အမျိုးသားတွေဟာ သူတို့ရဲ့ လိင်မှုကိစ္စနဲ့ ပတ်သက်လို့ ပူပင်တတ်တာတွေ အများကြီး ရှိပါတယ်။ ဒီစိုးရိမ်ပူပန်မှုတွေက အမျိုးသားတွေကို လိင်ဆက်ဆံမှုဆိုင်ရာ လွဲမှားတဲ့အတွေးတွေ ရောက်ရှိစေပြီး ပတ်ဝန်းကျင်က ညွှန်းတဲ့ဆေးတွေ၊ နည်း လမ်း တွေ အသုံးပြုတာကြောင့် ဒုက္ခရောက်တာတွေလည်း ဒုနဲ့ဒေးရှိနေပါတယ်။ အမျိုသားတွေဟာ သူတို့ကို မိန်းမလျာ လို့ အထင်ခံရမှာကို လည်းစိုးရိမ်ကြပါတယ်။ ဖြစ် လေ့ဖြစ်ထ အရှိဆုံး ပြဿနာတွေထဲက တခုကတော့ လိင်ဆက်ဆံ နေစဉ် မှာ သူတို့ရဲ့ စွမ်းဆောင်မှုအပေါ်ကို စိုးရိမ် တာ ဖြစ်ပါတယ်။ သူတို့ရဲ့ လိင်ဆက်ဆံဖော်ကို စိတ်ကျေနပ် မှု မပေးနိုင် မှာ စိတ်အနှောင့်အယှက်ဖြစ်စေမှာကို ပူပန်ကြပါ တယ်။ အလားတူပဲ သူတို့ရဲ့ လိင်အင်္ဂါ သန်မာမှု (လိင်ဆက်ဆံစဉ် အတွင်း) အတွက်လည်း စိတ်ပူကြပြန်ပါတယ်။
အမျိုးသားတွေရဲ့ အိပ်ခန်းအတွင်း စိုးရိမ်မှုတွေထဲက တချို့ကတော့
(၁) တကိုယ်ရေ စိတ်ဖြေမှုအလွန် အကျွံလုပ်ခြင်းကြောင့် သူတို့ သားသမီး မရနိုင်ဘဲ မြုံသွားမှာလား လို့ စိုးရိမ်ကြပါတယ်။ ဒါပေမယ့် တကိုယ်ရေ စိတ်ဖြေခြင်းကြောင့် မြုံသွားတယ်ဆိုတဲ့ သက်သေအထောက်အထားတော့ မရှိသေးပါဘူး။ တကိုယ် ရေ စိတ်ဖြေခြင်းရဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုး ဆိုးကျိုးတွေကို ဖယ်ပြီး စဉ်းစားမယ်ဆိုရင်တောင် တကိုယ်ရေ စိတ် ဖြေမှု အလွန်အကျွံလုပ်ခြင်းကြောင့် ဒီလိုဖြစ်ဖို့ ခဲယဉ်းပါတယ်။
(၂) အမျိုးသားဘက်က ဆန္ဒရှိပေမယ့် အမျိုးသမီးဘက်က စိတ်မပါတဲ့အခါမျိုးလည်း ရှိတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ ဖိအားပေးတာမျိုး မလုပ်ပါနဲ့။ အတင်းအကျပ်ပြုလုပ်တဲ့ လိင်ဆက်ဆံမှုက အမျိုးသားကိုရော အမျိုးသမီးကိုပါ စိတ်ကျေ နပ်မှု ရစေနိုင်မှာ မဟုတ်ပါဘူး။ အမျိုးသမီးမှာလည်း သူ့အခွင့်အရေးရှိပါတယ်။ ဒါကို အမျိုးသားဘက်က နားလည်ပေး ဖို့လို အပ်ပါတယ်။ အဲဒီလိုအခါမျိုးမှာ စောင့်ဆိုင်းပေးသင့်ပါတယ်။
(၃) အမျိုးသမီး ဘက်က ဆန္ဒရှိပေမယ့် အမျိုးသားဘက်က အသင့်မဖြစ်တာမျိုးလည်း ရှိတတ်ပါတယ်။ ဒီလို အခြေအနေ မျိုး ရှိတယ်လို့ ယုံကြည်ဖို့ ခက်ခဲပေမယ့် တချို့ အမျိုးသားတွေ ကြုံတွေ့ရတတ်ပါတယ်။ ကိုယ်က ငြင်းပယ်တယ်လို့ ယူဆ ပြီး သူက စွန့် ခွာသွားမှာလားလို့ စိုးရိမ်စိတ်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဆင်သင့် မဖြစ်သေးတဲ့ အကြောင်း အမျိုး သမီးကို သေသေချာချာ ရှင်းပြရင် အဆင်ပြေနိုင်တဲ့ ကိစ္စမျိုးပါ။
(၄)မိမိရဲ့ လိင်အင်္ဂါ အရွယ်အစားအတွက်လည်း အမျိုးသားတွေ စိုးရိမ်တတ်ကြပါတယ်။ တကယ်တော့ အရွယ်အစားက အရေးမကြီးဘူးဆိုတာ သိထားရမှာ ဖြစ်ပါတယ်။ အမျိုးသမီး အင်္ဂါရဲ့ အာရုံအခံစားနိုင်ဆုံး အစိတ်အပိုင်းတွေက အတွင်းထဲ မှာရှိတာ မဟုတ်ပါဘူး။ ဒါကြောင့် သူတို့ရဲ့ စိတ်ကျေနပ်မှုကို ရရှိဖို့ အတွက် အတွင်းထဲအထိ ရောက်အောင် ဆက်ဆံဖို့ မလိုအပ်နိုင်ပါဘူး။ အရွယ်အစား ကို စိတ်ထဲမှာ မထားပဲ ရမ္မက်ဆန္ဒကို နှိုးဆွနိုင်တဲ့ တခြား နည်းလမ်းတွေအသုံးပြုနိုင်ပါ တယ်။
(၅) နောက်တခုကတော့ မိမိရဲ့ စွမ်းဆောင်နိုင်မှုအပေါ် စိုးရိမ်မှုဖြစ်ပါတယ်။ အိပ်ခန်းတွင်းမှာ အမျိုးသားတွေ အများဆုံးခံ စား ကြရတဲ့ ကြောင့်ကြမှုလည်းဖြစ်ပါတယ်။ ဒီကိစ္စကို တချိန်လုံး ခေါင်းထဲထားဖို့ မလိုပါဘူး။ လိင်ဆက်ဆံမှုပြုတဲ့ အချိန်မှာ လည်း ကိုယ့်ဘက်က စွမ်းဆောင်နိုင်ပါမလားလို့ စိုးရိမ်စိတ်ဝင်စေမယ့် အတွေးတွေကို မတွေးဘဲ စိတ်ကိုဖြေလျှော့ထားပါ။ ဘာကြောင့်လဲ ဆိုတော့ တွေးမိလိုက်ရင် အဲဒီလိုဖြစ်သွားပါလိမ့်မယ်။ လိင်ဆက်ဆံမှုမပြုခင် အရက်သောက်လေ့ ရှိတယ် ဆိုရင် မသောက်ဘဲနေလိုက်ပါ။ ဒီလိုမှ မဟုတ်ရင်လည်း အတတ်နိုင်ဆုံးလျှော့သောက်ပါ။ အရက်က ကိုယ့်ရဲ့ စွမ်းဆောင် နိုင်ရည်ကို လျော့ကျစေလို့ ဖြစ်ပါတယ်။
လိင်မှုကိစ္စနဲ့ ပတ်သက်လို့ အမျိုးသားတွေ စိုးရိမ်တတ်ကြတာက အထက်မှာဖော်ပြခဲ့တဲ့ အကြောင်းအရာ ၅ ခု ထက်မက ရှိပါသေးတယ်။ ဒါပေမယ့် အထက်ပါ ကိစ္စတွေက အများဆုံးဖြစ်လေ့ရှိတာတွေလို့ ဆိုနိုင်ပါတယ်။
Source: onlymyhealth.com