၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ပြည်ပ ခရီးစဉ်များကို ရက်စွဲအလိုက် စုဆောင်းဖော်ပြထားပါသည်။
၂၀၁၂ ခရီးစဉ်များ
၃၀.၅.၂၀၁၂။ ။ ထိုင်းနိုင်ငံတွင် ကမ္ဘာ့စီးပွားရေး ညီလာခံ တက်ရောက်ခဲ့ပြီး မယ်လဒုက္ခသည် စခန်းသို့ သွားရောက်ကာ မြန်မာအလုပ်သမားများနှင့် တွေ့ဆုံခဲ့သည်။
၁၄.၆.၂၀၁၂။ ။ ဆွစ်ဇာလန်နိုင်ငံ ၊ ဂျနီဗာမြို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားညီလာခံတွင် မိန့်ခွန်း ပြောခဲ့သည်။
၁၆.၆.၂၀၁၂။ ။ နော်ဝေနိုင်ငံ၊ အော်စလိုမြို့တွင် ၁၉၉၁ ခုနှစ်က ရရှိခဲ့သော ငြိမ်းချမ်းရေး နိုဗဲလ်ဆုကို လက်ခံရယူခဲ့သည်။
၁၈.၆.၂၀၁၂။ ။ အိုင်ယာလန်နိုင်ငံ၊ ဒဗ္ဗလင်မြို့တွင် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့က ပေးအပ်သော Ambassador of Conscience ဆုကို လက်ခံယူခဲ့သည်။
၂၀.၆.၂၀၁၂။ ။ အင်္ဂလန်နိုင်ငံ၊ ပါလီမန် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်တွင် မိန့်ခွန်းပြောခဲ့သည်။
၁၆.၉.၂၀၁၂။ ။ အမေရိကန်နိုင်ငံသို့ သွားရောက်ခဲ့ပြီး သမ္မတ အိုဘားမား၊ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့နှင့် တွေ့ဆုံခဲ့သည်။
၁၄.၁၁.၂၀၁၂။ ။ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မန်မိုဟန်ဆင်းနှင့်တွေ့ဆုံခဲ့သည်။
၂၀၁၃ ခရီးစဉ်များ
၂၅.၁.၂၀၁၃။ ။ အမေရိကန်သု့ိ ရောက်ရှိခဲ့ပြီး ခရီးစဉ်အတွင်း မြန်မာမိသားစုများနှင့် တွေ့ဆုံခြင်း၊ ဇန်နဝါရီ ၂၈ ရက်နေ့တွင် ဟိုနိုလူလူမြို့တွင် ကျင်းပသော ရိုထရီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက် မိန့်ခွန်းပြောကြား ခြင်းတို့ကို ပြုလုပ်ခဲ့သည်။
၂၉.၁.၂၀၁၃။ ။ တောင်ကိုရီးယားနိုင်ငံ သမ္မတ လီမြောင်ဘတ်နှင့် တွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် သမ္မတလောင်း မစ္စပက်ဂွန်ဟေးနှင့်လည်း တွေ့ဆုံခဲ့သည်။ ခရီးစဉ်အတွင်း ညီလာခံများ တက်ရောက်ခြင်း၊ ကိုရီးယားရောက် မြန်မာမိသားစုများနှင့် တွေ့ဆုံခြင်းများ ပြုလုပ်ခဲ့သည်။
၁၃.၄.၂၀၁၃။ ။ ဂျပန်နိုင်ငံသို့ ရောက်ပြီး ခရီးစဉ်အတွင်း ဂျပန်ရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံခြင်း၊ ဂျပန် လွှတ်တော် ဥက္ကဋ္ဌ၊ ဂျပန် အိမ်ရှေ့မင်းသား၊ ဂျပန် နိုင်ငံခြားရေး ဝန်ကြီး၊ မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူ တချို့၊ တိုကျိုတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံခဲ့သည်။
၂၉.၄.၂၀၁၃။ ။ မွန်ဂိုလီးယားနိုင်ငံ ဒီမိုကရေစီ လူ့အဖွဲ့အစည်း ညီလာခံသို့ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပြီး၊ ပိုလန် အခြေစိုက် Community for Democracies မှ ပေးအပ်သည့် Geremek ဆု လက်ခံရယူခဲ့ သည်။ ဧပြီး ၃၀ ရက်နေ့တွင် မွန်ဂိုလီးယား သမ္မတနှင့် မွန်ဂိုလီးယား-မြန်မာ Road to Freedom and Lessons Learned အကြောင်း ပူးတွဲ မိန့်ခွန်းပြောကြားခဲ့သည်။
၁၁.၉.၂၀၁၃။ ။ ပိုလန်နိုင်ငံသို့ ရောက်ရှိခဲ့ပြီး ပိုလန်သမ္မတ၊ အထက်လွှတ်တော်နှင့် အောက်လွှတ်တော် ဥက္ကဋ္ဌ များ၊ လွှတ်တော် အမတ်များနှင့် တွေ့ဆုံခဲ့သည်။ စက်တင်ဘာ ၁၂ ရက်နေ့တွင် ဝါဆော တက္ကသိုလ်တွင် နိုင်ငံရေးနှင့် ပညာရေး ခေါင်းစဉ်ဖြင့် ဟောပြောပို့ချခဲ့သည်။
၁၃.၉.၂၀၁၃။ ။ ဟန်ဂေရီနိုင်ငံ ၊ ဘူဒါပက်စ်မြို့သို့ ရောက်ရှိပြီး Corvinus တက္ကသိုလ်တွင် from Revolution to Reconstruction ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။
၁၄.၉.၂၀၁၃။ ။ ချက်သမ္မတနိုင်ငံ ပရာ့ဂ်မြို့သို့ ရောက်ရှိခဲ့သည်။ စက်တင်ဘာ ၁၅ ရက်နေ့တွင် Forum 2000 တက်ရောက်ခဲ့ပြီး ယင်းဖိုရမ် ဖွင့်ပွဲတွင် မိန့်ခွန်းပြောကြားခဲ့၊ ယင်းနေ့တွင်ပင် ဥရောပ ပါလီမန် အမတ်၊ ချက်သမ္မတဟောင်းတို့နှင့် တွေ့ဆုံခဲ့သည်။ စက်တင်ဘာ ၁၆ ရက်နေ့တွင် ချက်သမ္မတ ဟောင်း၊ နိုင်ငံခြားရေး ဝန်ကြီးတို့နှင့် တွေ့ဆုံခဲ့သည်။ စက်တင်ဘာ ၁၇ ရက်၊ ညီလာခံ ဒုတိယနေ့ တွင် ပါဝင်ဆွေးနွေးခဲ့သည်။
၂၀.၉.၂၀၁၃။ ။ စင်ကာပူနိုင်ငံသို့ ရောက်ရှိခဲ့ပြီး စင်ကာပူ နိုင်ငံခြားရေး ဒုဝန်ကြီးနှင့် တွေ့ဆုံခဲ့သည်။ စက်တင်ဘာ ၂၁ ရက်နေ့တွင် Singapore Summit 2013 သို့ တက်ရောက် မိန့်ခွန်းပြောခဲ့သည်။ စက်တင်ဘာ ၂၂ ရက်နေ့တွင် စင်ကာပူရောက် မြန်မာများနှင့် တွေ့ဆုံခဲ့သည်။ စက်တင်ဘာ ၂၃ ရက်နေ့တွင် စင်ကာပူ ပါလီမန်သို့ သွားရောက် လေ့လာပြီး၊ စင်ကာပူ သမ္မတ၊ ဝန်ကြီးချုပ်၊ စင်ကာပူ ဝါရင့်ဝန်ကြီး ဂိုချောက်ထောင်နှင့် တွေ့ဆုံခဲ့သည်။
၁၉.၁၀.၂၀၁၃။ ။ တတိယ အကြိမ် ဥရောပ ခရီးစဉ် ဖြစ်သည်။ အောက်တိုဘာ ၁၉ ရက်နေ့တွင် ဘယ်လ်ဂျီယံ နိုင်ငံသို့ ရောက်ရှိခဲ့ပြီး၊ ဒလူးဝမ်းကက်သလစ် တက္ကသိုလ်တွင် ဟောပြောခဲ့ပြီး၊ ၁၉၉၈ ခုနှစ်က လူဗန်းကက်သလစ် တက္ကသိုလ်မှ ချီးမြှင့်ခဲ့သည့် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို လက်ခံခဲ့သည်။ ဥရောပသမဂ္ဂ၊ ဥရောပကော်မရှင် ဥက္ကဋ္ဌနှင့် တွေ့ဆုံခဲ့သည်။ အောက်တိုဘာ၂၀ ရက်နေ့တွင် ဥရောပကောင်စီနှင့် ဘရပ်ဆဲလ်မြို့၌ တွေ့ဆုံသည်။
၂၁.၁၀.၂၀၁၃။ ။ လူဇင်ဘတ်နိုင်ငံသို့ ရောက်ရှိခဲ့ပြီး ဥရောပနိုင်ငံ ၂၈ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံခဲ့သည်။
၂၂.၁၀.၂၀၁၃။ ။ ပြင်သစ်နိုင်ငံ Strasbourg မြို့ရှိ ဥရောပ ပါလီမန်တွင် ကျင်းပသည့် Sakharov လူ့အခွင့်အရေး ဆုချီးမြှင့်ပွဲသို့ တက်ရောက်ခဲ့ပြီး အတွေးအခေါ် လွတ်လပ်မှု ဆာခါရော့ဗ်ဆု လက်ခံခဲ့သည်။ တခြား ဥရောပပါလီမန် ခေါင်ဆောင်များနှင့်လည်းတွေ့ဆုံခဲ့သည်။
၂၃.၁၀.၂၀၁၃။ ။ ဗြိတိန်နိုင်ငံသို့ရောက်ရှိ၊ အိမ်ရှေ့မင်းသား ချားလ်စ်နှင့် ကြင်ယာတော်တို့နှင့် တွေ့ဆုံခဲ့ပြီး ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းနှင့် ဒေါင်းနင်းလမ်းရှိ အမှတ် ၁၀ နေအိမ်တွင် တွေ့ဆုံခဲ့သည်။ စက်တင်ဘာ ၂၅ ရက်နေ့တွင် ဗြိတိန် ဆင်းဟတ်စ်တော်ဝင် စစ်တက္ကသိုလ်တွင် မိန့်ခွန်းပြောကြား ခဲ့သည်။
၂၇.၁၀.၂၀၁၃။ ။ အီတလီနိုင်ငံသို့ ရောက်ရှိခဲ့ပြီး ဂုဏ်ထူးဆောင် ရောမမြို့သူဆုကို လက်ခံခဲ့သည်။ စက်တင်ဘာ ၂၈ ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီးနှင့် တွေ့ဆုံခဲ့သည်။ ခရီးစဉ်အတွင်း အီတလီ သမ္မတ၊ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေး ဝန်ကြီး အပါအဝင် လွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီး တခြား ဂုဏ်ပြုဆုများကိုလည်း လက်ခံရယူခဲ့သည်။
၂၇.၁၁.၂၀၁၃။ ။ သြစတြေးလျနိုင်ငံသို့ ရောက်ရှိခဲ့ပြီး ဆစ်ဒနီမြို့ Opera House တွင် ကျင်းပသော ဘွဲ့နှင်း သဘင် ခန်းမတွင် ဆစ်ဒနီတ က္ကသိုလ်မှ ချီးမြှင့်သော ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို လက်ခံခဲ့သည်။ သြစတြေးလျ နည်းပညာ တက္ကသိုလ်ကလည်း ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ခဲ့သည်။ New South Wales ဘုရင်ခံနှင့် တွေ့ဆုံခဲ့သည်။ နိုဝင်ဘာ ၂၈ ရက်နေ့တွင် ဝန်ကြီးချုပ် တိုနီအက်ဘော့နှင့် တွေ့ဆုံခဲ့ပြီး၊ နိုဝင်ဘာ ၂၉ ရက်နေ့တွင် သြစတြေးလျ အမျိုးသားတက္ကသိုလ်မှ ချီးမြင့်သည့် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ လက်ခံခဲ့သည်။ ဘုရင်ခံချုပ် ကွမ်တင်ဘရုစ်နှင့် အစိုးရ အိမ်တော်တွင် တွေ့ဆုံသည်။ နိုဝင်ဘာ ၃၀ ရက်နေ့တွင် မဲလ်ဘုန်းမြို့ရှိ မိုနာ့ရှ် တက္ကသိုလ်မှ ချီးမြှင့်သည့် ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို လက်ခံခဲ့သည်။ နိုင်ငံခြားရေး ဝန်ကြီးနှင့် တွေ့ဆုံခဲ့သည်။
၁၀.၁၁.၂၀၁၃။ ။ ကာတာနိုင်ငံ ဒိုဟာမြို့တွင် ကျင်းပသော ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ ထိပ်သီးညီလာခံ World Innovation Summit for Health သို့ တက်ရောက်ခဲ့သည်။
၂၀၁၄ ခရီးစဉ်များ
၉.၄.၂၀၁၄။ ။ ဂျာမနီနှင့် ပြင်သစ်နိုင်ငံသို့ သွားရောက်ခဲ့သည်။
၂၀၁၅ ခရီးစဉ်များ
၁၀.၆.၂၀၁၅။ ။ တရုတ်ကွန်မြူနစ် ပါတီ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့သည်။
၂၀၁၆ ခရီးစဉ်များ
၇.၅.၂၀၁၆။ ။ လာအိုနိုင်ငံသို့ သွားရောက်ခဲ့ပြီး လာအို အမျိုးသားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌနှင့် တွေ့ဆုံကာ နှစ်နိုင်ငံ လွှတ်တော်နှစ်ရပ်ကြား ဆက်ဆံရေး ကိစ္စများ ပိုမိုတိုးမြှင့် ဆောင်ရွက်ရန် ကိစ္စများကို ဆွေးနွေးခဲ့သည်။
၂၃.၆.၂၀၁၆။ ။ ထိုင်းဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ သွားရောက်သည်။