Oral Sex ဆိုတာက လူတဦးရဲ့ ပါးစပ်၊ သွား၊ လျှာ ၊ လည်ချောင်းတွေနဲ့ လူတဦးရဲ့ လိင်အင်္ဂါတို့ ထိ တွေ့ ဆက်ဆံမှု ဖြစ်ပါတယ်။ Oral Sexကို လိင်ဆက်ဆံဖို့ တက်ကြွ စိတ်ပြင်းပြသူတွေက လုပ်ဆောင် လေ့ရှိ ကြပေမယ့် အခုနောက်ပိုင်း တော့ လူ့အသိုင်းအဝိုင်းထဲမှာ တွင်ကျယ်တဲ့ ပုံမှန် လိင်ဆက်ဆံမှု ဓလေ့ တခုအဖြစ် ရောက်ရှိလာပြီ ဖြစ်ပါတယ်။ Oral Sex က အကာကွယ်မဲ့တဲ့ လိင်ဆက်ဆံမှု တွေ ထက် တော့ အန္တရာယ်နည်းပါးတယ်ဆိုပေမယ့် Oral Sex ကနေတဆင့် လိင်ဆက် ဆံခြင်းမှ ကူးစက် နိုင်တဲ့ ရောဂါတွေ ကူးစက်ဖြစ်ပေါ်နိုင်ပါတယ်။
Oral Sex မှာ သတိထားရမယ့် အချက်တွေများစွာ ရှိနေပါတယ်။ တတ်နိုင်သမျှ Oral Sex မလုပ် ဆောင် တာ ကောင်း ပေမယ့် မရှောင်နိုင်လို့ လုပ်ကြပြီဆိုရင်တော့ ဆောင်ရန်၊ ရှောင်ရန်တွေကို သိ ထား တာ အကောင်းဆုံးပါပဲ။ ဒီတပတ် လိင်ဆက်ဆံမှုဆိုင်ရာ ပညာပေးအဖြစ် သတိထားသင့်တဲ့ Oral Sex အကြောင်း တင်ပြပေးလိုက်ပါတယ်။
Oral Sex အမျိုးအစား
Oral Sex အမျိုးအစား ၃ မျိုးရှိပါတယ်။ ပထမ အမျိုးအစားကတော့ Oral Sex က အမျိုး သမီး အချင်း ချင်း Oral Sex လုပ်ဆောင်ရင်တော့ Cunnilingus လို့ ခေါ်ပြီး မြန်မာလို ဘာသာပြန်ရင်တော့ အမျိုးသမီးတဦးရဲ့ လိင်အင်္ဂါကို အခြား အမျိုး သမီးတဦးက စုပ်ပေး၊ လျက်ပေးတာပဲဖြစ်ပါတယ်။
ဒုတိယ အမျိုးအစားကတော့ အမျိုးသားအချင်းချင်း Oral Sex လုပ်ဆောင်တာဖြစ်ပြီး ဒါကိုတော့ Fellatio လို့ခေါ်ပြီး မြန်မာလို ဘာသာပြန်ရင်တော့ အမျိုးသားတဦးရဲ့ လိင်အင်္ဂါကို အခြားအမျိုး သား တဦးက စုပ်ပေး၊ လျက်ပေး တာပဲဖြစ်ပါတယ်။ တတိယအမျိုးအစားကတော့ ဆက်ဆံသူ ၂ဦးမှာ တဦး က တဦးရဲ့ စအိုကို စုပ်ပေးလျက်ပေးတာဖြစ်ပြီး ဒါကိုတော့ Analingus လို့ ခေါ်ပါတယ်။
Oral Sex နှင့် စွန့်စားမှု
Oral Sex ကနေတဆင့် လိင်ဆက်ဆံမှုဆိုင်ရာ ရောဂါတွေ ကူးစက်ဖြစ်ပေါ်နိုင်ခြေရှိပါတယ်။ ဆေးသု တေသန ရလာဒ်တွေအရ Oral Sex ကနေတဆင့် ခုခံအားကျဆင်းမှုရောဂါ ရနိုင်ခြေ ၈ ရာခိုင် နှုန်း ရှိတယ်လို့ ဖော်ပြတဲ့ သုတေသန တွေရှိနေသလို Oral Sex ကြောင့် ခုခံအားကျဆင်းမှုရောဂါ ကူးစက် နိုင်ခြေ ၁ ရာခိုင်နှုန်းသာ ရှိတယ်လို့ ဆိုတဲ့ သုတေသန ဖော်ထုတ် ချက် တွေ လည်း ရှိနေပါတယ်။ ဒီလိုသုတေသန ရလာဒ်တွေက မတူညီရတာက သုတေသနပြုလုပ်တဲ့ ပညာရှင် တွေအနေနဲ့ Oral Sex နဲ့ပတ်သက်လို့ အဟန့်အတား၊ အခြေအနေတွေ မတူညီမှုတာကနေ စလို့ ရလာဒ် တွေ ကွဲလွဲ ကုန်တာဖြစ်ပါတယ်။ ဒါပေမယ့် Oral Sex က လူသားတွေ လုပ်ဆောင် လေ့ ရှိတဲ့ လိင်ဆက်ဆံ မှုဆိုင်ရာ အပြုအမူ တခု ဖြစ်လာနေတယ်ဆိုတာကတော့ ငြင်းပယ်စရာ မရှိပါဘူး။ Oral Sex ကနေတဆင့် ခုခံအားကျဆင်းမှုရောဂါ ကူးစက်နိုင်တယ်ဆိုတာ ဖော်ထုတ်ဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။
