ပထမဆုံး အကြိမ်လိင်ဆက်ဆံတဲ့ အခါ နာကျင်မှုကို အမြဲတမ်းခံစားရလေ့ ရှိတာ မဟုတ်ပေမယ့် တချို့ အမျိုးသား အမျိုး သမီးတွေကတော့ သက်တောင့်သက်သာ ခံစားရတတ်ပါတယ်။ ပုံမှန်အားဖြင့် နာကျင်မှုက အရမ်းမပြင်းထန်ပေမယ့် ဆီးလမ်းကြောင်းပိုးဝင်တာ ဒါမှမဟုတ် မျိုးဥအိမ်မှာ အကျိတ်ဖြစ်တာ (ovarian cyst) လိုမျိုး ဆေးဝါးကုသမှု ခံယူရမယ့် အ ခြေအနေ မျိုးအထိလည်း ရောက်သွားနိုင်ပါတယ်။ စိတ်ခံစားမှုကြောင့်လည်း လိင်ဆက်ဆံရာမှာ နာကျင်မှုဖြစ်စေပါတယ်။ စိတ် ဖိစီးမှု၊ အပြစ်ရှိတယ်လို့ ခံစားရခြင်းနဲ့ လိင်အကြမ်းဖက်မှုတွေကြောင့်လည်း နာကျင်မှုခံစားရနိုင်ပါတယ်။
ပထမဆုံးအကြိမ် လိင်ဆက်ဆံခြင်းမှာ အောက်ပါ အကြောင်းအရာတွေကြောင့် နာကျင်မှုကို ခံစားရနိုင်ပါတယ်။
ပထမဆုံး အကြိမ်လိင်ဆက်ဆံတဲ့ အခါ အမျိုးသမီးတယောက်အနေနဲ့ သူ့ရဲ့ အပျိုမြှေး က နဂိုအတိုင်းရှိနေသေးရင် ဒါမှမဟုတ် အမျိုးသမီး အင်္ဂါမှာ လုံလောက်တဲ့ စိုစွတ်မှုမရှိရင် နာကျင်မှုနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ အချို့သူတွေမှာ မြင်းစီး၊ စက်ဘီးစီးတာလိုမျိုး လုပ်ခဲ့မယ်ဆိုရင် အမျိုးသမီးအင်္ဂါဝမှာ ရှိတဲ့ အပျိုမြှေး ကပေါက်ပြဲပြီး ဖြစ်နေနိုင်ပေမယ့် တချို့တွေမှာတော့ မပျက်မစီးကျန်နေပြီးတော့ ပထမဆုံးအကြိမ် လိင်ဆက်ဆံတဲ့အခါ အနှောက်အယှက်ပေးတတ်ပါ တယ်။ အမျိုးသမီး အင်္ဂါအတွင်းမှာ ခြောက်သွေ့နေခြင်းကြောင့်လည်း နာကျင်မှုဖြစ်စေပါတယ်။ ပထမဆုံး အကြိမ်လိင် ဆက်ဆံတဲ့ နေရာမှာ ကြောက်ရွံ့ထိတ်လန့်နေခြင်းက အမျိုးသမီး အင်္ဂါအတွင်းမှာ ချောဆီဖြစ်မလာအောင် တားဆီး ထား တတ်ပါတယ်။
တကယ်လို့ လိင်ဆက်ဆံစဉ်အတွင်းမှာ ဝမ်းဗိုက်ပိုင်း နာကျင်မှုကို ခံစားရမယ် ဆိုရင်တော့ အဲဒီအမျိုးသမီးရဲ့ သားအိမ် နဲ့ မျိုးဥ အိမ်မှာ ရောဂါဝေဒနာ တခုခု ရှိနေတဲ့ လက္ခဏာဖြစ်ပါတယ်။ အမေရိကန် သားဖွားမီးယပ်ကောလိပ် (ACOG) ရဲ့ အဆိုအရ ပထမဆုံးအကြိမ် လိင်ဆက်ဆံစဉ်မှာ ဝမ်းဗိုက်နာကျင်ခြင်းက သားအိမ်စောင်းခြင်း၊ မျိုးဥအိမ် အကျိတ်၊ ဆီးအိမ် ရောဂါ၊ သားအိမ်ရောဂါ ဒါမှမဟုတ် တင်ပါးဆုံ အတွင်း အင်္ဂါများ ရောင်ရမ်းတဲ့ရောဂါတွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
ပထမဆုံးအကြိမ် လိင်ဆက်ဆံခြင်းကြောင့် အမျိုးသားတွေလည်း နာကျင်မှုခံစားရနိုင်ပါတယ်။ အမျိုးသားတွေ နာကျင် ရတာဟာ ကျား အင်္ဂါ ကောက်ကွေးနေခြင်းကြောင့် အများဆုံးဖြစ်တယ်လို့ Health.com ကဆိုပါတယ်။ အမျိုး သားလိင်တံ ထိပ်ဖျားကို ဖုံးထားတဲ့အရေပြား အဝက ကျဉ်းလွန်းရင်လည်း လိင်ဆက်ဆံစဉ်မှာ နာကျင်စေနိုင်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းနဲ့ အဖုအပိန့်ထွက်စေတဲ့ အရေပြားရောဂါ တွေကြောင့်လည်း ဖြစ်တတ်ပါတယ်။
စိတ်ပိုင်းဆိုင်ရာ ခံစားမှုကြောင့်လည်း ပထမဆုံး အကြိမ်အဖြစ် လိင်ဆက်ဆံရာမှာ နာကျင်စေပါတယ်။ အမေရိကန် သားဖွားမီးယပ်ကောလိပ် (ACOG) က လိင်ဆက်ဆံခြင်းကို အပြစ်တခုလို ခံစားရခြင်းနဲ့ ကြောက်ရွံ့စိုးရိမ်မှုတွေက အမျိုးသမီးတွေကို လိင်ဆက်ဆံစဉ်မှာ စိတ် အနှောက်အယှက်ဖြစ်စေပါတယ်။ တကယ်လို့ အမျိုးသမီးက သူ့စိတ်ကို မလျှော့ချနိုင်ဘူးဆိုရင် သူ့ရဲ့ လိင်အင်္ဂါက တင်းကျပ်နေပြီးတော့ ချောဆီအရည်ကိုလည်း ထုတ်ပေးတော့မှာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း လိင်ဆက်ဆံတဲ့ အခါမှာ နာကျင်မှုဖြစ်စေပါတယ်။
ဒါပေမယ့် အမျိုးသား၊ အမျိုးသမီးတွေဟာ သူတို့ရဲ့နာကျင်မှုတွေ လျော့ပါးဖို့ အတွက် လုပ်နိုင်တာတွေ ရှိပါတယ်။ အမေရိကန်နိုင်ငံ Illinoisပြည်နယ် Northwestern တက္ကသိုလ်ကသားဖွားမီးယပ်နဲ့ စိတ်ပညာ ပါမောက္ခ Laura Bermanက အမျိုးသမီးများ အနေဖြင့် နာကျင်မှုသက်သာစေရန်အတွက် ရေကိုအခြေခံသည့် ချောဆီ တမျိုးမျိုးကို သုံးစွဲသင့်တယ်လို့ အကြံပြုထားပါတယ်။ စိတ်ခံစားချက်ကြောင့် နာကျင်ခြင်းအတွက်ကတော့ နှစ်သိမ့် ဆွေးနွေးပေးမယ့်သူ သို့မဟုတ် စိတ်ပညာ ရှင် တဦးဦးနဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။ အမျိုးသားတွေကတော့ သက်ဆိုင်ရာ ဆေးပညာရှင်များနဲ့ ပြသပြီး သင့်တော်တဲ့ ကုသမှုခံယူနိုင်ပါတယ်။
Source: www.onlymyhealth.com