန်းကို မလိုအပ်ဘဲ App တွေ အမြောက်အမြား သွင်းထားတာ၊ စိတ်ချရတဲ့ ဆိုက်တွေက မဟုတ်ဘဲ တွေ့ကရာ ဆိုက်တွေ၊ တွေ့တဲ့ သူရဲ့ ဖုန်းကနေ App တွေကူးတာမျိုး မလုပ်ပါနဲ့။ တချို့ App တွေဟာ အဲဒီ App တွေကို Install လုပ်ဖို့ အတွက် လုံခြုံရေးဆိုင်ရာ ဆော့ဖ်ဝဲတွေရဲ့ အချိန်နဲ့တပြေးညီ ထောက်လှမ်း စစ်ဆေးနေတဲ့ လုပ်ဆောင်ချက်ကို ခဏ ပိတ်ထားဖို့ လိုတတ်ပါတယ်။ အဲဒီလို ခဏပိတ် ထားတဲ့အချိန် အတွင်းမှာပဲ မဲလ်ဝဲတွေ၊ ထရိုဂျန်တွေ၊ ဗိုင်းရပ်စ် တွေ သင့်ရဲ့ ဖုန်းထဲ ကူးစက်သွားနိုင်စေပါတယ်။

ဘဏ်လုပ်ငန်း လုပ်ဆောင်ဖို့ ဘဏ်နဲ့ ဆက်သွယ်ထားတဲ့ မက်ဆေ့ချ်တွေ၊ တခြား ငွေကြေးပိုင်းဆိုင်ရာ ကိစ္စတွေ အတွက် ဆက်သွယ်ထားတဲ့ Data တွေကို မလိုအပ်တော့တာနဲ့  ချက်ချင်းဖျက်ပစ်ပါ။ Inbox ထဲမှာစစ်ဆေးပြီး Inbox ထဲမှာ မက်ဆေ့ချ် တွေရှိရင် အဲဒီမက်ဆေ့ချ်တွေကို ဖြစ်နိုင်သမျှ အမြန်ဆုံး ဖျက်ပစ်ပါ။

နည်းပညာ အသစ်တခုဟာ အားသာချက်၊ အားနည်းချက်တွေ ရှိနေမှာ သေချာပါတယ်။ အန္တရာယ် ဖြစ်မှာ ကြောက်ပြီး မသုံးဘဲ နေလို့ကလည်း မရပြန် ပါဘူး။ အဲဒီအတွက် ကြိုတင် ပြင်ဆင်ထားတာ အကောင်းဆုံး ဖြစ်ပါတယ်။     ။

Your Thoughts …
Tags: BankingTechnology
ဖိုးနိုင်ဝင်း (မာစတာပိစ်)

ဖိုးနိုင်ဝင်း (မာစတာပိစ်)

Contributor

Similar Picks:

မိုဘိုင်းလ် ဖုန်းတွေရဲ့ ရာဇဝင်

မိုဘိုင်းလ် ဖုန်းတွေရဲ့ ရာဇဝင်

by ဖိုးနိုင်ဝင်း (မာစတာပိစ်)
21 August 2014
9.1k

မိုဘိုင်းလ် ငွေချေတဲ့ စံနစ် (mobile payments) ကို ဖင်လန်နိုင်ငံနဲ့ ဆွီဒင် နိုင်ငံမှာ ၁၉၉၈ ကစတင် အသုံးပြုခဲ့ပါတယ်။

၅၀၀၀ တန် ငွေစက္ကူ အတုအစစ်ခွဲနည်း ဗဟိုဘဏ် ထုတ်ပြန်

၅၀၀၀ တန် ငွေစက္ကူ အတုအစစ်ခွဲနည်း ဗဟိုဘဏ် ထုတ်ပြန်

by ရန်ပိုင်
1 April 2013
17.2k

ရိုးရိုးသားသား အပ်တာလား၊ ဖြန့်ချိတာလားဆိုတာ ကွဲပြားဖို့လိုတယ်။ ကျနော့် အတွေ့အကြုံအရ ဖြန့်တဲလူက ဘယ်တော့မှ ဘဏ်မအပ်ဘူး။ ဈေးကွက်ထဲမှာပဲ လည်ပတ်အောင် သုံးတယ်။ အဲဒီတော့ ရိုးရိုးသားသား အပ်တဲ့လူကိုတော့ ဥပဒေဆိုင်ရာ ခြွင်းချက်ရှိဖို့လိုတယ်

Technology, Opinion

စမတ်ဖုန်းကပေးတဲ့ လူမှုဒုက္ခများ

by သန်းနိုင်ဦး
19 October 2015
8.6k

ဘွဲ့ရလူငယ်တယောက်က အီးမေးလ်အသုံးပြုမှု တခါမှမရှိသလို ဘယ်ဝက်ဘ်ဆိုဒ်ကိုမှလည်း မဖွင့်ဖူးဘူး။ ဂူလ်ဂဲကနေ ဘာကိုမှ မရှာဖွေဖူးတဲ့သူတွေ ရှိတယ်။ ကုန်ကုန်ပြောရရင် ဖေ့စ်ဘုတ်ကိုပဲ အင်တာနက် ထင်နေတဲ့သူတွေ ကျနော်တို့ ဝန်းကျင်မှာ ရှိနေတယ်။

Tablet တလုံး ဘယ်လိုရွေးသုံးမလဲ

Tablet တလုံး ဘယ်လိုရွေးသုံးမလဲ

by ဖိုးနိုင်ဝင်း (မာစတာပိစ်)
19 November 2014
4.2k

မိုက် ခရိုဆော့ဖ်ကတောင်မှ သူ့ရဲ့ထုတ်ကုန်မှာ Windows RT ကို သုံးမထား တော့တဲ့ အတွက် Windows RT သုံး တက်ဘလက်တွေ ကတော့ မ၀ယ်သင့် ပါဘူး

မြန်မာ့ အငွေ့အသက်နဲ့ ဂိမ်းတွေ ဖန်တီးသူများ

မြန်မာ့ အငွေ့အသက်နဲ့ ဂိမ်းတွေ ဖန်တီးသူများ

by ဇာနည်မာန်
28 November 2014
18.9k

ဒီဂိမ်းကို လူ ၈ ယောက်တည်းနဲ့ ရန်ကုန်မှာ ဖန်တီးနိုင်ခဲ့တဲ့ အတွက် အံ့ဩတယ် လို့ နိုင်ငံခြားဂိမ်း ရေးဆွဲတဲ့သူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင် တွေက ပြောကြပါတယ်။ ဒါကို လုပ်နိုင်ခဲ့တဲ့ အတွက် အရမ်းဂုဏ်ယူမိ ပါတယ်။

Drone, မိတ္ထီလာ လေကြောင်းနှင့် အာကာသ ပညာတက္ကသိုလ်, အိုင်တီနည်းပညာ,

မြန်မာတွေ စိတ်ထက်သန်စွာ သုံးလာတဲ့ Drone

by AFP
15 January 2016
5.1k

ကမ္ဘောဒီးယားကဲ့သို့ အရှေ့တောင်အာရှ နိုင်ငံအချို့တွင် Drone အသုံးပြုခြင်းကို တင်းကျပ်စွာ ထိန်းချုပ် ထားသည်။ သို့သော်လည်း ဖွံ့ဖြိုးလာနေသည့် Drone ကိစ္စနှင့် ပတ်သက်၍ နေရာအများ အပြားတွင် ယခုအချိန်အထိ ဥပဒေအရ ထိန်းချုပ် ထားနိုင်ခြင်း မရှိသေးပါ။...

Next Post
တီထွင်ဖန်တီးမှု, စိတ်ကူးစိတ်သန်း, Critical Thinking, Imagination,

ကလေးတွေကို ငြိမ်ငြိမ်ထိုင်ခိုင်းထားတဲ့ အစိုးရကျောင်းတွေ

မကွေးကျောင်းသားတွေလည်း သပိတ်မှောက်ပြီ

No Result
View All Result

Recommended

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

6 days ago
3.5k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

2 days ago
3.3k

Most Read

  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate