• English
Thursday, November 30, 2023
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    သီပေါ၌ ကျောက်မီးသွေးတူးသည့် ကုမ္ပဏီကို သပိတ်မှောက်ရန် ရှမ်းလူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း

    သီပေါ၌ ကျောက်မီးသွေးတူးသည့် ကုမ္ပဏီကို သပိတ်မှောက်ရန် ရှမ်းလူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း

    ရခိုင်တွင် လက်နက်ကြီးကြောင့် မြို့လူထု ထွက်ပြေးနေရ

    ရခိုင်တွင် လက်နက်ကြီးကြောင့် မြို့လူထု ထွက်ပြေးနေရ

    ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာများ  တတိယနိုင်ငံ ထွက်ခွါမှု များလာ

    ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာများ တတိယနိုင်ငံ ထွက်ခွါမှု များလာ

    စစ်ကောင်စီကို ဘယ်လို လက်တွဲ ဖြုတ်ချမလဲ

    စစ်ကောင်စီကို ဘယ်လို လက်တွဲ ဖြုတ်ချမလဲ

    စစ်ကောင်စီ စစ်ကြောင်းတွေကို TNLA ကြားဖြတ်တိုက်ခိုက်

    စစ်ကောင်စီ စစ်ကြောင်းတွေကို TNLA ကြားဖြတ်တိုက်ခိုက်

    ကုန်းကြမ်းမြို့ကို ညီနောင်မဟာမိတ် ၃ ဖွဲ့ သိမ်းပိုက်

    ကုန်းကြမ်းမြို့ကို ညီနောင်မဟာမိတ် ၃ ဖွဲ့ သိမ်းပိုက်

    လွိုင်ကော်ဘုရားကျောင်း၌ တပ်စွဲသဖြင့် ဘုန်းတော်ကြီးနှင့် စစ်ရှောင်များ ထွက်ပြေးရ

    လွိုင်ကော်ဘုရားကျောင်း၌ တပ်စွဲသဖြင့် ဘုန်းတော်ကြီးနှင့် စစ်ရှောင်များ ထွက်ပြေးရ

    တန့်ဆည်တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ လေကြောင်းဖြင့် တုံ့ပြန်

    တန့်ဆည်တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ လေကြောင်းဖြင့် တုံ့ပြန်

    နွေဦးဘဏ်က ၁၀ ရက်အတွင်း ဒေါ်လာ ၁၀ သန်းဖိုး ရှယ်ယာရောင်းချနိုင်

    နွေဦးဘဏ်က ၁၀ ရက်အတွင်း ဒေါ်လာ ၁၀ သန်းဖိုး ရှယ်ယာရောင်းချနိုင်

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

      “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      အမျိုးသမီး သတင်းစာဆရာ

      အမျိုးသမီး သတင်းစာဆရာ

      လောင်စာ

      လောင်စာ

      ခေတ် နှင့် မိန်းမ

      ခေတ် နှင့် မိန်းမ

      တနှစ်တခါ …

      တနှစ်တခါ …

      ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

      ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate
      • Home
      • သတင်း
        • All
        • Crime
        • Development
        • Environment
        • Ethnic Issues
        • Human Rights
        • Military
        • Obituary
        • Politics
        • Religion
        • Women
        • သတင်းတို
        သီပေါ၌ ကျောက်မီးသွေးတူးသည့် ကုမ္ပဏီကို သပိတ်မှောက်ရန် ရှမ်းလူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း

        သီပေါ၌ ကျောက်မီးသွေးတူးသည့် ကုမ္ပဏီကို သပိတ်မှောက်ရန် ရှမ်းလူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း

        ရခိုင်တွင် လက်နက်ကြီးကြောင့် မြို့လူထု ထွက်ပြေးနေရ

        ရခိုင်တွင် လက်နက်ကြီးကြောင့် မြို့လူထု ထွက်ပြေးနေရ

        ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာများ  တတိယနိုင်ငံ ထွက်ခွါမှု များလာ

        ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာများ တတိယနိုင်ငံ ထွက်ခွါမှု များလာ

        စစ်ကောင်စီကို ဘယ်လို လက်တွဲ ဖြုတ်ချမလဲ

        စစ်ကောင်စီကို ဘယ်လို လက်တွဲ ဖြုတ်ချမလဲ

        စစ်ကောင်စီ စစ်ကြောင်းတွေကို TNLA ကြားဖြတ်တိုက်ခိုက်

        စစ်ကောင်စီ စစ်ကြောင်းတွေကို TNLA ကြားဖြတ်တိုက်ခိုက်

        ကုန်းကြမ်းမြို့ကို ညီနောင်မဟာမိတ် ၃ ဖွဲ့ သိမ်းပိုက်

        ကုန်းကြမ်းမြို့ကို ညီနောင်မဟာမိတ် ၃ ဖွဲ့ သိမ်းပိုက်

        လွိုင်ကော်ဘုရားကျောင်း၌ တပ်စွဲသဖြင့် ဘုန်းတော်ကြီးနှင့် စစ်ရှောင်များ ထွက်ပြေးရ

        လွိုင်ကော်ဘုရားကျောင်း၌ တပ်စွဲသဖြင့် ဘုန်းတော်ကြီးနှင့် စစ်ရှောင်များ ထွက်ပြေးရ

        တန့်ဆည်တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ လေကြောင်းဖြင့် တုံ့ပြန်

        တန့်ဆည်တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ လေကြောင်းဖြင့် တုံ့ပြန်

        နွေဦးဘဏ်က ၁၀ ရက်အတွင်း ဒေါ်လာ ၁၀ သန်းဖိုး ရှယ်ယာရောင်းချနိုင်

        နွေဦးဘဏ်က ၁၀ ရက်အတွင်း ဒေါ်လာ ၁၀ သန်းဖိုး ရှယ်ယာရောင်းချနိုင်

        Trending Tags

          • All
          • Crime
          • Development
          • Environment
          • Ethnic Issues
          • Human Rights
          • Military
          • Obituary
          • Politics
          • Religion
          • Women
          • သတင်းတို
        • ဆောင်းပါး
        • စီးပွားရေး
        • အာဘော်
          • All
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • အယ်ဒီတာ့အာဘော်
          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

          ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

          ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

          “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

          “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

          • All
          • အယ်ဒီတာ့အာဘော်
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
        • Lifestyle
          • All
          • Automobile
          • Coronavirus Update
          • Culture
          • Education
          • Entertainment
          • Event
          • Food
          • Health
          • Travel
          • Trend
          • အားကစား
          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          ထရဂျဒီ၊ ကွန်မီဒီ

          ထရဂျဒီ၊ ကွန်မီဒီ

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          အမျိုးသမီး သတင်းစာဆရာ

          အမျိုးသမီး သတင်းစာဆရာ

          လောင်စာ

          လောင်စာ

          ခေတ် နှင့် မိန်းမ

          ခေတ် နှင့် မိန်းမ

          တနှစ်တခါ …

          တနှစ်တခါ …

          ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

          ရှမ်းမြောက်သို့သွားရောက် ဖျော်ဖြေရန် ဖိတ်ခေါ်မှု အနုပညာရှင်များ နှုတ်ဆိတ်နေ

          Trending Tags

            • All
            • Entertainment
            • Event
            • Travel
            • Food
            • Trend
            • Culture
            • Health
            • Coronavirus Update
            • Automobile
            • အားကစား
          • Cartoon
          • Photo Essay
          • Women & Gender
          • Labor Rights
          • Election
          • Organized Crime Guide
          • Donate
          No Result
          View All Result
          
          No Result
          View All Result
          Home ဆောင်းပါး

          ရှုပ်ထွေးနေသည့် ရှမ်းပြည်အရေး ဘယ်လို ကိုင်တွယ်မလဲ

          by နန်းဆိုင်နွမ်
          22 March 2016
          in ဆောင်းပါး
          Reading Time: 1 min read
          A A
          ရှမ်းပြည်နယ်

          ရှမ်းပြည်နယ် မိုင်းရှုးရှိ စစ်ဘေးရှောင်စခန်းမှ ဒေသခံများ (ဓာတ်ပုံ - နန်းဆိုင်နွန်/ဧရာဝတီ)

          4.9k
          VIEWS
          Share on FacebookShare on Twitter

          ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေသည့် မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရသစ်လက်ထက် ရင်ဆိုင်ဖြေရှင်းရမည့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ တိုင်းရင်းသားအရေး ပြဿနာများစွာအနက် ရှမ်းပြည်နယ် အရေးသည်လည်း အပါအဝင် ဖြစ်သည်။ ပြည်တွင်းစစ်၊ သံယံဇာတ ခွဲဝေရေး၊ လူအခွင့်အရေး ချိုးဖောက်မှု များစွာ ဖြစ်ပွားနေသည့် ရှမ်းပြည်နယ် အရေးကို အစိုးရသစ် မည်သို့ ကိုင်တွယ် ဖြေရှင်းမည်ကို ရှမ်းပြည်နယ် လူထုကလည်း စိတ်ဝင်စားနေကြသည်။

          ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံတွင် ဧရိယာ စတုရန်း အကျယ်ဆုံး နေရာဖြစ်သကဲ့သို့ တိုင်းရင်းသားများ၊ လက်နက်ကိုင် အဖွဲ့အစည်းများ၊ ပြည်သူ့စစ်များ အခြေစိုက် နေထိုက်ကြသည့် နေရာဒေသတခု ဖြစ်သည်။ ရှမ်းပြည်နယ်တွင် ရေရှည်ပြဿနာ ဖြစ်သည့် ဘိန်းစိုက်ပျိုးမှုနှင့် မူးယစ်ဆေးဝါး ကိစ္စများလည်း ရှိနေသည်။

          RelatedPosts

          သီပေါ၌ ကျောက်မီးသွေးတူးသည့် ကုမ္ပဏီကို သပိတ်မှောက်ရန် ရှမ်းလူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း

          သီပေါ၌ ကျောက်မီးသွေးတူးသည့် ကုမ္ပဏီကို သပိတ်မှောက်ရန် ရှမ်းလူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း

          30 November 2023
          477
          ရခိုင်တွင် လက်နက်ကြီးကြောင့် မြို့လူထု ထွက်ပြေးနေရ

          ရခိုင်တွင် လက်နက်ကြီးကြောင့် မြို့လူထု ထွက်ပြေးနေရ

          30 November 2023
          400
          ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာများ  တတိယနိုင်ငံ ထွက်ခွါမှု များလာ

          ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာများ တတိယနိုင်ငံ ထွက်ခွါမှု များလာ

          30 November 2023
          429

          ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် NLD သည် ရှမ်းပြည်နယ် လွှတ်တော်တွင် ရှုံးနိမ့်ခဲ့သော်လည်း တပြည်လုံး အတိုင်းအတာ အနိုင်ရရှိခဲ့မှုကြောင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ခန့်အပ်နိုင်ခွင့် ရှိသဖြင့် မည်သူ့ကို လျာထားမည်နည်းဟု နိုင်ငံရေးအသိုင်းအဝိုင်းကလည်း စောင့်ကြည့်နေကြသည်။

          ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားများ၊ ရှမ်းလက်နက်ကိုင် တပ်ဖွဲ့များ၊ ရှမ်းနိုင်ငံရေး အင်အားစုများ သဘောကျသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) က ဒုတိယ အများဆုံး အနိုင်ရရှိခဲ့သော်လည်း လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေး အခြေအနေအရ ရှမ်းပြည်နယ်ကို အုပ်ချုပ်ခွင့်မှာ အလှမ်းဝေးနေဆဲ ဖြစ်သည်။

          ရှမ်းပြည် နိုင်ငံရေး အလားအလာ

          ရှမ်းပြည်နယ် လွှတ်တော်တွင် တပ်မတော်သား ၂၅ ရာခိုင်နှုန်း အပါအဝင် စုစုပေါင်း အမတ်နေရာ ၁၅၆ နေရာရှိသည့် အနက် SNLD က ၂၄ နေရာ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) က ၃၃ နေရာ နှင့် NLD က ၂၃ နေရာ အနိုင်ရရှိခဲ့သည်။
          ပြည်နယ်လွှတ်တော်တွင် ကြံ့ခိုင်ရေးပါတီ နှင့် တပ်မတော်သား အမတ်များ အရေအတွက်သည် NLD နှင့် SNLD တို့ထက် ပိုများနေသည်။

          ရှမ်းပြည်နယ် ဝန်ကြီးချုပ်ကို ၂၀၀၈ ဖွဲ့စည်းပုံအရ သမ္မတက တိုက်ရိုက်ခန့်အပ်ရမည် ဖြစ်သော်လည်း ရှမ်းပြည်နယ် ဝန်ကြီးချုပ်နေရာကို NLD လားရှိုး မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ် လွှတ်တော် ဒေါက်တာ လင်းထွဋ် ဖြစ်လာမည်ဟု နိုင်ငံရေး အသိုင်းအဝန်းက ခန့်မှန်းကြသည်။ သို့သော် ရှမ်းပြည်သူအရေးကို ရှမ်းလူထုများသာ ပို၍ သိရှိသဖြင့် ရှမ်းပြည်နယ်တွင် နေထိုင်သည့် တိုင်းရင်းသား ဖြစ်ရန် အများစုက လိုလားသည်ဟု သိရသည်။

          အမျိုးသားဗဟိုပြု ပညာရေးနှင့် သုတေသနအဖွဲ့ (ရှမ်းလူငယ်အဖွဲ့ – ရန်ကုန်) မှ စိုင်းအောင်မြင့်ဦးက “ဝန်ကြီးချုပ် ရွေးချယ်တဲ့နေရာမှာ တော်တော် စဉ်းစားဖို့လိုတယ်။ ရှမ်းပြည်မှာနေတဲ့ တိုင်းရင်းသားတွေ များသလို တိုင်းရင်းသား လက်နက်ကိုင်တွေလည်း ရှိနေတယ်။ ဝန်ကြီးချုပ်က ရှမ်းပြည်နေ တိုင်းရင်းသားတွေ၊ လက်နက်ကိုင်တွေ ယုံကြည်တဲ့သူဖြစ်ဖို့ လိုတယ်။ ဒါမှ ငြိမ်းချမ်းရေးလည်း ဖော်ဆောင်နိုင်မယ်” ဟု မှတ်ချက်ပေးသည်။

          ရှမ်းနိုင်ငံရေးနှင့် ရှမ်းလက်နက်ကိုင် အရေးတို့မှာ ယခုအချိန်တွင် ထိလွယ်ရှလွယ် အခြေအနေဖြစ်နေသဖြင့် ထိုသို့ ပြောဆိုရခြင်း ဖြစ်သည်ဟုလည်း စိုင်းအောင်မြင့်ဦးက ဆိုသည်။

          ရွေးကောက်ပွဲ ရလဒ်အရ တနိုင်ငံလုံးအတိုင်းအတာဖြင့် အနိုင်ရရှိထားသည့် NLD က တင်မြှောက်သည့် သမ္မတက ရှမ်းပြည်နယ် အပါအဝင် တခြား ပြည်နယ်များ၏ ဝန်ကြီးချုပ်များကို တိုက်ရိုက် ခန့်အပ်ပိုင်ခွင့် ရှိနေသည်။

          ရှမ်းနိုင်ငံရေး အင်အားစုများ၊ ရှမ်း လက်နက်ကိုင်များနှင့် ရှမ်းပြည် ဒေသခံ အများစုက ရှမ်းပြည်နယ် ဝန်ကြီးချုပ်ကို SNLD ပါတီမှ ဖြစ်စေချင်သည့် ဆန္ဒရှိကြသော်လည်း NLD ဘက်ကလည်း ရှမ်းပြည်နယ် ဝန်ကြီးချုပ်ကို ၎င်းတို့ ပါတီတွင်းက သူကိုသာ တာဝန် ပေးမည်ဟူသည့် အသံများလည်း ထွက်နေသည်။

          SNLD မှ ဦးစိုင်းကျော်ညွှန့်က “NLD အစိုးရက အဆင်အပြေဆုံးလူကို ရွေးချယ်၊ ဒါကတော့ သူ့ရဲ့ လုပ်ပိုင်ခွင့်။ ကျနော်တို့ ဖြစ်စေချင်တာကတော့ ရှမ်းပြည်တခုတည်း မဟုတ်ဘူး။ တိုင်းရင်းသားတွေ အားလုံးမှာ သူ့ဘာသာ လုပ်နိုင်ကိုင်နိုင်သူ ရှိတယ်။ အဲဒီအပေါ်မှာ NLD ရွေးပေးမယ်ဆိုရင်တော့ အမျိုးသားရင်ကြားစေ့ရေးလည်း တခါတည်း ဖြစ်တာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

          “ရှမ်းပြည်နယ် အခုအနေနဲ့ အတည်အကျတော့ ခန့်မှန်းလို့ မရဘူး။ ကျမ အနေနဲ့ကတော့ ရှမ်းပြည်နယ်ကို အုပ်ချုပ်မယ့်သူက သမာသမတ် ကျတဲ့သူ ပြည်သူပြည်သားကို ရင်ဝယ်သားကဲ့သို့ အုပ်ချုပ်နိုင်တဲ့သူ လိုချင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ပြည်နယ်ဆိုတော့ တိုင်းရင်းသားပဲ ဖြစ်စေချင်ပါတယ်” ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) မှ ဒေါ်နန်းဝါနုက ပြောသည်။

          map-of-shan-state

          ရှမ်းပြည်နယ် အရေးကို NLD အစိုးရ ကိုယ်တွယ်မည်ဆိုပါက အလွန် ခက်ခဲနိုင်ကြောင်း၊ ရှမ်းပြည်နယ် အရေးသည် တနိုင်ငံလုံးအရေးထက် ပိုခက်ခဲကြောင်း၊ အစိုးရ ဖွဲ့စည်းသည့် အခါတွင်လည်း တိုင်းရင်းသားများကို တန်းတူညီမျှ ထည့်သွင်းမည်ဟု ယုံကြည်ကြောင်း ဒေါ်နန်းဝါနုက ပြောသည်။

          နမ့်ဆန်မြို့ NLD ပါတီမှ ဦးနေဇော်နိုင်က “ရှမ်းပြည်နယ် တပြည်လုံး USDP (ကြံံ့ခိုင်ရေးပါတီ) ဖြစ်မယ်ဆိုရင် ရှမ်းပြည် NLD ပါတီကလူတွေ စိတ်ဓာတ်ကျသွားနိုင်တယ်။ ရှမ်းပြည်နယ် အရေးကတော့ NLD ကနေ ဝန်ကြီးချုပ် ရမယ် ဆိုရင်တော့ ပြည်တွင်းငြိမ်းချမ်းရေး အပစ်ခတ်ရပ်စဲရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို အဓိက လုပ်ဆောင်သွားမှာပါ” ဟု ပြောသည်။

          ရှမ်းပြည်နယ်သည် တခြားပြည်နယ်ထက် ကျယ်ပြန့်ပြီး ရှုပ်ထွေးမှု အများဆုံးဖြစ်နေသည့် ပြည်နယ်တခုဖြစ်ကြောင်း၊ အစိုးရသစ်အနေဖြင့် ရှမ်းပြည်နယ် အရေးကို လိမ္မာပါးနပ်စွာ ကိုယ်တွယ်သင့်ကြောင်း၊ သေချာ မကိုင်တွယ်နိုင်ပါက ပဋိပက္ခ ထပ်မံ ပြန်ပွားလာနိုင်ကြောင်း SNLD ခေါင်းဆောင် ဦးခွန်ထွန်းဦးက သုံးသပ်သည်။

          ဦးခွန်ထွန်းဦးက “ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဘယ်သူဖြစ်လာမယ် ဆိုတာ မသိဘူး။ ရှမ်းပြည်နယ်ရဲ့ ကံကြမ္မာကို ရှမ်းပါတီက လူထုကိုယ်စား အုပ်ချုပ်ချင်တာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

          ပြည်နယ်အစိုးရ အနေဖြင့်မည်သူများ ပါဝင်မည်ကိုလည်း အရပ်ဖက် အဖွဲ့အစည်းများက စိတ်ဝင်စားစွာ စောင်ကြည့်နေကြသည်။

          ရှမ်းပြည်နယ် ပြည်တွင်းစစ် နှင့် ငြိမ်းချမ်းရေး

          ရှမ်းပြည်နယ်တွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များဖြစ်သည့် ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA)၊ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA)၊ မြန်မာ အမျိုးသား ဒီမိုကရေ မဟာမိတ်တပ်မတော် (MNDAA)၊ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ပအိုဝ့် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) တပ်ဖွဲ့တို့ အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း နယ်မြေတချို့တွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့များ လှုပ်ရှားလျက်ရှိသည်။

          ရှမ်းပြည်နယ် အတွင်း တိုင်းရင်းသား လက်နက်ကိုင်များစွာ တည်ရှိသကဲ့သို့ လက်ရှိတွင်လည်း တိုင်းရင်းသား အချင်းချင်းဖြစ်သည့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) နှင့် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး (TNLA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင် ဒုက္ခသည်များစွာလည်း ပေါ်ထွက်ခဲ့ပြန်သည်။

          ရှမ်းပြည်နယ် အတွင်းရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ထဲတွင် RCSS/SSA နှင့် PNLO နှစ်ဖွဲ့သာ တနိုင်ငံလုံး ဆိုင်ရာ အပစ်ခတ်ရပ်စဲရေး စာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်သည်။

          လက်ရှိ RCSS/SSA နှင့် TNLD တို့ အချင်းချင်း တိုက်ပွဲဖြစ်ပွားသည့်အပေါ် SSPP/SSA ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလက “သူတို့ မျက်နှာချင်းဆိုင်ပြီး တွေ့ဆုံဆွေးနွေးမယ် ဆိုရင်တော့ မျှော်လင့်ချက် ရှိပါလိမ့်မယ်။ တိုက်ပွဲဖြစ်ပြီ ဆိုကတည်းက တိုက်ပွဲတွေ ကြီးကျယ်နေရင်တော့ တိုင်းရင်းသားတွေ အချင်းချင်း ဖြစ်တာဖြစ်စေ၊ အစိုးရနဲ့ ဖြစ်တာဖြစ်စေ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက်ပါတယ်။ ကျနော်တို့ ပြောချင်တာက အခုလို တဖက်နဲ့တဖက် အပြတ်ချေမှုန်းဖို့ မလွယ်တဲ့ကိစ္စပါ။ ဒါ့ကြောင့် အေးအေးဆေးဆေးနဲ့ စားပွဲခုံမှာ ညှိကြပါလို့ပဲ ပြောချင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

          ပြည်တွင်းစစ် ကိစ္စရပ်အားလုံးတို့ ရပ်ဆိုင်းရန် သက်ဆိုင်ရာ တာဝန်ရှိသူတိုင်းက နိုင်ငံရေးစားပွဲဝိုင်း ယဉ်ကျေးမှုဖြင့် ဖြေရှင်းရန် လိုသည်ဟု ဦးခွန်ထွန်းဦးက ပြောသည်။

          ထို့အပြင် ပြည်တွင်းစစ်တွင် တိုင်းရင်းသား လက်နက်ကိုင်များ အသုံးပြုနေသည့် လက်နက်ခဲယမ်းများ ရရှိသည့် ဝင်ပေါက်များမှာ ဆက်လက် အဓွန့်ရှည်နေပြီး ဘိန်းမှောင်ခိုများမှာလည်း လက်နက်များနှင့် တွဲလျက် မြန်မာနိုင်ငံတွင် ဆက်လက် ခြေကုပ်နေဦးမည် ဖြစ်သည်ဟုလည်း ဆိုသည်။

          ဦးခွန်ထွန်းဦးက ဆက်လက်၍ ပြည်တွင်းစစ်ကို ရပ်တန့်နိုင်မှသာ လက်နက်မှောင်ခိုကိစ္စများ၊ ဘိန်းကိစ္စကို တပါတည်းရှင်းနိုင်မည် ဖြစ်ပြီး ပြည်တွင်းစစ် မရပ်တန့်ပါက နောက်ဆက်တွဲ ကိစ္စများမှာလည်း သက်ဆိုးရှည်နေဦးမည်ဟု ပြောသည်။

          ရှမ်းပြည်နယ် ပြည်တွင်းစစ် နှင့် ပတ်သက်ပြီး အစိုးရသစ်အပေါ် TNLA မှ ဒု ဥက္ကဋ္ဌ ၁ ဗိုလ်မှူးချုပ် တားဂျုတ်ဂျာကလည်း “ ကျနော်တို့ကို NLD အစိုးရသစ်က ဖြည့်ဆည်းပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ပြည်တွင်းစစ်ကလည်း ကြာလာပြီ။ ရှမ်းပြည်နယ်မှာလည်း လက်နက်ကိုင်တွေကလည်း များတယ်။ ညှိနှိုင်းလုပ်ပြီး ကောင်းတဲ့ အဖြေရမယ်လို့ ကျနော် မျှော်လင့်ပါတယ်။ အစိုးရ တပ်မတော် အခန်းကဏ္ဍလည်း ပြစ်ပယ်လို့ မရဘူးလေ။ အဓိက ပူးပေါင်းပါဝင်ဖို့ အရမ်းလိုတယ်။ သူတို့ ပူးပေါင်းပါဝင်ရင်၊ တကယ် ပြည်တွင်းငြိမ်းချမ်းရေး လိုလားမယ်ဆိုရင် ဒီကိစ္စကတော့ အေးဆေးဖြစ်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

          ရှမ်းပြည်နယ် သံယံဇာတ ခွဲဝေရေး

          အစိုးရသစ် လက်ထပ်တွင် ရှမ်းပြည်နယ်အတွင်း ထွက်ရှိသည့် သဘာ၀ သယံဇာတများ၊ ရေအားလျှပ်စစ်များကို ပြည်နယ် အစိုးရမှ ရပိုင်ခွင့်၊ ခွဲဝေခံပိုင်ခွင့် ရရှိသည့် ဥပဒေများ ပြောင်းလဲပြဌာန်းပေးရန် လိုအပ်သည်ဟုလည်း ရှမ်းလူထုက ပြောသည်။

          “ဥပဒေတွေပြဌာန်းဖို့က အဓိက ပါပဲ။ ထိရောက်တဲ့ ဥပဒေတွေ၊ အောက်ခြေအထိ စီမံခန့်ခွဲနိုင်မယ်ဆိုရင် အရမ်း ကောင်းသွားမယ်။ အရင်တုန်းက ဥပဒေတွေကို ဖွဲ့ပေမယ့် အားနည်းခဲ့တယ်၊ လာမယ့် အစိုးရမှာ ဖြစ်နိုင်မယ်ဆိုရင် တိကျစွာပြဌာန်းပြီး နိုင်ငံတော် ဘဏ္ဍာငွေထဲ ထိထိရောက်ရောက် ရောက်နိုင်ဖို့၊ ပြည်သူတွေ ကောင်းကောင်း ခံစားနိုင်ဖို့ကတော့ အစိုးရ အုပ်ချုပ်ရေး ပိုင်းထိရောက်စွာ လုပ်ကိုင်ဖို့ လိုတယ်” ဟု အမျိုးသားဗဟိုပြု ပညာရေးနှင့် သုတေသန အဖွဲ့ (ရှမ်းလူငယ်အဖွဲ့ – ရန်ကုန်) မှ စိုင်းအောင်မြင့်ဦး က ဆိုသည်။

          ရှမ်းပြည်နယ်၏ သံယံဇာတ ခွဲဝေမှုကို ပြတ်သားစွာ ဆုံးဖြတ်နိုင်ခြင်း မရှိသေးသည့်အတွက် သံယံဇာတ ခွဲဝေမှုမှာ ရှုပ်ထွေးများစွာ ရှိနိုင်ကြောင်းကိုလည်း စိုင်းအောင်မြင့်ဦးက ဆိုသည်။

          ဦးခွန်ထွန်းဦး က “သံယံဇာတနဲ့ ပတ်သက်ရင်တော့ တိုင်းရင်းသားတွေ ပြောပြောနေတာက ဗဟိုချုပ်ကိုင်မှုက များနေတယ်။ သံယံဇာတ ခွဲဝေမှုကလည်း မရှိသလောက်ပဲ ဖြစ်နေတယ်။ အားလုံး ပြည်မကပဲ ယူသွားတယ်။ တိုင်းရင်းသားတွေ အတွက် နိုင်တဲ့ တိုင်းရင်းသားတွေကိုပဲ ပြည်နယ်အစိုးရ ဖွဲ့စေချင်တယ်” ဟု ဆိုသည်။

          “သယံဇာတတွေကို တိုင်းပြည်အတွက် ပြည်နယ်အတွက် လူထုလူနေဘဝတွေ ဖွံ့ဖြိုးတိုးတက်ဖို့ သုံးပြီး ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုတွေနဲ့ အုပ်ချုပ်ဖို့ လိုတယ်။ တဦးတယောက် အဖွဲ့အစည်း တခုအတွက် သုံးနေရင်တော့ လူထုနဲ့ ရင်ဆိုင် နေရဦးမှာပဲ၊ ပြီးတော့ သယံဇာတတွေပေါ် အခြေခံတဲ့ ပြဿနာတွေ ဆက်ပြီး ရှိနေဦးမှာပဲ” ဟု ရှမ်းပြည်နယ် မြေယာနှင့် သံယံဇာတ ကိစ္စကို အဓိလုပ်ဆောင်နေသည့် မြန်မာလူထု မဟာမိတ်အဖွဲ့ မှ လုပ်ငန်းဖော်ဆောင်ရေး တာဝန်ခံ ဦးမိုးက ဧရာဝတီသို့ ပြောသည်။

          ရှမ်းပြည်နယ်၏ အနာဂတ်တွင် NLD အစိုးရသစ်ကို တိုင်းရင်းသား လက်နက်ကိုင်အရေး၊ ငြိမ်းချမ်းရေး၊ သယံဇာတ ခွဲဝေမှု၊ မူးယစ်ဆေးဝါး ပြဿနာများက စောင့်ကြိုနေပေသည်။

          Your Thoughts …
          နန်းဆိုင်နွမ်

          နန်းဆိုင်နွမ်

          Honest Information(HI)

          Similar Picks:

          ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

          ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

          by ကိုဦး
          25 September 2023
          50.1k

          စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

          ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

          ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

          by ဧရာဝတီ
          23 September 2023
          49.4k

          ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

          မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

          မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

          by ဧရာဝတီ
          6 November 2023
          46.6k

          ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

          ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

          ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

          by ဧရာဝတီ
          14 September 2023
          44.6k

          စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။

          နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

          နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

          by ဧရာဝတီ
          21 August 2023
          39.2k

          စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

          ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

          ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

          by ဧရာဝတီ
          17 October 2023
          37.7k

          ခန်းမအတွင်းရှိ တခြားသောသူများထက် တမူထူးကဲစွာ တဦးတည်း ပိုမိုပေါ်လွင်ထင်ရှားနေသော ထိုင်ခုံကျယ်ကြီးကို ကြည့်ခြင်းအားဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်တွင် တန်းတူညီမျှရေးစိတ်ဓါတ် မရှိသည်ကို ထင်ရှားပေါ်လွင်နေပေသည်။

          Next Post
          ပစ်ခတ်မှု

          လက်ပံတန်းတွင် သေနတ်ပစ်ခတ်မှု ရဲနှင့် အရပ်သား ဒဏ်ရာရ

          အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင့်မောင်နှင့် အင်တာဗျူး ( ပထမပိုင်း)

          အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင့်မောင်နှင့် အင်တာဗျူး ( ပထမပိုင်း)

          No Result
          View All Result

          Recommended

          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

          2 days ago
          11.7k
          ကိုးကန့် ငွေလိမ်ဂိုဏ်းများကို တရုတ် ဘယ်လိုနှိမ်နင်းသလဲ

          ကိုးကန့် ငွေလိမ်ဂိုဏ်းများကို တရုတ် ဘယ်လိုနှိမ်နင်းသလဲ

          5 days ago
          8.1k

          Most Read

          • စစ်ကောင်စီကို ဘယ်လို လက်တွဲ ဖြုတ်ချမလဲ

            စစ်ကောင်စီကို ဘယ်လို လက်တွဲ ဖြုတ်ချမလဲ

            shares
            Share 0 Tweet 0
          • စစ်ကောင်စီ စစ်ကြောင်းတွေကို TNLA ကြားဖြတ်တိုက်ခိုက်

            shares
            Share 0 Tweet 0
          • ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၃)

            shares
            Share 0 Tweet 0
          • ကုန်းကြမ်းမြို့ကို ညီနောင်မဟာမိတ် ၃ ဖွဲ့ သိမ်းပိုက်

            shares
            Share 0 Tweet 0
          • မတ္တရာနယ်မှ စစ်စခန်း TNLA နှင့် မန္တလေး PDF သိမ်းပိုက်

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved