အိမ်ထောင်ထူထောင်ကြပြီဆိုရင် မိမိတို့မျိုးဆက်သားသမီးကို လိုချင်ကြတာပဲ။ တချို့စုံတွဲတွေမှာ ချို့ယွင်းချက်ကြောင့် ကိုယ်ဝန်မရကြပေမယ့် အများစုကတော့ လိင်ဆက်ဆံတဲ့ အနေအထား ပုံစံမမှန်တာကြောင့် ကိုယ်ဝန် မနိုင်ကြတာ ဖြစ်ပါတယ်။ ကိုယ်ဝန်ရှိဖို့ ဆိုတာက တချို့ စုံတွဲတွေ အတွက် လွယ်ကူကောင်း လွယ်ကူနေနိုင်ပေမယ့် တချို့တွေ အတွက် ကတော့ ကလေး တယောက်ရဖို့ကို သူများထက်ပိုပြီး ခက်ခဲတာ၊ အားထုတ်ရတာတွေလည်း ရှိနေတတ်ပါတယ်။ ကိုယ်ဝန်ရှိနိုင်ဖို့ အတွက် လင်မယားစုံတွဲတွေဟာ မျိုးဥဆင်းတာကို စောင့်ကြည့်ရတာမျိုးကနေပြီးတော့ ကိုယ်ဝန်ရဖို့ အထောက်အကူ ရအောင်လို့ လိင်ဆက်ဆံတဲ့နည်းလမ်း ပုံစံတွေ အမျိုးမျိုး ပြောင်းပြီး ကြိုးစားကြည့်ကြရတာမျိုးတွေ အထိ အလုပ်ရှုပ်ကြ ရပါတယ်။ ဘယ်လိုပုံစံက ကိုယ်ဝန်ရဖို့ အတွက် အထောက်အကူ ဖြစ်တယ် တချို့ ကတော့ မဖြစ်ဘူး ဆိုတာမျိုးကလည်း အမြဲလို အငြင်းပွားစရာ ခေါင်းစဉ်တခုပါပဲ။ ဒါကြောင့် ကိုယ်ဝန်ရဖို့ အကောင်းဆုံး ပုံစံလို့ ဆိုကြတဲ့ နည်းလမ်းတချို့ အကြောင်းကို ဒီတပတ် လိင်ပညာပေးအဖြစ် ဖော်ပြပေးလိုက်ပါတယ်။
Missionary position
လှေကြီးထိုးလို့ ခေါ်ကြတဲ့ Missionary position က ကိုယ်ဝန်ရရှိဖို့ အကောင်းဆုံးလို့ ဆိုကြပါတယ်။ ဒီနည်းက အမျိုးသား က အမျိုးသမီးရဲ့ အပေါ်မှာနေတဲ့ နည်းဖြစ်ပါတယ်။ ယောက်ျားရဲ့ သုတ်ပိုးတွေက မမျိုးဥ နဲ့ လွယ်လွယ်ကူကူ မြန်မြန်ဆန် ဆန် ထိတွေ့နိုင်တယ်လို့ သိရပါတယ်။ ဒီနည်းနဲ့ လိင်ဆက်ဆံစဉ်မှာ အမျိုးသမီးရဲ့တင်ပါးအောက်မှာ ခေါင်းအုံးတလုံးခုပေး ထားမယ်ဆိုရင် ကိုယ်ဝန်ရနိုင်ခြေပိုများတယ်လို့လည်းသိရပါတယ်။ အမျိုးသားသုက်ပိုးကို အမျိုးသမီးရဲ့ သားအိမ်ခေါင်းနဲ့ အနီးဆုံးပို့ဆောင်ပေးနိုင်တဲ့ နည်းလို့လည်း ဆိုကြပါတယ်။
Rear entry style
ဒီနည်းကိုတော့ doggy style လို့ အသိများပါတယ်။ အမျိုးသမီးက လေးဘက်ထောက်အနေအထားမှာ ရှိနေပြီးတော့ အမျိုးသား က နောက်ကနေ ထိုးသွင်းဆက်ဆံရတာဖြစ်ပါတယ်။ ကိုယ်ဝန်ရရှိစေနဲ့တဲ့ အခွင့်အလမ်းများတဲ့ နည်းလို့လည်း သတ်မှတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနည်းကလည်း အမျိုးသားရဲ့ သုက်ရည်ကို အမျိုးသမီးရဲ့ သားအိမ်ခေါင်း နားကို အနီးဆုံးအထိရောက်အောင် ပို့ဆောင်ပေးနိုင်လို့ ဖြစ်ပါတယ်။
Side by side style
ကိုယ်ဝန်ရစေဖို့ အထောက်အကူ ဖြစ်တဲ့ နောက် တနည်းကတော့ အမျိုးသားနဲ့ အမျိုးသမီး မျက်နှာချင်းဆိုင် တစောင်း လှဲပြီး ဆက်ဆံတဲ့ ပုံစံဖြစ်ပါ တယ်။ ဒီလိုဆက်ဆံခြင်းအားဖြင့် အမျိုးသမီး၏ သားအိမ်ခေါင်းဆီကို သုက်ပိုးတွေ ပိုပြီး ချဉ်း ကပ်လာနိုင်စေတယ်လို့ သိရပါတယ်။
သုံးသပ်ချက်
ကိုယ်ဝန်ရစေနိုင်တဲ့ အခွင့်အလမ်း ပိုများလာစေဖို့အတွက် ဘယ်လို ပုံစံနဲ့ပဲ ဆက်ဆံသည်ဖြစ်စေ အရေး အကြီးဆုံး က တော့ လိင်ဆက်ဆံမှုပြီးတဲ့အခါမှာ အမျိုးသားရဲ့ သုက်ပိုးတွေက အမျိုးသမီးရဲ့ ကိုယ်ထဲမှာ ဆက်ပြီး ရှိနေစေဖို့ ဖြစ် ပါ တယ်။ ဒါကြောင့် အမျိုးသမီး အနေနဲ့ ဆက်ဆံမှုပြီး တာနဲ့ ချက်ချင်း ထလာတာမျိုး မလုပ်သင့်ပါဘူး။ ဘယ်အချိန်မှာ သုတ် ပိုးနဲ့ မမျိုးဥ တွေ့ဆုံပြီး သန္ဓေတည်သွားနိုင်မယ်ဆိုတာက မသိနိုင်တဲ့ အတွက် ၁၅ မိနစ် ကနေ မိနစ် ၂၀ လောက်အထိ ဆက်ပြီး လဲလျောင်းနေသင့်ပါတယ်။ နောက်ထပ် အရေးကြီးတာ တခုကတော့ ကလေးယူဖို့ ကြိုးစားနေမယ်ဆိုရင် မမျိုးဥ ထွက်လာနိုင်တဲ့ အချိန်ကို မှန်းဆနိုင်ဖို့ ဖြစ်ပါတယ်။ အမျိုးသမီးတွေ ရာသီလာပြီး နောက် ၁၄ ရက်ကြာရင် မျိုးဥ စပြီးဆင်းပါ တယ်။ အဲဒီအချိန်ဟာ သန္ဓေတည်ဖို့ အကောင်းဆုံး အချိန်ဖြစ်ပြီးတော့ အဲဒီအချိန်မှာ လိင်ဆက်ဆံမယ်ဆိုရင် ကိုယ်လိုချင်တဲ့ ရလဒ် မျိုးရနိုင်ပါတယ်။ အမျိုးသမီး အနေနဲ့ မ မျိုးဥ ထွက်လာတဲ့ အချိန်မှာ မိမိရဲ့ ကိုယ်ခန္ဓာမှာ ဘယ်လို အရိပ်အယောင်ဖြစ် တတ် တယ်ဆိုတာကိုလည်း သိထားရပါမယ်။ မမျိုးဥဆင်းချိန်မှာ အမျိုးသမီးတွေ ကိုယ်အပူချိန်တက် လာလေ့ရှိတဲ့အတွက် မနက်အိပ်ယာက နိုးနိုးချင်းမှာ ကိုယ်ပူချိန်တိုင်းပြီး မှတ်သားထားမယ်ဆိုရင် မမျိုးဥဆင်းလာတဲ့ ရက် ကို သိနိုင်မှာ ဖြစ်ပါတယ်။