ဗြိတိသျှအစိုးရ၊ ကျန်းမာရေးဦးစီးဌာနရဲ့ သုတေသန ရလာဒ်တွေအရ Oral Sex က အမျိုးသမီးအင်္ဂါနဲ့ အမျိုးသားအင်္ဂါ ထိတွေ့ လိင်ဆက်ဆံမှုထက်တော့ ပိုပြီး ကျန်းမာရေး အန္တရာယ်ကင်း တယ် လို့ ဆိုပါ တယ်။ ဒါပေမယ့် Oral Sex မှာလည်း ကျန်းမာရေး အန္တရာယ်ဖြစ်စေတတ်တဲ့ အခြေအနေတွေ ရှိနေ ပါတယ်။
တကိုယ်ရေသန့်ရှင်းမှုနည်းတဲ့ သူနဲ့ Oral Sex ဆက်ဆံမယ်ဆိုရင်တော့ ကျန်းမာရေးအန္တရာယ် များလွန်း ပြီး လိင်ဆက်ဆံမှုဆိုင်ရာကုူးစက် ရောဂါတွေအပြင် အခြားတကိုယ်ရေသန့်ရှင်းမှု မရှိလို့ ဖြစ်ပွားနိုင်တဲ့ ကူးစက်ရောဂါတွေပါ ရနိုင်ပါတယ်။ ပါးစပ်မှာ အနာတွေ ရှိနေတာမျိုး၊ လိင်အင်္ဂါမှာ အနာတွေ ရှိနေတာမျိုးကလည်း Oral Sex ဆက်ဆံသူတွေကို ရောဂါကူးစက်စေနိုင်ပါတယ်။ ပါးစပ်၊ အာခံတွင်းကို ဆေးကြောတဲ့ သန့်ရှင်းရေး ဆေးရည်တွေက Oral Sex ဆက်ဆံသူတွေအတွက် ဘေး ကင်း စေနိုင်မှာမဟုတ်ပါဘူး။
အမျိုးသမီးအချင်းချင်း Oral Sex ဆက်ဆံတဲ့အခါ ဆက်ဆံတဲ့အမျိုးသမီးက ရာသီလာနေတာမျိုးဆိုရင် ပိုပြီး ကျန်းမာရေးအန္တရာယ်များ လွန်းလှပါတယ်။ အမျိုးသားအချင်းချင်း Oral Sex ဆက်ဆံတဲ့အခါမှာ အမျိုးသားတဦးအနေနဲ့ ကိုယ်ရဲ့ ဆက်ဆံဖော် အမျိုးသားရဲ့ ပါးစပ်ထဲကို သုက်လွှတ်တာမျိုး မလုပ် သင့် ပါဘူး။ တကယ်လို့ ပါးစပ်ထဲကို သုက်လွှတ်လိုက်မယ်ဆိုရင် လိင်ဆက်ဆံမှုဆိုင်ရာ ကူးစက် ရောဂါတွေ ရစေနိုင်ပါတယ်။
လုံခြုံစိတ်ချရမယ့် Oral Sex
ဘေးကင်းလုံခြုံတဲ့ Oral Sex ဆိုတာက တကိုယ်ရေသန့်ရှင်းမှု ရှိသလား၊ လိင်ဆက်ဆံဖော် များ သလား၊ Oral Sex ဆက်ဆံမယ့် ပါးစပ်၊ လည်ချောင်း၊ လျှာတွေမှာ အနာကင်းသလား၊ လိင်အင်္ဂါမှာ အနာတွေ ကင်းသလား စတဲ့ အခြေအနေတွေ ပေါ်မှာ မူတည်နေပါတယ်။
Oral Sex ကနေ ရေယုန်တွေ ကူးစက်နိုင်သလို Chlamydia ၊ Syphilis ကူးစက်ရောဂါတွေ ရနိုင် ပါတယ်။ ဒါ့အပြင် အသည်းအရောင်အသားဝါ ဘီပိုးကလည်း Oral Sex ကနေ ကူးစက်နိုင်ပါတယ်။
Oral Sex လုပ်ဆောင်ဖို့ ဆန္ဒမပါဘူးဆိုရင် အတင်းအကျပ် လုပ်ဆောင်တာ၊ အပျော့ဆွဲနဲ့ သိမ်းသွင်း တာမျိုးတွေမလုပ်သင့်ပါဘူး။ အတင်းအကျပ် လုပ်ဆောင်တဲ့ Oral Sex က လိင်အင်္ဂါနဲ့ ပါးစပ်ကို ထိခိုက်စေနိုင်သလို ဆီးသွားတဲ့အခါ နာကျင်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။
ဘေးကင်းလုံခြုံတဲ့ Oral Sex ဆက်ဆံချင်တယ်ဆိုရင်တော့ ကိုယ်နဲ့ ကိုယ်ရဲ့ ဆက်ဆံဖော်ရဲ့ လိင်အင်္ဂါ (သို့မဟုတ်) ပါးစပ်တွေမှာ အနာ၊ ဒဏ်ရာ၊ ပွန်းပွဲ့ တာတွေ မရှိဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အဲဒီအနာတွေ၊ ဒဏ်ရာတွေ၊ ပွန်းပဲနာတွေကနေတဆင့် ကူးစက်ရောဂါတွေ ဝင်ရောက်လာနိုင်လို့ပါပဲ။ ကိုယ်ရဲ့ လိင်ဆက်ဆံဖော်က လိင်ဆက်ဆံသူ များလွန်းတဲ့သူ ဟုတ်၊ မဟုတ်ဆိုတာလည်း ကိုယ်က သိထားမယ်ဆိုရင် Oral Sex က ဖြစ်လာနိုင်တဲ့ ကူးစက်ရောဂါ အန္တရာယ်တွေကို ကာကွယ်နိုင်မှာ အသေအချာပါပဲ။