လူတယောက်က လိင်ကိစ္စကို နဲ့ ပတ်သက်လို့ တကယ်လက်တွေ့ သာယာမှုမရယူဘူးဆိုရင်တောင်မှ တွေးနေမိတယ် ဆိုရင် လိင်စွဲလမ်းမှု လို့ ဆိုနိုင်ပါတယ်။ လိင်စွဲလမ်းမှု မှာ စိတ်ဆန္ဒကို မထိန်းချုပ်နိုင်တဲ့ သဘောတွေ ပါဝင်ပါတယ်။ ဈေးဝယ်ရတာကို သဘောကျတာ၊ လောင်း ကစားသို့ မဟုတ် အင်တာနက်မှာပဲ အချိန်ဖြုန်းနေမိတာတွေလိုမျိုးပါပဲ။ ဒီကိစ္စမှာတော့ စိတ်စွဲလမ်းမှုတွေက လိင်မှုနဲ့ ဆိုင် တဲ့ အကြောင်းအရာမျိုးတွေမှာ ဖြစ်ပါတယ်။
တချို့ အလွန်အကျွံစွဲလမ်းသူတွေက လိင်ကိစ္စနဲ့ ပတ်သက်လို့ တွေးတောမှုကို မရပ်တန့်နိုင်သလို လိင်ကိစ္စနဲ့ ပတ်သက်ပြီး စိတ်ကူးယဉ်ဖို့ ဒါမှ မဟုတ် လိင်ဆက်ဆံဖို့ အတွက် အလုပ်အကိုင်ကိုတောင် မေ့ထားကြပါတယ်။ တချို့တွေကတော့ အန္တ ရယ်ကြီးမားတဲ့ အပြုအမူတွေ ဘက်ကိုရောက်သွားပြီး လူပေါင်းစုံနဲ့ ပျော်ပါးတာ၊ ပြည့်တန်ဆာတွေနဲ့ပတ်သက်တာမျိုးတွေ အထိ ဖြစ်တတ်ပါတယ်။ တချို့ကလည်း အဲဒါကိုပဲ အချစ်ကြီးတာ၊ အစွဲအလမ်းကြီးတာလို့ ထင်တတ်ကြပါတယ်။
များသောအားဖြင့်တော့ လိင်ကိစ္စကို အလွန်အကျွံစွဲလန်း သူတွေဟာ ပျော်စရာကောင်းတဲ့၊ စိတ်လှုပ်ရှားရင်ခုန်စရာ ကောင်းတဲ့ အတွေ့အကြုံတွေကို နှစ်သက်ခဲပါတယ်။ ဒီလိုလူတွေက သူတို့ရဲ့ မကောင်းတဲ့ အလေ့အထတွေ၊ စိတ်နေ စိတ်ထားတွေကို ရပ်တန့် ဖို့ ကြိုးစားမယ်ဆိုရင်တောင် ဖြတ်တောက်ဖို့ ခက်ခဲပြီး အကျင့်ဟောင်းတွေ ပြန်ပေါ်တတ်ပါတယ်။ လိင်ကိစ္စအပေါ် အလွန် အကျွံစွဲလမ်းခြင်းကို ဖြတ်တောက်ဖို့ ရနိုင်ပါတယ်။ ဒါပေမယ့် အောင်မြင်စွာ ရပ်တန့်နိုင်ဖို့ကတော့ ကုသမှုတွေ ကုထုံးတွေ လိုအပ်ပါလိမ့်မယ်။
လိင်ကိစ္စမှာအလွန်အကျွံစွဲလမ်းတာက ရှားပါးတဲ့ ကိစ္စတခုတော့ မဟုတ်ပါဘူး။ အမေရိကန် နိုင်ငံမှာ လူ ၁၂ သန်းကနေ ၁၅ သန်း လောက်က ဒီလို ဖြစ်နေကြတယ်လို့ လေ့လာမှုအချို့က ဆိုပါတယ်။
လူတယောက်ဟာ လိင်ကိစ္စမှာအလွန်အကျွံစွဲလမ်းမှုရှိနေတယ်ဆိုတာကို ညွှန်ပြနေတဲ့ အချက်တွေကတော့ လိင်ကိစ္စကို မကောင်းတဲ့ ခံစားချက်အတွက် အသုံးချခြင်း၊ ကိုယ့်ရဲ့ လိင်မှုဆိုင်ရာအလေ့အထ၊ စိတ်ထားတွေကို အိမ်ထောင် ဘက် သို့ မဟုတ် လက်တွဲဖော်မသိအောင် ဖုံးကွယ်ထားမိခြင်း၊ လိင်ကိစ္စဆိုင်ရာ အမူအကျင့်တွေကို မထိန်းချုပ်နိုင်ဘူးလို့ ခံစားရ ခြင်း၊ ထိန်းချုပ်မှုမပြုနိုင်ခြင်း၊ မိမိရဲ့ လိင်မှုဆိုင်ရာ အမူအကျင့်တွေကြောင့် အိမ်ထောင်ရေး သို့မဟုတ် အချစ်ရေး ပျက်စီး ခြင်း၊ ဒီကိစ္စတခု အပေါ်ပဲ အာရုံရောက်ပြီးတော့ မိတ်ဆွေများ၊ မိသားစုဝင်များကို အချိန်မပေးနိုင်ခြင်း၊ လိင်ကိစ္စအပေါ် အလွန်အကျွံစွဲလမ်းစိတ်နဲ့ အမူအကျင့်တွေကို လူတွေသိပြီး ဘဝမှာ အနှောက် အယှက်ပေါ်လာခြင်း ၊ ဒီလို ထိခိုက်မှန်း သိ ပေမယ့်လည်း ရပ်တန့်လို့ မရဘူးဆိုတာကို ကိုယ့်ဘာသာ သတိထားမိလာခြင်း တို့ဖြစ်ပါတယ်။
လိင်ကိစ္စမှာအလွန်အကျွံစွဲလမ်းသူတွေရဲ့ စိတ်နေစိတ်ထားက အကြမ်းဖျင်းအားဖြင့် ၄ မျိုးရှိပါတယ်။
သူတို့ ခေါင်းထဲမှာ လိင်ကိစ္စနဲ့ ပတ်သက်တဲ့ အတွေးတွေ အမြဲရှိပါတယ်။ ဒါကြောင့် တဏှာရမ္မက် နိုးကြားမှုက အမြဲတမ်း မြင့် တက်နေပါတယ်။
သူတို့က ရမ္မက်ကြီးတာကို သဘောကျပါတယ်။ စိတ်ကူးနဲ့ ဖြစ်စေ လက်တွေ့မှာ ဖြစ်စေ အခြေအနေတခုကို ထပ်တလဲလဲ လိုချင်ကြပါတယ်။ အဲဒါက စိတ်ခံစားမှု အမြင့်ဆုံး အထွတ်အထိပ်မရောက် နိုင်ပါဘူး။ ရမ္မက်စိတ် နိုးကြားမှု အဆင့်ကို အမြင့် ဆုံး မှာအမြဲရှိနေရုံပဲ ဖြစ်လာနိုင်ပတယ်။
မကောင်းတဲ့ နောက်ဆက်တွဲတွေ ရှိလာနိုင်တာကို သိရင်တောင် ဒါမှမဟုတ် သူတို့ လုပ်နေတာတွေကို တကယ်ရပ်တန့် ချင် တယ်ဆိုရင်တောင်မှ သူတို့ ဒါကို မရပ်တန့်ကြပါဘူး။
သူတို့ရဲ့ လုပ်ရပ်နဲ့ အမူအကျင့်တွေ ကို မထိန်းချုပ်နိုင်တဲ့ အတွက် အပြစ်ရှိတယ်လို့ ခံစားရပါတယ်။ ရှက်ကြပါတယ်။ သူ တို့ကြောင့် တခြားသူတွေ ထိခိုက်ရတဲ့ အတွက်လည်း နောင်တရတတ်ကြပါတယ်။
လိင်ကိစ္စမှာအလွန်အကျွံစွဲလမ်းမှု ဖြစ်နိုင်တဲ့ အကြောင်းရင်းတွေ အများကြီး ရှိပါတယ်။ ဇီဝကမ္မဖြစ်စဉ်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဟော်မုန်းထုတ်လုပ်မှုကြောင့် ဖြစ်နိုင်သလို လိင်ဆက်ဆံချိန်မှာ သို့ မဟုတ် အထွဋ်အထိပ်ကိုရောက်ချိန်မှာ ထုတ်တဲ့ ဦးနှောက်က ဓာတုဖြစ်စဉ်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ စိတ်ခံစားမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ခံစား ချက် အမျိုးမျိုးနောက်ကို လိုက်ပြီး တယောက်ပြီး တယောက်ပြောင်းတွဲရင်း ကနေ ဖြစ်သွားတတ်ပါတယ်။ အရွယ်မရောက် ခင် အနိုင်ကျင့်စော်ကားခံရခြင်း ကြောင့်လည်း ဖြစ်နိုင်သလို နာတာရှည်ရောဂါ၊ စိတ်ဖိစီးမှု သို့ မဟုတ် စိတ်သောကတွေ ကြောင့်လည်း လိင်ကိစ္စမှာ အလွန်အကျွံစွဲလမ်း မှုကို ဖြစ်သွားစေနိုင်ပါတယ်။
ကုသနည်း အမျိုးမျိုးရှိပါတယ်။ အများစုကတော့ လောင်းကစား၊ ဈေးဝယ်တာ စတဲ့ စွဲလမ်းမှုတွေကို ရပ်တန့်စေတဲ့ နည်းလမ်း တွေ အတိုင်းပါပဲ။
တယောက်တည်းကုသခြင်းနဲ့ (အိမ်ထောင် သို့မဟုတ် ချစ်သူရည်းစားရှိခဲ့ရင်) စုံတွဲအလိုက် ကုသခြင်း ပေါင်းစပ်ရင် စွဲလမ်း မှုပြဿနာကို ပိုပြီး နားလည်လာမယ်၊ ရင်ဆိုင်နိုင် လာမယ်ဆိုတာ ဆရာဝန်တွေ သိရှိခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ရင်းနှီးမှု၊ ပျော်ရွှင်မှုနဲ့ စိတ်ခံစားချက်တွေကို အခြေခံပြီးတော့ ကောင်းမွန်တဲ့ ဘဝတခုကို ပြန်လည် တည်ဆောက်နိုင်ဖို့ ဖြစ်ပါတယ်။
အုပ်စုလိုက်ဆွေးနွေးတဲ့ နည်းတွေလည်း ရှိပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် စိတ်ဓာတ်နဲ့ စိတ်ခံစားမှု တွေကို အထောက်အ ကူ ဖြစ်စေနိုင်သလို တခြားသော အဖွဲ့ဝင်တွေရဲ့ ကူညီမှုကို ရရှိနိုင်ပါတယ်။
လူတွေရဲ့လိင်စိတ်ကို ထိန်းချုပ်ပေးနိုင်တဲ့ ဆေးတချို့ရှိပါတယ်။ ဒါပေမယ့် ဒီလိုဆေးတွေ နဲ့ ကုသတာ တခုထဲနဲ့ လိင် ကိစ္စ အပေါ်အလွန်အကျွံစွဲလမ်းမှုကို အလုံးစုံ မပျောက်ကင်းစေနိုင်ဘူးဆိုတာလည်း ဆရာဝန်တွေ တွေ့ရှိခဲ့ပါတယ်။ လိင် ကိစ္စ အပေါ်အလွန်အကျွံစွဲလမ်းမှု ဆိုတာ စိတ်နေစိတ်ထားနဲ့ ဆိုင်တဲ့ ပြဿနာတခု ဖြစ်တဲ့ အတွက် ဒါကို ရပ်တန့်နိုင်ဖို့ ခိုင်မာတဲ့ စိတ်ဆုံးဖြတ်ချက် ရှိဖို့ လိုပါတယ်။ ဆေးပညာရှင် ရဲ့ အကူအညီသာမက မိမိရဲ့ လက်တွဲဖော်နဲ့ အသိုင်းအဝိုင်းရဲ့ အကူ အညီ ရှိမှသာလျှင် အမှန်တကယ် အဓိပ္ပါယ်ရှိတဲ့ ဘဝတခုကို ပြန်လည်ရယူနိုင်မှာ ဖြစ်ပါတယ်။
Source: www.everydayhealth.com