• English
Sunday, June 22, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အမျိုးသား ယဉ်ကျေးမှု အမွေအနှစ် သတင်းအချက် အလက်တွေ ထိန်းသိမ်းဖို့ လိုပြီ

by ဖိုးနိုင်ဝင်း (မာစတာပိစ်)
4 March 2015
in ဆောင်းပါး
A A
အမျိုးသား ယဉ်ကျေးမှု အမွေအနှစ် သတင်းအချက် အလက်တွေ ထိန်းသိမ်းဖို့ လိုပြီ

ကွန်ကရက် စာကြည့်တိုက်ရှိ အဆင့်မြင့် နည်းပညာသုံး စကင်နာ

2k
VIEWS
Share on FacebookShare on Twitter

လူသားတွေဟာ ခေတ်ကာလ အဆက်ဆက် သူတို့ရဲ့ အကြောင်းအရာ တွေကို မှတ်တမ်းတင်ဖို့ ကြိုးစားခဲ့ကြတာ အက္ခရာတွေ မပေါ်ခင် စာတွေ မရေးခင် သမိုင်း မတင်မီခေတ် ကတည်းက ဖြစ်ပါ တယ်။ ဂူတွေ၊ ကျောက်တောင် နံရံတွေမှာ သူတို့ ရဲ့လူနေမှု ဘဝပုံစံ တွေကို ရေးဆွဲခဲ့ ကြပါတယ်။ နောက်ပိုင်း ပေထက် အက္ခရာ ၊ ကျောက်ထက် အက္ခရာ စသဖြင့် ပေရွက် ပေါ်မှာ၊ ကျောက်ပြားပေါ်မှာ ရေးထိုး မှတ်တမ်းတင်ခဲ့ပါတယ်။

ပုံနှိပ်စက်တွေ၊ စက္ကူတွေ တီထွင် နိုင်လာတော့ ပုံနှိပ် မီဒီယာတွေ အဖြစ် မှတ်တမ်း တင်ထုတ် ဝေ ဖြန့်ချိ လာခဲ့ကြ ပါတယ်။ တခြား တဖက်မှာတော့ ဒေတာတွေ ဆိုတာ ထုတ်ဝေတဲ့ စာအုပ်စာတမ်းတွေ သာမက ရုပ်သေ (ဓာတ်ပုံ)၊ ရုပ်ရှင် (လှုပ်ရှား သက် ဝင်မှုတွေ) မှတ်တမ်းတင်ပေးတာ၊ အသံတွေ ဖမ်းယူဖို့ လုပ်ဆောင်လာ ခဲ့ကြပါတယ်။ အဲဒီလို မှတ်တမ်းတင်ဖို့၊ သိမ်း ဆည်းဖို့ လုပ်ဆောင်ခဲ့ကြတဲ့ ပစ္စည်းတွေ ကလည်း ခေတ်အလိုက်၊ အချိန်ကာလ အလိုက် အမျိုးမျိုး သုံးစွဲခဲ့ ကြပါတယ်။

RelatedPosts

ဟင်္သာတမြို့

ဟင်္သာတမြို့

22 June 2025
573
တရုတ်၏ မြန်မာနယ်စပ်ဖြတ်ကျော် ရာဇဝတ်နှိမ်နင်းမှု နောက်ဆက်တွဲ ဆိုးကျိုးများ

တရုတ်၏ မြန်မာနယ်စပ်ဖြတ်ကျော် ရာဇဝတ်နှိမ်နင်းမှု နောက်ဆက်တွဲ ဆိုးကျိုးများ

21 June 2025
1.4k
နတ်ဆား၏ အိပ်မပျော်သောည

နတ်ဆား၏ အိပ်မပျော်သောည

21 June 2025
478

ဓာတ်ပုံတပုံဟာ စကားလုံးထောင်ပေါင်း များစွာနဲ့ ညီမျှတယ် ဆိုတဲ့ စကားလည်း ရှိပါတယ်။ လူမျိုးတမျိုး၊ နိုင်ငံ တနိုင်ငံအတွက် သမိုင်းကြောင်းတလျှောက် မှတ်တမ်းမှတ်ရာ စာအုပ်စာတမ်းတွေ၊ ဓာတ်ပုံတွေ၊ ပန်းချီတွေ၊ ရုပ်ရှင်တွေ စသဖြင့် ပုံစံအမျိုးမျိုးနဲ့ ရှိနေတဲ့ ဒေတာတွေ၊ မီဒီယာပုံစံ အမျိုးမျိုးနဲ့ ရှိ နေတဲ့ ဒေတာတွေဟာ ဘယ်လိုမှ အစားထိုးလို့ မရတဲ့ တန်ဖိုးကြီး ရတနာတွေ ဖြစ်ပါတယ်။

အဲဒီဒေတာတွေကို ဒစ်ဂျစ်တယ်ပုံစံ ပြောင်းသိမ်းတယ် ဆိုတာ လွယ်ကူတဲ့ အလုပ် မဟုတ်ပေမယ့် အရေး အကြီးဆုံး၊ ဦးစားပေး အဆင့် ၁ လုပ်ဆောင်ရမယ့် ကိစ္စဖြစ်နေပါတယ်။ အဲဒီအတွက် အရေးကြီး ဒေတာတွေကို ဘယ်လိုပုံစံနဲ့၊ ဘယ်လို ပစ္စည်းတွေ ပြောင်းသိမ်းနိုင်သလဲ ဆိုတာ အကြံပြု ရေးသားထားပါတယ်။

ဒေတာ ထိန်းသိမ်းမှုအားနည်းချက်

ပေရွက်၊ စာအုပ်စာတမ်းတွေဟာ၊ ဆွေးမြေ့သွားနိုင် ပါတယ်။ ပန်းချီကား၊ ဓာတ်ပုံတွေဟာ လည်းအလားတူ ပျက်စီး ပျောက်ဆုံး သွားနိုင်ပါတယ်။ ဖလင်တွေ၊ တိတ်ပ်ရီကော်ဒါ တိပ်ခွေ၊ ဗွီဒီယိုတိပ်ခွေ၊ ကတ်ဆက်တိပ်ခွေတွေဟာ မှိုတက်တာ၊ စိုထိုင်းဆ များတာ၊ မီးလောင်တာ၊ ရေစိုတာတွေ မခံနိုင်ပါ။ ပူလွန်း၊ အေးလွန်းတဲ့ ရာသီဥတု ဒါဏ်ကို မခံနိုင်ပါ။ အဲဒါတွေကို စနစ်တကျ ထိန်းသိမ်းမှု မရှိရင် အစားထိုးမရတဲ့ ဆုံးရှုံးမှုတွေ ဖြစ်ပါလိမ့်မယ်။ ဖြစ်လည်း ဖြစ် ခဲ့ပြီး ဖြစ်ပါတယ်။

ရှေးဟောင်းအမွေ အနှစ်တွေကို ထိန်းသိမ်းထားတာ ဘုန်းတော်ကြီးကျောင်းတွေ ဖြစ်ပါတယ်။ ဒါလည်း စနစ်တကျ ထိန်းသိမ်းထားတာမျိုး မဟုတ်ပါဘူး။ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ခဲ့တဲ့ ပေစာတွေ၊ စာအုပ်တွေ၊ ဘယ်လောက်ရှိ နေသလဲ၊ ပြည်ပနိုင်ငံတွေကို မှောင်ခိုခိုး ထုတ်ရောင်းချခဲ့တာ ဘယ်လောက်များ နေပြီလဲ၊ ဘယ်သူမှ မပြောနိုင်ပါ။ သူခိုး နွားကောင်းမသိ ဆိုသလို ခိုးထုတ် မှောင်ခိုလာတဲ့ ပစ္စည်းတခုဟာ ဘယ်လောက် တန်သလဲ၊ တိုင်းပြည် အတွက် ဘယ်လောက် အဖိုးတန်သလဲ ဆိုတာ မသိဘဲ ရသလောက်နဲ့ ထုတ်ရောင်းခဲ့တာ ကြာပါပြီ။

ကျနော်တို့ဆီမှာ ဒုက္ခ အပေးဆုံး အန္တရာယ် တခုကတော့ မီးလောင်တာ ဖြစ်ပါလိမ့်မယ်။ ဒုတိယကမ္ဘာစစ်၊ ပြည်တွင်းစစ် တွေကြောင့် မီးလောင်ခဲ့တာ၊ ရပ်ထဲရွာထဲမှာ မီးလောင်ပြီး ပျက်စီးသွားတာတွေ အများကြီး ရှိခဲ့ပါတယ်။ အရေးအခင်း ကာလတွေမှာရော ဘာတွေ ပျက်စီးသွားသလဲ၊ ဘယ်သူမှ သတိ မထားနိုင် ကြသလို၊  နောက်ပိုင်း ဖိဖိစီးစီး တာဝန်ယူ လုပ်ဆောင်တာမျိုးလည်း မတွေ့မိပါဘူး။

ရှေးဟောင်းသမိုင်းဝင် အချက်အလက် ဒေတာ တွေကို မပြောပါနဲ့ ပြီးခဲ့တဲ့အရှေ့ တောင်အာရှအားကစား ပြိုင်ပွဲ အကြိုကာလမှာ ပြသခဲ့တဲ့ သတင်းဗွီဒီယိုတွေ ထဲမှာ မြန်မာပြည်က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ နှစ်ကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲ၊ ငါးကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစား ပြိုင်ပွဲ တွေရဲ့ မှတ်တမ်းမှတ်ရာတွေ၊ ဗွီဒီယိုတွေ ပြသတာ သိပ်မတွေ့ရပါ။ အရင် ငယ်ငယ်က လွတ်လပ်ရေးနေ့၊ ပြည် ထောင်စုနေ့ လိုမျိုး နေ့တွေ ဆိုရင် ရပ်ထဲ ရွာထဲက ကွင်းပြင်တွေမှာ ရုပ်ရှင် ပိတ်ကားကြီး ထောင်ပြီး ရုပ်ရှင်ပြသခဲ့တဲ့ မှတ်တမ်း ရုပ်ရှင်တွေ ပျက်စီး သွားပြီလို့ သိရပါတယ်။

မြန်မာဘောလုံးအသင်း ရွှေ ခေတ်က ပုံတွေ၊ ငါးကြိမ်မြောက် အရှေ့တောင် အာရှ ကျွန်းဆွယ် အားကစား ပြိုင်ပွဲ မီတာ ၃၀၀၀ တားဆီးကျော် ပြိုင်ပွဲမှာ မြန်မာ ပြေးခုန်ပစ် အားကစားသမား (အောင်သန်းဟု ထင်ပါတယ်) ခြေနာကြီး နဲ့ ပန်း မဝင် ဝင်အောင် ကြိုးစားပြေး ပန်းဝင်လာတာကို အောင်ဆန်းကွင်း တကွင်းလုံး အားပေးခဲ့တဲ့ ရုပ်ရှင် မှတ်တမ်း၊ မာရသွန် သူရဲကောင်း မြီတုန်းနော်တို့၊ ရှင်ဗွေဂန်းတို့ ပန်ဝင်လာတဲ့ ပုံတွေဟာ မျက်လုံးထဲက အခုထိမထွက်တဲ့ ပုံရိပ် တွေ ဖြစ်ပါတယ်။

ဒါလတ်တလော သတိရမိတဲ့ အကြောင်းလေးတွေကို ရေး ဖြစ် တာပါ။ ကျန်တာတွေ အများကြီး ရှိနေပါဦးမယ်။ အားကစား ဝန်ကြီးဌာနက  ထိန်းသိမ်းထားတဲ့ ပုံတွေ၊ ပုံနှိပ်မှတ်တမ်းတွေ ကျန်နေသေးလား၊ မော်ကွန်း ရုပ်ရှင်မှာရော ရှိသေးသလား။ မြန်မာ့ ရုပ်မြင်သံကြားမှာရော ရှိသေးသလား၊ တချို့တဝက်ပျက်စီး နေခဲ့ရင်လည်း ပြုပြင် ပြင်ဆင်ဖို့ မလုပ်ကြဘူးလား မေးခွန်းတွေ တသီကြီး ရှိနေပါတယ်။

အရင်က ပစ္စည်းပစ္စယတွေ ရှားပါးတာ၊ ထိန်းသိမ်းစရိတ် မြင့်တာ၊ အကြောင်း အမျိုးမျိုးနဲ့ ပျက်စီးပျောက်ဆုံး သွားတာတွေကို ဘယ်လိုနည်းနဲ့ ပြန် အစားထိုးလို့ ရမလဲဆိုတာ အခု လုပ်ဆောင်သင့်ပါပြီ။

ဒစ်ဂျစ်တယ်ပုံစံပြောင်းပါ

လက်ရှိ အချိန်မှာတော့ အားလုံး ဒစ်ဂျစ်တယ် ပါပဲ။ အရုပ်အသံ၊ စာ၊ စာအုပ်၊ အရောင်၊ အသံ၊ ဗွီဒီယို စတာတွေ အားလုံး ဒွိသင်္ချာကိန်း (Binary System) နဲ့ပဲ သိမ်းပါတယ်။ သိပ်မကြာ သေးခင်ကပဲ အသုံးများခဲ့တဲ့ ကတ်ဆက် တိပ်ခွေတွေ၊ ဗွီဒီယို တိပ်ခွေတွေဟာ စီဒီတွေ၊ ဒီဗွီဒီတွေ အဖြစ် ဘဝပြောင်းသွားပါပြီ။ စီဒီ၊ ဗွီစီဒီ တွေက မင်မိုရီကတ် တွေ၊ မင်မိုရီစတစ်တွေ အဖြစ် ဘဝပြောင်း သွားပြီး နောက်ပိုင်း ဘာပစ္စည်းတွေ သုံးလာမလဲ ဆိုတာ မသိနိုင်လောက် အောင် မြန်ဆန် တိုးတက်ခဲ့ပြီ ဖြစ်ပါတယ်။

ဖလင်ကင်မရာတွေ၊ ရုပ်ရှင်ဖလင်တွေမှာ သုံးခဲ့တဲ့ ကင်မရာတွေ ဟာလည်း ဒစ်ဂျစ်တယ် ကင်မရာတွေ အဖြစ် ပြောင်းလဲ၊ အားလုံးဒစ်ဂျစ်တယ် ဒေတာတွေ ဖြစ်ကုန်ပါပြီ။ လက်ရှိ အခြေအနေအရ ဆိုရင် ရှိရှိသမျှ သမိုင်းဝင် ဒေတာတွေ ကို ဒစ်ဂျစ်တယ် ပုံစံပြောင်း နိုင်ပါတယ်။ ပြောင်းသိမ်းသင့်ပါတယ်။

သီးခြား ပစ္စည်းတွေ မလိုပါဘူး။ ဖလင် အဟောင်းတွေကို ဖလင် အကောင်းဖြစ်အောင် ပြင်တာ၊တိပ်ခွေ အဟောင်းကို တိပ်ခွေအသစ် ပြုပြင်တာမျိုး ဆိုရင် အဲဒီ ရုပ်ရှင်ပြစက် ဥပမာ ၁၆ မီလီမီတာ ရုပ်ရှင် ပြစက်၊ ဗွီဒီယို အောက်စက် စသဖြင့် သီးသန့် ပစ္စည်းတွေ လိုပါလိမ့်မယ်။ အဲဒီလို ပစ္စည်းမျိုး ုမရှိရင် ဖွင့်ကြည့် နားထောင်နိုင်မှာ မဟုတ်ပါဘူး။ ဒစ်ဂျစ်တယ် ပုံစံပြောင်းခဲ့ရင် ကွန်ပျူတာ၊ တီဗွီ၊ အင်တာနက်၊ စမတ်ဖုန်း၊ တက်ဘလက် စတာတွေ အားလုံးမှာ ဖွင့်  ကြည့်၊ နားထောင် တည်းဖြတ်တာ လုပ်နိုင်ပါတယ်။ လုပ်ဆောင်ရတာ လွယ်ကူ မြန်ဆန်၊ အချိန်ရော ငွေပါ သက်သာပါ လိမ့်မယ်။

ARRI Scanner
ARRI Scanner

အာနာလော့ဂ်နဲ့ ဒစ်ဂျစ်တယ်

အရင်ဆုံး ရေးရမှာက အာနာလော့ဂ်နဲ့ ဒစ်ဂျစ်တယ် ဆိုတာ ဖြစ်ပြီး အသံလှိုင်းတွေ၊ လျှပ်စစ်သံလိုက် စက်ကွင်းတွေ စတာတွေဟာ အာနာလော့ဂ် ပုံစံနဲ့ ရှိနေပါတယ်။ အဲဒီ အာနာလော့ဂ် ပုံစံတွေဟာ ကျနော်တို့ ငယ်ငယ်က သုံးခဲ့ရတဲ့ ဖလင်တွေ၊ ရုပ်ရှင်ဖလင်တွေ၊ ဓာတ်ပြားတွေ၊ တိတ်ရီကော်ဒါတွေ၊ ဗွီဒီယို တိပ်ခွေတွေ၊ ကက်ဆက်တိပ်ခွေတွေ ဖြစ်နေပြီး အဲဒါတွေက အာနာလော့ဂ်တွေ ဖြစ်ပါတယ်။

လက်ရှိသုံး နေကြတဲ့ ပီစီ၊ လက်ပ်တော့၊ ဒစ်ဂျစ်တယ် ကင်မရာ၊ MP3, MP4, ဒစ်ဂျစ်တယ် ဗွီဒီယို၊ ဒစ်ဂျစ်တယ်ဓာတ်ပုံ တွေ စတာတွေ အားလုံးဟာ ဒစ်ဂျစ်တယ်ပုံစံ သုံညနဲ့ တစ်တွေနဲ့ ဖွဲ့စည်းထား ပါတယ်။ ဖုန်း၊ ကင်မရာ၊ တက်ဘလက်၊ လက်ပ်တော့၊ ပီစီစတာတွေနဲ့ တီဗွီတွေ ထုတ်လွှင့်တာတောင်မှ ဒစ်ဂျစ်တယ် စနစ်ဖြစ်နေလို့ ဒေတာတွေ အားလုံးဟာ ဒစ်ဂျစ်တယ် ပုံစံဖြစ် နေပါပြီ။ ဒစ်ဂျစ်တယ် ပုံစံပြောင်းသိမ်းတာ ကုန်ကျစားရိတ် အသက်သာဆုံးဖြစ်ပါ တယ်။

အရင်က သုံးခဲ့တဲ့ တချို့ မီဒီယာ ပစ္စည်းတွေကနေ ဒစ်ဂျစ်တယ်ပုံစံ ပြောင်း ရတာ လွယ်ကူမှာ မဟုတ်ပါဘူး။ ဒါပေမယ့် တစုံရပြီ ဆိုရင် အလွယ်တကူ ကော်ပီပွားလို့ ရနိုင်ပါတယ်။ မြန်မာပြည်မှာ မူရင်း ကော်ပီတစုံပဲ ရှိတဲ့ ဓာတ်ပုံ တပုံ၊ ပေစာတရွက်ဟာ၊ ဒါမှမဟုတ် စာအုပ် တအုပ်ဟာ ဒစ်ဂျစ်တယ် ပုံစံ ပြောင်းပြီးရင် အလွယ်တကူ ကော်ပီပွား နိုင်ပါတယ်။ အမျိုးသား ပြတိုက်မှာပဲ ထားမယ့်အစား ဒါမှမဟုတ် တက္ကသိုလ်များ ဗဟိုစာကြည့် တိုက်မှာပဲ ရှိနေမယ့် အစား၊ တက္ကသိုလ် ကောလိပ်တွေရဲ့ စာကြည့်တိုက်တွေ အတွက်ကော်ပီ တစုံစီ ကော်ပီပွားပြီး၊ တက္ကသိုလ်တွေ အားလုံးရဲ့ စာကြည့် တိုက်တွေကို ဖြန့်ဝေထားနိုင်ပါတယ်။

ရှားပါး စာအုပ်အဟောင်းတွေ အတွက်              

ရှားပါးစာအုပ် အဟောင်းတွေဟာ တော်ရုံ စားပွဲတင်စကင်နာနဲ့ စကင်ဖတ်လို့ မရနိုင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သာမန် ရုံးသုံး၊ အိမ်သုံး စကင်နာတွေဟာ  စာအုပ်ကို မဖြုတ်ပဲစကင်ဖတ်ရင် အရည်အသွေး မကောင်းပါဘူး။ စာအုပ်လည်း ပျက်စီးသွားနိုင်ပါတယ်။ အဲဒီလို စာအုပ်မျိုးတွေ၊ စာရွက်စာတမ်းတွေ အတွက် သီးသန့်ကူးလို့ရတဲ့ စကင်နာ အမျိုး အစားတွေ ရှိနေပါတယ်။ ဈေးနှုန်းကတော့ ပေါမှာမဟုတ်ပေမယ့် ဝယ်မသုံးနိုင် လောက်တဲ့ ငွေကြေးပမာဏ၊ ဝယ်မသုံး နိုင်လောက်အောင် နည်းပညာ မြင့်နေတာမျိုး မဟုတ်ပါဘူး။

အပေါ်က ပုံကတော့ အမေရိကန် ကွန်ဂရက်စ်စာကြည့်တိုက်မှာ ရှားပါး စာအုပ်တွေကို အထူးပြုလုပ်ထားတဲ့ အ ဆင့် မြင့်နည်းပညာသုံး စကင်နာနဲ့ ပြုပြင်ထိန်းသိမ်း လုပ်ဆောင်နေတဲ့ပုံ ဖြစ်ပါတယ်။ စာအုပ်က သိပ်မကြာသေး ပါဘူး။ ၁၄၈၀ က မာပိုပိုလိုရဲ့ မြေပုံစာအုပ်ပါ။ အဲဒီလိုစာအုပ်မျိုးတွေကို x-ray fluorescence spectrometer နည်းပညာ သုံးထားတဲ့ စကင်နာနဲ့ ဖတ်ပြီး ပျက်စီး ချို့ယွင်းစေတဲ့ ဓာတုပစ္စည်းက ဘာလဲ၊ ဘယ်လိုကြောင့် ဖြစ်တာလဲ  ဘယ်လို ရပ်တံ့အောင် လုပ်မလဲ ဆိုတာ တွေအထိ စစ်ဆေးလုပ်ဆောင်တယ် လို့ သိရပါတယ်။

ဓာတ်ပုံဖလင်တွေ အတွက်

ဓာတ်ပုံဖလင်တွေ အတွက်လည်း သာမန် အိမ်သုံးရုံးသုံး စကင်နာ တွေထဲက အဆင့်မြင့်ကင်မရာတွေမှာ ဖလင်ကူး နိုင်တဲ့ အမျိုးအစားကို ဝယ်သုံးနိုင်ပါတယ်။ ဒါပေမယ့် လုပ်ငန်းသုံးအဆင့် ပရော်ဖက်ရှင်နယ် အဆင့်ဖလင် ဖတ်တဲ့ စကင်နာတွေ ကတော့ သီးခြား ဝယ်သုံးဖို့ လိုပါမယ်။

အဲဒီ ဖလင်စကင်နာသီးသန့် ကတော့ ရုံးသုံးအိမ်သုံး အဆင့် စာရွက်တွေ ဖတ်တဲ့ စကင်နာမှာ ဖလင် တွဲဖတ်တဲ့ အမျိုးအစားထက်တော့ ဈေးပိုကြီး နေပါလိမ့်မယ်။ ဒါပေမယ့် ဖလင်စကင်နာတွေ ဝယ်ရင် သတိပြုရမှာက ၃၅ မီလီမီတာနက်ဂတစ်ဖလင်၊ သူ့ထက် အရွယ်အစား ကြီးတဲ့ ဖလင်တွေ၊ ပေါ့စတစ် ဖလင်စတာတွေ ဖတ်လို့ရမရ၊ ကိုယ့် လိုအပ်ချက်နဲ့ ကိုက်ညီမှုရှိမရှိ စစ်ဆေး ဝယ်ယူသင့်ပါတယ်။ ဓာတ်ပုံဆရာတွေ ဆီမှာ တချို့လုပ်ငန်းတွေမှာ ရှိနေပြီး ဖြစ်နိုင်ပါတယ်။

ရုပ်ရှင်ဖလင်တွေ အတွက်

ရုပ်ရှင်ဖလင်တွေ အတွက် မ ကောင်းတဲ့ ဖလင်တွေ၊ ချို့ယွင်းနေတဲ့ ဖလင်တွေကို ဖြတ်၊ ညှပ်လုပ်တာ၊ ဒစ်ဂျစ်တယ် ပုံစံ ပြောင်းပြီးမှ ပြုပြင်တာမျိုးတွေ လုပ်ရပါမယ်။ အဲဒီ ဖလင်ကနေ ဒစ်ဂျစ်တယ် ရုပ်ရှင်တွေ ပြန်ပြောင်းတဲ့စက်တွေ ကတော့ တော်တော့ကို ဈေးကြီးနေမှာ ဖြစ်လို့ လိုအပ်ခဲ့ရင် ရုပ်ရှင်မိနစ်စာနဲ့ တွက်ပြီး ဝန်ဆောင်ခယူ ပြင်ဆင် တည်းဖြတ် ပေးတဲ့ လုပ်ငန်းတွေ ရှိပါတယ်။ သူတို့ကို အပ်နှံ လုပ်ဆောင်နိုင်ပါတယ်။ စက်ဝယ်ရုံနဲ့ မပြီးဘဲ ကျွမ်းကျင်မှု ရှိဖို့လည်း လိုပါလိမ့်မယ်။ အချိန်ပေး လုပ်ဆောင်ဖို့ လိုပါမယ်။

ပုံမှာ တွေ့ရတဲ့ ARRI scan က ဖလင်အဟောင်းတွေကို ဒစ်ဂျစ်တယ် ပုံစံပြောင်းပေးတဲ့ စက်ဖြစ်ပြီး ဈေးနှုန်း သိချင်လို့ အင်တာနက်ထဲမှာ ရှာကြည့် တာ အီးဘေးလ် လေလံဈေး ကန်ဒေါ် လာ ၉၅၀,၀၀၀ လို့ တွေ့ရပါတယ်။

အင်ဖရာရက်ကင်မရာ

ပုံမှာ ပြထားတဲ့ ဂူဂဲလ်ရဲ့ မူပိုင်ခွင့် မှတ်ပုံတင်အမှတ် ၇၅၀၈၉၇၈ အင်ဖရာရက် ကင်မရာ နည်းပညာဟာ စာမျက်နှာရဲ့ သုံးဘက်မြင် အနေအထားကို သူ့ဖာသာသူ အလိုအလျောက် စစ်ဆေးပြီး ချိန်ညှိပေး နိုင်ပါတယ်။ တိုကျိုတက္ကသိုလ်ရဲ့ သုတေသီတွေ ကနေ တရွက်ချင်းစီ ဖြုတ်ပြီး စကင်ဖတ်လို့ မရတဲ့ ရှားပါးစာအုပ်၊ စာရွက်စာတမ်းတွေကို အဲဒီ 3D Surface Scanner ကို သုံးပြီးဖတ်ယူနိုင်စေ ပါတယ်။

အဲဒီလို ဖတ်လို့ရတဲ့ စာမျက်နှာတွေဟာ သရီးဒီ အခွက်ပုံတွေ အနေနဲ့ ပေါ်နေမှာ ဖြစ် ပြီးဆော့ဖ်ဝဲကနေ ပြန်ဖြန့်ပေး၊ ချိန်ညှိပေး နိုင်ပါတယ်။ စာအုပ်ဖတ်တဲ့ နေရာမှာတော့ မြန်ဆန်မှု ရှိပြီး၊ စာမျက်နှာကို တမျက်နှာချင်းလှန်ပြီး စကင် ဖတ်နိုင်ပါတယ်။ တမိနစ်ကို စာမျက်နှာ ၂၀၀ လောက် ဖတ်နိုင်ပါတယ်။

Infrared Camera
Infrared Camera

သရီးဒီစကင်နာနဲ့ သရီးဒီပရင်တာ

ဒစ်ဂျစ်တယ်ဒေတာ ပုံစံပြောင်း လုပ်ဆောင်ရာမှာ ရုပ်ဝတ္ထုတွေ၊ ရှေးဟောင်းသမိုင်းဝင် ရှားပါးပစ္စည်းတွေကိုပါ ပုံတူပွား နိုင်ပါတယ်။ သိပ်မကြာသေး ခင်က ဂျာမဏီနိုင်ငံကနေ သရီးဒီ နမူနာ ပုံစံတူ ရွှေပေလွှာ လက်ဆောင်ပေးခဲ့ပါတယ်။ အဲဒီ ရွှေပေလွှာဟာ အလောင်းမင်းတရားကြီးကနေ ဗြိတိန်ဘုရင် ဂျော့ ၂ ထံ ၁၇၅၆ မှာ ပေးပို့ခဲ့တဲ့ ရွှေပေလွှာ ဖြစ်ပြီး ဗြိတိန်ဘုရင်က မဖတ်ဘဲ သူ့ရဲ့ မွေးရပ်မြေ ဂျာမဏီနိုင်ငံ မြောက်ပိုင်း ဟန်နိုဗာ မြို့ က စာကြည့်တိုက်ကို ပို့ထားခဲ့တာ ဖြစ်ပါတယ်။ နှစ်ပေါင်း ၂၅၀ လောက်က ရွှေပေလွှာကို ပထမ ကမ္ဘာစစ်၊ ဒုတိယ ကမ္ဘာစစ် ဖြစ်ခဲ့တဲ့ ကြားက ဘယ်လို ထိန်းသိမ်းထား သလဲ၊ မပျက်စီးအောင် ဘယ်လို ကာကွယ်ခဲ့ ကြသလဲ ဆိုတာ အတုယူ စရာပါ။

ဗြိတိန်က ပြတိုက်မှာ မြန်မာ့ ရှေးဟောင်း ဗုဒ္ဓဆင်းတုတော်တွေ၊ နန်းစဉ် ရတနာတွေ ပြသထားတယ် လို့ သိရပါတယ်။ အလားတူပဲ တခြားနိုင်ငံတွေက ပြတိုက်တွေမှာလည်း ရှိနေနိုင်ပါတယ်။ ဓာတ်ပုံရိုက်ခွင့်၊ သရီးဒီ ပုံစံတူကူးယူခွင့်တွေ အကူအညီတောင်းပြီး၊ ပြန်စုထား၊ ပြန်ပြသထားသင့် ပါတယ်။ အဲဒီလို လုပ်ဖို့ အတွက် သရီးဒီစကင်နာနဲ့ သရီးဒီ ပရင် တာတွေ ရှိနေပါတယ်။

သရီးဒီ ပရင်တာတွေက သရီးဒီ စကင်ဖတ်ထားတဲ့ ပုံတွေကို ပုံစံတူ ရုပ်လုံး ကြွ ပုံတွေ ထုတ်ပေးနိုင်ပါတယ်။ အရင် ဈေးနှုန်းတွေက အနားမကပ်နိုင်ပါ။ အခုတော့ဈေးကျလာပြီ ဖြစ်ပါတယ်။ လက်ရှိအချိန် ပေါက်ဈေး  ကန်ဒေါ်လာ ၂၅၀ ကနေ ၂၀၀၀ လောက်အထိ ရှိနေပြီး ပရင့်ထုတ်ပေးနိုင်တဲ့ အရွယ်အစားပေါ် မူတည်ပြီး ဈေးနှုန်း ကွာခြားမှုရှိနေပါမယ်။

ရှိရင်ပေး ကြပါ

သိပ်မကြာသေးခင်က ကွယ်လွန်သွားတဲ့ ချင်းအမျိုးသား ခေါင်းဆောင် ဦးဝမ်ကိုဟောရဲ့ ရှားပါးဓာတ်ပုံတွေကို စကင်ဖတ်၊ ပုံစာထိုး ပေးဖို့ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က လုပ်ပေးဖူးပါတယ်။  အဲဒီ ဓာတ်ပုံ တွေထဲမှာ ဗိုလ်ချုပ် အောင်ဆန်းနဲ့ တွဲရိုက် ထားတဲ့ပုံတွေ၊ တခြား ဗြိတိသျှ အစိုးရအဖွဲ့ဝင်တွေနဲ့ တွဲရိုက်ထားတဲ့ ပုံတွေ ပါပါတယ်။ သူ့ရဲ့ ပုဂ္ဂိုလ်ရေး ဆိုင်ရာ ပုံတွေ ဖြစ်လို့ ကော်ပီ သိမ်းမထားပါ။ တကယ်က ခွင့်တောင်းပြီး သိမ်းထား သင့်ပါတယ်။ သူ့ရဲ့ မိသားစုဆီမှာ ရှိနိုင်ပါတယ်။

အလားတူပဲ အားကစားသမားဟောင်း ကြီးတွေ၊ နိုင်ငံရေး၊ စစ်ဘက်ရေးရာ ဌာနက ပုဂ္ဂိုလ်တွေမှာ မှတ်တမ်း မှတ်ရာ တွေ၊ ပုံတွေ၊ သတင်းဌာနတွေ၊ အစိုးရဌာနတွေ မှာတောင်မှ မရှိနိုင်တဲ့ သမိုင်းဝင် ရှားပါးပုံတွေ ရှိနေနိုင်ပါတယ်။ ပြန်ပြီး စုစည်း သိမ်းထားသင့် ပါတယ်။ မူရင်းကိ ုမယူဘဲ၊ မူရင်းကို မပျက်စီးစေဘဲ ဒစ်ဂျစ်တယ် ပုံစံပြောင်း ကေ်ပီကူး သိမ်းထားမယ် ဆိုရင် ခွင့်ပြုကြမယ်လို့ ထင်ပါတယ်။ တကယ်လုပ်ရင် အဆင်ပြေ သွားမှာ ပါ။ မလုပ်ကြတာက ပို ခက်နေတာ ဖြစ်ပါတယ်။

ဒီအကြောင်းတွေ ရေးမယ့်သာ ရေးရတယ် ကြောင်ကို ချူဆွဲဖို့ အကြံပေး ရေးသလို ဖြစ်နေပါတယ်။ ကြောင်ကို ဘယ်သူ ချူဆွဲမလဲ ဆိုတဲ့ အမေးကိုတော့ ဘယ်သူမှ ဖြေမှာ မဟုတ်ပါဘူး။ ရုပ်သံလွှင့် ဌာနတွေ၊ သက်ဆိုင်ရာဌာန တွေက ဘာဖြစ်လို့ မလုပ်တာလဲ၊ အကျိုး အမြတ် မရလို့ မလုပ်တာလား ၊အကျိုးအမြတ်ရ တာတွေပဲ  လုပ်မှာလား၊  ဘတ်ဂျက် မရှိလို့ လား မသိရပါ။ အမျိုးသား စာကြည့်တိုက်လုပ်မယ် ဆိုတဲ့နေရာ၊ အဆောက်အအုံ တောင်မှ ရောင်းစားလိုက်ပြီ ဆိုမှတော့ မှတ်တမ်းမှတ်ရာတွေ သိမ်းဆည်း စုဆောင်းဖို့ ရေးတာဟာ အပိုပဲ၊ ဘာမှ လုပ်မှာ မဟုတ်ပါဘူး၊ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး လို့ ခံစားမိပေမယ့် မနေနိုင်လို့ ရေးမိကြောင်းပါ ခင်ဗျား။

Your Thoughts …
Tags: ITTechnology
ဖိုးနိုင်ဝင်း (မာစတာပိစ်)

ဖိုးနိုင်ဝင်း (မာစတာပိစ်)

Contributor

Similar Picks:

ထိုင်းမှာ ကွန်ပျူတာ နည်းပညာ ဆိုင်ရာ အချက်အလက် ပေါက်ကြားမှု သန်း နဲ့ ချီ မြင့်မားလာ

ထိုင်းမှာ ကွန်ပျူတာ နည်းပညာ ဆိုင်ရာ အချက်အလက် ပေါက်ကြားမှု သန်း နဲ့ ချီ မြင့်မားလာ

by ဧရာဝတီ
1 June 2025
1.7k

အဆိုပါ ပေါက်ကြားမှုတွေဟာ အဖွဲ့အစည်းတွေနဲ့ တဦးချင်းအလိုက် ခိုးကူး ဆော့ဖ်ဝဲတွေ အသုံးပြုခြင်းကြောင့် ဖြစ်နိုင်ကြောင်းလည်း…

မိုဘိုင်းလ် ဖုန်းတွေရဲ့ ရာဇဝင်

မိုဘိုင်းလ် ဖုန်းတွေရဲ့ ရာဇဝင်

by ဖိုးနိုင်ဝင်း (မာစတာပိစ်)
21 August 2014
9.1k

မိုဘိုင်းလ် ငွေချေတဲ့ စံနစ် (mobile payments) ကို ဖင်လန်နိုင်ငံနဲ့ ဆွီဒင် နိုင်ငံမှာ ၁၉၉၈ ကစတင် အသုံးပြုခဲ့ပါတယ်။

အစိုးရများက အင်တာနက်ပိတ်ခြင်းများသည် ပုံစံအမျိုးမျိုးရှိသည်

အင်တာနက် ဘယ်လိုပိတ်လဲ၊ ဘယ်လို ပြန်တိုက်ဖျက်သလဲ

by ဧရာဝတီ
28 November 2022
4.7k

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီး သုံးရက်အကြာ ဖေဖော်ဝါရီ ၄ ရက်တွင် စစ်တပ်သည် Facebook ကို ပိတ်ဆို့ခဲ့ပြီး မြန်မာအများစု၏ အင်တာနက်သုံးသည့် အဓိကတံခါးပေါက်ကို ပိတ်ပစ်ခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက ရန်ကုန်မြို့ရှိ တရုတ်သံရုံးရှေ့တွင် စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြသူများ  / ဧရာဝတီ

အင်တာနက် ထိန်းချုပ်နိုင်ရေး စစ်ကောင်စီက တရုတ်ကို အားကိုးနိုင်မလား

by Bertil Lintner
8 March 2022
14.7k

ဖမ်းဆီးခံရသူ သတင်းသမား အများအပြားသည် အချုပ်အနှောင်အတွင်း နှိပ်စက်ညှဉ်းပမ်းခံကြရပြီး ၎င်းတို့အနက် အနည်းဆုံး ၃ ဦးကို စစ်ကောင်စီ စစ်သားများက သတ်ဖြတ်ခဲ့သည်

Technology, Opinion

စမတ်ဖုန်းကပေးတဲ့ လူမှုဒုက္ခများ

by သန်းနိုင်ဦး
19 October 2015
8.6k

ဘွဲ့ရလူငယ်တယောက်က အီးမေးလ်အသုံးပြုမှု တခါမှမရှိသလို ဘယ်ဝက်ဘ်ဆိုဒ်ကိုမှလည်း မဖွင့်ဖူးဘူး။ ဂူလ်ဂဲကနေ ဘာကိုမှ မရှာဖွေဖူးတဲ့သူတွေ ရှိတယ်။ ကုန်ကုန်ပြောရရင် ဖေ့စ်ဘုတ်ကိုပဲ အင်တာနက် ထင်နေတဲ့သူတွေ ကျနော်တို့ ဝန်းကျင်မှာ ရှိနေတယ်။

Tablet တလုံး ဘယ်လိုရွေးသုံးမလဲ

Tablet တလုံး ဘယ်လိုရွေးသုံးမလဲ

by ဖိုးနိုင်ဝင်း (မာစတာပိစ်)
19 November 2014
4.2k

မိုက် ခရိုဆော့ဖ်ကတောင်မှ သူ့ရဲ့ထုတ်ကုန်မှာ Windows RT ကို သုံးမထား တော့တဲ့ အတွက် Windows RT သုံး တက်ဘလက်တွေ ကတော့ မ၀ယ်သင့် ပါဘူး

Next Post

ကျောင်းသား ၁၀ ဦး အစာငတ်ခံ ဆန္ဒပြမှု စတင်

တောရိုင်း တိရိစ္ဆာန်စောင့်ရှောက်ရေး TRAFFIC အဖွဲ့၏ ဆု ဧရာဝတီ သတင်းထောက် ရရှိ

No Result
View All Result

Recommended

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

7 days ago
4.6k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

3 days ago
4.5k

Most Read

  • အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

    shares
    Share 0 Tweet 0
  • အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate