Health

အမျိုးသမီးများနှင့် လိင်မှုဆက်ဆံရေး လျော့နည်းလာခြင်း

This article has been converted from Zawgyi One to Unicode

တခါတလေမှာ လိင်ဆက်ဆံချင်စိတ်မရှိတာ သဘာဝပါပဲ။ များသောအားဖြင့် အမျိုးသမီးတွေက သူတို့ရဲ့ အမျိုးသားတွေ လို လိင်ကိစ္စကို ခေါင်းထဲမှာ အမြဲတမ်းထည့်မထားတတ်ပါဘူး။ ဒါပေမယ့် တကယ်လို့ အမျိုးသမီးတယောက်အနေနဲ့ လိင်ကိစ္စကို စိတ်မဝင်စားတော့ဘူး၊ အထွတ်အထိပ်ကိုရောက်ဖို့က တခြားကိစ္စတွေထက်ပိုပြီး ငြီးငွေ့စရာကောင်းတဲ့ ကိစ္စ တခုလို မြင်နေတယ်ဆိုတာကို ကိုယ့်ကိုယ်ကို ပြန်သတိထားမိတယ်ဆိုရင်တော့ ကမ္ဘာပေါ်က အခြား ထောင်ပေါင်းများစွာ သော အမျိုးသမီးတွေလိုပဲ အမျိုးသမီးလိင်ကိစ္စချို့ယွင်းခြင်း(female sexual dysfunction-FSD) ကိုခံစားနေရတာ ဖြစ် နိုင်ပါတယ်။ ဒါပေမယ့် လိင်စိတ်နည်းပါးတာကတော့ ဘာကြောင့်လဲဆိုတာ သိရင် ဖြေရှင်းလို့ ရနိုင်တဲ့ အကြောင်းတခု ဖြစ် ပါတယ်။

စိတ်ဖိစီးမှု

ဒီတခုကတော့ နည်းနည်းရယ်စရာကောင်းပါတယ်။ လိင်ဆက်ဆံခြင်းက စိတ်ဖိစီးမှုကို လျော့ကျစေနိုင်တယ်လို့ အများက သိထားကြပါတယ်။ ဒါပေမယ့် အလုပ်နဲ့ပတ်သက်လို့ ဒါမှမဟုတ် ပေးဆောင်စရာရှိတဲ့ ငွေတောင်းခံလွှာတွေနဲ့ ပတ်သက်လို့ ဒါမှမဟုတ် သားသမီးတွေက အတန်းထဲမှာ အဆင့်တွေကျနေလို့ စိတ်ဖိစီးနေရပြီ ဆိုရင်တော့ လိင်ဆက်ဆံချင်စိတ် ရှိတော့မှာ မဟုတ်ပါဘူး။ တကယ်လို့ စိတ်ဖိစီးမှုက လိင်ကိစ္စအပေါ် အမြဲတမ်းသက်ရောက်မှုဖြစ်နေမယ်ဆိုရင်တော့ တခုခု လုပ်ချင်စိတ်တွေ ပေါ်ချင်ပေါ်လာနိုင်ပါတယ်။ အဲဒီလို အခါမျိုးမှာ စိတ်ကို လျှော့ချဖို့ လိုအပ်ပါတယ်။ မိတ်ဆွေ အပေါင်း အသင်းတွေနဲ့ ဝိုင်သောက်ရင်း အချိန်ဖြုန်းတာမျိုးတွေ၊ ညစာ စားအပြီးမှာ မိမိရဲ့ အမျိုးသားနဲ့ ရှေးဟောင်းနှောင်းဖြစ် စကား စမြည်ပြောတာမျိုးတွေက စိတ်တည်ငြိမ်အေးချမ်းမှုရဖို့ အထောက်အကူဖြစ်စေပါတယ်။ ယောဂ ကျင့်စဉ်က လည်း စိတ်ကို ငြိမ်းချမ်းစေပါတယ်။

ဆေးဝါး

ပြင်းထန်တဲ့ဆေးဝါးတွေ သောက်သုံးကုသမှု ခံယူနေသူတွေဟာ ကုသမှုရဲ့ တစိတ်တပိုင်း သက်ရောက်မှုအဖြစ် လိင်စိတ် နိုးကြားမှုကို ခက်ခဲစေတယ်ဆိုတာကို ဆရာဝန် အများစုက သတိထားမိတတ်ကြပါတယ်။ သွေးကျဆေး၊ စိတ်ကျရောဂါ ပျောက်ဆေး တွေသာမက ပဋိသန္ဓေတားဆေးလိုမျိုး ဆေးဝါးတွေကို သောက်သုံးနေသူတွေတောင် လိင်စိတ်လျော့ကျ စေနိုင်တဲ့၊ လိင်ဆက်ဆံမှုရဲ့ အထွဋ်အထိပ်ကို ရောက်ရှိဖို့ အခက်အခဲဖြစ်စေနိုင်တဲ့ အလားအလာတွေရှိနေပါတယ်။ ဒီ ပြဿနာကို အလွယ်ဆုံးဖြေရှင်းနည်းကတော့ မိမိရဲ့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး ဘယ်လိုဆေးကြောင့် ဒီပြဿနာ ဖြစ်ခဲ့တယ်ဆိုတာကို အဖြေရှာဖို့ ဖြစ်ပါတယ်။ ကိုယ့်ဖာသာကိုယ် ဆေးပြောင်းသောက်တာ၊ သောက်လက်စဆေးကို ရပ် တန့် ပစ်လိုက်တာမျိုးတွေ မလုပ်ပါနဲ့။

ဆက်ဆံရေး

စုံတွဲတွေ၊ အိမ်ထောင်ဘက်တွေကြားမှာ မဖြေရှင်းရသေးတဲ့ ပြဿနာတွေရှိနေရင်လည်း လိင်ကိစ္စမှာ စိတ်ဝင်စားမှုလျော့ ကျစေပါတယ်။ ဆက်ဆံရေး အဆင်မပြေတာ၊ ဒေါသကို ချုပ်တည်းနေရတာ၊ ယုံကြည်မှုကင်းမဲ့နေတာ၊ ရင်းနှီးမှု ပျောက် ဆုံး သလိုခံစားနေရတာတွေက စိတ်မဆလုံခြုံမှုကို ဖြစ်စေပြီးတော့ လိင်စိတ်ကိုလျော့ကျစေပါတယ်။ ဖြေရှင်းနည်းကတော့ ရှင်းပါတယ်။ ပြဿနာတွေ ပဋိပက္ခတွေကို ဖြေရှင်းလိုက်ပါ။ ပွင့်ပွင့်လင်းလင်း ဆက်ဆံပါ။ ဆွေးနွေးပါ။ လိုအပ်ရင် စိတ် ကျန်းမာရေး ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

အရက်၊ ဆေးလိပ်၊ မူးယစ်ဆေး

ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ နည်းလမ်းမှန်သမျှက လိင်မှုကိစ္စကိုလည်း ထိခိုက်နိုင်ပါတယ်။ မူးယစ်ဆေးနဲ့ စီးကရက် က ကိုယ်ခန္ဓာအတွင်းက လုပ်ငန်းဆောင်တာတွေကို ဖရိုဖရဲဖြစ်စေပါတယ်။ လိင်ကိစ္စအပေါ် စိတ်ဝင်စားမှုကို လျော့ကျစေ ပါတယ်။ ဒီပြဿနာကို အရက်၊ ဆေးလိပ်နဲ့ မူးယစ်ဆေး သုံးစွဲမှုတွေကို ရပ်ပစ်လိုက်တဲ့ နည်းနဲ့ ဖြေရှင်းလို့ ရပါတယ်။ ဖြစ် နိုင်ရင် အားလုံးကို ဖြတ်ပစ်လိုက်တာ အကောင်းဆုံးပါပဲ။

Loading