• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ကမ္ဘာလှည့် ခရီးသွားတွေပျော်တဲ့ ချင်းမိုင်သင်္ကြန်

by ခင်ဦးသာ
12 April 2015
in ဆောင်းပါး
A A
Songkran Festival, Lanna, ချင်းမိုင်သင်္ကြန်, ထိုင်းလူမျိုး, နှစ်သစ်ကူး

ချင်းမိုင် သင်္ကြန်မှာ တုတ်တုတ်ခေါ် သုံးဘီးကားနဲ့ ရေပက်ခံထွက်လာကြသူများ (ဓာတ်ပုံ - Reuters)

8.2k
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံရဲ့ မြောက်ပိုင်း မြို့တော်နဲ့ ရှေးဟောင်းမြို့တော် ဖြစ်တဲ့ ချင်းမိုင်မြို့ရဲ့ သင်္ကြန်ပွဲတော်ဟာ ထိုင်းနိုင်ငံသားတွေ အတွက် သာမက နိုင်ငံတကာကခရီးသွား ဧည့်သည်တွေ အတွက်လည်း စိတ်ဝင်စားစရာ၊ ပျော်ရွှင်စရာကောင်းတဲ့ ပွဲတော်တခု ပါ။

ချင်းမိုင် သင်္ကြန်ဟာ ထိုင်းနိုင်ငံ တခုလုံးမှာ အစည်ကားဆုံး ဖြစ်ပြီးတော့ နိုင်ငံတဝန်းက ထိုင်းအများစုဟာ သင်္ကြန် ရောက်ရင် ချင်းမိုင်မြို့မှာ လာရောက်ဆင်နွှဲလေ့ရှိကြပါတယ်။ ထိုင်းနိုင်ငံကို လာရောက်လည်ပတ် နေကြတဲ့ တခြားမြို့ တွေက နိုင်ငံ ခြားသားတွေ ဟာလည်း သင်္ကြန်ကာလမှာ ချင်းမိုင် သင်္ကြန်ကို လာရောက်ဆင်နွှဲတတ်ကြပါတယ်။

RelatedPosts

ကာတာ လေယာဉ်လက်ဆောင် ထရမ့်ကို  အမေရိကန်ဥပဒေ ခွင့်ပြု မပြု

ကာတာ လေယာဉ်လက်ဆောင် ထရမ့်ကို အမေရိကန်ဥပဒေ ခွင့်ပြု မပြု

21 May 2025
435
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

20 May 2025
3.8k
စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
425

ချင်းမိုင်သင်္ကြန် စည်ကားရတဲ့ အချက်တွေထဲမှာတော့ ကျုံးပတ်ပတ်လည်မှာ ရေပက်ကစားရတဲ့ အချက်လည်း ပါဝင်တယ် လို့ ဆိုရမှာပါ။ ချင်းမိုင်မြို့တော်ရဲ့ အထင်ကရ နေရာတခု ဖြစ်တဲ့ ကျုံးပတ်ပတ်လည် နေရာဟာ သင်္ကြန်ကာလ အတွင်းမှာ ဆိုရင် မြို့တခုလုံးရဲ့ အစည်ကားဆုံး နေရာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက ရန်ကုန်မြို့၊ မန္တလေးမြို့တို့မှာလို သင်္ကြန်မဏ္ဍပ်ကြီးတွေ မရှိပေမယ့် ကျုံးအပြင်ဘက်က လမ်းမကြီး တွေမှာ မဏ္ဍပ်တချို့ ရှိတတ်ပြီး ထိုင်း အဆိုတော်တွေက ဖျော်ဖြေပေးလေ့ ရှိပါတယ်။ ကျုံး ပတ်ပတ် လည်ကတော့ တခြားနေရာတွေထက် ပိုစည်ပါတယ်။

သူတို့ကိုယ် သူတို့ ဂေးလို့ခေါ်တဲ့ အမျိုးသမီး စိတ်ပေါက်နေတဲ့ အမျိုးသားတွေ သီးသန့် သီဆိုဖျော်ဖြေတဲ့ မဏ္ဍပ်တချို့ ကိုလည်း တွေ့ရတတ်ပါ တယ်။ တခြားမဏ္ဍပ်တွေနဲ့ ယှဉ်ရင်တော့ အဲဒီလို မဏ္ဍပ်က ပရိတ်သတ်အားပေးမှု ပိုများပါ တယ်။ ပျော်တတ်တဲ့ အနောက်တိုင်းသား၊ တိုင်းသူ တချို့ ဆိုရင် ဂေးတွေနဲ့ အတူ စင်ပေါ်တက် သီချင်း ဆိုပြီး ကတာတွေလည်း ရှိပါတယ်။

အားပေးတဲ့ ပရိတွေကလည်းပဲ ပျော်ပျော်ပါးပါးနဲ့ ပါဝင် သီချင်းဆိုတတ်ကြ ပါတယ်။ ပရိသတ်တွေထဲမှာ မူးနေတဲ့ သူတွေ ပါရင်တောင်မှ ရမ်းကားတဲ့ အပြုအမူ၊ အပြောအဆို မျိုးတော့ သိပ် မရှိပါဘူး။ အမူးသမားတွေ များတာကတော့ မြန်မာပြည် သင်္ကြန်လို ပါပဲ။

ဒါပေမယ့် ဘယ်လောက်ပဲ မူးနေပါစေ မိန်းကလေးတွေကို ရိုင်းစိုင်းတဲ့ အပြောအဆို အသုံးအနှုန်းတွေနဲ့ နောက်တာ ပြောင်တာ မရှိသလောက် ပါပဲ။ ကိုယ်ရဲ့ ပျော်ရွှင်လွတ်လပ်မှုကြောင့် သူတပါးကို အနှောင့်အယှက် မဖြစ်စေတာ ဟာလည်းပဲ ချင်းမိုင်သင်္ကြန်ရဲ့ ချစ်စရာကောင်းတဲ့ ဓလေ့တခုလို့ ဆိုရမှာပါ။

သင်္ကြန်ပွဲတော်ကို ထိုင်းလူမျိုးတွေကတော့ ဆုန်ကရန် (Songkran Festival) လို့ ခေါ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ သင်္ကြန် ပွဲတော်ရက်ဟာ မြန်မာနိုင်ငံက သင်္ကြန်ပွဲတော် ရက်တွေနဲ့တော့ သိပ်မကွာပါဘူး။ များသောအားဖြင့်တော့ ဧပြီလ ဒုတိယပတ် အတွင်းမှာ ကျင်းပလေ့ ရှိပါတယ်။ အကြို၊ အကျ၊ အတက် စသဖြင့် ၃ ရက်၊ ၄ ရက်စီ ကျင်းပလေ့ရှိတဲ့ နှစ်သစ်ကူး ပွဲတော်ပါ။

ချင်းမိုင်မြို့ဟာ ရှေးခေတ်က ဘုရင်တွေ နန်းစိုက်ခဲ့တဲ့ မြို့တော် ဖြစ်တာကြောင့် ရှေးခေတ်က အငွေ့အသက်တွေ မပျောက်ပျက် ရအောင် ထိန်းသိမ်းထားတဲ့ မြို့လည်း ဖြစ်ပါတယ်။ သင်္ကြန်ကာလမှာ ဆိုရင် ရှေးခေတ် လန်းနား (Lanna) ရိုးရာယဉ်ကျေးမှု အကတွေနဲ့ ကပြဖျော်ဖြေတာတွေ ရှိသလို လန်းနား အစားအစာ မျိုးစုံကိုလည်း ရောင်းချ ကြပါတယ်။

သင်္ကြန်ရက် မတိုင်ခင် တပတ်လောက် အလိုမှာ ကျုံးထဲက ရေတွေကို သန့်ရှင်းရေး လုပ်ပြီး ရေအပြည့် ဖြည့်ပေးထား ပါတယ်။ ချင်းမိုင်ကျုံးဟာ မန္တလေးမြို့က ကျုံးလောက် မကျယ်ဝန်း ပေမယ့် ရေပက်ကစားသူတွေ အတွက်တော့ အတော့်ကို အဆင်ပြေပါတယ်။ ကျုံးပတ်ပတ်လည်ကို ဆိုင်ကယ်၊ မော်တော်ကားတွေနဲ့ ပုံမှန်အတိုင်း မောင်းနှင်မယ် ဆိုရင်တော့ နာရီဝက် လောက်ပဲ ကြာနိုင်ပါတယ်။ ဒါပေမယ့် သင်္ကြန်ကာလ ဆိုရင်တော့ ကားတွေဟာ တနေရာကနေ တနေရာ ကိုရွေ့ဖို့ မလွယ်ကူပါဘူး။

သင်္ကြန်ရက်တွေ ဆိုရင် ကျုံးပတ်ပတ်လည်မှာ နံနက် ၈ နာရီလောက်ကနေ ည  ၉ နာရီလောက် အထိ စည်ကားလေ့ ရှိပါတယ်။ အများစုကတော့ ဆိုင်ကယ်၊ မော်တော်ကား၊ စက်ဘီး စတာတွေနဲ့ ကျုံးကို ပတ်ပြီး ရေပက်ခံ ထွက်ကြပါ တယ်။ သင်္ကြန်ပွဲတော် ဆင်နွှဲလေ့ ရှိတဲ့ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားတို့လို နိုင်ငံသားတွေ အတွက် အထူးအဆန်း မဟုတ်ပေမယ့် တခြား အာရှသားတွေ၊ အနောက် ဥရောပဒေသက နိုင်ငံသားတွေ အတွက်တော့ ထူးဆန်းနေမှာပါ။

သင်္ကြန်ပွဲတော် ကျင်းပလေ့ရှိတဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေကတော့ နှစ်ဟောင်းက အညစ်အကြေးတွေ၊ မကောင်းမှုတွေ နှစ်သစ်ကို ပါမလာရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အတာရေပက်ဖျန်း၊ ဆေးကြောကြတဲ့ နှစ်သစ်ကူး ရိုးရာပွဲတော် တခု လည်း ဖြစ်ပါတယ်။ ဒါ့အပြင် မိမိတို့ရဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့တွေကို ပြသတဲ့ပွဲလို့ ဆိုရင်လည်း မမှားပါဘူး။

ဘန်ကောက်မြို့တော်မှာ ဆိုရင် သင်္ကြန်ကာလ အတွင်း ဖျော်ဖြေတင်ဆက်မှု မျိုးစုံနဲ့ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပကြပါ တယ်။ ဒါ့အပြင် ပတ္တယားမြို့နဲ့ တခြား နေရာတချို့မှာတော့ ဆင်တွေကို ရေပက်ဖြန်းတာတွေ ရှိသလို နိုင်ငံခြားသား တွေက ဆင်တွေနဲ့ ရေပက် ကစားကြတာတွေ ရှိပါတယ်။ ဆင်တွေဟာ ထိုင်း လူမျိုးတွေရဲ့ အလေးအမြတ်ပြုထားတဲ့ အမှတ် လက္ခဏာတွေ ထဲက တခုပါ။

ထိုင်းလူမျိုး အများစုဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တာကြောင့် သင်္ကြန်ကာလမှာ သံဃာတော်တွေကို လှူဖွယ်ပစ္စည်း ကပ်လှူတာ၊ ဥပုသ်သီလ ဆောက်တည်တာ၊ တရားစခန်း ဝင်တာတွေကို လုပ်ဆောင်သူတွေ ရှိပါတယ်။ တချို့ နိုင်ငံခြားသား တွေလည်း တရားစခန်း ဝင်တဲ့သူတွေ ရှိပါတယ်။

သင်္ကြန်ပွဲတော်ဟာ ရိုးရာပွဲတော် ဖြစ်တဲ့ အတွက် မိမိတို့ရဲ့ယဉ်ကျေးမှု မပျောက်ပျက်ရအောင် ထိန်းသိမ်းလာခဲ့ကြတဲ့ အစဉ်အလာတွေ ရှိခဲ့ပေမယ့် ခေတ်ရေစီးကြောင်း အရ ယဉ်ကျေးမှုကို သွေဖည်ဝတ်ဆင် လာကြတာတွေလည်း တွေ့လာ ရပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံက မိန်းကလေးတွေရဲ့ ဝတ်စားဆင်ယင်မှု တွေနဲ့ ပတ်သက်ပြီးတော့ လူမှုကွန်ရက် စာမျက်နှာတွေမှာ အတော်များများ ဝေဖန်ကြတာကို တွေ့လာရပါတယ်။

ထိုင်းနိုင်ငံမှာ ဝတ်စား ဆင်ယင်မှုနဲ့ ပတ်သက်ပြီး သိပ်တင်းကျပ်ထားတာ မရှိပါဘူး။ မိန်းကလေးတွေ ဘယ်လိုပဲ ဝတ်ဆင် ဝတ်ဆင် ဝေဖန်မှု နည်းပါးတာ တွေ့ရတယ်။ တချို့နိုင်ငံခြားသား၊ နိုင်ငံခြားသူတွေ ဆိုရင် အတွင်းခံ ဘောင်းဘီ ဝတ်ဆင်ပြီး ရေပက်ခံကြတာတွေလည်း တွေ့ရတတ်ပါတယ်။ ဒါပေမယ့် ထိုင်းအာဏာပိုင်တွေက တားဆီးတာမျိုးတော့ မတွေ့ရပါဘူး။

အထူးသဖြင့် ကျုံးပတ်ပတ်လည်မှာ ပုံစံမျိုးစုံနဲ့ ရေပက်ကြတာ၊ ကျုံးထဲကရေကို ကြိုက်သလို ခပ်ယူပြီး လူတိုင်းကို ရေပက်ကစားနိုင်တာ ဟာလည်း နိုင်ငံခြား သားတွေ အတွက် အထူးစိတ်ဝင်စားဖွယ် ဖြစ်စေပါတယ်။

ချင်းမိုင် သင်္ကြန်မှာ နိုင်ငံတကာ ခရီးသွားတွေကို ပုံစံမျိုးစုံနဲ့ တွေ့ရတတ်ပါတယ်။ ထိုင်းလူမျိုးတွေ ထက်တောင် သူတို့က ပိုပြီး ပျော်ရွှင်တာတွေ တွေ့ရပါတယ်။ ရန်ကုန်မြို့မှာလို မီးသတ်ပိုက်လုံးကြီး တွေနဲ့ မျက်နှာတွေကို ပက်တာတို့၊ ရေကို အတင်းအဓမ္မ လိုက်ပက်တာမျိုးတော့ သိပ်မတွေ့ရပါဘူး။ ချင်းမိုင်မြို့ဟာ ရှေးဟောင်း မြို့တော်တခု ဖြစ်သလို မြို့ခံအများစုဟာလည်းပဲ ယဉ်ကျေးဖော်ရွေ ကြပါတယ်။ အဲဒီလို ယဉ်ကျေးတဲ့ အပြုအမူတွေ ကလည်းပဲ နိုင်ငံတကာ ခရီးသွားတွေ အတွက် ဆွဲဆောင် မှုတခုလို့ ဆိုရပါမယ်။

ချင်းမိုင်မြို့ကို နိုင်ငံခြားသား အများစု ကြိုက်နှစ်သက်တာဟာ ရာသီဥတု ကောင်းမွန်တာ၊ ခရီးသွားလာရ လွယ်ကူတာ၊ လုံခြုံရေး ကောင်းမွန်တာတွေ အပြင် နေထိုင်ဖို့ အိမ်ခန်းခ ဈေးနှုန်း သက်သာတာ၊ ပတ်ဝန်းကျင် သန့်ရှင်းတာ၊ အစားအသောက်တွေ ပေါများပြီး ဈေးနှုန်းသက်သာတာ စတဲ့ အချက် တွေလည်း ပါဝင်ပါတယ်။

ဒါ့အပြင် လည်ပတ်စရာ နေရာတွေ များပြားပြီး ကားမရှုပ်၊ လူမရှုပ်တဲ့ အတွက် သွားလာရ မြန်ဆန် သလို ဘန်ကောက် မြို့ကြီးလို ဆူညံသံတွေ ကလည်း အရမ်းနည်းပါး ပါတယ်။ နိုင်ငံတကာ ခရီးသွား အများစုကို ချင်းမိုင်မှာ ဘာကို အကြိုက်ဆုံးလဲ မေးရင်တော့ ရာသီဥတုလို့ ဖြေဆိုတတ်ကြပါတယ်။ ချင်းမိုင်ရာ သီဥတုဟာ မအေးလွန်း၊ မပူလွန်းတဲ့ ရာသီဥတ ုအခြေခံရှိတာကြောင့် လူတိုင်းက နှစ်သက်ကြပါတယ်။

ချင်းမိုင်မြို့မှာ အမှတ်တရ ဖြစ်စေတဲ့ အရာတွေက ဘာတွေလဲ လို့ ချင်းမိုင်မြို့ကိုရောက်ဖူးတဲ့ နိုင်ငံခြား ခရီးသွား ဧည့်သည်တွေကို မေးကြည့်ရင်တော့ စနေ၊ တနင်္ဂနွေ ညဈေးတန်း လမ်းလျှောက်ရတာလို့ အများစုက ဖြေဆိုကြပြီး သင်္ကြန်ပွဲတော် ဆင်နွဲဖူးသူတွေကတော့ ဆုန်ခရန်(Songkran Festival) လို့ခေါ်တဲ့ ချင်းမိုင် သင်္ကြန်ပွဲတော်လို့ ဖြေကြမှာပါ။     ။

Your Thoughts …
Tags: FestivalWater
ခင်ဦးသာ

ခင်ဦးသာ

Senior Reporter

Similar Picks:

စတုဒီသာ, သင်္ကြန်, နှစ်ကူး, မုန့်လုံးရေပေါ်, ရွှေရင်အေး, မုန့်လုပ်ဆောင်း, ယိမ်းအဖွဲ့, မဏ္ဍပ်,

သင်္ကြန်ပွဲတော်တွင်း ကုသိုလ် စတုဒီသာ အလှူ

by မေစစ်ပိုင်
14 April 2015
3.8k

စတုဒီသာ အလှူပြုကြတဲ့ ဓလေ့ဟာ မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် အတွင်းမှာ မရိုးနိုင်တဲ့ မြင်ကွင်းတခု၊ အနှစ်သာရ ရှိတဲ့ အစဉ်အလာလို့လည်း ဆိုရမှာ ဖြစ်ပါတယ်

ကြည့်မြင်တိုင် တဘက်ကမ်းက သောက်ရေခမ်းတဲ့ ရွာများ

ကြည့်မြင်တိုင် တဘက်ကမ်းက သောက်ရေခမ်းတဲ့ ရွာများ

by ဧရာဝတီ
30 April 2013
5k

“ဘယ်ကမှလည်း ကျန်းမာရေးအတွက် ရေသန့်အောင် ဆေးထည့်တာ မလုပ်သလို၊ ကျနော်တို့ ဒေသခံတွေကလည်း ဒါမျိုး လုပ်လေ့မရှိပါဘူး။ ကျနော်တို့အတွက်ကတော့ ဒီရေက ယဉ်ပါးနေတာပဲလေ။ ရေမသန့်လို့ ၀မ်းလျှောတာမျိုးလည်း မဖြစ်ပါဘူး”

သံချပ် (သို့မဟုတ်) ဒီမိုကရေစီ မှတ်ကျောက်

သံချပ် (သို့မဟုတ်) ဒီမိုကရေစီ မှတ်ကျောက်

by သစ္စာနီ
9 April 2013
6.5k

သံချပ်ဆိုတာက အုပ်ချုပ်သူ၏ အမြီး အမောက် မတည့်မှုကို ထောက်ပြဝေဖန်သော ပြုပြင်ရေး အနုပညာ။ တရားဖြင့် တည့်မတ်ပေးသော လမ်းကြောင်း

ဘယ်လို သင်္ကြန်လဲ

ဘယ်လို သင်္ကြန်လဲ

by ဆူးငှက်
8 April 2013
7.8k

မတ်တပ်ရပ်၊ လမ်းလျှောက်သင်စ နိုင်ငံသစ်အတွက် အဖက်ဖက်က စိန်ခေါ် အားစမ်းနေမှုတွေကို ဥပက္ခာပြုပြီး နောက်ပြန်လှည့် ပဋိပက္ခဖြစ်စေမယ့် အထိမခံ ရွှေပန်းကန် သိန်းချီမယ့် လူစုလူဝေး မူးယစ်ရမ်းကား ပျော်ပါးမှုတွေကို ခွင့်ပြုမြှောက်ပင့်ပေးကြဦးမှာလား…

သင်္ကြန်, ဖက်ရှင်, မျိုးဆက်သစ်,

အရောင်စုံတဲ့ မျိုးဆက်သစ် သင်္ကြန်

by ဧရာဝတီ
13 April 2015
3.6k

သင်္ကြန်ဖက်ရှင်တွေ ပြောင်းလဲလာ သလို လူငယ်တွေရဲ့ ပျော်ပါးမှု ပုံစံဟာလည်း အရင်နဲ့ မတူတော့တာ တွေ့ရပါတယ်။ မြန်မာ့ရိုးရာ သင်္ကြန်မဏ္ဍပ်၊ အလှပြယာဉ်၊ ပြည်သူ့ အသံကို ထင်ဟပ်တဲ့ သံချပ်ပြိုင်ပွဲ၊ သင်္ကြန်ယိမ်း အကအလှတွေ မှေးမှိန်ပြီ

သံချပ်, သင်္ကြန်, ဇာဂနာ, ဦးမေတ္တာ, စစ်အစိုးရ, မဆလ, ဆူးကြားက ဘူးခါး, တောက်တီးတောက်တဲ့, မောင်မောင်ဆိုလေ ထီးရိုးရှည်, အနန္တစွမ်းအားရှင်, နွေဒေသ, ပိတောက်တစ္ဆေ,

သင်္ကြန် ၊ သံချပ်နဲ့ ပြည်သူတွေရဲ့ ပဲ့တင်သံ

by တင်ထက်ပိုင်
13 April 2015
4.6k

အုပ်ချုပ်သူ အစိုးရ အဖွဲ့တွေရဲ့ လုပ်ဆောင်ချက်တွေ၊ ပြည်သူတွေရဲ့ ဘဝနေထိုင်မှု ပုံစံတွေကို ထင်ဟပ်ပြသနိုင်တာ ကြောင့် ပြည်သူ့ ဟစ်ကြွေးသံလို့ တင်စား သတ်မှတ်ကြ ပါတယ်

Next Post
နေပြည်တော်, မန္တလေး, ရန်ကုန်, သင်္ကြန်, ဦးပိန်တံတား, ကျုံး,

ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေး သင်္ကြန် ဘယ်သွားချင်လဲ

သင်္ကြန်, ဖက်ရှင်, မျိုးဆက်သစ်,

အရောင်စုံတဲ့ မျိုးဆက်သစ် သင်္ကြန်

No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.6k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

6 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)

    shares
    Share 0 Tweet 0
  • ကာတာ လေယာဉ်လက်ဆောင် ထရမ့်ကို အမေရိကန်ဥပဒေ ခွင့်ပြု မပြု

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate