• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

နှစ်တရာကျော် မြစ်ငယ်မြို့က လခချဈေး

by အေးမွန်ရာပြည့်
7 May 2016
in ဆောင်းပါး
A A
ဈေး

ဧပြီလ ၂၆ ရက်နေ့က ဖွင့်လှစ်ခဲ့သည့် လခချဈေး (ဓာတ်ပုံ-အေးမွန်ရာပြည့်)

16.2k
VIEWS
Share on FacebookShare on Twitter
ဈေး
ဧပြီလ ၂၆ ရက်နေ့က ဖွင့်လှစ်ခဲ့သည့် လခချဈေး (ဓာတ်ပုံ-အေးမွန်ရာပြည့်)
ဈေး
ဧပြီလ ၂၆ ရက်နေ့က ဖွင့်လှစ်ခဲ့သည့် လခချဈေး (ဓာတ်ပုံ-အေးမွန်ရာပြည့်)
ဈေး
ဧပြီလ ၂၆ ရက်နေ့က ဖွင့်လှစ်ခဲ့သည့် လခချဈေး (ဓာတ်ပုံ-အေးမွန်ရာပြည့်)

ဈေး
ဧပြီလ ၂၆ ရက်နေ့က ဖွင့်လှစ်ခဲ့သည့် လခချဈေး (ဓာတ်ပုံ-အေးမွန်ရာပြည့်)
ဈေး
ဧပြီလ ၂၆ ရက်နေ့က ဖွင့်လှစ်ခဲ့သည့် လခချဈေး (ဓာတ်ပုံ-အေးမွန်ရာပြည့်)
ဈေး
ဧပြီလ ၂၆ ရက်နေ့က ဖွင့်လှစ်ခဲ့သည့် လခချဈေး (ဓာတ်ပုံ-အေးမွန်ရာပြည့်)

ဈေး
ဧပြီလ ၂၆ ရက်နေ့က ဖွင့်လှစ်ခဲ့သည့် လခချဈေး (ဓာတ်ပုံ-အေးမွန်ရာပြည့်)

ပူခြစ်တောက်နေတဲ့ နေရောင်အောက်မှာ ရောင်စုံထီးကြီးတွေ တမျှော်တခေါ် ရှည်လျားစွာရှိနေပြီး ဈေးဝယ်သူ၊ ဈေးရောင်းသူတွေ အပူဒဏ်ကို လျစ်လျူရှုပြီး ရောင်းဝယ်ဖောက်ကားနေကြပါတယ်။ ဈေးဝယ်လာသူတချို့က ယပ်တောင်တွေကို လက်ကကိုင် တဖျတ်ဖျတ်ခတ်ရင်း ဈေးမှာ ရောင်းချနေတဲ့ ပစ္စည်းတွေကို စိတ်ဝင်တစား လိုက်ပါ ကြည့်ရှုကြပါတယ်။ ဈေးသည်တွေကလည်း အားကြိုးမာန်တက် နွေအပူကြားမှာ သူတို့ရဲ့ ကုန်ပစ္စည်း တွေကို ရောင်းချဖို့ စိတ်အားထက်သန်နေကြသလို ဈေးဝယ်သူတွေကလည်း ဇွဲကြီးစွာကို အပုူဒဏ်ကို အံတု ရင်း ကုန်ပစ္စည်းတွေ ဝယ်ယူဖို့ စိုင်းပြင်းနေကြတယ်။

ဒီဈေးလေးက မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့မှာ ရှိနေတာဖြစ်ပြီး အခြားဈေးနဲ့မတူ အရမ်းထူးခြားတဲ့ဈေးဖြစ်ပါတယ်။ ဈေးနာမည်ကလည်း လခချဈေး ဖြစ်ပြီး အလွယ်ခေါ်ဆိုကြတာကတော့ လခဈေးဖြစ်ပါတယ်။ ဈေးဆိုတာဟာ ဝယ်သူရောင်းသူတွေနဲ့ နေ့စဉ် စည်ကားနေတဲ့ နေရာဖြစ်ပေမယ့် မြစ်ငယ်မြို့က လခချဈေးကတော့ တလမှာ လခထုတ်ရက်တရက်တည်းကိုသာ ရောင်းချတဲ့ ဈေးဖြစ်ပါတယ်။

RelatedPosts

ကာတာ လေယာဉ်လက်ဆောင် ထရမ့်ကို  အမေရိကန်ဥပဒေ ခွင့်ပြု မပြု

ကာတာ လေယာဉ်လက်ဆောင် ထရမ့်ကို အမေရိကန်ဥပဒေ ခွင့်ပြု မပြု

21 May 2025
336
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

20 May 2025
3.5k
စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
390

ဒီဈေးဖြစ်ပေါ်လာပုံကလည်း ကိုလိုနီခေတ်မှာ ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး မြန်မာ့လွတ်လပ်ရေးမရခင် ၁၉၁၁ ခုနှစ်မှာ အင်္ဂလိပ်အစိုးရက မြစ်ငယ်မြို့လေးမှာ မီးရထားလူစီးတွဲနဲ့ ကုန်တွဲ ထုတ်လုပ်တဲ့ စက်ရုံကို စတင်ဖွင့်လှစ် လိုက်ချိန်မှာ ဒီလခချဈေးဖြစ်ပေါ်လာတာပါ။ ကိုလိုနီခေတ် မြန်မာတနိုင်ငံလုံးက မီးရထားတွဲကို ပြုပြင်တာ၊ ထုတ်လုပ်တာတွေကို မြစ်ငယ်မီးရထားတွဲစက်ရုံက ထုတ်လုပ်တာမို့ မီးရထားစက်ရုံဝန်ထမ်းအင်အားများစွာ ရှိပြီး အဲဒီဝန်ထမ်းတွေ လခထုတ်ရက်တွေမှာ ဝယ်ယူလို့ရအောင် ဈေးသည်တွေ စနစ်တကျ လာရောင်းချရင်း ဒီဈေးဖြစ် ပေါ်လာတာဖြစ်ပါတယ်။ မြစ်ငယ်မြို့ မီးရထားတွဲစက်ရုံစတင် လည်ပတ်တဲ့ အချိန်ကစပြီး ဒီလခချ ဈေးဆိုတာဟာလည်း စတင်ဖြစ်တည်ခဲ့တာ ဒီနေ့အချိန်ထိပါပဲ။

တလလုံးမှာမှ လခထုတ်တဲ့ရက်တစ်ရက်ပဲ ဈေးဖွင့်တယ်။ မြစ်ငယ်မြို့တွင်းမှာရှိတဲ့ မီးရထားလူစီး တွဲနှင့်ကုန်တွဲစက်ရုံက ဝန်ထမ်းတွေလခထုတ်ရတဲ့ နေ့မှာ ဈေးဖွင့်ပါတယ်။ ဒီဈေးရဲ့သက်တမ်းက နှစ်တရာ ကျော်နေပြီဖြစ်လို့ သမိုင်းဝင် ဈေးတခုဆိုရင်လည်း မမှားနိုင်ပါဘူး။

လခချဈေးဟာ မြစ်ငယ်မြို့က မီးရထားစက်ရုံဝန်ထမ်းမိသားစုတွေ ဝယ်ရခြမ်းရလွယ်ကူအောင် စနစ်တကျဖွင့်လှစ် ထားတဲ့ဈေးဖြစ်ပါတယ်။ မီးရထားစက်ရုံနဲ့အတူဖြစ်တည်ခဲ့တဲ့ ဖွားဖက်တော်ဈေး လို့လည်းဆိုနိုင်ပါတယ်။ ယခင်က ဒီစက်ရုံမှာ ဝန်ထမ်းအင်အားပေါင်းသုံးထောင်နီးပါးလောက်ထိရှိခဲ့ပေမယ့် ဒီနေ့အချိန်မှတော့ဝန်ထမ်းအင်အားတထောင်ကျော်သာရှိတော့တယ်။ ။

မြစ်ငယ်မြို့ဟာ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်အတွင်းမှာ ပါဝင်တဲ့မြို့ငယ်လေးဖြစ်ပြီး ရပ်ကွက်၁၃ ရပ်ကွက်နဲ့တည်ဆောက်ထားပါတယ်။ ဒီ၁၃ရပ်ကွက်စလုံးမှာ မီးရထားဝန်ထမ်းမိသားစုတွေက အများဆုံး နေထိုင် ကြပါတယ်။ လခချဈေးနေ့မှာ လစာပူပူနွေနွေးထုတ်ထားတဲ့ ဝန်ထမ်းမိသားစုတွေ လာရောက် ဝယ်ယူကြသလို ၊ မြစ်ငယ်မြို့ရဲ့အနီးဝန်းကျင်တွေကလည်း လာရောက်ဝယ်ယူကြတယ်။ လခချဈေးနေ့မှာ လာရောင်းတဲ့ဈေးသည်တွေအကုန်လုံးမှာ လုံးဝမရောင်းရဘဲပြန်ရတဲ့ဈေးသည်ဆိုတာ မရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။ ဈေးသည်အားလုံးရောင်းရတယ်။ ကုန်ပစ္စည်းပေါ်မူတည်ပြီး ပမာဏနည်းနည်းရောင်းရတာနဲ့ များများ ရောင်းရတာပဲကွာတယ်လို့ ဈေးသည်တွေက ဆိုကြပြီး ဒါကလည်း ဒီဈေးရဲ့ထူးခြားချက်ပါ။

ဈေးဖြစ်တဲ့ လခထုတ်ရက်မှာဆိုရင် နံနက်၇နာရီလောက်ကစပြီး ဈေးသည်တွေနေရာအသင့်ယူနေကြပြီ။ ဈေးသည်တွေကတော့ မြစ်ငယ်မြို့နဲ့မနီးမဝေးက မန္တလေး၊ ကျောက်ဆည်၊ ပြင်ဦးလွင်၊ မြင်းခြံ၊ သာစည် စတဲ့ဒေသတွေကပါ။ ကြက်သွန်၊ အားလူး၊ ငရုတ်၊ ငါးခြောက်တို့လို မီးဖိုချောင်စာသုံးကုန်တွေ၊ ပန်းကန်ခွက် ယောက်တွေပါသလို အကျၤီအဝတ်အထည်တွေ၊ ကြောင်အိမ်၊ ခေါင်းအုံး၊မွှေ့ယာ၊ဖျာလိပ်စတဲ့ အိမ်သုံး ပရိဘောဂ ပစ္စည်း တွေလည်း လာရောက်ရောင်းချကြတယ်။ ဈေးဝယ်မယ့်သူအများစုဟာ လခစားဝန်ထမ်း အများစု ဖြစ်တာကြောင့် သူတို့တတ်နိုင်မယ့်ငွေကြေးပမာဏရှိတဲ့ ကုန်ပစ္စည်းတွေကို အများဆုံး ရောင်းချ ကြပါတယ်။ အများစုကတော့ တကယ်ဝယ်ကြတယ်။ တချို့မဝယ်တဲ့သူတွေကလည်း ဈေးတခုလုံး နှံ့အောင် လမ်းလျှောက်လိုက်ကြတာပဲ။

လခချဈေးကလေးမှာ ဈေးဆိုင်စုစုပေါင်း ရှစ်ရာကျော် ကိုးရာနီးပါးအထိရှိတယ်။ မီးရထားတွဲပြင်စက်ရုံရှေ့ပေါက် လမ်းဆုံကနေ တောင်ဘက်ထိပ် စစ်ကိုင်း-မြစ်ငယ်ဖြတ်လမ်းထိပ်အထိတောက်လျှောက်ကြီးပါပဲ။ ဈေးအစကနေ အဆုံးအထိ ဈေးသည်တွေရောင်းနေတဲ့ ပစ္စည်းတွေငေးရင်းမောရင်း လမ်းလျှောက်ကြသူတွေရှိသလို ပူပူနွေးနွေးလခထုတ်လာတဲ့ ငွေလေးတွေကိုင်ပြီး ဈေးဝယ် လမ်းလျှောက်ရသူတွေလည်း များပြားလှပါတယ်။
လခချဈေးက တလမှာတရက်၊ တစ်နှစ်မှာ၁၂ရက်သာ ဖြစ်တဲ့ဈေးပါ။ တနှစ်လုံးမှာ လခချဈေးရဲ့ အစည်ဆုံးလသုံးလရှိပါတယ်။ သင်္ကြန်မတိုင်ခင် မတ်လကုန်လခထုတ်ရက်၊ ကလေးတွေကျောင်းဖွင့်အမှီ မေလကုန်လခထုတ်ရက်၊ ကထိန်ကာလမတိုင်ခင် အောက်တိုဘာလကုန်လခထုတ်ရက်တွေလို့ ဈေးသည်တွေက ဆိုကြပါတယ်။ အဲဒီရက်တွေမှာတော့ ဈေးတန်းဟာလုံး၀ ကြိတ်ကြိတ်တိုးစည် ကား တယ် လို့သိ ရ ပါတယ်။
ဆောင်းရာသီမှာလည်း လခချဈေးနေ့ဆိုရင် ကြိတ်ကြိတ်တိုး စည်ကားပါတယ်။ အအေးဒဏ်ကိုလုံလုံလောက်လောက်ကာကွယ်ပေးနိုင်တဲ့ လေဘေး(အဟောင်းထည်) အနွေးထည် ရောင်းသူတွေ အမြောက်အမြား လာကြသလို ဝယ်ယူတွေကလည်း ဒုနဲ့ဒေးများပြားလှပါတယ်။

လခထုတ်ရမယ့်ရက်က စနေ၊တနင်္ဂနွေနေ့တွေနဲ့တိုက်နေတယ်ဆိုရင် ဈေးရက်ကိုရှေ့တိုးပြီး သောကြာနေ့မှာ လုပ်လေ့ရှိပါတယ်။

လခချဈေးဟာ နံနက် ၇ နာရီကစလို့ ညနေ ၅ နာရီ အထိ စည်ကားလေ့ရှိပြီး ည ၇ နာရီ ဈေးကွဲသွားပြီး ဈေးသည်တွေဟာလည်း ကိုယ့်ဒေသအသီးသီးကိုပြန်ဖို့ပြင်ဆင်ကြတယ်။ ညတွင်းချင်း အချိန်မဆိုင်းပဲ ဈေးသည်းတွေက သူတို့ နေရပ်ဆီ ပြန်ကြတယ်။ ဘယ်ဈေးသည်မှ အချိန်ဆွဲပြီး ဆက်နေခဲ့တာမျိုးမရှိဘူး။ နောက်တနေ့မနက်ကြည့်မယ်ဆိုရင် လခချဈေးပြုလုပ်ခဲ့တဲ့နေရာမှ ဟုတ်ရဲ့လားလို့ထင်ရေလောက်အောင်ကို အမှိုက်သရိုက်တွေမရှိဘဲ ရှင်းရှင်းလင်းလင်းကြီး ကျန်ခဲ့လေ့ရှိတယ်၊ လို့ မြစ်ငယ်မြို့ခံတချို့က ဆိုတယ်။

မြစ်ငယ်မြို့သူ မြို့သားတွေက ထူးခြားလှတဲ့ တလမှာလခထုတ်ရက်တရက်သာ ရောင်းဝယ်ဖောက်ကားကြတဲ့ လခချဈေးလေးအပေါ် အရမ်းကိုချစ်မြတ်နိုးပြီး ဂုဏ်ယူကြတယ်။ မီးရထားဝန်ထမ်းမြို့လေးဖြစ်တဲ့ မြစ်ငယ်မြို့ ရဲ့ လခချဈေးကို နှစ်ပေါင်းတရာကျော်တိုင်တိုင်အောင် သူတို့ချွေးစက်တွေနဲ့ ဂရုတစိုက် ထိန်းသိမ်းခဲ့ကြ တယ်ဆိုရင် လည်း မမှားနိုင်ပါဘူး။ လခထုတ်ရက်တိုင်းမှာ မြစ်ငယ်မြို့ရဲ့ လခချဈေးက ပုံမှန်ဖြစ်တည်ပြီး ရိုးရာ မပျက် ရောင်းသူ ဝယ်သူတွေနဲ့ ရှင်သန်စည်ကား လှုပ်ရှားမှာ အသေအချာဖြစ်ပါတယ်။

Your Thoughts …
အေးမွန်ရာပြည့်

အေးမွန်ရာပြည့်

Contributor

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.2k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
ထိုင်းအစားအစာ

မြဝတီမြို့ကို သွားလည်ဖြစ်ခဲ့ရင် ဘယ်မှာ နားမလဲ၊ ဘယ်မှာ စားမလဲ

Toyota Aristo

နည်းပညာမြင့်Toyota Aristo

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

2 days ago
3.5k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate