ကျေနပ်သာယာမှုတခုကို ခံစားနေတဲ့ အချိန်မှာ ကြည်နူးဖွယ်ရာ အကောင်းဆုံးအခိုက်အတန့်တခုကို မရရှိဘဲနဲ့ ဘယ်သူမှ အဆုံးသတ်ချင်ကြမှာ မဟုတ်ပါဘူး။ အဆုံးသတ်မှာ ဒီလို မဖြစ်ခဲ့ဘူးဆိုရင် အမျိုးသားများရော အမျိုးသမီးများပါ သူတို့ရဲ့ အဖော်အတွက် ရော သူတို့ကိုယ်တိုင်အတွက်ပါ အပြစ်မကင်းသလို ခံစားကြရပါတယ်။ စိတ်လှုပ် ရှားစရာ အကောင်းဆုံး ကစားပွဲတခုမှာ ပြီးဆုံးခါနီးရောက်မှ ပွဲထဲကနေထွက်လိုက်ရလို့ စိတ်ပျက်ရတာမျိုးနဲ့ အလားတူတယ်လို့ ဆိုရပါမယ်။
လိင်ဆက်ဆံခြင်းရဲ့အထွဋ်အထိပ်ကိုမရောက်မီအချိန်မှာ သူတို့ရဲ့ အိမ်မှုကိစ္စတွေ ဒါမှမဟုတ် တခြား အိမ်တွင်းရေး အကြောင်း အရာတွေက အမျိုးသမီးတွေဟာ ခေါင်းထဲကိုဝင်လာတတ်ပါတယ်။ အဲဒီလို အတွေးက ဝင်လာရင် ကိုယ်တိုင် ဖျောက် ဖျက် ပစ်ဖို့လည်း ခက်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေ အနေနဲ့ သူတို့ရဲ့ နေ့စဉ် အိမ်မှုဝတ္တရားတွေနဲ့ ပတ်သက် တာ တွေ မှန်သမျှ မတွေးမိအောင် နေသင့်ပါတယ်။ အဲဒါတွေကို စိတ်ရောက်စေမယ့် အရာတွေကိုလည်း မမြင်အောင် ဖယ်ရှား ထားသင့်ပါတယ်။
အမျိုးသားတွေ အတွက်တော့ အရက် အလွန်အကျွံသောက်ခြင်း၊ ကြွက်သားအားနည်းခြင်း၊ စိတ်ကျရောဂါခံစားနေရခြင်း၊ ဆီးချိုရောဂါ ဒါမှမဟုတ် လိင်ကိစ္စကို အဟန့် အတားဖြစ်စေတဲ့ ဆေးဝါးတွေကို မှီဝဲနေရသူတွေဟာ လိင်ဆက်ဆံခြင်းရဲ့ အထွဋ်အထိပ်ကိုရရှိဖို့ အခက်အခဲရှိတွေ့လေ့ရှိပါတယ်။
သုက်ရည်ပန်းထုတ်နိုင်ဖို့ အတွက် sympathetic နာ့ဗ်ကြောတွေရဲ့ လုပ်ဆောင်ချက်လိုပါတယ်။ သွေးလွှတ်ကြော ခွဲစိတ် ကုသမှု တချို့ကြောင့် အဲဒီ နာ့ဗ်ကြောတွေ ထိခိုက်နေနိုင်ပါတယ်။
လိင်ဆက်ဆံခြင်းရဲ့အထွဋ်အထိပ်ကိုရောက်တော့မယ့် အချိန်မှာ အာရုံစူးစိုက်လွန်းတာကလည်း မှားယွင်းတဲ့ ချဉ်းကပ်မှုဖြစ် ပါတယ်။ သာယာမှုကို ခံစားမယ့်အစား ကိုယ့်ကိုယ်ကိုလေ့လာသုံးသပ်နေတာကလည်း တခြားသူကို စိတ်အနှောက်ပေးသ လိုဖြစ်စေပါတယ်။ အထွဋ်အထိပ်ကိုရောက်တော့မယ့် အချိန်မှာ အသက်ကိုမှန်မှန် ရှူသွင်းရှူထုတ်တာဖြစ်ဖြစ် ကိုယ့်ရဲ့ အဖော်ကို ကိုယ့်စိတ်ထဲမှာ ဘယ်လိုဖြစိနေတယ်ဆိုတဲ့ ခံစားချက်ကို ပြောပြတာပဲဖြစ်ဖြစ် လုပ်သင့်ပါတယ်။ ခံစားချက်တွေ အပြန်အလှန်သိနိုင်ခြင်းကနေ ကိုယ့်ရဲ့ အဖော်ကိုလည်း အထွဋ်အထိပ်ကို ရောက်စေနိုင်ပါတယ်။
အမျိုးသားတွေဟာ အလိုက်သင့်သွားနေရမယ့် အစား အထွဋ်အထိပ်ကိုရောက်မယ့် အချိန်ကို မျှော်လင့် စောင့်ဆိုင်းကြည့် နေမယ်ဆိုရင်လည်း အမြင့်ဆုံး သုခကိုရဖို့ အခက်တွေ့ရနိုင်ပါတယ်။ အထွဋ်အထိပ်ကိုရောက်ဖို့ ကြာမြင့်ချိန်ကို တွေးနေ တတ်ခြင်းက ယောက်ျားတွေအတွက် ပြဿနာတခုဖြစ်ပါတယ်။ အဲဒါကို သူတို့က ယောက်ျားပီသမှုနဲ့ ဆက်စပ်ထားပြီး တော့ သူတို့ရဲ့ အဖော်ကို စိတ်ကျေနပ်မှု မပေးနိုင်မှာလည်း စိုးရိမ်ကြပါတယ်။ အခက်အခဲကြုံရင်လည်း ချဲ့ကားပြီး တွေး လိုက်ကြတာက ပိုများပါတယ်။ တကယ်တော့ အခြေခံ ကြံ့ခိုင်ရေး နည်းလမ်းတွေလိုက်နာလိုက်ရုံလောက်နဲ့ အထွဋ်အထိပ် ကို သက်တောင့်သက်သာရောက်ရှိနိုင်ပါတယ်။
အမျိုးသမီးတွေ အနေနဲ့ကတော့ သူတို့က အပေါ်က နေတဲ့ ပုံစံမျိုးနဲ့ ဆက်ဆံတဲ့ အခါမှာ သူတို့ရဲ့ ဗိုက်နဲ့ တခြားကိုယ်ခန္ဓာ အစိတ်အပိုင်းတွေက ဘယ်လိုပုံစံဖြစ်နေမလဲလို့ စိုးရိမ်မှုကြောင့် စိတ်အနှောက် အယှက်ဖြစ်ရတတ်ပါတယ်။ တကယ်တော့ သူတို့ရဲ့ အမျိုးသားက ရမ္မက်စိတ်ဝင်နေပြီဆိုရင် တခြားမတွေးမိဘဲနဲ့ ကိုယ့်ရဲ့ အမျိုးသမီးက ကြည့်ကောင်းတယ်လို့ပဲ တွေး ကြမှာဖြစ်ပါတယ်။ တကယ်လို့ အမျိုးသမီး အနေနဲ့ ကိုယ့်ရဲ့ ခန္ဓာကိုယ်အပေါ် မလုံမလဲ စိတ်တွေ မဖျောက်နိုင်ဘူးဆိုရင် တော့ ကိုယ့်ကိုယ်ကို မမြင်ရတဲ့ ပုံစံအနေအထားကို ပြောင်းလိုက်တာက ကောင်းပါတယ်။
http://www.onlymyhealth.com/what-comes-between-you-orgasm-1326104822