မိန်းမကိုယ် ခြောက်သွေ့ခြင်း ဆိုတာ အမျိုးသမီး အင်္ဂါအတွင်းမှာ ချောဆီ သို့မဟုတ် အရည် ထုတ်လုပ်မှုနည်းနေတဲ့ အခြေ အနေမျိုး ဖြစ်ပါတယ်။ ယားယံတာ၊ နေထိုင်ရခက်တာတွေ ခံစားရတတ်ပါတယ်။ ပုံမှန်အားဖြင့်တော့ အသက် ၄၀ နဲ့ ၅၀ ကြား အမျိုးသမီး တွေရဲ့ တဝက်လောက်မှာ ဒါမျိုး ကြုံရတတ်ပါတယ်။ ဒါပေမယ့် မိန်းမကိုယ် ခြောက်သွေ့ခြင်း ဆိုတာ အထူးအဆန်းကိစ္စတခု မဟုတ်ဘဲ မြန်မြန်ဆန်ဆန် ဖြေရှင်းလို့ ရနိုင်တဲ့ ပြဿနာတခုဖြစ်ပါတယ်။ မိန်းမကိုယ် ခြောက်သွေ့ ခြင်း ကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတချို့ကိုဖော်ပြပေးလိုက်ပါတယ်။
စိုစွတ်စေတဲ့ ဆေးများနှင့် ချောဆီများ
မိန်းမကိုယ် ခြောက်သွေ့ခြင်းကြောင့် လိင်ဆက်ဆံတဲ့ အခါမှာ နာကျင်မှုကို ခံစားရနိုင်ပါတယ်။ ဒီပြဿနာ အတွက် ရည်ရွယ်ပြုလုပ်ထားတဲ့ စိုစွတ်မှုကိုဖြစ်စေတဲ့ ဆေးတွေ၊ ချောဆီတွေရှိပါတယ်။ လိင်မဆက်ဆံမီမှာ အဲဒီ ချောဆီကို အမျိုး သမီး အင်္ဂါထဲကို ထည့်သွင်းပြီးတော့ ဖြစ်ဖြစ်၊ အမျိုးသားရဲ့ လိင်တံမှာ သုတ်သိမ်းပြီးတော့ ဖြစ်ဖြစ် အသုံးပြုနိုင်ပါတယ်။
သဘော၀ ချောဆီတွေလည်း သုံးလို့ရပါတယ်။ ဒါပေမယ့် ကွန်ဒုံးသုံးမယ်ဆိုရင်တော့ အဲဒီဆီတွေက ကွန်ဒုံးကို ထိခိုက် ပျက်စီးစေတဲ့ အတွက် မသုံသင့်ပါဘူး။ စိုစွတ်မှုကိုဖြစ်စေတဲ့ ဆေးတွေ၊ ချောဆီတွေ ဆိုတာက ခြောက်သွေ့မှုကို ယာယီပဲ ဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။ ပြီးရင်တော့ ခြောက်သွေ့မှုပြန်ဖြစ်လာဦးမှာပါပဲ။
မွေးလမ်း ကြောင်း ထဲသို့ Estrogen ထည့်သွင်းခြင်း
Estrogen လို့ ခေါ်တဲ့ မ-ဟော်မုန်းနည်းပါးခြင်းကလည်း မွေးလမ်းကြောင်းကို ခြောက်သွေ့စေတဲ့ အကြောင်းတခုဖြစ်ပါ တယ်။ Estrogen ပါဝင်တဲ့ ဆေးတွေ၊ ခရင်မ်တွေက ဒါကို ထိထိရောက်ရောက်ကုသပေးပါတယ်။ မွေးလမ်း ကြောင်း ထဲကို Estrogen ထည့်သွင်းတော့မယ်ဆိုရင် ဆရာဝန်နဲ့ အရင်ဆွေးနွေးပြီး မှ လုပ်သင့်ပါတယ်။
(၁)Estrogen ခရင်မ် – Estrogen ခရင်မ်ကို ချောဆီလိုပဲ မွေးလမ်းကြောင်းအတွင်း ထည့်သွင်းနိုင်ပါတယ်။ ဒီခရင်မ် တွေက ညစ်ပေနိုင်တဲ့ အတွက် ညအိပ်ချိန်ကျမှ အသုံးပြုသင့်ပါတယ်။
(၂) မွေးလမ်းကြောင်း အတွင်းထည့်သွင်းရသော estrogen ဆေးပြား – သေးငယ်တဲ့ ဆေးပြားလေးတခုဖြစ်ပြီးတော့ အမျိုးသမီး အင်္ဂါအတွင်းကို ထည့်သွင်းဖို့ ဆေးထိုးပြွန်လို ကိရိယာ(တခါသုံး) ပါ တွဲလျက်ပါ ပါတယ်။ မွေးလမ်းကြောင်း တွင်းကို ထည့်သွင်းထားရင် ဆေးပြားကနေ ဟော်မုန်းတွေ ထုတ်ပေးပါတယ်။
(၃)Estrogen ကွင်း – ကျုံ့နိုင် ဆန့်နိုင်တဲ့ ကွင်းတခုဖြစ်ပြီးတော့ မွေးလမ်းကြောင်းထဲကိုထည့်သွင်းထားရပါတယ်။ လိင်ဆက်ဆံစဉ်မှာ ပြန်ထုတ် စရာ မလိုပါဘူး။ သူကလဲ Estrogen ထုတ်ပေးနိုင်ပါတယ်။
သဘာ၀ ကုထုံး
မွေးလမ်းကြောင်း ခြောက်သွေ့ခြင်း ကို ကုသနိုင်တဲ့ သဘာဝဆေးတွေ လည်းရှိပါတယ်။ Black cohosh၊ ဂျင်ဆင်းနဲ့ မျောက်ဥ တွေက မွေးလမ်းကြောင်း ခြောက်သွေ့မှုကို ကုစားနိုင်ပါတယ်။
ရေဓာတ်ဖြည့်တင်းခြင်း
ရေသို့ မဟုတ် အရည် များများသောက်သုံးခြင်းကလည်း မွေးလမ်းကြောင်း ခြောက်သွေ့မှုကို သက်သာစေပါတယ်။ ကိုယ် ခန္ဓာမှာ ရေဓာတ်နည်းလာပြီဆိုရင် ရှိတဲ့ အရည်တွေက အရေးပါတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေဆီကို ရောက်သွားမှာ ဖြစ်တဲ့ အတွက် မွေးလမ်းကြောင်း ခြောက်သွေ့ခြင်းကို ပိုဆိုးလာစေပါလိမ့်မယ်။