• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

သမ္မတသစ်၏ ကတိကဝတ်များနှင့် ပကတိ တရားများ

by ထက်နိုင်ဇော်
30 March 2016
in ဆောင်းပါး
A A
ဦးထင်ကျော်, ဖွဲ့စည်းပုံ အခြေခံ ဥပဒေ, NLD

သမ္မတသစ် ဦးထင်ကျော် (ဓာတ်ပုံ - ဧရာဝတီ)

10.4k
VIEWS
Share on FacebookShare on Twitter

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရရဲ့ သမ္မတ ဦးထင်ကျော်က ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရေး အပါအဝင် အမျိုးသား ရင်ကြားစေ့ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်ရေးတို့ကို ဆောင်ရွက်မယ်လို့ ကတိပြုလိုက်ပြီ ဖြစ်ပြီး အဲဒီ ကတိများဟာ ဘယ်လောက် အတိုင်းအတာ အတွင်း မြန်မြန် အလုပ်ဖြစ်မလဲဆိုတာ နိုင်ငံရေး အသိုင်းအဝိုင်း၊ လေ့လာသူများက သုံးသပ်နေကြပါတယ်။

ပြီးတော့ သမ္မတသစ် အနေနဲ့ နိုင်ငံတော် အခြေပြမိန့်ခွန်း ပြောဆိုတဲ့အခါမှာ အချိန် မိနစ်ပိုင်းသာ ကြာမြင့်ခဲ့ပြီး အစိုးရသစ်ရဲ့ ရှေ့ဆက်ဆောင်ရွက်ရမယ့် မူဝါဒ လမ်းညွှန်ချက်တွေ အသေးစိတ် မပါဝင်ခဲ့တဲ့အပေါ်မှာလည်း သုံးသပ်ရ ခက်နေပါတယ်။

RelatedPosts

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

21 May 2025
156
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

21 May 2025
1.3k
တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

21 May 2025
37

ဒါပေမယ့် ဦးထင်ကျော်ရဲ့ လက်ရှိ အနေအထားကတော့ ဒီလောက်ပဲ ပြောတာ အကောင်းဆုံးဖြစ်ပြီး အခိုင်အမာ ရှေ့ဆက်လုပ်မယ့် ကိစ္စတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ကက်ဘိနက် အဖွဲ့နဲ့ တိုင်ပင်ပြီး မျှော်မှန်းချက်အတိုင်း လုပ်ရမှာ ဖြစ်လို့ တိုတိုနဲ့ထိထိမိမိ ပြောဆိုတာကို ကြိုက်ကြသူတွေလည်း ရှိပါတယ်။

ဒီမိုကရေစီ ခိုင်မာအားကောင်းတဲ့ နိုင်ငံတွေမှာဆိုရင် NLD ပါတီလို မဲအပြတ်အသတ်နဲ့နိုင်ပြီး တက်လာတဲ့ အစိုးရဖွဲ့နိုင်တဲ့ သမ္မတမျိုးဟာ သူ့မူဝါဒ ကတိကဝတ်တွေကို တိုင်းပြည်ကို ကြေညာပြီး အလုပ်ဖြစ်အောင် လုပ်နိုင်တဲ့ အနေအထားမျိုး ရှိပေမယ့် မြန်မာနိုင်ငံမှာတော့ တပ်မတော်လို သီးခြား အင်အားစုမျိုးကို မစည်းရုံးနိုင်ခဲ့ရင် အလုပ်မဖြစ်နိုင်သေးဘူးလို့ မြန်မာ့နိုင်ငံရေး အကဲခတ်တွေက ဧရာဝတီကို ပြောပါ တယ်။

သမ္မတသစ် ဦးထင်ကျော်ရဲ့ မိန့်ခွန်းက ရွေးကောက်ပွဲ မတိုင်ခင် NLD ပါတီရဲ့ ပြည်သူလူထုကို ပြောခဲ့တဲ့ ကတိကဝတ်တွေကို အခြေခံပြီးတော့ ပြောဆိုခဲ့ပေမယ့် လက်တွေ့ပိုင်းနဲ့ ပတ်သက်လို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ လည်းဖြစ်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း တဦးလည်းဖြစ်သူ ဦးရဲထွန်းက “ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရေး ကိစ္စတွေမှာက သီးခြား အင်စတီကျူးရှင်းဖြစ်တဲ့ တပ်မတော်က အစိုးရရဲ့ သြဇာအောက်မှာ မရှိဘူးဆိုရင် ကျနော်တို့ နိုင်ငံရဲ့ ပုံစံက တမျိုးကြီး ဖြစ်နေမှာပေါ့။ တခြား နိုင်ငံတွေမှာ အစိုးရတက်လာပြီး သမ္မတက ကတိကဝတ်ပေးရင် အကောင်အထည် ဖော်နိုင်တာပေါ့” လို့ ပြောကြားပါတယ်။

ဦးရဲထွန်းရဲ့ ပြောဆိုချက်တွေကို နိုင်ငံရေး လေ့လာ သုံးသပ်သူ တဦးဖြစ်တဲ့ ဒေါက်တာ ရန်မျိုးသိမ်းကလည်း သဘောတူခဲ့ပါတယ်။

သမ္မတသစ် ဦးထင်ကျော်ရဲ့ မိန့်ခွန်းဟာ မြန်မာပြည် နိုင်ငံရေး အပြောင်းအလဲရဲ့ အဓိကကျတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အကျပ်အတည်းကို အလေးထား ပြောဆိုသွားတာ ဖြစ်ပြီး လာမယ့် ၅ နှစ် အစိုးရသက်တမ်းအတွင်းမှာ ဦးထင်ကျော်ဟာ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) ကို ဦးဆောင်တဲ့ ပုဂ္ဂိုလ်တယောက်အနေနဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အပါအဝင် တပ်မတော် ခေါင်းဆောင်တွေနဲ့ ညှိနှိုင်း ဆွေးနွေးပြီးတော့ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး ပိုကောင်းမွန်လာဖို့ရော ဖွဲ့စည်းပုံအခြေခံ ဥပဒေ အကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ရော ဦးစားပေးပြီး ဆောင်ရွက်လာမယ်လို့ သုံးသပ်မိကြောင်း ဒေါက်တာ ရန်မျိုးသိမ်းက ပြောပါတယ်။

“၅ နှစ်အတွင်းမှာ ကာ/လုံက ဖွဲ့စည်းပုံ အကျပ်အတည်းရော အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး ပိုကောင်းဖို့အတွက်ရော အရေးပါတဲ့ Ground တခု၊ Medium တခု ဖြစ်လာလိမ့်မယ်” လို့ သူက ဆိုပါတယ်။
သမ္မတ ဦးထင်ကျော်ရဲ့ မိန့်ခွန်းမှာ လက်တွေ့လုပ်ငန်းစဉ်တွေ မပါတာနဲ့ ပတ်သက်ပြီးတော့လည်း စကားနည်းနည်းပြောပြီး အလုပ်များများ လုပ်မယ့် သဘောမျိုးလားလို့ ရခိုင်အမျိုးသား ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက ပြောပါတယ်။

ဦးဦးလှစောက “ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အချိန်တိုတိုနဲ့ လုပ်နိုင်တဲ့ လုပ်ငန်းရယ် ရေရှည်လုပ်ငန်းတွေမှာ ဒီမိုကရေစီ အသီးအပွင့်တွေကို ပြည်သူလူထု လက်တွေ့ခံစားနိုင်အောင် လက်တွေ့ကျတဲ့ လုပ်ငန်းစဉ်တွေ လိုတာပေါ့။ အဲဒီလုပ်ငန်းစဉ်ကို ချမပြသေးဘူးလေ။ နောက်တော့မှ ဘယ်သူက ချပြမလဲဆိုတာတော့ မပြောတတ်ဘူး” လို့ ဆိုပါတယ်။

သူက ဆက်လက်၍ “တော်တော် ထူးခြားတဲ့ မိန့်ခွန်းတခုလို့ပဲ ပြောရမှာပေါ့။ ပေါ်လစီ လမ်းညွှန်တော့ ထွက်လာပြီပေါ့။ အလုပ် လမ်းညွှန်မှာ ဘယ်လိုလုပ်မလဲဆိုတာ နောက်မှ ဆက်တိုက် အဓိပ္ပါယ် ဖွင့်ဆိုချက်တွေနဲ့ လာမလား မပြောတတ်ဘူး” လို့ ဆိုပါတယ်။

သမ္မတ ဦးသိန်းစိန်ကတော့ “မိဘ ပြည်သူများ ခင်ဗျာ” ဆိုပြီး တိုင်းပြည်မှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးမယ်၊ ဆင်းရဲ မွဲတေမှု ပပျောက်အောင် ဆောင်ရွက်မယ်၊ မတူတာတွေ ဖယ်ထားပြီး တူတာတွေ တွဲလုပ်မယ်ဆိုတဲ့ ပွင့်လင်းမြင်သာပြီး တာဝန်ခံမှုရှိတဲ့ စကားတွေကို သူ့ရဲ့ ပထမဆုံး မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

ဦးသိန်းစိန်ကို မိန့်ခွန်းရေးပေးသူက တဖွဲ့၊ အကောင်အထည်ဖော်ရတာက တဖွဲ့ ဖြစ်ခဲ့တဲ့အတွက် လက်တွေ့အလုပ် မဖြစ်ခဲ့တဲ့အပေါ် ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။

သမ္မတ ဦးထင်ကျော် အစိုးရ လက်ထက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်က သမ္မတရုံး ဝန်ကြီးအနေနဲ့ သမ္မတကိုယ်စား လစဉ် ပြည်သူတွေကို မိန့်ခွန်းပြောဆိုနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေလည်း ရှိနေပါတယ်။
“ဦးသိန်းစိန်ဆိုရင် မိန့်ခွန်းတွေက အများကြီး။ တကယ်လက်တွေ့အကောင်အထည် ဖော်တာဆိုရင် လက်ချိုး ရေလို့ ရတယ်။ ကွာခြားချက် ရှိပါတယ်။ ဟိုက အရည်အတွက်များများ ပြောတယ်။ ဒီက ဦးထင်ကျော်က အရည်အချင်း ရှိတာကို ပြောတယ်” လို့ တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

အဲဒါတွေ အပြင် NLD အစိုးရအနေနဲ့ ရက်ပေါင်း ၁၀၀ အတွင်းမှာ ပထမ ဦးစားပေးအနေနဲ့ မျှတတဲ့ တရားဥပဒေ စိုးမိုးရေး ရှိဖို့၊ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့နဲ့ နိုင်ငံရဲ့ စီးပွားရေးမှာ ပြည်သူတွေအတွက် အကျိုးရှိအောင် ဆောင်ရွက်ရေးတို့က အဓိက ကျပါတယ်လို့ ဦးရောဘတ်စန်းအောင်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

NLD အစိုးရလက်ထက်မှာ ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စရပ်တွေမှာ အောင်မြင်မှု ရဖို့ မသေချာပေမယ့် ကျန်တဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အပိုင်းနဲ့ ပညာရေး၊ ကျန်းမာရေး ကိစ္စတွွေကတော့ အောင်မြင်အောင် ဆောင်ရွက်နိုင်ပါလိမ့်မယ်လို့ နိုင်ငံရေး လေ့လာသူတွေက ဆိုပါတယ်။

သမ္မတ ဦးထင်ကျော်ရဲ့ မိန့်ခွန်းမှာ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ တိုင်းရင်းသားအရေးတွေ အပြင် ဆင်းရဲနေတဲ့ တိုင်းပြည်ကို ဘယ်လို ရုန်းထအောင် လုပ်မလဲ၊ စီးပွားရေး၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ဘယ်လို လုပ်ပေးမလဲ၊ ပြည်ပက ရင်းနှီးမြုပ်နှံမှုတွေ NLD အစိုးရလက်အောက်မှာ လာရောက် ရင်းနှီးမြုပ်နှံအောင် ဘယ်လို စီးပွားရေး ပေါ်လစီတွေနဲ့ ဆောင်ရွက်မလဲ၊ ပညာရေးနဲ့ ကျန်းမာရေး အသုံးစ ရိတ်တွေ မြင့်တက်လာဖို့ ဘာတွေ လုပ်ဆောင်ပေးမှာလဲ၊ အဂတိ လိုက်စားမှုတွေကို ဘယ်လို ကိုင်တွယ်မှာလဲ ဆိုတာနဲ့ပြည်သူတွေရဲ့ နေ့စဉ်ဘဝတွေ လုံခြုံမှုရှိလာဖို့ တရားဥပဒေ စိုးမိုးရေးကိစ္စတွေ ပါဝင်မလာဆိုပြီး စောင့်မျှော်ခဲ့ကြပေမယ့် အဲဒါတွေ အကုန်မပါဝင်သေးဘူး ဖြစ်နေပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေးအတွက် NLD အစိုးရက လက်တွေ့ကျကျ ဘယ်လို ဆောင်ရွက်မလဲဆိုတာ သူ့ရဲ့ မိန့်ခွန်းမှာ ပါလာနိုင်တယ်လို့ မျှော်လင့်နေခဲ့ကြပါတယ်။ ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး၊ နယ်စပ်တွေမှာ ခိုလှုံနေရတဲ့ ဒုက္ခသည်တွေ အေးချမ်းစွာ နေရပ်ပြန်နိုင်ရေး၊ ဒါ့အပြင် ပြည်ပနိုင်ငံတွေမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား အသိပညာရှင်၊ အတတ်ပညာရှင်တွေ ပြန်လာဖို့ကိုလည်း ဘယ်လိုမျိုး ဖိတ်ခေါ်မလဲဆိုတာကို ပြည်သူတွေက စိတ်ဝင်တစား မျှော်လင့်နေကြပါတယ်။

Your Thoughts …
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.2k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
ပန်ဆန်း, RCSS, အစည်းအဝေး, တပ်မတော်, အစိုးရသစ်

တိုင်းရင်းသားအဖွဲ့အချင်းချင်းမှာ ပြဿနာမဖြစ်အောင် လုပ်ဖို့ ကျနော်တို့ ယုံကြည်စွာလုပ်သွားမယ်

မြန်မာသမ္မတသစ်ကို အမေရိကန်သမ္မတ အိုဘားမားချီးကျူး ဂုဏ်ပြု

No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.5k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

6 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate