Health

အသက်ကြီးပေမယ့် စွမ်းဆောင်ရည် မပျက်စီးစေဖို့

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

လူတွေ အသက်အရွယ်ရလာတာနဲ့အမျှ ကိုယ်ခန္ဓာကလည်း ပြောင်းလဲလာပါတယ်။ အဲဒီကနေ လိင်ကိစ္စ အပေါ် သက်ရောက်မှုတွေ ရှိလာပါတယ်။ အများစု လက်ခံထားကြတာကတော့ လူတွေဟာ အသက်အရွယ် ရလာရင် လိင်မှုကိစ္စလိုမျိုးနဲ့ ပတ်သက်မှု နည်းပါးသွားကြတယ်ဆိုတာပါပဲ။ ဒါပေမယ့် အဲဒီလိုလည်း အပြည့် အဝယူဆလို့ မရနိုင်ပါဘူး။ အမျိုးသားတွေဆိုရင် ဖွဲတဆုပ်ကို နိုင်သေးရင် လိင်ဆက်ဆံနိုင်သေးတယ်လို့လည်း တချို့က ပြော တတ်ကြပါတယ်။

ဒါကလည်း ယုံတမ်းစကားလိုမျိုးသာ ဖြစ်ပါတယ်။ ထင်ရှားတဲ့ လိင်မှုရေးရာ ကုထုံးပညာရှင်တဦးဖြစ်တဲ့ ဒေါက်တာ Marty Klein ကတော့ လူတွေအနေနဲ့ သူတို့ရဲ့ အသက်အရွယ်နဲ့ လိုက်လျောညီ ထွေရှိမယ့် ဘယ်လို အလေ့အထတွေကို ကျင့်သုံးသင့်တဲ့အကြောင်း Daily Mail မှာပြောခဲ့ဖူးပါတယ်။ အဓိကကတော့ ပြောင်းလဲလာတဲ့ အနေအထားနဲ့အညီ လိင်မှုဆိုင်ရာ အသိဉာဏ်ပညာ ရှိရမယ်လို့ သူကဆိုပါတယ်။

ဘယ်အသက်အရွယ်မှာမဆို စိတ်ခံစားမှုဆိုင် ရာအကြောင်းတွေက လိင်မှုဘဝအပေါ်မှာ သက်ရောက်မှု ရှိနိုင်ပါတယ်။ တချို့ သက်ကြီးစုံတွဲတွေက အသက်အရွယ်ရလာမှ ပိုပြီးစိတ်ကျေနပ်စရာ ကောင်းတဲ့ လိင်မှုဘဝကို ရရှိတယ်လို့ ပြောကြပါတယ်။

တဖက်မှာကြည့်ပြန်ရင်လည်း အသက်အရွယ်ကြောင့်ရှိလာတဲ့ ကျန်းမာရေးပြဿနာတွေ၊ ငွေကြေးကိစ္စတွေနဲ့ တခြားသော လူနေမှုပုံစံ အပြောင်းအလဲတွေကြောင့် စိတ်ဖိစီးမှုကို ခံစားရနိုင်ပါတယ်။ စိတ်ဖိစီးမှုက ရမ္မက်ဆန္ဒတွေနဲ့ လိင်ကိစ္စအပေါ် စိတ်ဝင်စားမှုကို လျော့ကျသွားစေပါတယ်။ တကယ်လို့ ကိုယ့်ကိုယ်ကိုယ် စိတ်ဖိစီးမှုရှိနေတယ်၊ စိတ်ကျနေတယ်လို့ ယူဆရင် ဆရာဝန်သို့ မဟုတ် စိတ်ပညာရှင်နဲ့ တွေ့ဆုံဆွေးနွေးရမှာ ဖြစ်ပါတယ်။

အသက်ကြီးလာပြီဆိုရင် လိင်ကိစ္စဟာ ငယ်ရွယ်စဉ်တုန်းကလိုတော့ မဟုတ်နိုင်တော့ပါဘူး။ ဒါပေမယ့် လိင်မှုကိစ္စနဲ့ ချစ်သူချင်း၊ အိမ်ထောင်ဖက်ချင်း ရင်းနှီးကျွမ်းဝင်မှုကတော့ ဘဝရဲ့အကောင်းဆုံးအစိတ် အပိုင်းတခုအဖြစ် ဆက်ပြီး ရှိနေနိုင်ပါသေးတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ ပျော်ရွှင်စရာ လိင်မှုဘဝကို ဆက်လက်ထိန်းသိမ်းထားနိုင်မယ့် အချက်တချို့ကို ဖော်ပြလိုက်ပါတယ်။

မိမိရဲ့ အဖော်(ချစ်သူ သို့မဟုတ် အိမ်ထောင်ဖက်)  နဲ့ စကားပြောပါ။ လိင်ကိစ္စအကြောင်းပြောဖို့ ခက်ခဲနေမယ် ဆိုရင် တောင် ကိုယ့်ရဲ့ လိုအပ်ချက်တွေ၊ လိုအင်ဆန္ဒတွေနဲ့ စိုးရိမ်မှုတွေကို ပွင့်ပွင့်လင်းလင်း ပြောဆိုခြင်းက ပျော်စရာကောင်းတဲ့ လိင်မှုဘဝကိုရောပိုမိုပြီး ရင်းနှီးကျွမ်းဝင်မှုကိုပါ ရရှိစေပါတယ်။

ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။ ကိုယ့်မှာနာ တာရှည်ရောဂါမျိုးရှိနေရင် ဒါမှမဟုတ် လိင်ဆက်ဆံမှုအပေါ် သက်ရောက် နိုင်တဲ့ ဆေးဝါးကုသမှု ခံယူနေရရင် ဆရာဝန်နဲ့တိုင်ပင်တာ အကောင်းဆုံးပါ။ တကယ်လို့ အမျိုးသားတွေအနေနဲ့ လိင်အင်္ဂါ တောင့်တင်းမှုကို ထိန်းသိမ်းထားနိုင်ဖို့ အခက်အခဲ ရှိ  တယ်ဆိုရင်လည်း ဆရာဝန်ကို ဖွင့်ပြောပြီးဆေးဝါး ကုသမှုခံယူပါ။

လိင်ကိစ္စနဲ့ ပတ်သက်တဲ့ ကိုယ့်ရဲ့ဖွင့်ဆိုမှုကို တိုးချဲ့ပါ။ လိင်ဆက်ဆံခြင်းက လိင်မှုဘဝ သို့မဟုတ် အိမ်ထောင်သုခကို ဖြည့်ဆည်းပေးနိုင်တဲ့ တခုတည်းသောနည်းလမ်း ဆိုပေမယ့် အထိအတွေ့လိုမျိုး၊ အနမ်းလိုမျိုး အရာတွေကလည်း ရင်းနှီးကျွမ်းဝင်မှုကို ဖြစ်စေနိုင်ပါတယ်။ အသက်အရွယ်အရ မိမိနဲ့ မိမိအဖော်ကြားမှာ စွမ်းဆောင်နိုင်ရည်နဲ့ လိုအင် တွေကွာခြားမှု ရှိမယ်ဆိုရင်လည်း ဒါက ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်ပါတယ်။ အဲဒီလိုဖြစ်လာခဲ့ရင် ပွင့်ပွင့်လင်းလင်းနဲ့ နှစ်ဦးနှစ်ဖက် ပျော်ရွှင်မှု ၊ ရင်းနှီးမှုကို ရရှိစေနိုင်မယ့် နည်းလမ်းသစ်တွေကို ရှာဖွေရမှာဖြစ်ပါတယ်။

ရိုးရှင်းတဲ့ အပြောင်းအလဲလေးတွေကလည်း လိင်မှုဘဝကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ လိင်ဆက်ဆံဖို့ အတွက် မိမိမှာ စွမ်းအင်အပြည့်ဆုံး ရှိမယ့်အချိန်ကို ပြောင်းလိုက်ပါ။ ဥပမာ နံနက်ခင်း ဖြစ်ပါတယ်။ ညက ကောင်းကောင်း အိပ်ထားတဲ့အတွက် သင်က နံနက်ခင်းမှာ လန်းဆန်းတက်ကြွပြီး အင်အားပြည့်ဝ နေပါလိမ့်မယ်။ နေ့တနေ့ရဲ့အဆုံး ညဘက်လို အချိန်မျိုးဆိုရင် သင်ကိုယ်တိုင်ဖြစ်စေ သင့်ရဲ့အဖော်ကိုဖြစ်စေ စိတ်ဆန္ဒနိုးကြား တက်ကြွလာဖို့အတွက် အချိန်အများကြီးပေးရမှာ ဖြစ်ပါတယ်။ စိတ်လှုပ်ရှားစရာ၊ ရင်ခုန်စရာ ပုံစံအသစ်တွေ ရှာဖွေပြီး ပြောင်းလဲအသုံးပြုတာမျိုးလည်း ကြိုးစားကြည့်သင့်ပါတယ်။

ကျန်းမာတဲ့ လိင်မှုဘဝကို ဆက်လက်ထိန်းသိမ်း ထားနိုင်ဖို့အတွက် နောက်ဆုံး အကြံပြုလိုတာကတော့ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပြီး တတ်နိုင်သမျှ ကျန်းမာအောင်နေထိုင်ဖို့ပါပဲ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အာဟာရပြည့်ဝတဲ့ အစားအစာစားပါ။ တက်တက်ကြွကြွ နေထိုင်လှုပ်ရှားပါ။  အရက်အများကြီး မသောက်ပါနဲ့။ ဆေးလိပ်နဲ့ မူးယစ်ဆေးကို လုံးဝရှောင်ရှားပါ။ ဆရာဝန်နဲ့ မှန်မှန်တိုင်ပင်ဆွေးနွေးပါ။

Source : www.lifestyles.com

Did you find apk for android? You can find new Free Android Games and apps.
Loading