• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Election 2020

မေးခွန်းထုတ်စရာ များလာသည့် ရွေးကောက်ပွဲ မဲစာရင်း

by ဇူးဇူး
9 June 2015
in Election 2020
A A
မေးခွန်းထုတ်စရာ များလာသည့် ရွေးကောက်ပွဲ မဲစာရင်း

မဲစာရင်း လာကြည့်သူ နည်းနေသည် / ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ

0
VIEWS
Share on FacebookShare on Twitter

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ မတိုင်မီ ပထမနှင့် ဒုတိယအကြိမ် ထုတ်ပြန်ထားသည့် မဲစာရင်းများတွင် မဲဆန္ဒရှင်၏ အမည်များ မှားယွင်းခြင်း၊ မဲစာရင်းတွင် ကိုယ်ရေးအချက် အလက်များ မှားယွင်းခြင်း၊ မပါဝင် သင့်သူများ ပါဝင်နေခြင်းစသည့် အမှားအယွင်းများစွာတို့ကြောင့် ပြည့်စုံမှန်ကန်သည့် မဲစာရင်း ရရှိရေး မေးခွန်းထုတ်လာနေသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC)က ထုတ်ပြန်ထားသည့် ရန်ကုန်နှင့် နေပြည်တော်မှ မြို့နယ် ၃၂ ရှိ အခြေခံ မဲဆန္ဒရှင် စာရင်းများမှာ ခန့်မှန်းခြေအားဖြင့် ၃၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ မှားယွင်း နေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း အတိုက်အခံ အင်အားကြီး ပါတီတခုဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)က ဇွန်လ ၃ ရက်နေ့တွင် UEC သို့ အိတ်ဖွင့်ပေးစာ တစောင် ပေးပို့ခဲ့သည်။

RelatedPosts

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
1.1k
မြိတ်မြို့

မြိတ်မြို့

11 May 2025
495
တရုတ်အကျဉ်းထောင်ရှိ မြန်မာအကျဉ်းသားများ၏ ဆင်းရဲဒုက္ခ

တရုတ်အကျဉ်းထောင်ရှိ မြန်မာအကျဉ်းသားများ၏ ဆင်းရဲဒုက္ခ

10 May 2025
1.3k

မဲစာရင်း မှားယွင်းမှုများနှင့် မဲစာရင်း လာရောက်ကြည့်ရှုသူ နည်းပါးမှုတို့က မှန်ကန်သည့် မဲစာရင်း ရရှိ ရေးအတွက် စိန်ခေါ်မှုတရပ် ဖြစ်သည်ဟု မဲဆန္ဒရှင် ပညာပေးရေး ဆောင်ရွက်နေကြသည့် အရပ်ဘက် အဖွဲ့အစည်းများက သုံးသပ်ကြသည်။

ပထမအဆင့် မဲဆန္ဒရှင် စာရင်းများကပ်ရာတွင် ပြည်သူလူထုမှာ စိတ်ပါဝင်စားမှု နည်းပါးသည့်အပြင် မဲစာ ရင်း လာရောက် ကြည့်ရှုသူလည်း နည်းကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် ကော်မရှင် အဖွဲ့ခွဲ အဆင့်ဆင့်အပြင် အရပ်ဖက် လူ့အဖွဲ့အစည်းများကလည်း မဲဆန္ဒရှင် ပြည်သူများအား အသိပညာ ပေးမှုများ ပိုမို လုပ်ဆောင်ပေးသင့်ကြောင်း မဲဆန္ဒရှင်ပညာပေးရေး လုပ်ဆောင်နေသည့် Forward Instit ute ၏ ဒါရိုက်တာ ဦးသန့်စင်အောင်က ဧရာဝတီသို့ ပြောသည်။

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့တခုဖြစ်သည့် Horn Bill ၏ ဒါရိုက်တာ ဦးချန်လျန်းက”မဲဆ န္ဒရှင် ပြည်သူတွေ ကိုယ်တိုင်ကလည်း အခြေခံမဲဆန္ဒရှင်စာရင်းကို လာကြည့်ဖို့လိုတယ်။ ထိုနည်းတူပဲ အဓိ က တာဝန်ရှိတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၊ အရပ်ဘက် အဖွဲ့အစည်း၊ နိုင်ငံရေး ပါတီ၊ မီဒီယာ တွေ အားလုံးက ပူးပေါင်းပြီး ပြည်သူတွေကို တိုက်တွန်းဖို့ လိုတယ်။ ဒါမှ ပြည့်စုံမှန်ကန်တဲ့ မဲစာရင်းရမှာ ဖြစ်တယ်”ဟု ပြောသည်။

ပထမအဆင့် မဲဆန္ဒရှင် စာရင်းကို မြို့နယ် ၁၀ ခု ဖြစ်သည့် ဗိုလ်တထောင်၊ ပုဇွန်တောင်၊ ဒေါပုံ၊ ဆိပ်ကမ်း၊ ဒဂုံ၊ လသာ ၊ ကျောက်တံတား ၊ လမ်းမတော် ၊ ကမာရွတ်နှင့် ဆိပ်ကြီးခနောင်တို မြို့နယ်များတွင် ၂၀၁၅ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့မှ ဧပြီ ၁၂ ရက်နေ့အထိ ကပ်ထားပေးခဲ့ရာ ပြဿနာ တချို့ ရှိခဲ့သည်။

ယင်း မြို့နယ် ၁၀ ခုတွင် ကပ်ထားသည့် မဲစာရင်းများထဲတွင် မိမိနာမည် မပါ၍ လာရောက် လျှောက်ထားသူ ၄၅၀၀ ကျော်၊ ကိုယ်ရေး အချက်အလက် မှားနေသဖြင့် ပြင်ဆင်ပေးရန် လျှောက်ထားသူ ၂၉၀၀ ကျော်၊ မဲ စာရင်းတွင် သေဆုံးပြီးသူများအပြင် မပါဝင်သင့်သူများ ပါနေသည့်အတွက် ကန့်ကွက် တင်ပြခဲ့သူ ၁၂၀၀ ကျော် ရှိသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တရားဝင် ထုတ်ပြန်ခဲ့သည်။

ဒုတိယအကြိမ် မဲဆန္ဒရှင် စာရင်းကို မေလ ၂၅ နေ့မှ ဇွန်လ ၇ ရက်နေ့အထိ ရန်ကုန်တိုင်းဒေသကြီးမှ ၁၄ မြို့နယ်နှင့် နေပြည်တော် ကောင်စီ ၈ မြို့နယ်တို့တွင် ကပ်ထားပေးခဲ့ရာ ပထမအကြိမ် နည်းတူ အမှားတချို့ ထပ်မံရှိခဲ့သည်။

ဒုတိယအကြိမ် မဲစာရင်းကို လာရောက်ကြည့်ရှုသူ များလာသကဲ့သို့ မဲစာရင်း မှားယွင်းမှုများလည်း ပိုမို များလာကြောင်း၊ တချို့သော ရပ်ကွက်များတွင် မိသားစု တစုလုံး မဲစာရင်းတွင် မပါဝင်ကြောင်း ရန်ကုန် မြို့ခံတချို့က ပြောသည်။

အင်းစိန်မြို့နယ်တွင် နေထိုင်သူ ဒေါ်ညိုမီက”မဲစာရင်းမှာ နိုင်ငံသားတယောက် အနေနဲ့ ပါဝင်မဲပေးချင်လို့ မဲစာရင်းမှာပါမပါ သွားကြည့်တာ စာရင်းမှာ မဲပေးနိုင်တဲ့ အိမ်က မိသားစု ၆ ယောက်စလုံး မပါဘူး။ ဒီမှာ နေလာတာ နှစ်ပေါင်း ၃၅ နှစ် ကျော် နေပြီ။ မဲစာရင်းမှာ မပါဘူးဆိုတော့ ဒေါသလည်း ထွက်တယ်” ဟု ပြောပြသည်။

မြို့နယ်တချို့တွင် မိသားစု တခုလုံး မဲစာရင်းတွင် မပါဝင်ခြင်းသည် ရပ်ကွက် ကော်မရှင် အဖွဲ့ခွဲများက ရပ် ကွက်အတွင်း စာရင်းလိုက်လံ ကောက်ယူချိန်တွင် မိသားစုများ ခရီးသွားနေခြင်း၊ အိမ်တံခါး ပိတ်ထားခြင်း များကြောင့် ဖြစ်နိုင်သကဲ့သို့ မဲစာရင်းသွင်းသူများ၏ လုပ်ငန်းပိုင်းဆိုင်ရာ မကျွမ်းကျင်မှုကြောင့် မှားယွင်း လွဲချော်မှုများ ရှိနိုင်သည်ဟု ဒဂုံမြို့သစ် မြောက်ပိုင်း မြို့နယ်ကော်မရှင် အဖွဲ့ခွဲ ဦးစီးအရာရှိ ဦးဝင်းမြင့်ဦးက ပြောသည်။

ဦးဝင်းမြင့်ဦးက“စာရင်းသွင်းတဲ့အခါ ခေါ်ပေးတဲ့သူနဲ့ ရိုက်တဲ့သူအကြား နားအကြား မှားတာလည်း ဖြစ်မယ်။ ခေါ်ပေးတဲ့သူကလည်း ကောက်လာပေးတဲ့ လက်ရေးကို ဖတ်တဲ့အခါကျတော့တမျိုး ဖြစ်သွားတတ်တယ်။ တခါတလေ စာရွက်တွေ ထပ်သွားတာ၊ ကျော်သွားတာတွေလည်း ရှိတတ်တယ်။ လုပ်ငန်းက သုံး လေး ယောက် လုပ်နေတဲ့ အခါကျတော့ နည်းနည်းတော့ ကွဲလွဲမှုတွေ ရှိတယ်”ဟု ဆိုသည်။

ပြည့်စုံ မှန်ကန်သည့် မဲစာရင်းရရှိရေးနှင့် မဲပေးပိုင်ခွင့် မဆုံးရှုံးရေးတို့အတွက် ပြည်သူများကလည်း စိတ်အား ထက်သန် စွာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကိုကိုက ပြောသည်။

ဦးကိုကိုက“အခုကပ်တဲ့ မဲဆန္ဒရှင်စာရင်းတွေသည် အားလုံး ပြည့်စုံမှန်ကန်ပြီလို့ မပြောပါဘူး။ အဲဒီ မဲစာ ရင်းတွေမှာ အားနည်းချက်တွေ၊ မမှန်ကန်တာတွေကို ပါနေဦးမှာပါ။ ပါနေတဲ့ဟာတွေကို ပြင်ချင်လို့ ကပ်ပေး တာဖြစ်လို့ လာကြည့်ပါလို့ ပြောတာပါ” ဟု ဆိုသည်။

ယခုကဲ့သို့ မဲစာရင်း မှားယွင်းနေမှုများကို ပြန်လည် စိစစ်ကာ အထွေထွေ ရွေးကောက်ပွဲ မတိုင်မီ မှန်ကန်အောင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ကော်မရှင် တာဝန်ရှိသူများက ပြောဆိုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် မြန်မာနိုင်ငံ တဝန်းလုံး အခြေခံ မဲဆန္ဒရှင် စာရင်း ပြုစုခြင်း လုပ်ငန်းကို ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလကတည်းက စတင်ဆောင်ရွက်နေခြင်းဖြစ်ပြီး တနိုင်ငံလုံးတွင် အခြေခံ မဲဆန္ဒရှင် စာရင်းပြုစုမှုသည် ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

မဲစာရင်းတွင် မိမိ၏ အမည် မပါဝင်ခြင်း၊ ကိုယ်ရေး အချက်အလက် မှားယွင်းခြင်း၊ မဲစာရင်းတွင် ကွယ်လွန် ပြီးသူ၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေပါက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ကော်မရှင် အဖွဲ့ခွဲရုံးများသို့ အကြောင်းကြား တင်ပြရမည် ဖြစ်သည်။

မဲစာရင်းသည် သန်းခေါင်စာရင်းကို အခြေခံ ပြုစုခြင်း မဟုတ်ဘဲ အိမ်ထောင်စုစာရင်းကို အခြေခံ ပြုစု ထားခြင်းကြောင့် မဲပေးမည့်သူအနေဖြင့် တခြားမြို့နယ်တခုတွင် ရောက်ရှိနေပြီး ၎င်း၏ အမည်စာရင်းကို လွှဲပြောင်းခြင်း မပြုလုပ်ရသေးပါက အိမ်ထောင်စုစာရင်း ရှိရာ မဲဆန္ဒရှင်စာရင်း၌သာ ပါဝင်နေမည် ဖြစ်သည်။ ထို့ကြောင့် မဲစာရင်း ကြေညာသည့်အခါ သွားရောက်ကြည့်ရှုရန် လိုအပ်သည်။

အနည်းဆုံး ရက်ပေါင်း ၁၈၀ ထက်မနည်း မဲဆန္ဒနယ် ပြင်ပသို့ ရောက်ရှိနေသော မဲဆန္ဒရှင်များသည် မိမိတို့ ၏ အမြဲတမ်းနေရပ်သို့ သွားရောက်၍ မဲပေးလိုခြင်း မရှိပါက ရောက်ရှိနေသည့် မဲဆန္ဒနယ်တွင် ဆန္ဒမဲ ပေး နိုင်ခွင့် ရရှိစေရန် ရွေးကောက်ပွဲ ကျင်းပမည့်နေ့ မတိုင်မီ ရက်ပေါင်း ၃၀ ထက် နောက်မကျစေဘဲ သက် ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကော်မရှင် အဖွဲ့ခွဲသို့ လျှောက်ထားရမည် ဖြစ်သည်။

မဲဆန္ဒရှင်စာရင်း ကောက်ယူရာတွင် နိုင်ငံတော်၏ တည်ဆဲဥပဒေအရ အသက် ၁၈ နှစ် ပြည့်ပြီးသူများ ကိုသာ မဲပေးရန် စာရင်း ကောက်ယူနေခြင်း ဖြစ်ပြီး သာသနာ့ ဝန်ထမ်းများ၊ ထောင်ကျ ခံနေရသူများ၊ စိတ်ရောဂါရှိသည်ဟု သတ်မှတ်ခံထားရသူများနှင့် လူမွဲအဖြစ် သတ်မှတ်ခံထားရသူများကို စာရင်းသွင်း ကောက်ယူခြင်း မရှိကြောင်း သိရသည်။

တနိုင်ငံလုံးမှ မဲဆန္ဒရှင ်စာရင်းများကို ၄ ကြိမ်ခွဲ၍ ထုတ်ပြန်မည်ဖြစ်ရာ တတိယအကြိမ်အဖြစ် ၂၀၁၅ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့တွင် လည်းကောင်း၊ စတုတ္ထအကြိမ်အဖြစ် ၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၂ ရက်တွင်လည်း ကောင်း ထုတ်ပြန်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြောသည်။

တနိုင်ငံလုံးအနေဖြင့် မဲစာရင်းပြုစုခြင်းလုပ်ငန်းကို ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် အပြီးဆောင်ရွက်ရန် လျာထားပြီး ရွေးကောက်ပွဲ ကျင်းပရန် တပတ်အလိုတွင် ရွေးကောက်ပွဲ ဥပဒေအတိုင်း အပြီးသတ် နောက်ဆုံး မဲဆန္ဒရှင်စာရင်းကို ကြိုတင်ကပ်ထားပေးမည်ဟု ရွေးကောက်ဆိုင်ရာ ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် မဲပေးနိုင်မည့် အခွင့်အရေးများ မဆုံးရှုံးစေရန် အမည်များ မဲစာရင်း၌ ပါဝင်ခြင်း ရှိ/မရှိကို အင်တာနက်မှ အလွယ်တကူ ဝင်ရောက်ကြည့်ရှုနိုင်မည့် website စာမျက်နှာကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မေလ ၂၆ ရက်တွင် စတင်လွှင့်တင်ထားပြီး ဖြစ် သော်လည်း ပြီးပြည့်စုံခြင်း မရှိသေးပါ။

Your Thoughts …
ဇူးဇူး

ဇူးဇူး

ဧရာဝတီ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
111.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.1k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.1k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.4k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.5k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.2k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
ရွေးကောက်ပွဲ, မဲစာရင်း, UEC

မေးခွန်းထုတ်စရာ များလာသည့် ရွေးကောက်ပွဲ မဲစာရင်း

မားစ်ရောဂါ , ကျန်းမာရေး , တောင်ကိုရီးယား

လူသားမျိုးနွယ်ကို ခြိမ်းခြောက်လာသည့် မားစ်ကူးစက်ရောဂါ

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

6 days ago
5.4k
တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

1 week ago
7.4k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0
  • တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate