ပျော်ရွှင်တဲ့ လိင်ဆက်ဆံမှုရှိနေခြင်းက ကိုယ်ခံအားစနစ် ကောင်းမွန်အောင် အထောက်အကူဖြစ်စေတယ် ဆိုတာ တော်တော်များများများ သိထားကြပါတယ်။ အသက်ရှူလို့ပိုကောင်းလာတာ၊ သွေးလည်ပတ်မှုပိုကောင်းလာတာ စတဲ့ တခြား အကျိုးကျေးဇူးတွေလဲ ရနိုင်ပါတယ်။ ကျန်းမာပြည့်စုံတဲ့ လိင်မှုဘဝကို ထိန်းသိမ်းထားခြင်း အားဖြင့် နာတာ ရှည်တာကျင် ကိုက် ခဲမှုတွေနဲ့ စိတ်ဖိစီးမှုတွေကို လျော့ကျသက်သာစေပါတယ်။ ဒီလို ထိန်းသိမ်းထားနိုင်ဖို့ရော ကျန်း မာ ရေးကောင်းမွန်ဖို့ အတွက်ပါ အထောက်အကူပေးတဲ့ အာဟာရတွေ ရှိတေယ်ဆိုတာ သင် သိပါသလား။
လိင်မှုဆိုင်ရာ ကျန်းမာရေးနဲ့ စွမ်းဆောင်ရည်ကို တိုးတက်စေနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် အဲဒီ နည်းတွေထဲမှာ အကောင်းဆုံးကတော့ မရှိမဖြစ်လိုအပ်တဲ့ အာဟာရ ဓာတ်တွေပါပဲ။ လိင်ဆက်ဆံခြင်းဆိုတာ ကိုယ်ခန္ဓာရဲ့ ပုံမှန်အလုပ်တခု ဖြစ်ပါတယ်။ ဒီကိစ္စအတွက် ဟန်ချက်ညီမျှမှုကို ဗီတာမင်တွေရဲ့ အကူအညီနဲ့ ရယူနိုင်ပါတယ်။ လိင်မှု ဆိုင်ရာ ကျန်းမာရေးနဲ့ စွမ်းဆောင်ရည်ကို အကောင်းဆုံးဖြစ်အောင် အထောက်အကူပေးတဲ့ အရေးပါတဲ့ အာဟာရ ဓာတ် အချို့ကို ဖော်ပြပေးလိုက်ပါတယ်။
ဗီတာမင် E
ဗီတာမင် E ဟာ စွမ်းအားပြည့်ဝတဲ့ Antioxidant (ဓာတ်တိုး ဆန့်ကျင်ပစ္စည်း) တခုဖြစ်ပြီးတော့ သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ သွေးလည်ပတ်မှုဟာ လိင်မှုကိစ္စမှာ အရေးအပါဆုံး ဖြစ်ပါတယ်။ ဗီတာမင် E ကို ရရှိနိုင်တဲ့ အရင်း အမြစ်အချို့ကတော့ အစေ့များ၊ အဆံများ၊ ကီဝီသီး၊ ဟင်းနုနယ်၊ ခရမ်းချဉ်သီး၊ သရက်သီးနဲ့ ဟင်းရွက်ဆီ အမျိုးမျိုးတို့ ဖြစ်ပါတယ်။
ဗီတာမင် B များ
ဗီတာမင် B-1၊ B-2၊ B-3၊ B-5 နဲ့ B-12 တို့က လိင်မှုဆိုင်ရာ ဆန္ဒကို တိုးစေပြီးတော့ သွေးစီးဆင်းမှုကိုလည်း တိုက်ရိုက် သက်ရောက်စေပါတယ်။ ဗီတာမင် B-12 ကို စိတ်ကျဝေဒနာ ရောဂါလက္ခဏာရှိသူတွေရဲ့ စိတ်ခံစားမှုနဲ့ အင်အားကို မြှင့် တင်ပေးရာမှာ အသုံးပြုကြပါတယ်။ B-12 ကြောင့် စိတ်ခံစားမှု လန်းဆန်းကောင်းမွန်လာရင် လိင်မှုဘဝမှာလည်း ကျေနပ် မှု ပိုမိုရရှိစေမှာ ဖြစ်ပါတယ်။
L-Arginine
L-arginine က ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ Amino Acid သို့မဟုတ် ပရိုတိန်းဖြစ်ပါတယ်။ အမျိုးသားတွေ၊ အမျိုးသမီး တွေရဲ့ လိင်အင်္ဂါအတွင်းကို သွေးစီးဆင်းမှုပိုတိုးလာအောင် L-arginine က အကူအညီပေးပါတယ်။ ဒါကြောင့် ကိုယ်စား မယ့် အစားအစာထဲမှာ ပိုရိုတိန်း အလုံအလောက်ပါဝင်ရမှာ ဖြစ်ပါတယ်။ L-arginine ကို ဆေးတောင့် အနေနဲ့လည်း ရရှိ နိုင်ပါတယ်။
Zinc (သွပ်)
အမျိုးသား၊ အမျိုးသမီးများ လိင်စိတ် နိုးကြားလာရေးအတွက် အရေးကြီးတဲ့ ဟော်မုန်းတခု ဖြစ်တဲ့ Testosterone ကို ထုတ် လုပ်ဖို့ Zinc (သွပ်) လိုပါတယ်။ testosterone နည်းနေမယ်ဆိုရင် လိင်စိတ်လည်း သိသိသာသာ လျော့ကျ သွားပါတယ်။ Zinc (သွပ်)ဓာတ် ကြွယ်ဝတဲ့ အစားအစာ တချို့ကတော့ ဟင်းနုနယ်၊ ကြက်သွန်ဖြူ၊ ဖရုံစေ့၊ ကမာကောင် တို့ဖြစ်ကြပါ တယ်။
ဗီတာမင် C
ဗီတာမင် C ဟာ ဗီတာမင် E လိုပဲ လိင်မှုဘဝကို တိုးတက်ကောင်းမွန်စေပါတယ်။ တကယ်တော့ သွေးလည်ပတ်မှု ကောင်း စေဖို့ အတွက် ဗီတာမင် E ဟာ ဗီတာမင် C ကို လိုအပ်ပါတယ်။ ရှောက်မျိုးနွယ်ဝင် အသီးများဟာ ဗီတာမင် C ရရှိနိုင်တဲ့ အကောင်းဆုံး အရင်း အမြစ်တွေဖြစ်ပါတယ်။ လိမ္မော်၊ သံပုရို၊ သံပုရာ၊ ဂရိတ်ဖရု အစရှိတဲ့ ရှောက်မျိုးနွယ်ဝင် အသီးတွေ ကမ္ဘာပေါ်မှာ အလွန်ပေါများပါတယ်။
Citrulline
Citrulline ဓာတ် ကတော့ သဘာ၀ Viagra ပါပဲ။ ဘာကြောင့်လဲဆိုတော့ ကိုယ်ခန္ဓာအတွင်းမှာ Nitric acid ကို ထုတ်ပေး နိုင်လို့ဖြစ်ပါတယ်။ သွေးထဲမှာ အောက်ဆီဂျင် ပြန်ဖြည့်ဖို့အတွက် nitric acid လိုအပ်ပါတယ်။ သွေးစီးဆင်းမှုကို ပိုကောင်း လာစေပါတယ်။ ဖရဲသီးမှာ Citrulline ဓာတ်ပါဝင်ပါတယ်။
Kava
Kava (ပစိဖိတ် အနောက်ပိုင်းမှ ထွက်သည့် ငရုတ်ကောင်း တမျိုး၏ အမြစ်) က အမျိုးသား၊ အမျိုးသမီးတွေရဲ့ စိတ်ညစ် ညူးမှုနဲ့ စိတ်ဖိအားတွေကို လျှော့ချပေးနိုင်တယ်လို့ ယုံကြည်ကြပါတယ်။ လိင်စိတ်ဆန္ဒ နည်းပါး ရခြင်းရဲ့ အကြောင်းရင်း တွေထဲမှာ အများဆုံးတွေ့ရတာက စိတ်ဖိစီးမှု ဖြစ်ပြီးတော့ အလုပ်အကိုင်၊ ပေါင်းသင်းဆက်ဆံရေး၊ နေ့စဉ် ကျင်လည်ရတဲ့ ဘ၀ စတဲ့ အခြေအနေ တွေကြောင့် စိတ်ဖိစီးမှုတွေ ခံစားရပြီးတော့ ဒါတွေ အလွယ်တကူ ပျောက်ပျက်သွားအောင် kava က ကူညီပေးပါတယ်။ (kava ကို အရည်၊ ဆေးတောင့်၊ အရက် စတဲ့ ပုံစံတွေနဲ့ ထုတ်လုပ်ထားတာတွေ ရှိပါတယ်။