• English
Tuesday, September 26, 2023
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

    စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

    ၃ရက်ဆက် လှုပ်သည့် ငလျင်ကြောင့် ရန်ကုန်လူထု စိုးရိမ်

    ၃ရက်ဆက် လှုပ်သည့် ငလျင်ကြောင့် ရန်ကုန်လူထု စိုးရိမ်

    တရုတ်-မြန်မာနယ်စပ်တွင် နိုင်ငံကူးလက်မှတ်ဖြင့် ဝင်ထွက်ခွင့် ပြုမည်

    တရုတ်-မြန်မာနယ်စပ်တွင် နိုင်ငံကူးလက်မှတ်ဖြင့် ဝင်ထွက်ခွင့် ပြုမည်

    စစ်ကိုင်းတိုင်း၌ စစ်ခုံရုံးဖြင့် အမိန့်ချခံရသူ ၂၅၃ ဦးထိ ရှိလာ

    စစ်ကိုင်းတိုင်း၌ စစ်ခုံရုံးဖြင့် အမိန့်ချခံရသူ ၂၅၃ ဦးထိ ရှိလာ

    ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

    ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

    NUG အပေါ် တိုင်းရင်းသားများ ယုံကြည်မှု ရှိ မရှိ ခြေရာခံခြင်း

    NUG အပေါ် တိုင်းရင်းသားများ ယုံကြည်မှု ရှိ မရှိ ခြေရာခံခြင်း

    ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မဟာမိတ်တပ်အချင်းချင်းကြား တိုက်ပွဲဖြစ်

    ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မဟာမိတ်တပ်အချင်းချင်းကြား တိုက်ပွဲဖြစ်

    စီးပွားကူးသန်း ဒုဝန်ကြီး ဦးညွန့်အောင်  သို့မဟုတ် ခြံစည်းရိုးထင်းခွေသူ

    စီးပွားကူးသန်း ဒုဝန်ကြီး ဦးညွန့်အောင် သို့မဟုတ် ခြံစည်းရိုးထင်းခွေသူ

    မြင်းမူ၌ ပြည်သူ ၃ ဦးနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၂ ဦး သတ်ဖြတ်ခံရ

    မြင်းမူ၌ ပြည်သူ ၃ ဦးနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၂ ဦး သတ်ဖြတ်ခံရ

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

      စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

      NUG အပေါ် တိုင်းရင်းသားများ ယုံကြည်မှု ရှိ မရှိ ခြေရာခံခြင်း

      NUG အပေါ် တိုင်းရင်းသားများ ယုံကြည်မှု ရှိ မရှိ ခြေရာခံခြင်း

      ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

      ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

      မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

      မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

      “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

      “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

      စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

      စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

      မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

      မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

      NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

      NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

      ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

      ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      ပင်ဒိုရာအိုး ပွင့်ပြီး ဟားပီးဇ်တို့ ပျံလာချိန်

      ပင်ဒိုရာအိုး ပွင့်ပြီး ဟားပီးဇ်တို့ ပျံလာချိန်

      ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

      ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

      ကုသိုလ်ဆက်

      ကုသိုလ်ဆက်

      အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

      အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

      အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

      အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

      ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

      ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

      စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

      စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

      တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

      တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

      မြင်းရိုင်းစီးခြင်း

      မြင်းရိုင်းစီးခြင်း

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate
      • Home
      • သတင်း
        • All
        • Crime
        • Development
        • Environment
        • Ethnic Issues
        • Human Rights
        • Military
        • Obituary
        • Politics
        • Religion
        • Women
        • သတင်းတို
        စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

        စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

        ၃ရက်ဆက် လှုပ်သည့် ငလျင်ကြောင့် ရန်ကုန်လူထု စိုးရိမ်

        ၃ရက်ဆက် လှုပ်သည့် ငလျင်ကြောင့် ရန်ကုန်လူထု စိုးရိမ်

        တရုတ်-မြန်မာနယ်စပ်တွင် နိုင်ငံကူးလက်မှတ်ဖြင့် ဝင်ထွက်ခွင့် ပြုမည်

        တရုတ်-မြန်မာနယ်စပ်တွင် နိုင်ငံကူးလက်မှတ်ဖြင့် ဝင်ထွက်ခွင့် ပြုမည်

        စစ်ကိုင်းတိုင်း၌ စစ်ခုံရုံးဖြင့် အမိန့်ချခံရသူ ၂၅၃ ဦးထိ ရှိလာ

        စစ်ကိုင်းတိုင်း၌ စစ်ခုံရုံးဖြင့် အမိန့်ချခံရသူ ၂၅၃ ဦးထိ ရှိလာ

        ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

        ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

        NUG အပေါ် တိုင်းရင်းသားများ ယုံကြည်မှု ရှိ မရှိ ခြေရာခံခြင်း

        NUG အပေါ် တိုင်းရင်းသားများ ယုံကြည်မှု ရှိ မရှိ ခြေရာခံခြင်း

        ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မဟာမိတ်တပ်အချင်းချင်းကြား တိုက်ပွဲဖြစ်

        ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မဟာမိတ်တပ်အချင်းချင်းကြား တိုက်ပွဲဖြစ်

        စီးပွားကူးသန်း ဒုဝန်ကြီး ဦးညွန့်အောင်  သို့မဟုတ် ခြံစည်းရိုးထင်းခွေသူ

        စီးပွားကူးသန်း ဒုဝန်ကြီး ဦးညွန့်အောင် သို့မဟုတ် ခြံစည်းရိုးထင်းခွေသူ

        မြင်းမူ၌ ပြည်သူ ၃ ဦးနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၂ ဦး သတ်ဖြတ်ခံရ

        မြင်းမူ၌ ပြည်သူ ၃ ဦးနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၂ ဦး သတ်ဖြတ်ခံရ

        Trending Tags

          • All
          • Crime
          • Development
          • Environment
          • Ethnic Issues
          • Human Rights
          • Military
          • Obituary
          • Politics
          • Religion
          • Women
          • သတင်းတို
        • ဆောင်းပါး
        • စီးပွားရေး
        • အာဘော်
          • All
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • အယ်ဒီတာ့အာဘော်
          စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

          စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

          NUG အပေါ် တိုင်းရင်းသားများ ယုံကြည်မှု ရှိ မရှိ ခြေရာခံခြင်း

          NUG အပေါ် တိုင်းရင်းသားများ ယုံကြည်မှု ရှိ မရှိ ခြေရာခံခြင်း

          ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

          ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

          မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

          မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

          “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

          “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

          စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

          စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

          မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

          မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

          NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

          NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

          ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

          ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

          • All
          • အယ်ဒီတာ့အာဘော်
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
        • Lifestyle
          • All
          • Automobile
          • Coronavirus Update
          • Culture
          • Education
          • Entertainment
          • Event
          • Food
          • Health
          • Travel
          • Trend
          • အားကစား
          ပင်ဒိုရာအိုး ပွင့်ပြီး ဟားပီးဇ်တို့ ပျံလာချိန်

          ပင်ဒိုရာအိုး ပွင့်ပြီး ဟားပီးဇ်တို့ ပျံလာချိန်

          ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

          ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

          ကုသိုလ်ဆက်

          ကုသိုလ်ဆက်

          အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

          အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

          အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

          အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

          ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

          ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

          စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

          စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

          တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

          တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

          မြင်းရိုင်းစီးခြင်း

          မြင်းရိုင်းစီးခြင်း

          Trending Tags

            • All
            • Entertainment
            • Event
            • Travel
            • Food
            • Trend
            • Culture
            • Health
            • Coronavirus Update
            • Automobile
            • အားကစား
          • Cartoon
          • Photo Essay
          • Women & Gender
          • Labor Rights
          • Election
          • Organized Crime Guide
          • Donate
          No Result
          View All Result
          
          No Result
          View All Result
          Home ဆောင်းပါး

          ရုရှားနှင့် အမေရိကန် မဟာမိတ်အဖွဲ့တို့ အပြိုင်တိုက်နေရသည့် ISIS

          by လင်းသန့်
          30 November 2015
          in ဆောင်းပါး
          Reading Time: 1 min read
          A A
          ISIS , ရုရှ, ပြင်သစ်, အမေရိကန်

          ANNURTV

          5.1k
          VIEWS
          Share on FacebookShare on Twitter

          အရှေ့အလယ်ပိုင်း၊ မြောက်အမေရိက၊ ဥရောပနှင့် နိုင်ငံတကာ၏ လုံခြုံရေးကို ဆက်တိုက် အရှိန်မြှင့် ခြိမ်းခြောက် လာနေသည့် အစ္စလမ်မစ် နိုင်ငံတော် ISIS ဆိုသည့် အစွန်းရောက် စစ်သွေးကြွအဖွဲ့ကို ယခုအခါ နိုင်ငံတကာက အထူးအာရုံစိုက်နေကြပြီ ဖြစ်သည်။

          မိစ္ဆာ ဂျီဟဒ်ဝါဒီများအား ဘုံရန်သူအဖြစ် သဘောထားပြီး အမြစ်ပြတ်ချေမှုန်းရန်အတွက် ယခုနောက်ဆုံး အမေရိကန် အပါဝင် အနောက်အုပ်စုနှင့် ရုရှားတို့က ပူးပေါင်း တိုက်ခိုက်သွားကြရန် နိုဝင်ဘာ ၂၉ ရက်နေ့တွင် ခေါင်းဆောင်များက သဘောတူလိုက်ကြပြီ ဖြစ်သည်။

          RelatedPosts

          ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

          ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

          25 September 2023
          11.2k
          စီးပွားကူးသန်း ဒုဝန်ကြီး ဦးညွန့်အောင်  သို့မဟုတ် ခြံစည်းရိုးထင်းခွေသူ

          စီးပွားကူးသန်း ဒုဝန်ကြီး ဦးညွန့်အောင် သို့မဟုတ် ခြံစည်းရိုးထင်းခွေသူ

          24 September 2023
          4.8k
          ပင်ဒိုရာအိုး ပွင့်ပြီး ဟားပီးဇ်တို့ ပျံလာချိန်

          ပင်ဒိုရာအိုး ပွင့်ပြီး ဟားပီးဇ်တို့ ပျံလာချိန်

          24 September 2023
          822

          “ကျနော်တို့က အမေရိကန် ဦးဆောင်တဲ့ မဟာမိတ်တွေကို လေးစားတဲ့ အနေနဲ့ သူတို့နဲ့အတူ အဆင်သင့် တိုက်ပွဲ ဝင်ကြဖို့ပဲ ရှိတယ်လို့ မြင်တယ်” ဟု ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပြင်သစ်သမ္မတ ဖရန်စစ် ဟော်လန်နှင့် စနေနေ့ညက တွေ့ဆုံပြီးနောက် ထုတ်ဖော်ပြောဆိုလိုက်ကြောင်း ဗြိတိန် အခြေစိုက် Sunday Express သတင်းက ဖော်ပြသည်။

          ဆက်လက်ပြီး ပူတင်က “အချက်ပြချက် တခုကို ကျနော်တို့ဖန်တီးတာ ပိုကောင်းမယ်။ စည်းလုံး ညီညွတ်တဲ့ မဟာမိတ် အနေနဲ့လုပ်မှ ပိုပြီးလွယ်ကူပြီး အဆင်ပြေမယ်။ ဒါဆိုရင် ပိုပြီးတော့ ညှိနှိုင်းဆောင် ရွက်ရတာလည်း ပိုထိရောက် မယ်လို့ ကျနော်တို့က ယုံကြည်တယ်” ဟု ပြောသည်။

          “ဒီကိစ္စ အတွက် ကျနော်တို့ရဲ့ မိတ်ဖက်လက်တွဲသူတွေက အဆင်သင့် မဖြစ်ဘူးဆိုရင်တော့၊ ကျနော်တို့အနေနဲ့ ကိုယ့်မိတ်ဘက် လက်တွဲလုပ်ဆောင်မယ်သူတွေ လက်ခံနိုင်မယ့် တခြား မတူတဲ့ ပုံစံနည်းလမ်းသုံးပြီး လုပ်ဆောင် ဖို့အဆင်သင့်ပဲ။ ကျနော်တို့ဟာ အမေရိကန် ဦးဆောင်တဲ့ မဟာမိတ်အဖွဲ့နဲ့အတူ ပူးပေါင်း လုပ်ဆောင်ဖို့အဆင်သင့်ပဲ” ဟု သမ္မတ ဗလာဒီမာ ပူတင်က ပြောသည်။

          ISIS ဘယ်က စတင်သန္ဓေတည်ခဲ့သလဲ

          အီရတ်နှင့် ဆီးရီးယားနိုင်ငံတို့တွင် ကိုယ်ပိုင်နယ်မြေအဖြစ် သိမ်းပိုက်တပ်စွဲထားသည့် ISIS ဆိုသည့် ဝါဟာဘီ/ ဆာလာဖီ ဂျီဟဒ် ဝါဒီ အစွန်းရောက် စစ်သွေးကြွ အုပ်စုသည် အဓိကအားဖြင့် ဆွန်နီ အာရပ်များက ဦးဆောင်နေခြင်းဖြစ်ပြီး ISIS ကို ၁၉၉၉ ခုနှစ်က ဂျော်ဒန်လူမျိုး အဘူ မူဆပ် အယ်လ် ဇာကာဝီက ဦးဆောင်၍ စတင်ဖွဲ့စည်းခဲ့သည်ဟု အများက လက်ခံယုံကြည်နေကြသည်။

          နိုင်ငံတကာ ပညာရှင်များက ဝေဖန်သုံးသပ်ပြသည်မှာ ISIS စစ်သွေးကြွအဖွဲ့သည် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အဦ တိုက်ခိုက်ခံရသည့် ၉ /၁၁ ဖြစ်ခဲ့သည့် ၂၀၀၁ ခုနှစ် စက်တင်ဘာ နောက်ပိုင်း အီရတ်နှင့် အာဖဂန်နစ္စတန် နိုင်ငံတို့အား အမေရိကန်နှင့် မဟာမိတ်တို့၏ ထိုးစစ်များဖြစ်ပွားပြီး နောက်ပိုင်း ပိုမို ကျယ်ပြန့်လာသည်ဟု ဆိုကြသည်။

          IS စစ်သွေးကြွ အဖွဲ့သည် ၂၀၀၄ ခုနှစ်က ဘင်လာဒင် ဦးဆောင်သည့် နာမည်ဆိုးဖြင့် ကျော်ကြားသော အယ်လ်ကိုင်းဒါး အဖွဲ့နှင့် ပူးပေါင်းခဲ့သည်။ ၂၀၀၆ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့က ISIS (အီရတ်နိုင်ငံ) ၏ ကြေညာစာတမ်း စတင် ပေါ်ထွက်လာခဲ့သည်။

          ဗြိတိန်နိုင်ငံထက် ကြီးသည့် ပမာဏရှိသော အီရတ်နိုင်ငံ မူဆိုလ်မြို့နှင့် အနီးတဝိုက်ကို ယခုနှစ် ဇွန်လတွင် IS အဖွဲ့က ချဲ့ထွင် သိမ်းပိုက်အုပ်ချုပ်နေပြီး ၂၀၁၀ ခုနှစ်ကတည်းက အဘူ ဘာကာ အယ်လ် ဘဂ္ဂဒါဒီ ဆိုသူက ဦးဆောင်လျှက် ရှိသည်။

          ၂၀၁၁ ခုနှစ် မတ်လမှ စတင်ဖြစ်ပွားခဲ့သော ဆီးရီးယားပြည်တွင်းစစ် နောက်ဆက်တွဲအဖြစ် ဆွန်နီအများစု ရှိသည့် ဆီးရီးယားရှိ ISIS တိုက်ခိုက်ရေးသမားများက ဆီးရီးယား အာဆတ်အစိုးရ နှင့် အာဆတ်အစိုးရအား ဆန့်ကျင် ပုန်ကန်နေသူ ဆီးရီးယား သူပုန်များအား တိုက်ခိုက်ရင်း နယ်မြေများ ပိုမိုချဲ့ထွင် သိမ်းပိုက်လာနိုင်ခဲ့သည်။

          ဆီးရီးယားနိုင်ငံ ရက္ကာမြို့သည် ၎င်းတို့၏ အဓိက အခြေစိုက်ရာ မြို့ဖြစ်သည်။

          သို့သော် ISIS အဖွဲ့သည် ၂၀၁၄ ခုနှစ်ကတည်းက အယ်လ်ကိုင်းဒါးအဖွဲ့နှင့် ပြန်လည်ခွဲထွက်ခဲ့ပြီး အီရတ်၊ ဆီးရီးယားနိုင်ငံ များတွင် ကိုယ်ပိုင် ထိမ်းချုပ်နယ်မြေများ ရှိသည့်အပြင် လစ်ဗျား၊ အီဂျစ်၊ အယ်လ်ဂျီးရီးယား၊ ဆော်ဒီ အာရေဗျ၊ ယီမင်၊အာဖဂန်နစ္စတန် စသည့်နိုင်ငံများတွင်လည်း ၎င်းတို့၏ တိုက်ခိုက်ရေးသမားများက နယ်မြေသိမ်း၍ ကိုယ်ပိုင် နယ်မြေများအား ISIS ဌာနခွဲများအဖြစ် ကြေညာမှုများ ဆက်တိုက် လုပ်ဆောင်လျှက်ရှိသည်။

          ISIS အစွန်းရောက် စစ်သွေးကြွအဖွဲ့က ၂၀၁၄ ခုနှစ်တွင် ၎င်းတို့ ဖမ်းဆီးထားသည့် စစ်သားများ၊ အရပ်သားများ၊ သတင်းထောက်များ၊ နိုင်ငံတကာ အကူအညီပေးရေး သမားများအား ခေါင်းဖြတ် သတ်သည့် ဗီဒီယိုများ၊ ရက်စက်သည့် နည်းမျိုးစုံသုံး၍ သတ်ဖြတ်သည့် ဗီဒီယိုများကို ၎င်းတို့၏ လူမှုကွန်ရက်များ ကတဆင့် ဖြန့်ချိလာရာမှ နိုင်ငံတကာတွင် ပို၍ လူသိများလာခဲ့သည်။

          ယခုအခါ ၎င်းတို့၏ ကွန်ရက်သည် ဥရောပနှင့် တခြားနိုင်ငံများသို့ပါ ဖြန့်ကျက်လာနိုင်ခဲ့ပြီး မကြာသေးခင်က ပြင်သစ်နိုင်ငံ ပါရီမြို့တွင် တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့သည်။ နောက်ဆက်တွဲအဖြစ် ဘယ်လ်ဂျီယမ်နိုင်ငံသည် ၎င်းတို့၏ အဓိက ခြေကုပ်ယူရာ နေရာတခုဟု ဥရောပ လုံခြုံရေး အရာရှိများက ထုတ်ဖော်ပြောဆိုလာနေကြပြီး ၎င်းတို့၏ အမာခံများ၊ဆက်နွှယ်သူများအား စီးနင်းဖမ်းဆီးမှုများ လုပ်ဆောင်နေသည်။

          ကမ္ဘာ့ မွတ်စလင် ခေါင်းဆောင်များကလည်း ကုလသမဂ္ဂ၊ နေတိုး စစ်မဟာမိတ်အုပ်စုနှင့် နိုင်ငံတကာ အစိုးရ အဖွဲ့များနည်းတူ ISIS တို့၏ လုပ်ရပ်များအပေါ် ကန့်ကွက် ရှုံ့ချနေသည်။

          ISIS သည် အထူးသဖြင့် အစ္စလမ်နိုင်ငံများရှိ ဆွန်နီ သူဌေးကြီးများ၏ ပံ့ပိုးထောက်ပံ့မှု အကြီးအကျယ် ရရှိနေကြသည်ဟု ထောက်လှမ်းရေး သတင်းများက ဆိုသည်။ ထို့အပြင် ဆော်ဒီအာရေဗျ၊ ကာတာ အစရှိသည့် မွတ်စလင် အာဏာရှင် နိုင်ငံများက ရှီယိုက်အများစု ရှိသည့် အီရန်အား သြဇာလွှမ်းမိုးနိုင်ရေး ၎င်းတို့အား ငွေ၊ လက်နက်နှင့် နည်းပညာများ ထောက်ပံ့နေသည်ဟု ယုံကြည်နေကြသည်။

          ISIS တို့သည် ၎င်းတို့ထိမ်းချုပ်ရာ နေရာများမှတဆင့် ရေနံ၊ ရွှေ၊ လူမှောင်ခို၊ လူသား ကိုယ်ခန္ဓာအစိတ်အပိုင်း ဈေးကွက် နှင့် တခြား စီးပွားရေး လုပ်ငန်းများမှလည်း တနေ့လျှင် အမေရိကန် ဒေါ်လာ ၃ သန်းကျော် ရံပုံငွေများ ရရှိနေသည်ဟုလည်း ထောက်လှမ်းရေး သတင်းများနှင့် ကျွမ်းကျင်သူများက ဆိုသည်။

          ISIS တို့ ကိုင်ဆောင်အသုံးပြုနေသည့် လက်နက်ခဲယမ်းများမှာ အမေရိကန်၊ ရုရှား၊ တရုတ် နိုင်ငံလုပ် စစ်လက်နက် ပစ္စည်းများဖြစ်သည်။ အဆိုပါ စစ်လက်နက်ပစ္စည်းများကို လက်နက်မှောင်ခိုဈေးကွက်နှင့် တချို့ မွတ်စလင် နိုင်ငံ အစိုးရများက တရားမဝင် လွှဲပြောင်းရောင်းချခြင်း ဖြစ်မည်ဟု လေ့လာသူများက ဆိုသည်။

          ISIS တိုက်ခိုက်ရေးသမား ၉၅ ရာခိုင်နှုန်းသည် ဥရောပနိုင်ငံများနှင့် နိုင်ငံတကာရှိ မွတ်စလင် ဗလီဝတ်ကျောင်းများတွင် တချို့  တရားဟောဆရာများ၊ အစွန်းရောက် ဂျီဟဒ် ဝါဒီများ၊ သူငယ်ချင်း မိတ်ဆွေများ၊ မိသားစုဝင်များက တဆင့် လူသစ်စုဆောင်းထားခြင်း ဖြစ်သည်ဟု ဗြိတိန်နိုင်ငံ အောက်စ်ဖို့ တက္ကသိုလ်မှ အကြမ်းဖက်ဝါဒဆိုင်ရာ ကျွမ်းကျင်သူ စကောက် အန်ထရန် (Scott Atran) က ပြောဆိုသည်။

          အီရတ်၊ ဆီးရီးယားအပါအဝင် နိုင်ငံတကာတွင် ရှိနေသည့် ISIS တိုက်ခိုက်ရေးသမား အနည်းဆုံး ၉ ထောင်မှ ၁၈၀၀၀ ခန့်အထိ ရှိနိုင်ကြောင်း အမေရိကန် CIAက ယမန်နှစ်က ခန့်မှန်းထားသော်လည်း ၎င်းတို့အဖွဲ့ ကိုယ်တိုင်က ၂၀၁၄ ခုနှစ် သြဂုတ်လ ကြေညာချက်တွင် နိုင်ငံတာတွင် စုစုပေါင်း တိုက်ခိုက်ရေးသမား ၂ သိန်းကျော် ရှိကြောင်း၊ ဆီးရီးယား တနိုင်ငံတည်းရှိ တိုက်ခိုက်ရေးသမားမှာ ၅ သောင်းကျော် ရှိနိုင်သည်ဟု နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့က ခန့်မှန်းထားသည်။

          ရုရှားတို့ကမူ လူမျိုးပေါင်းစုံ ISIS တိုက်ခိုက်ရေးသမား အနည်းဆုံး ၇ သောင်း ရှိမည်ဟု ခန့်မှန်းခဲ့သည်။ အီရတ် တနိုင်ငံတည်းရှိ လူဦးရေ စုစုပေါင်း ၄ သန်းမှ ၄ သန်းခွဲခန့်ကို အီရတ်အခြေစိုက် ISIS အဖွဲ့က အုပ်ချုပ်ထားပြီး အဆိုပါ ပမာဏသည် ဆီးရီးယားရှိ ၎င်းတို့အုပ်ချုပ်ထားသည့် လူဦးရေထက် ၂ ဆ ရှိသည်။

          ISIS ထိမ်းချုပ်ရာ ဒေသရှိ အမျိုးသမီးများသည် မျက်နှာအုပ်ခြင်း၊ အဖော်နှင့်သာ အပြင်ထွက်ရခြင်း၊ တိုက်ခိုက်ရေးသမား အမျိုးသားများ၏ လိင်အလုပ်အကြွေးပြုရခြင်း၊ လူမဆန်စွာ ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခံရခြင်း၊ အရွယ်မရောက်သေးသူ သားသမီးများအား စစ်သွေးကြွ အကြမ်းဖက်သမားအဖြစ် သိမ်းသွင်းခေါ်ဆောင်ခံရခြင်း စသည်များ ရင်ဆိုင်နေရသည်။

          အမေရိကန် မဟာမိတ်များနှင့် ISIS

          အမေရိကန် ဦးဆောင်သည့် မဟာမိတ်နိုင်ငံများ အဖွဲ့သည် ၂၀၁၄ ခုနှစ် ဇွန်လကတည်းက ISIS အဖွဲ့၏ စစ်ရေး၊ဘဏ္ဍာရေး အထောက်အပံ့များအား ဖြတ်တောက်တိုက်ခိုက်သည့် ကာ့ဒ်တိုက်ခိုက်ရေးသမားများ၊ ဆီးရီးယား သူပုန်များအား လက်နက်နှင့် နည်းပညာ ငွေကြေး ထောက်ပံ့မှုများ လုပ်ဆောင်ခြင်းနှင့် လေကြောင်းမှ လူမဲ့ ဒရုန်း တိုက်ခိုက်ရေး လေယာဉ်များနှင့် တိုက်ခိုက်မှု၊ လူမောင်း တိုက်လေယာဉ်များနှင့် လေကြောင်းတိုက်ခိုက်မှုများကို လုပ်ဆောင်လာခဲ့သည်။

          ISIS အဖွဲ့က ၎င်းတို့ဖမ်းဆီးထားသော အမေရိကန် နိုင်ငံသား တချို့အား ခေါင်းဖြတ်သတ်ဖြတ်သည့် ရုပ်သံမြင်ကွင်းများက အမေရိကန်၏ အကြမ်းဖက်ဝါဒ ဆန့်ကျင်ရေး စစ်ပွဲအပေါ် ပို၍လောင်စာဆီ ဖြည့်တင်းသကဲ့သို့ဖြစ်လာသည်။

          သို့သော် နိုင်ငံတကာရှိ သုံးသပ်သူများကမူ အီရတ်နှင့် အာဖဂန်နိုင်ငံတို့အရေးဖြင့် စစ်ပန်းနေသည့် အမေရိကန်သည် အကြမ်းဖက်သမားများအား စစ်ရေးအရ အရေးယူမှုကို အကန့်အသတ်များကြားက ဆောင်ရွက်နေသည့် အတွက် အကြမ်းဖက် တိုက်ခိုက်မှုများနှင့် အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်မှုများ ပို၍ခပ်စိပ်စိပ် ဖြစ်လာနေသည်ဟု ထောက်ပြကြသည်။

          ရုရှားနှင့် ISIS

          ပြီးခဲ့သည့် စက်တင်ဘာ လကုန်ပိုင်းက အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တွင် ရုရှား၊ အီရတ်၊ အီရန်၊ ဆီးရီးယား ၄ နိုင်ငံ ပူးပေါင်းပြီး ISIS အဖွဲ့အား တိုက်ခိုက်ရန်နှင့် ဆီးရီးယား သမ္မတ အာဆတ် အစိုးရအား ကျားကန်ပေးရန်တို့အတွက် အရှေ့အလယ်ပိုင်း ဒေသတွင်း ဖြစ်ပျက်နေသည်များအား သုံးသပ်ရန် ပူးတွဲသတင်းစင်တာတခုကို စတင် ဖွဲ့စည်းခဲ့သည်။

          စက်တင်ဘာ ၃၀ ရက်နေ့တွင် ရုရှားက ဆီးရီးယားရှိ ISIS အခြေစိုက် စခန်းတချို့အား လေကြောင်းတိုက်ခိုက်မှုများ ကနဦးပြုလုပ်ခြင်းဖြင့် ဆီးရီးယား ပြည်တွင်းစစ်တွင် ပါဝင်လာသည်။

          နိုဝင်ဘာလ ၄ ရက်နေ့က ခရီးသည် ၂၁၇ ဦး နှင့် လေယာဉ်အမှုထမ်းများ စုစုပေါင်း လူပေါင်း ၂၂၄ ဦး သေဆုံးခဲ့ရသည့် ရုရှား ခရီးသည်တင် လေယာဉ် ပျက်ကျမှုသည် ရုရှား၏ ဒေါသကို ISIS က တိုက်ရိုက် စိန်ခေါ်၍ စစ်ပွဲကို ဖိတ်ခေါ် လိုက်ခြင်းဖြစ်သည်။

          လေယာဉ်ပျက်ကျမှုကို ရုရှား ကျွမ်းကျင်သူများက မှတ်တမ်းစက်မှတဆင့် စုံစမ်းစစ်ဆေးရာတွင် ဖောက်ခွဲခဲ့ရသည်ဟု လက်ခံယုံကြည်ကြသည်။ တဆက်တည်းတွင် အဆိုပါ လေယာဉ်အား မိမိတို့က ဖောက်ခွဲဖျက်ဆီး ပစ်ခဲ့သည်ဟု ISIS လည်း ကြေညာခဲ့သည်။

          အဆိုပါကိစ္စ၏ နောက်ဆက်တွဲတွင် ရုရှားက ISIS တို့ အဓိက တပ်စွဲထားသည့် ဆီးရီးယားနိုင်ငံ ရက္ကာမြို့  ပစ်မှတ်များအား လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့် တိုက်ခိုက်လာခဲ့သည်။ ရုရှား၏ တိုက်ခိုက်များသည် ယခင်က အမေရိကန်၏ ISIS အကြမ်းဖက်သမားများ၏ ပစ်မှတ်များအား တိုက်ခိုက်မှုထက် ပိုမိုထိရောက် ပြင်းထန်မှုများကြောင့် ISIS တို့ အထိနာနေသည်။

          ရုရှား၊ ပြင်သစ်နှင့် ISIS

          ပြင်သစ်နိုင်ငံသည် အီရတ်နိုင်ငံရှိ ISIS အစွန်းရောက် စစ်သွေးကြွများအား တိုက်ခိုက်ချေမှုန်းနေသည့် အီရတ်အစိုးရအား စစ်ရေး အကူအညီပေးရေး ကိစ္စများကို ၂၀၁၄ ခုနှစ် စက်တင်ဘာလ ကတည်းက စတင်လုပ်ဆောင်နေခဲ့သည်။

          ယခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့က ပါရီမြို့တွင် လူ ၁၂ ဦး သေဆုံးခဲ့ရသည့် ချားလီ ဟက်ဘ်ဒို စာစောင် အကြမ်းဖက် တိုက်ခိုက်ခံရပြီးနောက် ပြင်သစ်က အကြမ်းဖက်သမားများအား တိုက်ဖျက်ရေး မဟာမိတ်များနှင့် ယခင်ကထက် ပို၍ အားကူဖြည့်ပေးခဲ့သည်။

          ယခု နိုဝင်ဘာ ၁၃ ရက်နေ့က ပါရီ မြို့ နေရာ ၆ နေရာတွင် လူပေါင်း ၁၃၀ ကျော် သေဆုံးခဲ့ရသည့် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက်ပိုင်းတွင် ပြင်သစ်နိုင်ငံက အီရတ်နှင့် ဆီးရီးယား နိုင်ငံတို့ရှိ ISIS ပစ်မှတ် လေကြောင်း တိုက်ခိုက်မှုများကို ရုရှားနှင့် ပူးပေါင်း၍ တိုက်ခိုက်နေသည်။
          အဆိုပါ ဖြစ်ရပ်သည် ဂျီဟဒ်ဝါဒီ ဂျွန်အား အမေရိကန် လေကြောင်းက တိုက်ခိုက် သတ်ဖြတ်လိုက်ပြီဟူသည့် ခိုင်မာသည့် သတင်းထုတ်ပြန်ပြီး နောက်တရက်တွင် ဖြစ်ပေါ်သည့်အတွက် လက်တုံ့ပြန် တိုက်ခိုက်မှုဟုလည်း သုံးသပ်ကြသည်။

          အီရတ်နှင့် ဆီးရီးယားရှိ ISIS ပစ်မှတ်များအား ရုရှားနှင့် ပြင်သစ်တို့က တိုက်လေယာဉ်များ၊ ဗုံးကြဲ လေယာဉ်များ၊ မဟာဗျူဟာမြောက် လေယာဉ်တင်သင်္ဘောများ၊ တာဝေးပစ် မစ်ဆိုင်းဒုံးကျည်များသုံးက တိုက်ခိုက် နေသည်။

          ထိုသို့ တိုက်ခိုက်နေစဉ် နိုဝင်ဘာလ ၂၄ ရက်နေ့က ရုရှား တိုက်လေယာဉ် တစီးအား နေတိုး စစ်မဟာမိတ် အဖွဲ့ဝင်တခုဖြစ်သည့် တူရကီက ၎င်းတို့၏ လေပိုင်နက်ကို ကျူးကျော်လာသည်ဟု ဆိုကာ သတိပေးခဲ့ပြီး နောက်ဆုံး ပစ်ချခဲ့သည့်ကိစ္စ ဖြစ်ပေါ်လာခဲ့သည်။

          ရုရှား၊ တူရကီ၊ နေတိုး စစ်အုပ်စုနဲ့ ISIS
          တူရကီဘက်က ဆီးရီးယားရှိ ISIS ပစ်မှတ်များအား တိုက်ခိုက်နေသည့် ရုရှား တိုက်လေယာဉ်အား ၎င်းတို့၏ လေကြောင်း ပိုင်နက်ကို ကျူးကျော်လာ၍ သတိပေးမှု ၁၀ ကြိမ် ထက်မနည်း ပြုလုပ်ခဲ့ကြောင်း၊ အကြောင်းပြန် ကြားမှုမရှိ၍သာ ပစ်ချခဲ့ရကြောင်း ပြောဆိုနေချိန်တွင် ရုရှားဘက်က ၎င်းတို့ တိုက်လေယာဉ်သည် တူရကီ လေကြောင်းအား ခြိမ်းခြောက်မှု မရှိခဲ့ကြောင်း သက်သေ အခိုင်အမာ ရှိသည်ဟု ဆိုသည်။

          ယခုနောက်ဆုံး သတင်းများအရ ပစ်ချခံရသည့် ရုရှားတိုက်လေယာဉ်မှ လေသူရဲ ၂ ဦး အနက် တဦးမှာ မြေပြင်မှ လက်နက်ကိုင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရပြီး အသက်ရှင် ကျန်ရစ်သည့် လေသူရဲတဦးက ၎င်းအနေဖြင့် မည်သည့် သတိပေးမှုကိုမျှ မရရှိခဲ့ဟု အခိုင်အမာ ပြောဆိုနေသည်။

          တူရကီ နိုင်ငံ ထိပ်တန်း အစိုးရအရာရှိများသည်လည်း ISIS အဖွဲ့၏ ရေနံကုန်သွယ်မှု စီးပွားရေး လုပ်ငန်းများတွင် ငွေကြေးဆိုင်ရာ ထည့်ဝင်ထားမှုများ ရှိနေ၍ ရုရှားက ISIS အဖွဲ့များအား ပြင်းထန်သည့် စစ်ရေးထိုးနှက်ချက်ကို တူရကီတို့ မလိုလားသောကြောင့် ယခုကဲ့သို့ ၎င်းတို့ လေယာဉ်အား ပစ်ချကာ ISIS အား အကာအကွယ်ပေးခြင်း ဖြစ်သည်ဟု ရုရှားဝန်ကြီးချုပ် Dmitry Medvedev က စွပ်စွဲ ပြောကြားလိုက်သည်။

          ရုရှား တိုက်လေယာဉ်အား တူရကီက ပစ်ချခဲ့သည့် ဖြစ်ရပ်ကြောင့် ယခုအခါ ရုရှားနှင့် နေတိုး စစ်မဟာမိတ်အုပ်စု အကြားထိပါ ဆက်ဆံရေး အေးစက်လာပြီး တင်းမာမှုအဆင့် တိုးမြင့်လာနေသည်။

          အမေရိကန် သမ္မတ ဘားရက် အိုဘားမားက နေတိုး စစ်မဟာမိတ်အဖွဲ့ဝင် တခုဖြစ်သည့် တူရကီ အနေဖြင့် ၎င်း၏ လေပိုင်နက်အား ကာကွယ်ခွင့် ရှိသည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။ သို့သော် အဆိုပါ ကိစ္စအား ရုရှားနှင့် တူရကီ၊ ရုရှားနှင့် နေတိုး အုပ်စုကြား တင်းမာမှုများ မဖြစ်သင့်ကြောင်းလည်း သူက သတိပေးထားသည်။

          အမေရိကန် သမ္မတ ဘားရက် အိုဘားမားက ပြင်သစ်သမ္မတ ဖရန်စစ် ဟော်လန်နှင့် တွေ့ဆုံအပြီး ပြင်သစ်နှင့် အမေရိကန် ပူးပေါင်း၍ ISIS တို့အား အမြစ်ပြတ်ချေမှုန်းရေး သဘောတူခဲ့ကြကာ လေကြောင်းတိုက်ခိုက်မှုအကြိမ် ထောင်နှင့်ချီ၍ လုပ်ဆောင်သွားဖွယ်ရှိသည်။
          ပြင်သစ် သမ္မတ ဖရန်စစ် ဟော်လန်ကလည်း ISIS နှင့် ဆင်နွှဲနေသည့် စစ်ပွဲများတွင် ဂျာမနီနိုင်ငံအား ပိုမိုပါဝင်ရေး တိုက်တွန်းပြောကြားထားသည်။

          ရုရှားနှင့် အမေရိကန်တို့၏ ISIS အရေး အမြင်ကွဲပြားပုံ

          အမေရိကန်၏ အရှေ့အလယ်ပိုင်းဒေသတွင်း ဆောင်ရွက် လုပ်ကိုင်ပုံများသည် ဒေသတွင်း အမေရိကန်၏ သြဇာကို ထူထောင်ခြင်းဖြစ်ပြီး ဆီးရီးယား သမ္မတ အာဆတ်အား အာဏာမှ ဖယ်ရှားရေးကို လုပ်ဆောင်နေမှုသည် ISIS တို့အား အားပေး ကူညီရာရောက်ခဲ့သည်ဟု ရုရှား ဝန်ကြီးချုပ် Dmitry Medvedev က ပြောဆိုသည်။

          အဆိုပါ ပြောဆိုမှုကို အိုဘားမား အစိုးရအဖွဲ့က ပယ်ချလိုက်သည်။

          ရုရှားက ISIS အဖွဲ့အား တိုက်ခိုက်ချေမှုန်းရေး စစ်ရေးလှုပ်ရှားမှုများသည် လူ့အခွင့်အရေး ချိုးဖောက်မှုများအား ရင့်သီးစွာ ကျူးလွန်နေသည့် သမ္မတ အာဆတ်အစိုးရအား ကျားကန်ပေးရေး အဓိကထားခြင်းဖြစ်ပြီး အာဆတ်အစိုးရအား ပုန်ကန်နေသည့် အလယ်အလတ် မွတ်စလင် ဆီးရီးယားသူပုန်များကိုပါ တိုက်ခိုက်နေခြင်းဟု အမေရိကန်က တန်ပြန် ပြောဆိုသည်။

          အကြမ်းဖက် ဝါဒအပေါ် ဆင်နွှဲသည့် စစ်ပွဲတွင် ကုလသမဂ္ဂကဲ့သို့သော နိုင်ငံတကာ အဖွဲ့အစည်းများ ဦးဆောင် ညှိနှိုင်းဆောင်ရွက်သည့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက် တိုက်ခိုက်မှုကသာလျှင် အောင်မြင်နိုင်သည်ဟုလည်း ရုရှား ဝန်ကြီးချုပ်က ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် ကွာလာလမ်ပူတွင် တွေ့ဆုံအပြီး ပြောဆိုခဲ့သေးသည်။

          မစ္စတာ ဘန်ကီမွန်းက အကြမ်းဖက်ဝါဒ ဆန့်ကျင့်ရေး စစ်ပွဲတိုက်ခိုက်ရာတွင် အမေရိကန်နှင့် ရုရှားအား လက်တွဲ ပူးပေါင်း တိုက်ခိုက်ရန် တိုက်တွန်းခဲ့သည်။

          အီရတ်နှင့် ဆီးရီးယားရှိ IS အကြမ်းဖက်သမားများအား ဆင်နွှဲနေသည့် စစ်ပွဲတွင် အမေရိကန်နှင့် ၎င်းတို့၏ မဟာ မိတ်များ အနေဖြင့် ရုရှား၏ ပူးပေါင်းဆောင်ရွက်မှု မပါဘဲနှင့် ဆက်လက် ဖိအားပေး တိုက်ခိုက်သွားမည်ဟုလည်း အိုဘားမားက ကွာလာလမ်ပူတွင် ပြောဆိုခဲ့သေးသည်။

          မည်သို့ပင် ဆိုစေ ISIS ဂျီဟဒ် အစွန်းရောက် စစ်သွေးကြွအဖွဲ့၏ နိဂုံးသည် အမေရိကန်နှင့် ၎င်းတို့၏ မဟာမိတ်များ၏ လက်တွင် ဖြစ်မည်လော၊ ရုရှားနှင့် ၎င်း၏ မဟာမိတ်များလက်တွင် ဖြစ်မည်လောဆိုသည်မှာ မသေချာသေးပေ။

          သို့သော် ဝမ်းနည်းဖွယ်ကောင်းသည်မှာ ယခု ရုရှား၊ ပြင်သစ်နှင့် အမေရိကန် မဟာမိတ်တို့ အီရတ်နှင့် ဆီးရီးယား နိုင်ငံတို့ရှိ ISIS ပစ်မှတ်များအား လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ ကလေးငယ်များ၊ အရပ်သားများ သေဆုံးမှု မြင့်တက်လာနေသည်။ ISIS တို့သည် ကလေးများ၊ မိန်းမများနှင့် အရပ်သား ပြည်သူများအား ၎င်းတို့၏ အကာအကွယ် အတွက် လူသားဒိုင်း လုပ်ဆောင်ထားမှုကို လူ့အခွင့်အရေး အဖွဲ့များက ပြစ်တင်ဝေဖန်နေကြသည်။

          အမေရိကန်ပြည်ထောင်စု၊ ဥရောပ နိုင်ငံများနှင့် အနောက်နိုင်ငံများတွင် ယခုလာမည့် ခရစ်စမတ် ပွဲတော်များကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြမည့် အစီအစဉ် အတော်များများသည် ISIS အကြမ်းဖက် ခြိမ်းခြောက်မှုများကြောင့် အသီးသီး ပယ်ဖျက်နေကြရသည်။

          နိုဝင်ဘာလ ၂၁ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ကန့်ကွက်သူမရှိ တခဲနက်ထောက်ခံသည့် ဆုံးဖြတ်တွင် နိုင်ငံတကာ လုံခြုံရေးအား အဆက်မပြတ် ခြိမ်းခြောက်လာနေသည့် အကြမ်းဖက်သမားများအား ချေမှုန်းတိိုုက်ခိုက်သည့် စစ်ပွဲများတွင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအားလုံးအနေဖြင့် မိမိတို့ တတ်နိုင်သည့်ဘက်က ဝင်ရောက်ပူးပေါင်း ပါဝင် တိုက်ခိုက်ရန် တောင်းဆိုထားသည်။

          ယခုအခါ ISIS အပါအဝင် အစွန်းရောက် အကြမ်းဖက် စစ်သွေးကြွများအား အမြတ်ပြတ် ချေမှုန်းရေး စစ်ပွဲများအတွက် ကမ္ဘာ့အင်အားကြီး နိုင်ငံများက အားဖြည့်ပူးပေါင်းပါဝင်မှုများ ရှိလာကြပြီး အမည်မသိ ဟက်ကာများအဖွဲ့ကလည်း နည်းပညာ စစ်ပွဲဖြင့် ပူးပေါင်း ပါဝင်လျှက်ရှိသည်။

          ပညာရှင်အများစု၏ သုံးသပ်ချက်အရ အကြမ်းဖက် စစ်သွေးကြွများအား ကမ္ဘာမြေပေါ်မှ လုံးဝ နိဂုံးချုပ်သွားရန်မှာ စစ်ရေးနည်းလမ်း တခုတည်းဖြင့် မဖြစ်နိုင်ကြောင်း၊ အချိန်တို တခုအတွင်းလည်း အောင်မြင်စွာ အဆုံးသတ်နိုင်မည် မဟုတ်ကြောင်း ခန့်မှန်းထားပြီး တချို့ကလည်း ယခုစစ်ပွဲများသည် ကာလရှည်ကြာနိုင်ပြီး ယဉ်ကျေးမှု စစ်ပွဲဟုပင် ကင်ပွန်းတပ်သူများလည်း ရှိနေသည်။

          Your Thoughts …
          Tags: International
          လင်းသန့်

          လင်းသန့်

          Contributor

          Similar Picks:

          No Content Available
          Next Post

          ရုရှားလေယာဉ်မှူး ရုပ်အလောင်း တူရကီ လွှဲပေးမယ်

          ဦးကိုကိုကြီး, နိုင်ငံရေး, NLD

          အားလုံး အာရုံစိုက်ရမယ့်ကိစ္စက ရွေးကောက်ပွဲရလဒ်ကို အောင်အောင်မြင်မြင်နဲ့ အာဏာလွှဲပြောင်းနိုင်ဖို့

          No Result
          View All Result

          Recommended

          စီးပွားကူးသန်း ဒုဝန်ကြီးနှင့် Moon Sun Energy ပိုင်ရှင်တို့ကို စစ်ဆေးနေ

          စီးပွားကူးသန်း ဒုဝန်ကြီးနှင့် Moon Sun Energy ပိုင်ရှင်တို့ကို စစ်ဆေးနေ

          6 days ago
          12.9k
          မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း

          မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း

          5 days ago
          9k

          Most Read

          • ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

            ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

            shares
            Share 0 Tweet 0
          • စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

            shares
            Share 0 Tweet 0
          • ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

            shares
            Share 0 Tweet 0
          • ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မဟာမိတ်တပ်အချင်းချင်းကြား တိုက်ပွဲဖြစ်

            shares
            Share 0 Tweet 0
          • မြင်းမူ၌ ပြည်သူ ၃ ဦးနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၂ ဦး သတ်ဖြတ်ခံရ

            shares
            Share 0 Tweet 0

          Newsletter

          Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

          Subscribe here for daily updates.

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved