မကြာသေးမီက ထုတ်ပြန်လိုက်တဲ့ လေ့လာမှုတခုက လိင်ဆက်ဆံမှုကနေတဆင့် ကူးစက်တတ်တဲ့ရောဂါတခု အကြောင်း ကို ဖော်ပြခဲ့ပါတယ်။ အမည်က mycoplasma genitalium သို့ မဟုတ် MG လို့သိရပါတယ်။
MG ဆိုတာကို ၁၉၈၀ နှစ်တွေကထဲက ပညာရှင်တွေသိပြီး ဖြစ်ပေမယ့် International Journal of Epidemiology က အသစ် ထုတ်ဝေလိုက်တဲ့ စာတမ်းတခုမှာတော့ ဘက်တီးရီးယား ကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီဘက်တီးရီးယား တွေက ဆီးနဲ့ လိင်အင်္ဂါလမ်းကြောင်းတွေမှာ ရှိနေကြပြီးတော့ လိင်ဆက်ဆံမှုကနေ တဆင့် ပြန့့်ပွားနိုင်ပါတယ်။
ဒါကိုရှာဖွေနိုင်ဖို့ အတွက် University College London က သုတေသီတွေဟာ အသက် ၁၈ နှစ် ကနေ ၄၄ နှစ် အရွယ် ကြား အမျိုးသား၊ အမျိုးသမီး ၄၅၀၇ ဦးရဲ့ ဆီးနမူနာတွေကို စစ်ဆေးခဲ့ပါတယ်။ အဲဒီလူတွေဟာ လိင်ဆက်ဆံမှု ပြုဖူးသူ တွေ ဖြစ်ကြပါတယ်။ သူတို့ထဲက အမျိုးသမီး ၄၈ ဦးနဲ့ အမျိုးသား ၂၄ ဦးဟာ MG ရှိနေကြောင်း တွေ့ခဲ့ရပါတယ်။ ဒါပေ မယ့် သုတေသီတွေက တခါမှ လိင်မဆက်ဆံဖူးတဲ့ ဆယ်ကျော်သက် ၂၀၀ ရဲ့ ဆီး နမူနာတွေကို စစ်ဆေးတဲ့ အခါမှာတော့ ရော ဂါပိုး ကူးစက်မှု လုံး၀ မတွေ့ရပါဘူး။
MG က လိင်ဆက်ဆံ မှုကနေ တဆင့် ကူးစက်တတ်တဲ့ တခြား ရောဂါတွေလိုပဲ ရောဂါ လက္ခဏာ မပြဘဲရှိနေ တတ်တယ် လို့ Joan H. Tisch အမျိုးသမီး ကျန်းမာရေး စန်က တွဲဖက်ပါမောက္ခ ဒေါက်တာ Raquel Dardik က ပြောပါတယ်။ University College Londonရဲ့ လေ့လာမှု မှာလည်း အမျိုးသား ၉၄.၄ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၅၆.၂ ရာခိုင်နှုန်းတို့ဟာ ရောဂါ လက္ခဏာတွေ မပြခဲ့ပါဘူး။
ရောဂါ လက္ခဏာများ
ဒါပေမယ့် သိနိုင်တဲ့ အချက်တချို့တော့ ရှိပါတယ်။ အမျိုးသမီးတွေမှာ ဆိုရင် ဆီးသွာချိန်မှာ နာကျင်တာ၊ ကျိန်းစပ်တာတွေ နဲ့ လိင်ဆက်ဆံပြီးချိန်မှာ သွေးထွက်တာ မျိုးတွရှိတယ်လို့ ဒေါက်တာ Raquel Dardik ကပြောပါတယ်။ အမျိုးသားတွေမှာ ဆိုရင်လည်း ဆီးသွားရင် နာကျင်တာ သို့မဟုတ် လိင်အင်္ဂါက အရည်ထွက်တာမျိုး ဖြစ်တတ်ပါတယ်။
MG က သားအိမ်ဝရောင်ရမ်းခြင်းနဲ့ တင်ပါးဆုံတွင်းအင်္ဂါများရောင်ခြင်း (PID) ၂ခုလုံးနဲ့ ဆက်နွယ်နေပြီးတော့ chlamydia (ကလာမိုင်ဒီးယား) နဲ့ Gonorrhoea (ဂနိုးရီးယား) တို့လို STD တွေရဲ့ အခြေအနေမျိုး ဖြစ်တတ်ပါတယ်။ ဒေါက်တာ Raquel Dardik ကတော့ PID ဖြစ်တဲ့ အမျိုးသမီး ၁၀ရာခိုင်နှုန်းလောက်ဟာ MG ကြောင့်လို့ ဆိုနိုင်တယ်လို့ ပြောပါတယ်။
စမ်းသပ် စစ်ဆေးလို့ ရသလား
ရပါတယ်။ ဒီလိုမျိုးရော ဂါလက္ခဏာတွေ တွေရပြီဆိုရင် ဆရာဝန်နဲ့ တွေ့ဆုံပြီး စမ်းသပ်နိုင်ပါတယ်။ ဒါပေမယ့် MG ဟာ လိင်ဆက်ဆံမှုကနေ တဆင့်ကူးစက်နိုင်တယ်ဆိုတာ ဖော်ထုတ်နိုင်တာ သိပ်မကြာသေးတဲ့ အတွက် တခြား STD တွေလိုမျိုး (ဥပမာ chlamydia) အလွယ်တကူ စစ်ဆေးပြီးတော့ မသိနိုင်ဘူးလို့ ဒေါက်တာ Raquel Dardik က ရှင်းပြပါတယ်။
ဘာကြောင့်လဲဆိုတော့ ဒါကိုစစ်ဆေးပေးနိုင်တဲ့ ဓာတ်ခွဲခန်းက နည်းပါးနေသေးတဲ့ အတွက် ဆရာဝန်တွေ အနေနဲ့ အနီး ဆုံး သုတေသနဌာန သို့မဟုတ် တက္ကသိုလ်ကြီးတွေမှာ ရှိတဲ့ ဓာတ်ခွဲခန်းတွေ ဆီကို ပို့ပြီး စစ်ဆေးရမှာ ဖြစ်လို့ပါပဲ။ ရလဒ် အဖြေကို သိရဖို့က ကိုယ်နေတဲ့ နေရာနဲ့ ဓာတ်ခွဲခန်း အနီးအဝေး ပေါ်မှာလိုက်ပြီး စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။
ဒါပေမယ့် အသစ်ရှာဖွေတွေ့ရှိမှုကြောင့် ဓာတ်ခွဲခန်းတွေကလည်း ဒါကို စစ်ဆေးပေးနိုင်ဖို့ လျှင်လျှင်မြန်မြန်ကြိုးစားလုပ် လာကြမှာ ဖြစ်တယ်လို့ ဒေါက်တာ Raquel Dardik ကယုံကြည်ထားပါတယ်။
လက်ရှိ အချိန်မှာတော့ “တကယ်လို့ ရောဂါပိုးကူးစက်တဲ့ လက္ခဏာတွေ ရှိလို့ ဆေးစစ်ပေမယ့် အဖြေတွေ အားလုံးက ရော ဂါမရှိဘူးလို့ ပြနေမယ်ဆိုရင် MG ဖြစ်နိုင်တယ်ဆိုတာကို ထည့်သွင်းစဉ်းစားမိဖို့ အရေးကြီးပါတယ်။” လို့ သူက အကြံပြု လိုက်ပါတယ်။
ကုသနိုင်ပါသလား
ကုသနိုင်ပါတယ်။ ပဋိဇီဝဆေးတမျိုး ဖြစ်တဲ့ azithromycin က ထိထိရောက်ရောက်ကုသပေးနိုင်တယ်လို့ ဒေါက်တာ Raquel Dardik ကပြောပါတယ်။
ဘယ်လိုကာကွယ်မလဲ
“ကွန်ဒုံးသုံးပါ။ အခြေခံအချက်ကတော့ ဘက်တီးရီးယားကြောင့်ဖြစ်တာပါ။ ကွန်ဒုံးက ဘက်တီးရီးယားတွေကို ထိထိရောက် ရောက် ကာကွယ်ပေးပါတယ်။” လို့ ဒေါက်တာ Raquel Dardik ကဆိုပါတယ်။
This article originally appeared on Health.com.