၀၁၅ ရွေးကောက်ပွဲ နီးကပ်လာချိန် အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီထဲမှာ သမ္မတရာထူးအတွက် ပါတီ ခေါင်းဆောင် ၂ ဦး ဖြစ်တဲ့ လက်ရှိသမ္မတ ဦးသိန်းစိန်နဲ့ လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းတို့ကြားမှာ ပဋိပက္ခ ပြင်းပြင်းထန်ထန် ဖြစ်ပေါ် နေသလို အတိုက်အခံအင်အားကြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကလည်း ဘယ်သူ့ကို သမ္မတလောင်းရွေးချယ်မလဲ ဆိုတာ စိတ်ဝင်တစားစောင့်ကြည့်နေကြပါပြီ။
မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတကို ပြည်သူက တိုက်ရိုက်ရွေးချယ်ခွင့်မရှိဘဲ ပြည်သူတွေ ရွေးချယ်တင်မြောက်လိုက်တဲ့ လွှတ်တော် ကနေတဆင့် ရွေးချယ်ခြင်းဖြစ်တဲ့အတွက် သမ္မတ ဖြစ်ဖို့ဆိုရင် ကိုယ့်ပါတီက ရွေးကောက်ပွဲမှာ မဲအပြတ် အသတ် အနိုင်ရရှိဖို့ လိုပါတယ်။ သမ္မတဟာ အစိုးရအဖွဲ့ကို ဦးဆောင်ဖွဲ့နိုင်တဲ့ အာဏာလည်း ရှိပါတယ်။
အာဏာရပါတီက ဘယ်သူ သမ္မတလောင်းဖြစ်မလဲ
ကြံ့ခိုင်ရေးပါတီကဖြစ်တဲ့ လက်ရှိသမ္မတ ဦးသိန်း စိန်က ၂၀၁၅ ခုနှစ်၊ ဇွန်လ ရေဒီယိုမိန့်ခွန်းမှာ တိုင်းပြည်ရဲ့ အနာဂတ်အတွက် အခြေခံကောင်းတွေ ချထားပေးခဲ့မယ်လို့ပြောဆိုခဲ့ပြီး ဇူလိုင်လ မိန့်ခွန်းမှာ တော့ တိုင်းပြည်ကို ပိုမိုကောင်းမွန်တဲ့ အနာဂတ်ဆီ ကိုမျှော်မှန်းပြီး အခြေခံကောင်းတွေ တည်ဆောက် သွားဖို့ ကျနော့်အနေနဲ့ သန္နိဋ္ဌာန် ချထားတယ်လို့ ပြောပြီး မကြာခင် ကျောက်တန်းမြို့နယ်မှာ မဲဆွယ် ပွဲစတင်ခဲ့တာကြောင့် ၂၀၁၅ အလွန် မြန်မာ့နိုင်ငံရေး မှာ သမ္မတဆက်လုပ်မယ်ဆိုတာ ပါးပါးနပ်နပ် ထုတ် ဖော်လိုက်တာပဲ ဖြစ်ပါတယ်။
ဒါပေမယ့် အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ရာထူးကို ရယူထားတဲ့ ဦးရွှေမန်းကြောင့် ကြံ့ခိုင်ရေး ပါတီကနေ ရွေးကောက်ပွဲမဝင်နိုင်ခဲ့ရင် တသီးပုဂ္ဂလ ပုံစံမျိုးနဲ့ ရွေးကောက်ပွဲဝင်နိုင်ဖို့ပါ ဦးသိန်းစိန် စဉ်းစား နေတယ်လို့ နေပြည်တော်ကလာတဲ့ သတင်းတွေက ဆိုပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ သူ့ဇာတိဖြစ်တဲ့ ငပုတောမြို့နယ် ကနေ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံ မယ်ဆိုတဲ့ သတင်းတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကို သူ့သမ္မတ သက်တမ်းအတွင်းမှာ တော်တော်လေး လုပ်ကိုင်ပေးခဲ့လို ဒေသခံတွေရဲ့ထောက်ခံမှု ရရှိထား တယ်လို့ သိရပါတယ်။
ဒီလိုအခြေအနေမှာ ဦးသိန်းစိန်ဟာ ဦးရွှေမန်းရဲ့ ပါတီကနေ ဖယ်ထုတ်မှုကို အသာတကြည် လက်ခံမှာလား။ ဒါမှမဟုတ် စစ်တပ်ရဲ့ ထောက်ခံမှုကို ရရှိထားတဲ့ ဦးသိန်းစိန်က သက်ဆိုင်ရာဒေသရဲ့ ကြံ့ခိုင်ရေးတာဝန်ခံ တွေလည်းဖြစ် တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေလည်းဖြစ်တဲ့ သူ့လူတွေကို ခေါ်ပြီး ညီလာခံ ပြန်ခေါ်တာမျိုးကနေတဆင့် ပါတီ ဥက္ကဋ္ဌရာထူး ပြန်ယူတာမျိုးတောင် ဖြစ်နိုင်တယ်ဆိုတဲ့ သတင်းတွေလည်း ကြားသိရပါတယ်။
ဒီလိုအချိန်မှာပဲ ကယားပြည်နယ်က လူဦးရေ နည်းပါးတဲ့ ဒေသတချို့မှာ သမ္မတရုံး ဝန်ကြီးတွေ ဖြစ်တဲ့ ဦးစိုးသိမ်းနဲ့ ဦးအောင်မင်းတို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရဖို့ အဆိုပြုလာတာကို ကြံ့ခိုင်ရေးပါတီ က လက်မခံဘဲ ဒေသခံတိုင်းရင်းသားတွေကို ဦးစား ပေးဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ပယ်ချခဲ့ပါတယ်။
ဒီလိုသတင်းထွက်ပြီး မကြာခင်မှာပဲ ကယား ပြည်နယ် ဝန်ကြီးချုပ် အပါအဝင် ဝန်ကြီး ၅ ဦးဟာ ဇူလိုင်လ အတွင်းမှာ ကြံ့ခိုင်ရေးပါတီက နုတ်ထွက် သွားခဲ့ပါတယ်။ ကြံ့ခိုင်ရေးပါတီ ဗဟိုဌာနချုပ်က နုတ်ထွက်သွားတဲ့ ပြည်နယ်ဝန်ကြီးတွေရဲ့ မဲဆန္ဒ နယ်တွေမှာ ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ် လောင်းစာရင်းက မူလကတည်းက လျာထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် ပြည်နယ်ဝန်ကြီးတွေရဲ့ နုတ်ထွက်မှု ဟာ ဦးရွှေမန်းရဲ့ ခေါင်းဆောင်မှုကို မကျေနပ်ဘဲ ပုန်ကန်တဲ့ အနေနဲ့ နုတ်ထွက်သွားတာ ဖြစ်နိုင်ပြီး ကြံ့ခိုင်ရေးပါတီကဝင်မပြိုင်ဘဲ တသီးပုဂ္ဂလ သို့မဟုတ် တခြား ပုံစံတခုခုနဲ့ပြိုင်ဖို့ ပြင်ဆင်နေတဲ့ သမ္မတ ဦးသိန်းစိန်နဲ့အတူ သွားပူးပေါင်းမယ့် သဘောလည်း ရှိနေပါတယ်။
ဒီအချိန်မှာ စစ်တပ်ရဲ့ သဘောထားကတော့ ရှင်းပါတယ်။ ၂၀၁၅ အလွန်မှာ သူတို့ ဖြစ်စေချင်တဲ့ သမ္မတက လည်း ဦးသိန်းစိန်ပါပဲ။ တခြားသူ တယောက်ယောက် တက်လာခဲ့ရင် သူတို့အနေနဲ့ ကိုင်တွယ်ရတာ ခက်ခဲမယ့် အနေအထားမို့လို့ပါ။
အဲဒါကြောင့် ရွေးကောက်ပွဲမှာ ဦးသိန်းစိန်နိုင်ဖို့ လိုပါတယ်။ အကယ်၍ ဦးသိန်းစိန် အနိုင်မရခဲ့ရင် လက်ရှိ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သို့မဟုတ် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကို တပ်မတော်သား အစု အဖွဲ့က ရွေးချယ်တဲ့ ဒုတိယသမ္မတလောင်း စာရင်း တင်ပြီး သမ္မတနေရာရအောင် လုပ်ဆောင်တာမျိုး လည်း ဖြစ်နိုင်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုသာ အဆို ပြုခဲ့ရင်တော့ စစ်တပ်က လွှတ်တော်ကနေတဆင့် တရားဝင် အာဏာသိမ်းတဲ့ သဘောမျိုးဖြစ်လို့ အပြ မကောင်းနိုင်တာမို့ ဦးသိန်းစိန် ရွေးကောက်ပွဲနိုင်ဖို့ လိုကိုလိုပါတယ်။
ဒါပေမယ့် ရွေးကောက်ပွဲဝင်မယ့် ကြံ့ခိုင်ရေး ပါတီရဲ့ ကိုယ်စားလှယ်လောင်းစာရင်းမှာ ဦးသိန်း စိန် မပါဘူးလို့ ကြံ့ခိုင်ရေးပါတီ ဗဟိုကော်တီဝင် သူရ ဦးအောင်ကိုက သတင်းထောက်တွေကို ဆိုပါ တယ်။ ကြံ့ခိုင်ရေးပါတီဝင် အချင်းချင်း အခုလို ထချ တာကို အံဩမိတယ်လို့ သီပေါမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောပါတယ်။
ဦးရဲထွန်းက “အခုက ကြံ့ခိုင်ရေးပါတီအနေနဲ့ သမ္မတကြီးကို လက်မခံဘူးဆိုတဲ့သဘောမျိုး ဖြစ်သွား တယ်။ သမ္မတကြီး အပါအဝင် ဝန်ကြီးတွေအနေနဲ့ ဝင်အရွေးခံမယ်ဆိုရင် ပါတီကနေ အရွေးခံလို့ မရတော့ဘူး။ တသီးပုဂ္ဂလအနေနဲ့ ဝင်မှရတော့မှာ” လို့ ဆိုပါတယ်။
သမ္မတဖြစ်ရေး ၃ ဦး ယှဉ်ပြိုင်နေရာကနေ ဒေါ်အောင်ဆန်းစုကြည်က ၅၉ (စ) ကို မပြင်နိုင်တဲ့ အတွက် ဘေးရောက်သွားတဲ့အချိန်မှာ အခု ဦးသိန်းစိန် ကိုလည်း ပါတီလက်မဲ့ဖြစ်အောင်လုပ်ပြီး ဦးရွှေမန်းက သူသမ္မတဖြစ်နိုင်ရေး ဗဟိုပြုနေတာလားလို့ ဦးရဲထွန်း က မေးခွန်းထုတ်ပါတယ်။
ရွေးကောက်ပွဲ ကော်မရှင်ကနေပြီး သမ္မတ အပါအဝင် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်တွေ အားလုံး တည်ဆဲ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ အရ စည်းရုံးရေးဆင်းနိုင်ပြီလို့ ကြေညာလိုက်တဲ့ အခါ ဦးသိန်းစိန်နဲ့ ပြည်ထောင်စုဝန်ကြီးတွေမှာ ဘယ်ပါတီကနေ စည်းရုံးရေးဆင်းရမလဲ ဆိုတဲ့ ပြဿနာ တက်နေပါပြီ။
တခြားပါတီတခုခုကိုလည်း ဝင်ရောက်နိုင်တော့ မှာမဟုတ်လို့ ကိုယ်ပိုင်ပါတီတခု ထောင်လို့လည်း အချိန်မရ တော့ပါဘူး။ ဒီလိုအနေအထားတွေကြောင့် သမ္မတ ဦးသိန်းစိန်နဲ့ သူ့အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေဟာ တသီးပုဂ္ဂလအဖြစ်နဲ့သာ မြန်မာ့နိုင်ငံရေးမှာ ဆက်လက် ပါဝင်ခွင့်ရတော့မယ့် အနေအထား ရောက်နေပါတယ်။
အတိုက်အခံ NLD က သမ္မတလောင်း ဘယ်သူ့ကိုရွေးမလဲ
အတိုက်အခံခေါင်းဆောင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က NLD အနေနဲ့ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပြီး သမ္မတလောင်းဟာလည်း အများပြည်သူ လက်ခံနိုင်တဲ့သူ၊ NLD ပါတီဝင်ဖြစ်ရမယ်လို့ ဇူလိုင် လ ၁၁ ရက်နေ့က ပြောဆိုလိုက်ပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ကို မပြင်ဆင်နိုင်တဲ့အတွက် သူကိုယ်တိုင် သမ္မတဖြစ်နိုင် ခြေမရှိပေမယ့် ပါတီအနေနဲ့ သမ္မတလောင်းရွေးချယ် မှုကို ပြည်သူတွေ လက်ခံနိုင်တဲ့ အစီအစဉ်တခု ပြုလုပ်ထားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
သမ္မတလောင်းကို NLD ပါတီဝင်ထဲကပဲ ရွေး ချယ်မယ်ဆိုရင်တော့ သူရဦးတင်ဦးကလွဲရင် တခြား သူ မဖြစ်နိုင်ဘူးလို့ NLD ပါတီဝင် လွှတ်တော် ကိုယ်စားလှယ်တဦးက အခိုင်အမာပြောပါတယ်။
“အဘဦးတင်ဦးက အသက် ၈၈ နှစ် ဆိုပေမယ့် ကျန်းမာရေးက အရမ်းကောင်းနေတယ်။ လုပ်နိုင် ကိုင်နိုင် ရှိသေးတယ်။ ဦးဝင်းထိန်ကျတော့ ၇၄ နှစ်ပဲ ရှိသေးပေမယ့် ကျန်းမာရေး သိပ်မကောင်းတော့ဘူး။ ဆိုတော့ ကျနော် အဲလောက်ပြောရင် သဘောပေါက် တော့ပေါ့” လို့ သူက ဆိုပါတယ်။
နိုင်ငံရေး အကျဉ်းသားဟောင်းတဦးဖြစ်တဲ့ ဦးဇော်သက်ထွေးကလည်း NLD ပါတီထဲမှာ ကာကွယ်ရေးအမြင်၊ စစ်ရေးအမြင်ရှိပြီး နိုင်ငံရေး အတွေ့အကြုံများစွာ ရှိတဲ့သူကတော့ သူရဦးတင်ဦး ဖြစ်တယ်လို့ ပြောပါတယ်။
အနုပညာရှင် ဦးဇာဂနာရဲ့ ဖေ့ဘုတ်စာမျက်နှာ မှာတော့ “ဦးဝင်းထိန်ကို သမ္မတတင်မှာပေါ့လို့။ DSA Best Cadet ဗျာ။ သူ့လောက် စာဖတ်နိုင်တဲ့ နိုင်ငံရေးသမား ရှားတယ်” လို့ ဇွန်လ ၃၀ ရက်နေ့က ရေးသားထားတာ တွေ့ရပါတယ်။
ဒါပေမယ့် သူရဦးတင်ဦးကို ဧရာဝတီက သမ္မတကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲ ဝင်မဝင် မေးမြန်းရာမှာတော့ အသက်အရွယ် ကြီးရင့်နေပြီဖြစ်နေတဲ့အတွက် တာဝန်မယူနိုင်တော့ကြောင်း ပြောပါတယ်။ ဦးဝင်းထိန်အနေနဲ့လည်း ကျန်းမာရေး မကောင်းတဲ့အတွက် လာမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ မသေချာ ဖြစ်နေပါတယ်။
အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ NLD ကမဟုတ်တဲ့ တခြား ခေါင်းဆောင်တဦး ဦးကို သမ္မတတင်ပေးပြီး အာဏာ ခွဲဝေရေး သဘောတူညီမှုရအောင်လည်း ဒေါ်အောင် ဆန်းစုကြည်အနေနဲ့ လုပ်ဆောင်နိုင်ပါတယ်။
လာမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှရှိမယ်လို့ အပြည့်အဝ မယုံကြည်ပေမယ့် လက်ရှိ အခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကော့မှူးမြို့နယ်ကနေ ထပ်မံယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ထားပါတယ်။
ပြိုင်ဆိုင်မှု ပြင်းထန်ဦးမယ့် သမ္မတနေရာ
တကယ်လို့ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD က အပြတ်အသတ်နိုင်ခဲ့ရင်တောင် အစိုးရဖွဲ့ဖို့ ခက်ခဲ မယ်လို့ ဝေဖန်သုံးသပ်သူတွေက ဆိုပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုး သိမ်းက “NLD က Majority နိုင်ပြီးတော့ အစိုးရ မဖွဲ့နိုင်တဲ့ အနေအထားနဲ့ ရင်ဆိုင်ရနိုင်တယ်။ ပထမဆုံး တိုင်းရင်းသားနဲ့ ီနေူ လုပ်ရမယ်။ ဒုတိယဦးစားပေးက တပ်မတော်နဲ့ Deal လုပ်သင့် တယ်လို့မြင်တယ်။ တတိယကတော့ ပြည်ခိုင်ဖြိုးနဲ့ ပေါ့” လို့ ဆိုပါတယ်။
အရင် ကြံ့ခိုင်ရေးပါတီက တွက်ချက်ထားတဲ့ လွှတ်တော်အမတ်နေရာ ၇၅ ရာခိုင်နှုန်း ယှဉ်ပြိုင်မှု မှာ ၂၆ ရာခိုင် နှုန်း အနိုင်ရရင် အစိုးရဖွဲ့နိုင်မယ်ဆိုတဲ့ အချက်က တပ်မတော်သား ၂၅ ရာခိုင်နှုန်းရဲ့ ထောက်ခံမှုကို မျှော်လင့် ထားတာပါ။ အခုပုံစံအရ ဦးရွှေမန်းနဲ့ ဦးသိန်းစိန် အကွဲမှာ တပ်က ဦးရွှေမန်း ဦးဆောင်တဲ့ ကြံ့ခိုင်ရေးပါတီကို ထောက်ခံဦးမှာလား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါပြီ။
ဦးရွှေမန်းနဲ့ စစ်တပ်ရဲ့ နိုင်ငံရေးအရ ဆက်ဆံ ရေးက ခွာပြဲနေပါပြီ။ တပ်ရဲ့ထောက်ခံမှုမရှိဘဲနဲ့ ဦးရွှေမန်း သမ္မတဖြစ်ဖို့ မမျှော်လင့်နိုင်တော့ပါဘူး။
ဥပမာပြရရင် ဦးရွှေမန်းက နိုင်ငံတော်အဆင့် သာမက တိုင်းနဲ့ ပြည်နယ် အစိုးရခေါင်းဆောင်တွေကို လွှတ်တော်က ရွေးကောက်တင်မြှောက်ရမယ်ဆိုပြီး လွှတ်တော်မှာ ပြင်ဆင်ဖို့ ကြိုးစားတာကိုလည်း စစ်တပ်က ပယ်ချခဲ့ပါတယ်။
ဦးရွှေမန်းဘက်ကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် တပ်ခေါင်းဆောင်တွေ ရာထူးသက်တမ်း မတိုးနိုင်အောင် တားဆီးတဲ့အနေနဲ့ ဇူလိုင်လ ၈ ရက်နေ့မှာ အသက် ၆၀ ပြည့်တဲ့ နိုင်ငံ ဝန်ထမ်း ဘယ်သူမဆို အငြိမ်းစားယူဖို့ အရေးကြီး အဆိုတင်ပြီး ဆုံးဖြတ်ခဲ့ပါတယ်။
အဲဒီမှာ တပ်ကိုယ်စားလှယ်တွေကတော့ အသက် ၆၀ နှစ်ထက် ထပ်တိုးခွင့်ရဖို့ ဆွေးနွေးခဲ့ပေမယ့် အငြိမ်းစား ယူရေးအဆိုကို လွှတ်တော်က အတည်ပြု နိုင်ခဲ့ပါတယ်။ ဒီလိုဆက်ဆံရေး မကောင်းပေမယ့် တပ်ဘက်က ကိုယ်စားလှယ်တွေ ကြံ့ခိုင်ရေးပါတီက နေတဆင့် ရွေးကောက်ပွဲဝင်ဖို့ စာရင်းပေးထားတယ် လို့လည်း သိရပါတယ်။
ကြံ့ခိုင်ရေး ဗဟိုကော်မတီဝင် ဦးလှဆွေက “တပ်က လူ ၁၀ဝ ကျော်လောက် ကြံ့ခိုင်ရေးက စာရင်းပေး ထားတယ်လို့ သိရတယ်။ အဲဒီလူတွေကို သူတို့နဲ့ထိုက်သင့်တဲ့ နေရာတွေမှာ စီမံပေးသင့်တယ် လို့ စာထဲမှာပါတယ်လို့ ဦးရွှေမန်းက ပြောတယ်”လို့ ဆိုပါတယ်။
ဒါကြောင့် တပ်မတော်သား လွှတ်တော် ကိုယ် စားလှယ်တွေရဲ့အားနဲ့ နောက်ထပ် သမ္မတသက်တမ်း ကို ယှဉ်ပြိုင်မယ့် သမ္မတ ဦးသိန်းစိန်ရဲ့ ဩဇာကို ကျော်နိုင်ဖို့ ဦးရွှေမန်း ဆက်လုံးပန်းရဦးမှာပါ။
သီပေါမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းကတော့ တကယ်လို့ NLD အနေနဲ့ နိုင်ငံရေး အပေးအယူလုပ်မယ်ဆိုရင် ဦးရွှေမန်းထက် စစ်တပ် ရဲ့ ထောက်ခံမှုရရှိထားတဲ့ ဦးသိန်းစိန်နဲ့ လုပ်တာက ပိုအကျိုးရှိနိုင်တယ်လို့ ပြောပါတယ်။
ဦးရဲထွန်းက “ဦးသိန်းစိန်အနေနဲ့ သမ္မတ ဆက်လုပ်ချင်ရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ညှိနှိုင်း တိုင်ပင်ပြီးနောက် သက်တမ်းကို သူကတဝက်လုပ်ပြီး ၅၉(စ)ကို တပ်ရဲ့ထောက်ခံချက်နဲ့ ပြင်ပေးလိုက်။ နောက်သက်တမ်း တဝက်မှာ ဒေါ်အောင်ဆန်းစု ကြည်က သမ္မတပြန်လုပ်။ ဒါဆို နှစ်ဖက်စလုံးအကျိုး ရှိနိုင်တယ်” လို့ ဆိုပါတယ်။