• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Health

ကြိုတင်ကြံစည်ထားတဲ့ မုဒိမ်းမှုတွေကို ဘယ်လိုကာကွယ်မလဲ

by အေးမင်း
20 June 2015
in Health
A A
ကျန်းမာရေး , လိင်ပညာပေး , မုဒိမ်းမှု

မုဒိမ်းမှုတွေကြောင့် အမျိုးသမီး တွေ မှာ တသက်တာထာဝရ မပျောက်မပျက်နိုင်တဲ့ စိတ်ဒဏ်ရာတွေရရှိသွားပြီး လူ့အသိုင်းအဝိုင်းမှာ ဝင်မဆန့်နိုင်တော့ တဲ့ အခြေအနေတွေရောက်ရှိ သွားကြပါတယ်

204.7k
VIEWS
Share on FacebookShare on Twitter

အသက်ကြီးငယ်မရွေး အမျိုးသမီးတိုင်းမှာ အန္တရာယ်တခုက အမြဲစောင့်ကြိုနေပြီး အဲဒီအန္တရာယ်ကတော့ လိင်ပိုင်းဆိုင်ရာ ကျူးကျော် စော်ကားမှုနဲ့ မုဒိမ်းမှုတွေဖြစ်ပါတယ်။ လိင်ပိုင်းဆိုင်ရာ ကျူးကျော်စော်ကားမှုနဲ့ မုဒိမ်းမှုတွေကြောင့် အမျိုးသမီး တွေ မှာ တသက်တာထာဝရ မပျောက်မပျက်နိုင်တဲ့ စိတ်ဒဏ်ရာတွေရရှိသွားပြီး လူ့အသိုင်းအဝိုင်းမှာ ဝင်မဆန့်နိုင်တော့ တဲ့ အခြေအနေတွေရောက်ရှိသွားကြပါတယ်။ ဒီတပတ်ရဲ့ လိင်ပညာပေးအဖြစ် မုဒိမ်းမှုတွေ ဘယ်လိုကာကွယ်မလဲ ဆိုတဲ့ အမျိုးသမီးတွေ သိသင့်သိထိုက်အကြောင်းအရာတွေကို ဖော်ပြလိုက်ပါတယ်။

ကြိုတင်ကြံစည်ထားတဲ့ မုဒိမ်းမှု (Date Rape) ဆိုတာ ဘာလဲ။

RelatedPosts

ကာတာ လေယာဉ်လက်ဆောင် ထရမ့်ကို  အမေရိကန်ဥပဒေ ခွင့်ပြု မပြု

ကာတာ လေယာဉ်လက်ဆောင် ထရမ့်ကို အမေရိကန်ဥပဒေ ခွင့်ပြု မပြု

21 May 2025
392
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

20 May 2025
3.7k
စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
409

အလိုမတူဘဲ မတရားပြုကျင့်မှု တနည်းအားဖြင့် မုဒိန်းမှု ဆိုတာမျိုးက သူစိမ်းတယောက်က ဆိတ်ကွယ်ရာ အရပ်တခုမှာ ကျူးလွန်တတ်တဲ့ ကိစ္စတခု အဖြစ် အများစုက နားလည်ထားကြပါတယ်။ ဒါပေမယ့် သိထားရမယ့် အရေးကြီးတဲ့ အချက် က လိင်မှုဆိုင်ရာ ကျူးလွန်စော်ကားခြင်းကို သူစိမ်းတွေကသာ လုပ်တတ်ကြတာမဟုတ်ပါဘူး။ မုဒိန်းမှုနဲ့ ပတ်သက်တဲ့ အစီ ခံစာတွေ အရ အမှုတွေရဲ့ ၅၀ ရာခိုင်နှုန်းမှာ ကာယံရှင်တွေနဲ့ သိကျွမ်းသူတွေက ကျူးလွန်ခဲ့ကြတာဖြစ်တယ်လို့ သိရပါ တယ်။

အမှုအများစုမှာ ပြုကျင့်ခံရသူတွေဟာ ငယ်ရွယ်တဲ့ မိန်းကလေးတွေ၊ အမျိုးသမီးတွေ ဖြစ်ပေမယ့် အမျိုးသားတွေ လည်းကြုံ ရတာတွေ ရှိပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေ၊ အသိအကျွမ်းတွေ နောက်ဆုံး ချစ်သူရည်းစား ဆိုတာတွေက ကိုယ့်ကို ထိ ခိုက်နာကျင်အောင် မလုပ်မယ့်သူတွေ၊ အဓမ္မပြုကျင့်မယ့်သူတွေ မဟုတ်ဘူးဆိုပေမယ့် သူတို့ကပဲ စော်ကားသွားတာ မျိုး တွေရှိပါတယ်။ သိကျွမ်းသူတယောက်က စော်ကားတာကို Date Rape ဒါမှမဟုတ် Acquaintance Rape (သိကျွမ်း တဲ့သူ အဓမ္မပြုခြင်း) လို့ သတ်မှတ်ပါတယ်။

တချို့တွေက အဲဒီလိုဖြစ်ရတာဟာ မိန်းကလေးရဲ့ ဝတ်စားဆင်ယင်မှု ဒါမှမဟုတ် အနေအထိုင် မတတ်မှုက အန္တရာယ်ကို ဖိတ်ခေါ်ခဲ့တယ်လို့ ယူဆကြပါတယ်။ ဒါပေမယ့် အဓမ္မပြုကျင့်ခံရသူထက်ပို ပြီးတော့ အပြစ်ဆိုရမှာက ပြုကျင့်တဲ့ တရားခံ ကိုဖြစ်ပါတယ်။ ၂ ဦး သဘောတူချိန်းဆို တွေ့ဆုံမှုမှာတောင်မှ ကာမကို အင်အားသုံးပြီး အတင်းရယူရင် မုဒိန်းမှုမြောက်ပါ တယ်။ တကယ်ချစ်တဲ့ သူက ဘယ်တော့မှ အင်အားသုံးမှာ မဟုတ်ပါဘူး။

အရက်နဲ့ ဆေးဝါးတွေကို သတိထားပါ။

Date Rape တွေ အများစုက အရက် သို့မဟုတ် မူးယစ်ဆေး နဲ့ ဆက်နွယ်နေပါတယ်။ အရက်က အရှက်အကြောက်ကို လျော့ပါးစေပါတယ်။ ဆင်ခြင်နိုင်စွမ်းကို ထိုင်းမှိုင်းစေပါတယ်။ လူတယောက်ကို ပိုပြီးတော့ သွေးဆူ တက်ကြွ စေနိုင် ပါတယ်။ အချို့ဆေးဝါးတွေက ရေထဲမှာ ဖျော်ရည်ထဲမှာ အလွယ်တကူ ပျော်ဝင်နိုင်ပါတယ်။ ဒါကို သောက်မိရင် သတိ လက်လွတ်ဖြစ်ပြီး ကိုယ့်ကိုယ်ကို ဘာဖြစ်မှန်းကို သိနိုင်တော့မှာ မဟုတ်ပါဘူး။ အရက်နဲ့ မူးယစ်ဆေး ရောစပ် ထားတာ မျိုးဆိုရင် ပိုပြီး အန္တရာယ်ကြီးပါတယ်။ အသက်ကိုတောင် သေစေနိုင်ပါတယ်။

