ဆောင်းပါး

မန္တလေးက ဗေဒင်ဆရာအမတ်

This article has been converted from Zawgyi One to Unicode

ဦးအောင်ရွှေကို မြင်လိုက်တယ်ဆိုရင်ပဲ ဗေဒင်ဆရာတယောက်ဆိုတဲ့ ခံစားမှုမျိုး ခံစားရပါတယ်။ ဗြဟ္မ ဏနွယ်ဖွား (အရပ်အခေါ် ပုဏ္ဏား) ဗေဒင်ဆရာတယောက်ရဲ့ ရုပ်သွင်ပြင်လက္ခဏာကို သူ့ဆီမှာ တွေ့ရတာကြောင့် ဖြစ်ပါ တယ်။ အကျၤ ီစတစ်အဖြူ လက်ရှည်နဲ့ ပုဆိုးအနီကွက်ကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားတဲ့ အနိုင်ရကိုယ်စားလှယ် ဦး အောင်ရွှေဟာ အသားညိုညို၊ အရပ်ခပ်ပြတ်ပြတ်နဲ့ အနေအေးမယ့် ပုံသဏ္ဌာန်ရှိပါတယ်။ တဖက်သူ စကားပြောတာကို လည်း အာရုံစိုက်ပြီး နားထောင်တတ်တယ်။

သူနေထိုင်ရာ မန္တလေးမြို့ ၃၄လမ်းနဲ့ ၇၁ လမ်းမှာရှိတဲ့ သူ့အိမ်ကိုရောက်တော့ အိမ်ပေါက်မှာ အဝါရောင်အောက်ခံနဲ့ ဒီမိုက ရက်တစ်ပါတီ (မြန်မာ) ဆိုတဲ့ အနီရောင်စာလုံးနဲ့ ပါတီဆိုင်းဘုတ်တခု ချိတ်ထားတာကို တွေ့ရတယ်။ အိမ်ထဲကို ဝင်လိုက် တော့ ရွှေတိဂုံစေတီပုံပါတဲ့ ပြက္ခဒိန်တခုကို ထရံမှာ ချိတ်ထားတယ်။

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ရွှေက မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်၊ မဲဆန္ဒနယ်(၁) ကနေ ဝင် ရောက်ယှဉ်ပြိုင်ပြီး မဲအရေအတွက် (၂၅၅၅၁ မဲ) နဲ့ အနိုင်ရခဲ့တဲ့ ကြားပါတီရဲ့ တဦးတည်းသော ကိုယ်စားလှယ်ဖြစ်ပါတယ်။ ကြားပါတီလို့ ဆိုရတဲ့အကြောင်းက အဓိကပြိုင်ဘက် ပါတီကြီးနှစ်ခုနဲ့ တိုင်းရင်းသားပါတီမဟုတ်တဲ့ ပါတီကို ဆိုလိုတာပါ။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်တဲ့ စာရင်းအရ ထူးထူးခြားခြားတွေ့ရတာကတော့  မဲဆန္ဒနယ် ပေါင်း ၁၁၃၉ နေရာမှာမှ  ပါတီကြီးနှစ်ခုနဲ့ တိုင်းရင်းသားပါတီတွေ မဟုတ်ဘဲ ကြားပါတီတစ်ခုဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ)က တပြည်လုံးအတိုင်းအတာနဲ့ ကိုယ်စားလှယ်ပေါင်း ၂၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့အထဲမှာ ရှားရှားပါးပါး တဦး တည်းသာ အနိုင် ရရှိတာကိုတွေ့ရတယ်။

သူ့အသက်က ၆၃ နှစ်၊ အရင်က ထားဝယ် အထက တွဲဖက်အထက်တန်းကျောင်းမှာ မူလတန်းပြတာဝန်ကို ထမ်းဆောင် ခဲ့တဲ့ ကျောင်းဆရာဟောင်းတဦးပါ။ ဒါ့အပြင် တိုင်းရင်းဆေးပညာကိုလည်း တတ်မြောက်ထားတဲ့သူ။ ဗြဟ္မဏရှေ့ပြေး နက္ခတ်ပညာ သုတေသီတဦးလည်းဖြစ်တယ်။ ပြောရရင် ဗေဒင်ဆရာကနေ အမတ်တဦးဖြစ်လာတဲ့သူပေါ့။

ပထမဆုံးမေးဖြစ်တာက သူ့ရဲ့ကံကြမ္မာကို ကိုယ်တိုင်တွက်ခဲ့လားလို့မေးတော့ “တွက်ခဲ့တယ်။ နိုင်မယ်လို့ အဖြေထွက် တယ်။ နိုင်မယ်ဆိုတာကလည်း ဒီမြို့နယ်မှာ NLD က မပါတော့ ဦးအတွက် ပိုပြီးကံကောင်းသွားတာပေါ့။ ဒါတွေ အားလုံး က ကံတရားရဲ့ အထောက်အပံ့တွေပါပဲ။ ဦးနိုင်မယ်ဆိုတာကလည်း ဒီလို အကြောင်းတရားတွေ အများကြီးက ဦးကို ပံ့ပိုး ပေးသွားတာပေါ့” လို့ ပြန်ဖြေတယ်။

သူ့ရဲ့ မဲဆွယ်စည်းရုံးစဉ်က အခြေအနေတွေကို စမေးကြည့်ရာမှာတော့ “ပါတီက မဲဆွယ်စည်းရုံးရေးအတွက် စရိတ်ထုတ် မပေးနိုင်ဘူးလေ။ အဲဒါကြောင့် ကိုယ့်စရိတ်နဲ့ကိုယ်ပဲ တအိမ်တက်ဆင်း စည်းရုံးရတယ်။ ဒီနှစ်မှာ လက်ကမ်းကြော်ငြာကို တောင် အသစ်မရိုက်နိုင်လို့ အရင်နှစ်က ရိုက်ထားတဲ့ဟာကိုပဲ ဝေလိုက်တယ်။ ဒီကြော်ငြာကို မြင်တော့ လူတွေက မှတ်မိ တာလည်း ပါတာပေါ့” လို့ သူ့ရဲ့ ကြော်ငြာလေးကို ထုတ်ပြပြီး ပြောပါတယ်။

ပါတီက စရိတ်ထုတ်မပေးနိုင်တဲ့အခါ အနီးစပ်ဆုံးသူငယ်ချင်းတွေရဲ့အကူအညီနဲ့ ပိုက်ဆံ နှစ်သောင်းမျိုး၊ ငါးသောင်းမျိုး ချေးငှားခဲ့ရတယ်လို့ ရင်ဖွင့်တယ်။ “သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးတွေဆိုတော့ ပြန်ဆပ်လည်းရတယ်။ မဆပ်လည်းရ တယ်ပေါ့” လို့ ပြောပြတယ်။

အရင်နှစ်ဆိုတာက ဦးအောင်ရွှေတို့ပါတီက ၂၀၁၀ အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာကို ဆိုလိုတာ ဖြစ်ပါတယ်။ အဲဒီတုန်းကလည်း ဦးအောင်ရွှေက ဒီပါတီ၊ ဒီမဲဆန္ဒနယ်ကနေပဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ။ အဲဒီရွေးကောက်ပွဲ တုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဝင်မပြိုင်ဘူး။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီရယ်၊ ပြည်ထောင်စု ကြံံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရယ်၊  ဦးအောင်ရွှေတို့ ဒီမိုကရက်တစ်ပါတီ (မြန်မာ)ရယ် သုံးခုပဲ ပြိုင်ရတယ်။ ဒါပေမယ့်  ဦး အောင်ရွှေ ရှုံးခဲ့တယ်။
၂၀၁၅ ခုနှစ်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲဆန္ဒနယ်တိုင်းမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် ဦးအောင်ရွှေ ဝင် ပြိုင်တဲ့ ချမ်းအေးသာစံမြို့နယ် ၊ တိုင်းဒေသကြီးမဲဆန္ဒနယ်(၁)မှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စာရင်းပေးသွင်းထားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဒေါက်တာဝင်းမြင့်ကတော့ ကန့်ကွက်ခံခဲ့ရလို့ မယှဉ်ပြိုင်ခဲ့ရဘူး။  ဒါကြောင့်မို့များ ဦးအောင်ရွှေတို့ ပါတီကို လူတွေက မဲထည့်ကြတာလားလို့ မေးကြည့်ခဲ့တယ်။

“ ဦးအမှန်အတိုင်းပဲပြောမယ်။ ဘာမှ ဖုံးကွယ်ထားစရာ အကြောင်းမရှိပါဘူး။ ဟုတ်တယ်။ ချမ်း/အေးမဲဆန္ဒနယ်(၁)မှာ NLD မပါတော့လို့ ဦးနိုင်တာ။ ဒါအမှန်ပဲ။ တကယ်လို့သာ NLD ပြိုင်ခဲ့ရင် ဦးရှုံးမှာပဲဆိုတာ တပ်အပ်ပြောရဲတယ်။ ကြည့်လေ ဝင် ပြိုင်တဲ့ ပါတီတွေတိုင်း ရှုံးတာပဲ။ ဦးတို့ပါတီလည်း ရှုံးတာပဲ။  ပြီးတော့ NLDကိုလည်း ကျေးဇူးအရမ်းတင်တယ်။ သူတို့ မပြိုင် နိုင်ပေမယ့် ဦးတို့ပါတီကို မဲထည့်ပါဆိုပြီး စည်းရုံးပေးကြလို့ ဦးနိုင်ခဲ့တာပါ။ NLD ထဲမှာလည်း ဦးရဲ့သူငယ်ချင်းတွေ ရှိတယ် လေ” လို့ ပွင့်ပွင့်လင်းလင်းပဲ ပြန်ဖြေတယ်။
အစိုးရသစ် သက်တမ်းလွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်အများစုကြားမှာ ဒီမိုကရက်တစ်ပါတီ က ကိုယ်စားလှယ် တဦးတည်းဖြစ်နေမှာဆိုတော့ ဦးအောင်ရွှေရဲ့  စိုးရိမ်မှု၊ အခက်အခဲ ဘာတွေရှိနိုင်မလဲလို့မေးဖြစ်တယ်။

“ဘာအခက်အခဲမှ မရှိနိုင်ပါဘူး။ အားလုံးဟာ ပြည်သူလူထုအတွက် အလုပ်လုပ်ချင်ကြတဲ့သူတွေပဲလေ။ ပြီးတော့ ဗဟို ချုပ် ကိုင်မှုလည်းရှိမယ် မထင်ဘူး။ စုပေါင်းပြီးတော့ပဲ လုပ်ဆောင်ကြမှာပေါ့။ အဓိကကတော့ မဟာမိတ်ပုံစံပါပဲ။ ပြည်သူက ပေး ထားတဲ့နေရာပဲ။ ပြည်သူ့အကျိုးပြုလုပ်ငန်းကို လုပ်ကြမှာဆိုတော့ အခက်အခဲမရှိဘူးလို့ပဲ ဦးက မြင်တယ်။ ပြည်သူက ယုံ ကြည်လို့ မဲပေးလိုက်တာပဲလေ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတာကလည်း ပြည်သူလူထုက ယုံကြည်ပြီး  ကြည့်ပါ လား။ ပါတီတွေ အများကြီးဝင်ပြိုင်ကြတာတောင် ရှုံးတာပဲလေ။ ပြည်သူက ရွေးချယ်ထားတဲ့ ပါတီတွေဆိုတော့ ပြည်သူ့ အတွက် အဓိက ထားလုပ်ကြမှာပေါ့။ အဲဒီအတွက် ဘယ်လိုမှ မခံစားရဘူး” လို့ ပြောတယ်။

လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်တာပဲဖြစ်စေ၊ အဆိုတင်သွင်းတာပဲဖြစ်စေ၊ ဥပဒေပြုတာပဲဖြစ်စေ၊ ပါတီအနေနဲ့ တဦးတည်းဖြစ် နေတော့ ဘယ်လိုလုပ်မလဲလို့ မေးဖြစ်တယ်။ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ဆန့်ကျင်နေတဲ့ ကိစ္စမျိုးဆိုရင် ကန့်ကွက် သွားပြီး လူထုအကျိုးပြုလုပ်ငန်းတွေအတွက်၊ ကောင်းကျိုးတွေအတွက်ဆိုရင် ထောက်ခံသွားမယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့လည်း လက်တွဲဆောင်ရွက်သွားမယ်လို့ ပြောခဲ့တယ်။

သူ့မှာ နောက်ထပ် ကိုယ့်ဒေသ၊ ကိုယ့်မဲဆန္ဒနယ်အတွက် လုပ်ဆောင်ပေးချင်တဲ့ ဆန္ဒတွေ ရှိနေမယ်ဆိုတာယုံကြည်တယ်။

“ကိုယ့်မြို့နယ်တွင်းမှာ လုပ်ပေးချင်တာ ရှိတယ်။ လူသားအရင်းအမြစ် ဖွံ့ဖြိုးဖို့အတွက်ပေါ့။ လေလွင့်လူငယ်တွေတို့၊ လူငယ် လူရွယ်လေးတွေအတွက် သက်မွေးပညာတရပ် သင်ပေးချင်တယ်။ နောက် ပညာရေးအတွက် ဆောင်ရွက်ပေးချင်တယ်။ နောက်ထပ် အစိုးရကို ပြောချင်တာက အခုနေရာတိုင်းမှာ ဘီယာဆိုင်တွေက အရမ်းကို ပေါလာတယ်။ အရက်သောက်စား မူးယစ်နေတဲ့ လူငယ်တွေကလည်း အများကြီးပဲ။ ဒါတွေကို ထိန်းထိန်းသိမ်းသိမ်းနဲ့ ပြန်စိစစ်စေချင်တယ်” လို့ ဦးအောင်ရွှေ ကပြောတယ်။

သူက စကားပြောလက်စကို ရပ်ပြီး စာအုပ်စင်လေးပေါ်က စာရွက်တရွက်ကို ယူလာပြတယ်။ အဲဒီစာရွက်က သူတို့ ဒီမို ကရက်တစ်ပါတီ (မြန်မာ)က ဦးအောင်ရွှေအတွက် ဝမ်းမြောက်ဂုဏ်ပြုတဲ့ ဂုဏ်ထူးဆောင် စာရွက်လေးပါ။ ဦးအောင်ရွှေ ပြုံးနေတာကို တွေ့ရတယ်။  ဖြေပေးတာကို ကျေးဇူးတင်ကြောင်းပြောတော့ မတ်တပ်ရပ်ပြီး လက်ဆွဲနှုတ်ဆက်တယ်။

“ပြည်သူကို တကယ် ကျေးဇူးတင်တယ်။ ပြည်သူ့ဆန္ဒအရ ကျနော့်ကို လုပ်ပိုင်ခွင့်ပေးတဲ့အတွက်ပါ။ ဦးလက်ထဲမှာ ခဲတလုံးရပြီ။ အဲဒီခဲက ပြည်သူက ပေးတဲ့ အင်အားပဲ။ အဲဒီအင်အားဆိုတဲ့ ခဲတလုံးနဲ့ ပန်းတိုင်ဖြစ်တဲ့ သာယာဝပြောတဲ့ ဒီမိုကရေစီစနစ်ဆီကို အရောက်ပစ်လွှတ်မယ်ပေါ့။ အဲဒါ ဦးရဲ့ ဆုံးဖြတ်ချက်ပါပဲ” လို့ ပြောတယ်။

ဘာပဲဖြစ်ဖြစ်  ၂၀၁၅ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီလည်းမဟုတ်၊ အင်အားကြီးပါတီလည်း မဟုတ်ပါဘဲ မဲဆန္ဒနယ် ၁၁၃၉ ထဲက နေရာတနေရာမှာ အနိုင်ရပြီး ပါဝင်ခွင့်ရခဲ့တဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြောဆိုတာကို ကြည့်ရင်း မကြာခင်ကာလတွေမှာ ထမ်းဆောင်ရမယ့် သူ့တာဝန်တွေအပေါ် သူယုံကြည်မှုရှိနေတဲ့ အသွင်အပြင်ကို တွေ့မြင်လိုက်ရပါ တယ်။

(သင်းသင်းသော်သည် မန္တလေးအခြေစိုက် အမျိုးသမီးဂျာနယ်လစ်တဦးဖြစ်သည်)

Loading