• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Election 2020

မန္တလေးတိုင်းမှာ NLD အခက်တွေ့နိုင်မယ့် မဲဆန္ဒနယ်မြေတွေ ရှိတယ်

by Hsu Wai Linn
9 October 2015
in Election 2020
A A
မန္တလေးတိုင်းမှာ NLD အခက်တွေ့နိုင်မယ့် မဲဆန္ဒနယ်မြေတွေ ရှိတယ်

၂၀၁၅ ရွေးကောက်ပွဲ အတွက် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပါတီ၏ မဲဆွယ်စည်းရုံးရေး ခရီးစဉ်အဖြစ် ကယားပြည်နယ်သို့ စက်တင်ဘာလ ၁၁ ရက်နေ့နှင့် ၁၂ နေ့တို့တွင် သွားရောက်ခဲ့သည် / (ဓာတ်ပုံ - သော်ဟိန်းထက်/ဧရာဝတီ)

1
VIEWS
Share on FacebookShare on Twitter

မန္တလေးတိုင်းဒေသကြီး အတွင်းမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီအနေနဲ့ ၂၀၁၅ ရွေးကော်ပွဲအတွက် အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် မဲဆန္ဒနယ်မြေ တချို့ ရှိနေပါတယ်။

သေချာလေ့လာ သုံးသပ်ပြီး သိရသလောက်ကတော့ NLD ပါတီအနေနဲ့ မန္တလေးတိုင်းအတွင်းမှာ ရေကုန်ရေခမ်း ယှဉ်ပြိုင်ရမယ့် နေရာ ၉ နေရာခန့် ရှိနေပါတယ်။ ဒီအထဲမှာမှ အသည်းအသန် ပုဝါမကူရေမရှုကြေး ယှဉ်ပြိုင်ရမယ့် နယ်မြေတွေကတော့ ၃ နေရာပါ။

RelatedPosts

ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

19 May 2025
253
မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
761
ဂုန်းနိုင်ငံရေး

ဂုန်းနိုင်ငံရေး

17 May 2025
518

အဲ့ဒါတွေကတော့ စစ်တပ်မြို့လို့ အများကသိကြတဲ့ ပြင်ဦးလွင် မဲဆန္ဒနယ်၊ တပ်အများစု အခြေစိုက်တဲ့ မိတ္ထီလာ မဲဆန္ဒနယ်နဲ့ လက် ရှိ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဝင်ရောက်ယှဉ်ပြိုင်မယ့် ရမည်းသင်းမြို့နယ် မဲဆန္ဒနယ်တွေပဲ ဖြစ်ပါတယ်။

ရမည်းသင်းခရိုင် အမျိုးသားလွှတ်တော်နေရာအတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေး ပါတီ(ကြံ့ခိုင်ရေး)ကနေ ဦးခင်အောင်မြင့် ဝင်ပြိုင်မှာဖြစ်ပါတယ်။ ဦးခင်အောင်မြင့်ဟာ လက်ရှိအချိန်မှာလည်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ တစ်ဦးဖြစ်နေတဲ့အတွက် အမှန် တကယ်အားစိုက်ပြီး မဲဆွယ်စည်းရုံးရမှာ ဖြစ်ပါတယ်။

ဒါ့အပြင်လည်း ရမည်းသင်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှာလည်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နဲ့စက်မှုဝန်ကြီး ဦးကျော်မြင့်ဟာ တိုင်းဒေကြီးလွှတ်တော် ကိုယ်စားလှယ်အဖြစ်နဲ့ ကြံ့ခိုင်ရေး ပါတီက ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဦးကျော်မြင့်ဟာလည်း ရမည်းသင်း ဒေသခံဖြစ်တဲ့အပြင် လက်ရှိဝန်ကြီးလည်းဖြစ်လို့ ရွေးကောက်ပွဲနေ့မှာ အမှန်တကယ်အကြိတ်အနယ် ရှိလာဦးမှာပါ။

ပါလီမန် ဒီမိုကရေစီ ခေတ်လောက်ကတည်းက ပြိုင်ဖက်ပါတီတွေအားလုံး အလေးအနက်ထားကြရတဲ့ နယ်မြေကတော့ မိတ္ထီလာ နယ်ပဲ ဖြစ်ပါတယ်။

မြန်မာပြည်တစ်ပြည်လုံးမှာ စစ်တပ်အများစု တည်ရှိရာနယ်ဖြစ်တဲ့အတွက် စစ်တပ်နဲ့အဆင်ပြေတဲ့ ပါတီကလွဲရင် ကျန်တဲ့ပါတီတွေ အခြေအနေ မကောင်းတတ်တာကြောင့် ဒီမိတ္ထီလာနယ်မြေမှာလည်း NLD အနေနဲ့ အတော်ကို ကြိုးစားပမ်းစား ယှဉ်ပြိုင်ယူရမှာပါ။
မိတ္ထီလာမြို့နယ်မှာ မဲပေးပိုင်ခွင့်ရှိသူရဲ့ ထက်ဝက်ကျော်လောက်က တပ်တွင်းက ဖြစ်နေပါတယ်။

မိတ္ထီလာမှာ ပြည်သူ့လွှတ်တော် နေရာအတွက် ဒေါက်တာ မောင်သင်းက ကြံ့ခိုင်ရေးပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်မှာပါ။ ဒေါက်တာ မောင်သင်းဟာ မိတ္ထီလာ တက္ကသိုလ်နဲ့ မန္တလေးတက္ကသိုလ်မှာ ပါမောက္ခချုပ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ကြံ့ခိုင်ရေး ပါတီကနေ အခုလို ယှဉ်ပြိုင်တာဖြစ်ပါတယ်။

တိုင်းဒေသကြီး အဆင့်မှာတော့ ကြံ့ခိုင်ရေး ဘက်ကနေ မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး၊ အငြိမ်းစား ဗိုလ်မှူးကြီးဖြစ်သူ ဦးအောင်ကျော်မိုး ဝင်ရောက်ယှဉ်ပြိုင်မှာပါ။

တပ်မတော်သား များတဲ့နယ်မြေတွေမှာ တပ်မတော်သားတွေနဲ့ မစိမ်းလှသူတွေကို ဝင်ရောက်ယှဉ်ပြိုင်စေခြင်းကြောင့် NLDပါတီ အနေနဲ့ ကြံ့ခိုင်ရေး ပါတီကို အသည်းအသန် ကျော်ဖြတ်ရမှာ ဖြစ်ပါတယ်။

ဒီနယ်မြေမှာ NLDအနေနဲ့ ကြံ့ခိုင်ရေးတင် ယှဉ်ရမှာမဟုတ်ဘဲ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ(တစည)၊ အမျိုးသား ဒီမိုကရေစီ အင်အားစု(NDF)ပါတီ တို့အပါအဝင် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သူ နှစ်ယောက်နဲ့ပါ ယှဉ်ပြိုင်ရဦးမှာဖြစ်လို့ မဲပျံ့သွားနိုင်တဲ့ အနေအထားကလည်း ရှိနေပါသေးတယ်။

နောက်ထပ် စစ်တပ်မြို့အဖြစ် လူသိများကျော်ကြားတဲ့ ပြင်ဦးလွင်မြို့က ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာတော့ ကာကွယ်ရေး ဒုဝန်ကြီး အငြိမ်းစား ယူထားတဲ့ ဦးကျော်ညွန့်က ကြံ့ခိုင်ရေး ပါတီဘက်ကနေ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ပြီးရင် တိုင်းဒေသကြီး(၂)မှာလည်း လက်ရှိမန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်က ကြံ့ခိုင်ရေးကနေ ဝင်ရောက်ယှဉ်ပြိုင်ဦးမှာ ပါ။ ဦးရဲမြင့်ဟာလည်း တပ်မတော်သား အငြိမ်းစား ဖြစ်ပါတယ်။

စစ်တပ်မြို့မှာ တပ်မတော် ကိုယ်စားလှယ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းအားဖြင့် တပ်မတော်သား မဲတွေရလာနိုင်တာကြောင့် NLD အနေနဲ့ တော်တော်ကို အားထုတ်ကြိုးစား ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

မန္တလေးတိုင်းဒေသကြီးထဲမှာ မြို့နယ် ၂၈ မြို့နယ်ရှိတဲ့အနက် ဒီနယ်မြေ ၃ ခုမှာတော့ NLDဟာ တော်တော်ကို သတိထားယှဉ်ပြိုင် ရမှာပဲ ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့လည်း ဒီမဲဆန္ဒနယ်တွေကို တစ်ချက်လေးတောင် သတိလက်မလွတ်ဘဲ စောင့်ကြည့်သင့်တဲ့ နယ်မြေတွေပါပဲ။

NLDအနေနဲ့ အထက်ပါနေရာ ၃ နေရာလောက် အကြီးအကျယ် အခက်အခဲမတွေ့နိုင်ပေမယ့် ခက်ခက်ခဲခဲ ယှဉ်ပြိုင်ပြီးမှသာ အသာ စံနိုင်မယ့် နယ်မြေတွေလည်းရှိနေပါတယ်။ အဲ့ဒီနယ်မြေတွေကတော့ သပိတ်ကျင်း၊ မလှိုင်၊ ကျောက်ဆည်၊ တောင်သာ၊ နွားထိုးကြီး နဲ့ ညောင်ဦး နယ်မြေတွေပဲဖြစ်ပါတယ်။

သပိတ်ကျင်းမြို့နယ်ဟာ ရွှေတူးဖော်ရေးလုပ်သားတွေ အများစုရှိတဲ့နယ်မြေဖြစ်ပါတယ်။ ရွှေတူးဖော်ရေး ကုမ္ပဏီ တစ်ခုချင်းစီမှာ လုပ်သားတွေ ရာချီရှိတတ်ပါတယ်။ လုပ်သားတွေကို သူတို့ဆန္ဒအတိုင်း မဲထည့်ဖို့ထက် ကုမ္ပဏီတာဝန်ရှိသူက အတင်းအကျပ် တိုက်တွန်းပြီး မဲထည့်စေခြင်းတွေ ရှိလာနိုင်ပါတယ်။

ဒါ့ကြောင့် သပိတ်ကျင်းမြို့နယ်မှာလည်း NLD အနေနဲ့ ခက်ခက်ခဲခဲ ရုန်းကန်ရဖို့အခြေအနေ ကြုံတွေ့နိုင်ဖွယ်ရှိနေပါတယ်။ သပိတ် ကျင်းမှာ NLDအနေနဲ့ အဓိကယှဉ်ပြိုင်ရမယ့် ပါတီတွေကတော့ ကြံ့ခိုင်ရေး နဲ့ တစည ပါတီတွေပါ။

မလှိုင်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာကတော့ လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်တဲ့ ဦးအေးမောက်က ဝင် ရောက် ယှဉ်ပြိုင်မှာပါ။ ဦးအေးမောက်ဟာလည်း မလှိုင်မြို့နယ်မှာဆိုရင် လူသိများတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ ပြီးရင်လည်း ၈၈ လှုပ် ရှားမှုတုန်းက ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်ခဲ့တဲ့ ဦးညိုထွန်းလည်း ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်လို့ NLD အနေနဲ့ ပေါ့ဆလို့မရ တာကတော့ အမှန်ပါပဲ။

ကျောက်ဆည်မြို့နယ် မဲဆန္ဒနယ်မြေ(၂)မှာကတော့ ကြံ့ခိုင်ရေး ပါတီဘက်ကနေ လက်ရှိတိုင်းဒေသကြီး သစ်တောနဲ့ သတ္တုတွင်း ဝန်ကြီး ဦးသန်းစိုးမြင့်က ဝင်ပြိုင်မှာဖြစ်ပါတယ်။ လက်ရှိဝန်ကြီးလည်းဖြစ်နေလို့ ဒေသစည်းရုံး မဲဆွယ်တာတွေရှိနေတာက ကြံ့ခိုင် ရေး အတွက် တပန်းသာသလို ဖြစ်နေပါတယ်။ ဒါ့အပြင် NDFပါတီ၊ တစည ပါတီနဲ့ အမျိုးသား တိုးတက်ရေး ပါတီတွေပါ ဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်လို့ မဲပျံ့နိုင်ခြေတွေလည်း ရှိနေပါတယ်။

မြင်းခြံခရိုင်ထဲက နွားထိုးကြီးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ လက်ရှိပို့ဆောင်ရေးဝန်ကြီး ဦးဉာဏ်ထွန်းအောင်က ကြံ့ခိုင် ရေး ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ လက်ရှိဝန်ကြီးလည်း ဖြစ်ပြီး ဒေသနဲ့လည်း အင်မတန် ရင်းနှီးကျွမ်းဝင်လွန်းလှတဲ့ ဆက်ဆံရေးရှိတာကြောင့် ဒီနယ်မြေမှာလည်း ဂရုစိုက် ယှဉ်ပြိုင်ရဦးမယ့် အနေအထားပါ။

ဒီမြင်းခြံခရိုင်ထဲကပဲ တောင်သာမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာတော့ ကြံ့ခိုင်ရေးက ဝန်ကြီး ဦးဝင်းမြင့် ဝင်ရောက်ယှဉ်ပြိုင် မှာပါ။ တောင်သာမြို့ဟာ မကြာခင်ကမှကွယ်လွန်သွားခဲ့တဲ့ ကြံ့ခိုင်ရေးပါတီရဲ့ ဗဟိုအကြံပေးဖြစ်သူ ဦးအောင်သောင်းရဲ့ နယ်မြေပါ။

ဦးအောင်သောင်း မရှိတော့ပေမယ့်လည်း တောင်သာမြို့မှာ သူ့ရဲ့လွှမ်းမိုးမှုတွေ အများကြီး ကျန်ရှိနေပါသေးတယ်။ အခုဝင်ပြိုင်မယ့် ဦးဝင်းမြင့်ဟာလည်း  တောင်သာနယ်ခံဖြစ်တာကြောင့် NLDအနေနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ရဦးမှာဖြစ်ပါတယ်။

တောင်သာ-နွားထိုးကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မှာတော့ လက်ရှိ မန္တလေးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမောင် က ကြံ့ခိုင်ရေး ပါတီကနေ ဝင်ရောက် ယှဉ်ပြိုင်ပါဦးမယ်။

ဦးဝင်းမောင်ဟာလည်း ဦးအောင်သောင်းနဲ့ အရမ်းရင်းနှီးတဲ့သူဖြစ်တဲ့အပြင် လက်ရှိအနိုင်ရ ပါတီကဖြစ်နေလို့ အလေးအနက်ထား ယှဉ်ပြိုင်ရဦးမယ့် အခြေအနေပါ။

ညောင်ဦးမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် မဲဆန္ဒနယ်မြေ(၇)မှာကတော့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒု ဝန်ကြီး ဦးတင်ဦးလွင် က ကြံ့ခိုင်ရေး ကနေ ဝင်ရောက်ယှဉ်ပြိုင်မှာပါ။ လက်ရှိ ဒုဝန်ကြီး တစ်ယောက်ဝင်ပြိုင်တဲ့ နယ်မြေဖြစ်လို့ ဒီနေရာကို လည်း ဂရုစိုက်ပြီး ယှဉ်ပြိုင်ကြရမှာပါ။

ဖော်ပြခဲ့တဲ့ နေရာတွေကတော့ လာမယ့် နိုဝင်ဘာလ ၈ရက်နေ့ အထွေထွေရွေးကောက်ပွဲနေ့မှာ ပြိုင်ဆိုင်မှု ပြင်းထန် နိုင်လာတဲ့၊ ဘယ်သူနိုင်မလဲ ကြိုတင်မှန်းဆလို့ မရနိုင်တဲ့ နေရာတွေပဲ ဖြစ်ပါတယ်။

ကျေးရွာဒေသခံ အများစုကလည်း လူပုဂ္ဂိုလ်တွေရဲ့ထင်ပေါ်ကျော်ကြားမှုနဲ့ လတ်တလော ထောက်ပံ့မှုတွကိုသာ ကြည့်ပြီး ရွေးချယ် လေ့ ရှိတတ်ကြတာကြောင့် NLD အနေနဲ့ ဒီသဘော သဘာဝကိုလည်း သိရှိနားလည်ပြီး ကြိုတင်ပြင်ဆင်ထားဖို့ လိုပါလိမ့်မယ်။

၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပစဉ်အခါက NLD ဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်းမရှိခဲ့ဘဲ စုစုပေါင်း နိုင်ငံရေးပါတီ ၂၂ခုနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

အဲ့ဒီအချိန် ကြံ့ခိုင်ရေးပါတီက လွှတ်တော် ၃ ရပ်ပေါင်း ကိုယ်စားလှယ် ၈၈၂ ဦး ၇၆.၄ ရာခိုင်နှုန်းနဲ့ အပြတ်သတ် အနိုင်ရခဲ့ပါတယ်။

၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲမှာတော့ NLD ဝင်ရောက်ယှဉ်ပြိုင်ပြီး ၉၅.၆ ရာခိုင်နှုန်းနဲ့ ရာနှုန်းပြည့်နီးပါး အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်က NLD ဟာ ကြံ့ခိုင်ရေး ပါတီနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ စုစုပေါင်း ၃ ပါတီသာ ယှဉ်ပြိုင် ခဲ့ရ တာပါ။

ဒါပေမယ့် အခုလာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာတော့ နိုင်ငံရေးပါတီ စုစုပေါင်း ၉၁ ပါတီနဲ့ ယှဉ်ပြိုင်ရတော့မှာပါ။ NLD အနေနဲ့ ယှဉ်ပြိုင် ရမယ့် ပါတီတွေ အများကြီးရှိပေမယ့်လည်း အဓိက အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် ပါတီကတော့ လက်ရှိ အနိုင်ရ ပါတီဖြစ်တဲ့ ကြံ့ခိုင်ရေး ပါတီပဲ ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ ဘယ်လိုရလဒ်တွေ ထွက်ပေါ်လာမယ် ဆိုတာကိုတော့ အခုချိန်မှာ ဘယ်သူကမှ ကြိုတင် မှန်းဆနိုင်ခြင်း ရှိမနေ သေး ပါဘူး။

အမှန်တကယ် ထွက်ပေါ်လာမယ့် ရလဒ် အစစ်အမှန်ကိုတော့ ရွေးကောက်ပွဲ ကျင်းပမယ့် နိုဝင်ဘာလ ၈ ရက်နေ့ နောက်ပိုင်းမှသာ တိတိကျကျ သိရှိနိုင်မှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ မန္တလေးတိုင်းဒေသကြီးထဲက အထက်ဖော်ပြပါ မဲဆန္ဒနယ်တွေကို စိတ်လှုပ်ရှားမှုတွေ အပြည့်နဲ့ စောင့်ကြည့် နေရုံသာ ရှိပါတယ်။    ။

Your Thoughts …
Hsu Wai Linn

Hsu Wai Linn

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.2k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
Dateline Irrawaddy (ရုပ်/သံ)

Dateline Irrawaddy (ရုပ်/သံ)

စာပေနိုဘယ်လ်ဆု ဘီလာရုစ်က Svetlana Alexievich ရရှိ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.4k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate