လိင်ပိုင်းဆိုင်ရာတုန့်ပြန်မှု စက်ဝိုင်း (Sexual Response Cycle)ဆိုတာက လူတယောက် လိင်စိတ်ဖြစ်ပေါ်လာပြီးတော့ နှိုးဆွခြင်း၊ လိင်ဆက်ဆံခြင်း၊ တကိုယ် ရေ စိတ်ဖြေခြင်း စတဲ့ ကိစ္စတွေပြုလုပ်ချိန်မှာ ရှိလာတဲ့ စိတ်ပိုင်းဆိုင်ရာ နဲ့ ရုပ် ပိုင် ဆိုင်ရာ အပြောင်းအလဲတွေရဲ့ အကျိုး ဆက်တွေ ဖြစ်ပါတယ်။ ဒီစက်ဝိုင်းရဲ့ အဆင့်တိုင်းမှာ ကိုယ်ခန္ဓာရဲ့ တုံ့ပြန်မှု တွေ ကို သိထားခြင်းအားဖြင့် ကိုယ့်ရဲ့ အဖော်နဲ့ ဆက်ဆံရေးကို ပိုမိုကောင်းမွန်စေနိုင်သလို လိင်မှုကိစ္စဆိုင်ရာ ပြဿနာ တွေရှိခဲ့ ရင်လည်း ဖော်ထုတ်ဖြေရှင်းနိုင်ဖို့ အထောက်အကူဖြစ်စေပါတယ်။
လိင်ပိုင်းဆိုင်ရာ တုံ့ပြန်မှု စက်ဝိုင်းရဲ့ အဆင့်များ
လိင်ပိုင်းဆိုင်ရာတုံ့ပြန်မှု စက်ဝိုင်းမှာ အဆင့် ၄ ဆင့်ရှိပါတယ်။ အဲဒါတွေကတော့ စိတ်လှုပ်ရှားလာခြင်း၊ စိတ်ခံစားမှုမြင့် တက် လာခြင်း၊ အထွဋ်အထိပ်သို့ ရောက်ရှိခြင်းနဲ့ ပြီးဆုံး ခြင်းတွေပဲဖြစ်ပါတယ်။ အချိန်အပိုင်းအခြား ကွာခြားမှုရှိတတ် ပေမယ့် အမျိုးသားတွေရော အမျိုးသမီးတွေပါ ဒီအဆင့်တွေကို တွေ့ကြုံရပါတယ်။ ဥပမာပြရရင် အမျိုးသားရော အမျိုး သမီးပါ ၂ ယောက်လုံး အထွတ်အထိပ်ကို တချိန်တည်းမှာရောက်ရှိလေ့မရှိတာမျိုးပါပဲ။ ဒါ့အပြင် အဆင့်တခုစီတိုင်းမှာ တုန့်ပြန်မှု အတိုင်းအတာ (ပြင်းအား) ကလည်း လူတဦးချင်းစီကို လိုက်ပြီး ကွဲပြားခြားနားပါတယ်။ ဒီလိုကွဲပြားမှုတွေကို သိရှိထား ခြင်းက ဇနီးမောင်နှံတွေ စုံတွဲတွေကြားမှာ တုန့်ပြန်မှုတွေကို အပြန်အလှန်နားလည်မှုကို တိုးတက်စေပြီးတော့ ပိုမိုကောင်း မွန်တဲ့ စိတ်ခံစားမှုကို ရရှိစေနိုင်ပါတယ်။
အဆင့် (၁) စိတ်လှုပ်ရှားလာခြင်း
ဒီအဆင့်ဟာ မိနစ် အနည်းငယ်သာကြာနိုင်သလို နာရီနဲ့ ချီပြီးလည်းကြာမြင့်တတ်ပါတယ်။ ဒီအဆင့်ရဲ့ အခြေခံ လက္ခဏာ တွေ ကတော့ ကြွက်သားတွေ တင်းမာမှုများလာမယ်။ နှလုံးခုန်နှုန်း မြန်လာပြီးတော့ အသက်ရှုတာလည်း မြန်လာမယ်။ အရေပြား တွေ နီ ရောင်သမ်းလာမယ် (ကျောပြင်နဲ့ ဝမ်းဗိုက်မှာ အနီရောင်အကွက်တွေလည်း ပေါ်လာတတ်ပါတယ်) နို့သီးခေါင်းတွေ မာကျောလာမယ် ဒါမှ မဟုတ်ထောင်မတ်လာမယ်။ လိင်အင်္ဂါတွေထဲမှာ သွေးစီးဆင်းမှုများလာတဲ့ အတွက် အမျိုးသမီးတွေ ရဲ့ အစေ့ (clitoris) နဲ့ လိင်အင်္ဂါ အတွင်းနှုတ်ခမ်းတွေဖောင်းလာမယ်။ အမျိုးသားတွေရဲ့ လိင်တံ ထောင် မတ် လာမယ်။ အမျိုးသမီးတွေရဲ့ လိင်အင်္ဂါအတွင်းမှာ အရည်စထုတ်ပေးလာမယ်။ အမျိုးသမီးတွေရဲ့ ရင်သားပိုပြည့် တင်း လာပြီးတော့ မွေးလမ်းကြောင်း နံရံတွေ ဖောင်းလာမယ်။ အမျိုးသားတွေရဲ့ ဝှေးစေ့ တင်းမာလာမယ်။ ကပ္ပယ်အိတ် တင်း ကျပ်လာ မယ် ပြီးတော့ အရည်စတင်ပြီး ထွက်လာပါတယ်။
အဆင့် (၂) စိတ်ခံစားမှုမြင့်တက် လာခြင်း၊
ဒီအဆင့်က အဆင့် (၁) နဲ့ အဆင့်(၃) ဖြစ်တဲ့ အထွတ်အထိပ်ကိုရောက်ရှိခြင်း ကြားက အဆင့်ဖြစ်ပါတယ်။ ဒီအခြေအနေ မှာတွေ့ရှိရတဲ့ လက္ခဏာတွေကတော့ အဆင့် (၁)မှာ ဖြစ်ခဲ့တဲ့ အခြေအနေတွေ ပိုမိုပြင်းထန်လာပါမယ်။ သွေးစီးဝင်မှုများ လာတာကြောင့် အမျိုးသမီး အင်္ဂါ ဆက် လက် ပြီး ရောင်ရမ်းဖောင်းကြွလာမယ်။ မွေးလမ်းကြောင်း နံရံတွေကလည်း ခရမ်း ရောင် ရင့်ရင့် အရောင် ပြောင်း သွား မယ်။ အမျိုးသမီးတွေ ရဲ့ အစေ့ (clitoris) က အာရုံခံနိုင်မှု အလွန်မြင့် တက်လာမယ် (ထိရင် နာတဲ့အထိတောင်ဖြစ်နိုင်ပါ တယ်)။ ပြီးတော့ အမျိုးသား လိင်တံနဲ့ တိုက်ရိုက်ထိတွေမှုမရှိအောင် Clitoral hood လို့ခေါ်တဲ့ အကာထဲကို ပြန်ဝင်သွားပါ တယ်။ အမျိုးသားတွေရဲ့ ဝှေးစေ့က အပေါ်ကို ကပ်လာပါမယ်။ အသက်ရှုနှုန်း၊ နှလုံးခုန်နှုန်းနဲ့ သွေးဖိအားက ဆက်ပြီးတိုး လာပါတယ်။ ခြေထောက်၊ မျက်နှာနဲ့ လက်က ကြွက်သားတွေ ဆတ်ကနဲဆတ်ကနဲ လှုပ်ရှားတာမျိုး ဖြစ်နိုင်ပါတယ်။ ကြွက် သားတင်းကျပ်မှုတွေကလည်း ဆက်တိုးလာပါမယ်။
အဆင့် (၃) အထွတ်အထိပ်ကို ရောက်ရှိခြင်း
ဒီအဆင့်ကတော့ လိင်ပိုင်းဆိုင်ရာတုန့်ပြန်မှု စက်ဝိုင်းရဲ့ ဇာတ်ရှိန် အမြင့်ဆုံး အဆင့်ဖြစ်ပါတယ်။ အတိုတောင်းဆုံး အချိန် ကာလတခု ဖြစ်သလို စက္ကန့် အနည်းငယ်သာ ကြာမြင့်ပါတယ်။ အဓိက လက္ခဏာတွေကတော့ ကြွက်သား သူ့အလိုလို ကျုံ့သွားတာတွေ စဖြစ်လာပါမယ်။ သွေးခုန်နှုန်းနဲ့ အသက်ရှူနှုန်းက အမြင့်ဆုံး အဆင့်ကို ရောက်ရှိသွားပါတယ်။ ခြေထောက်ကြွက်သားတွေ တဆတ်ဆတ်လှုပ်ရှားသွားပါမယ်။ အမျိုးသမီး အင်္ဂါ ကြွက်သားတွေ ကျုံ့သွားပါတယ်။ သားအိမ်လည်း ကျုံ့သွားပါတယ်။ အမျိုးသားလိင်တံက ကြွက်သားတွေ လှုပ်ရှားမှုကြောင့် သုက်ရည် ပန်းထွက် လာပါတယ်။ ကိုယ်ခန္ဓာတွေ အနီရောင်သန်းသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
အဆင့် (၄) ပြီးဆုံးခြင်း
ဒီအဆင့်မှာ ကိုယ်ခန္ဓာဟာ မူလ အလုပ်လုပ်ပုံ အနေအထားဆီကို တဖြည်းဖြည်းပြန်ရောက်သွားပါတယ်။ ရောင်ရမ်းနေတဲ့၊ တင်းမာထောင်မတ်နေတဲ့ အစိတ်အပိုင်းတွေလည်း မူလအရောင်၊ မူလ အရွယ် အစားကိုပြန်ရောက်သွားပါတယ်။ ဒီအခြေ အနေမှာ ပျော်ရွှင်နွေးထွေးတဲ့ ခံစားမှုကို ရရှိသလို တယောက်နဲ့ တယောက် ပိုမိုရင်းနှီးမှုကိုလည်း ရစေနိုင်ပါတယ်။ မော ပန်းနွမ်းနယ်မှုကိုလည်း ခံစားရတတ်ပါတယ်။ တချို့ အမျိုးသမီးတွေကတော့ ဒီလို အခြေအနေမှာ ထပ်မံနှိုးဆွမှုတွေလုပ် ပေးရင်း အထွတ်အထိပ်အချိန်ကို နောက်တကြိမ်လျှင်လျှင်မြန်မြန် ပြန်ရောက်သွားနိုင်ပါတယ်။ အမျိုးသားတွေကတော့ အထွတ်အထိပ်ကိုရောက်ပြီးသွားရင် ပြန်လည် စတင်ဖို့ အချိန်ယူရပါတယ်။ အဲဒီအချိန်ကတော့ အမျိုးသား တယောက်နဲ့ တ ယောက် မတူပါဘူး။ များသော အားဖြင့် အသက်အရွယ်ကို လိုက်ပြီး ကွဲပြားပါတယ်။