ကြိုတင်ကာကွယ်ရမည့် အချက်များ

ကိုယ့်ရဲ့ အဖော်ကို ကိုယ်က ယုံကြည်တယ်ဆိုရင်တောင်မှ သတိထားပြီး ကြိုတင်ပြင်ဆင်ထားတာ ကောင်းပါတယ်။ ဒါ ကြောင့် ဆိတ်ကွယ်ရာကို မသွားပါနဲ့။ ကိုယ့် အိမ်ဖြစ်နေရင်တောင် အိမ်သားတွေ မရှိရင် မသွားပါနဲ့။ တခြားသူကိုလည်း မလာပါ စေနဲ့။ ကိုယ်သဘောကျ နှစ်ခြိုက်မှု မရှိတဲ့သူနဲ့ ၂ ယောက်ထဲ ရှိမယ့် အခြေအနေမျိုးကို ရှောင်ပါ။ အရက်သေစာနဲ့ မူးယစ်ဆေးကို ရှောင်ပါ။ အထူးသဖြင့် ကိုယ်နဲ့ ကောင်းကောင်းမသိတဲ့ လူတယောက်နဲ့ ရှိနေတဲ့ အချိန် မျိုးမှာ လုံး၀ မသုံးစွဲမိပါစေနဲ့။

တကယ်လို့ ကိုယ်နဲ့ အတူရှိနေသူနဲ့ ကိုယ့်ရဲ့ဆက်ဆံရေးက ဘယ်လိုအနေအထားမျိုး ရှိတယ်ဆိုတာကို ကိုယ့်ဘက်က စိတ်ရှင်းမယ်ဆိုရင် သူကလည်း ရှင်းရှင်းလင်းလင်းသိအောင်လုပ်ပါ။ ကိုယ့်ရဲ့ ခံစားချက်နဲ့ အယူအဆကို လေးစားဖို့ ပြော ပါ။ ဖိအား အနည်းငယ်ပေးလာရုံလောက်နဲ့ ကိုယ်မလုပ်ချင်တဲ့ အရာမျိုးကို မလုပ်မိပါစေနဲ့။ အန္တရာယ်ရှိနေပြီလို့ ခံစားရ မယ်ဆိုရင် အကူအညီ ရယူပါ။ ကိုယ်ခံပညာသင်ကြားထားပါ ။

အကူအညီတောင်းခံပါ

ကြိုတင်ကာကွယ်မှုတွေ ရှိတယ်ဆိုပေမယ့် Date Rape တွေက ဖြစ်နေပါသေးတယ်။ တကယ်လို့ ကိုယ့်ကို မဖွယ်မရာ စော်ကားခံရရင် ဒါမှ မဟုတ် မတရားပြုကျင့်ခံရရင် လုပ်ဆောင်ရမှာတွေကတော့ ကိုယ့်ရဲ့ သူငယ်ချင်း၊ မိသားစုဝင် သို့မဟုတ် ယုံကြည်စိတ်ချရတဲ့ သူ တယောက်ယောက်ကို အဖြစ်အပျက်နဲ့ ပတ်သက်လို့ အမှန်အတိုင်း ဖွင့်ပြော အသိ ပေးပါ။ အရှက်အတွက် မျိုသိပ်ထားရင် ကိုယ့်ကို ကျူးလွန်သူ တရားခံက လွတ်မြောက်ခွင့် ရ သွားမှာ ဖြစ်သလို နောက်ဆက်တွဲဆိုးကျိုးတွေ ရှိလာရင်လည်း ကိုယ်တယောက်တည်းသာ ရင်ဆိုင်ရတော့မှာ ဖြစ်တဲ့ အတွက် အခြေအနေ ပိုပြီးဆိုးရွားသွားပါလိမ့်မယ်။

ဆရာဝန်နဲ့ ကျွမ်းကျင်သူတွေ ရှိတဲ့ ဆေးရုံဆေးခန်းတွေကို ချက်ချင်း သွားပါ။ သူတို့က လိုအပ်တဲ့ ကျန်းမာရေး စောင့် ရှောက်မှု အကူအညီပေးပါလိမ့်မယ်။ သက်ဆိုင်ရာကိုလည်း တိုင်ကြားရမှာ ဖြစ်ပါတယ်။ ရဲကို အမြန်ဆုံး အကြောင်း ကြားပါ။ သက်သေပြစရာ ဖြစ်တဲ့ ဒဏ်ရာ တွေ၊ မိမိရဲ့ အဝတ်အစားတွေ ကိုလည်း ထိန်းသိမ်းရမှာ ဖြစ်ပါတယ်။ အဓမ္မကျင့်ခံရစဉ်က အဝတ်အစားတွေကို လျှော်ဖွပ် လိုက်တာ မျိုး မလုပ်ပါနဲ့။ ဖြစ်စဉ်ကိုလည်း ပြန်လည် စဉ်းစားပြီး မှတ်သားပါ။

ကိုယ့်ရဲ့ နစ်နာမှုအကြောင်း ပြောသင့်တဲ့သူကို ပြောဖို့ မကြောက်ပါနဲ့။ မိဘအုပ်ထိန်းသူတွေ၊ ဆေးဘက်ဆိုင်ရာ ဆရာဝန် တွေနဲ့ အမှုစစ်ရဲ အရာရှိက ဒီအကြောင်းတွေ သိမှ ကူညီနိုင်မှာ ဖြစ်တဲ့ အတွက် သူတို့ကိုပြောပြရမှာ ဖြစ်ပါတယ်။ ကိုယ့် ရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားမှုတွေ၊ အခြားသူတွေ ရဲ့ အမျိုးမျိုးသော တုန့်ပြန်မှုတွေ ကြုံလာတဲ့ အခါမှာ နှစ်သိမ့်ဆွေး နွေး အကြံပေးမယ့်သူတွေ၊ စိတ်ပညာကျွမ်းကျင်သူတွေ ရဲ့ အကူအညီကို ရယူပါ။ ဒါမှလည်း လက်ရှိ စိတ်ခံစားမှုတွေကို ကျော် ဖြတ်နိုင်မှာ ဖြစ်သလို နောက်ဆက်တွဲ ကျန်းမာရေး၊ လူမှု ရေး အခက်အခဲတွေကို ရင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

Source : www.onlymyhealth.com

Your Thoughts …
Tags: Rape
အေးမင်း

အေးမင်း

ဧရာဝတီ

Similar Picks:

တရားစီရင်ရေးမဏ္ဍိုင် ပိုပြီးကောင်းမွန်လာဖို့လိုတယ်

တရားစီရင်ရေးမဏ္ဍိုင် ပိုပြီးကောင်းမွန်လာဖို့လိုတယ်

by ဧရာဝတီ
6 September 2024
254

မြန်မာနိုင်ငံက ကလေး လူငယ်တွေနဲ့ အမျိုးသမီးတွေရဲ့လုံခြုံရေးဟာ နေ့စဥ် ခြိမ်းခြောက်ခံနေရပါတယ်။

အမျိုးသမီးများကို အဓမ္မပြုကျင့်မှု ထိန်းချုပ်လျှော့ချရေး

အမျိုးသမီးများကို အဓမ္မပြုကျင့်မှု ထိန်းချုပ်လျှော့ချရေး

by ညီစောလွင်
9 September 2013
10.1k

ဒီကြားထဲ မုဒိမ်းကျင့်ခံရတယ်လို့ တိုင်ကြားတဲ့ မိန်းကလေးတွေကို ဆရာဝန်တွေက လက်နှစ်ချောင်းနဲ့ မုဒိမ်းကျင့်ခံရတာ တကယ် ဟုတ်မဟုတ်၊ အပျိုဟုတ်မဟုတ် စမ်းသပ်နေတုန်းလို့ ဆိုတယ်။

မုဒိမ်းမှု,

မုဒိမ်းမှုတွေ ဘာကြောင့် ပိုများလာတာလဲ

by မေစစ်ပိုင်
15 August 2014
12.2k

မြို့ကြီးပြကြီးများတွင် မုဒိမ်းမှုများ ဖြစ်ပွားသကဲ့သို့ ဝေးလံခေါင်ဖျားသည့် တိုင်းရင်းသား ဒေသများနှင့် ပဋိပက္ခများဖြစ်ပွားရာ ဒေသများရှိ အမျိုးသမီးများ၊ အရွယ်မရောက် သေးသော အမျိုးသမီးငယ် ကလေးများမှာလည်း စစ်တပ်၏ လိင်အကြမ်း ဖက်မှုများကို ခံစားနေကြရသည်

အဓမ္မပြုကျင့်မှု, ဥပဒေ , တရားစီရင်ရေး စနစ် , ပုဒ်မ ၃၇၆

အဓမ္မပြုကျင့်မှု ဆိုင်ရာ တရားစီရင်ရေးစနစ် အားနည်းနေသေး

by နန်းဆိုင်နွမ်
2 January 2015
7.5k

အဓမ္မပြုကျင့်မှု ကျူးလွန်ပါက ဥပဒေအရ တရားခံကို ပုဒ်မ ၃၇၆ နှင့်အရေးယူရမည် ဖြစ်ပြီး ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ် (သို့) ထောင်ဒဏ် တသက်တကျွန်း ကျခံရမည်ဟု ပြဌာန်းထားသော်လည်း လက်ရှိတွင် တရားခံများကို...

အသက် မပြည့်သည့် မိန်းကလေးကို အဓမ္မကျင့်သူအား ထောင်ဒဏ် ၈ နှစ်ချမှတ်

အသက် မပြည့်သည့် မိန်းကလေးကို အဓမ္မကျင့်သူအား ထောင်ဒဏ် ၈ နှစ်ချမှတ်

by နန်းဆိုင်နွမ်
5 August 2013
17.9k

အသက်မပြည့်တဲ့ ကလေးငယ်ကို အဓမ္မကျင့်ပြီး ဆေးတွေ တိုက်တယ်။ ပြီးတော့ ကလေးမကို ဟိုပို့ဒီပို့ လုပ်တယ်။ အဲဒါကို ကြည့်ပြီးတော့ ထောင်ဒဏ် ၈ နှစ်ပဲချတယ် ဆိုတာ ပိုဆိုးပါတယ်။ ဒါမဖြစ်သင့်တဲ့ ကိစ္စပဲ

သက်ငယ်မုဒိန်း သေဒဏ်ပေးရေးပြင်ဆင်ချက် ပြည်သူလွှတ်တော် ဆွေးနွေးခြင်းမပြု

သက်ငယ်မုဒိန်း သေဒဏ်ပေးရေးပြင်ဆင်ချက် ပြည်သူလွှတ်တော် ဆွေးနွေးခြင်းမပြု

by စမ်းယမင်းအောင်
3 February 2017
8.2k

ဒေါ်ခင်စောဝေ အဆိုပြုလာသည့် ပြင်ဆင်ချက်တွင် သက်ငယ်မုဒိန်း (အသက် ၁၆ နှစ်အောက် မိန်းကလေး ကို မတရားပြုကျင့်ခြင်း)အား ထောင်ဒဏ် တသက်တကျွန်း (နှစ် ၂၀) သို့ မဟုတ် သေဒဏ် အထိချမှတ်ရန် ပြစ်ဒဏ်ကို တိုးမြှင့်ထားပြီး၊...

Next Post
၂၀၁၅ ရွေးကောက်ပွဲ , ဒေါ်အောင်ဆန်းစုကြည် , NLD , နိုင်ငံရေး

နိုင်ငံရေး မတည်ငြိမ်မှု အကြောင်းပြ ရွေးကောက်ပွဲ လမ်းလွဲသွားမည်ကို ဒေါ်အောင်ဆန်းစုကြည် သတိပေး

ဒဂုံစီးတီး

ရွှေတိဂုံ စေတီတော်အနီး အထပ်မြင့် ဆောက်လုပ်ရေး စီမံကိန်း လုပ်သင့်ပါသလား။

Please login to join discussion
No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.5k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

6 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate