ဆောင်းပါး

မြန်မာ့ ပယင်းကျောက်အတွင်းမှ ဒိုင်နိုဆော ငှက်တောင်ပံများ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မကြာသေးခင်က ရှာဖွေတွေ့ရှိရသော ပယင်းကျောက်ထဲမှ သေးငယ်သော တောင်ပံနှစ်ခုတို့က ယနေ့ခေတ် ငှက်များတွင် တွေ့ရသော ငှက်မွှေးတောင်များ (အလွှာဖွဲစည်းမှု၊ ပုံစံဖွဲ့စည်းမှု၊ အရောင်အသွေးဖွဲ့စည်းမှုနှှင့် ငှက်မွှေးများ စီစဉ်ထားရှိမှု) သည် ၎င်းတို့ဘိုးဘေးများ အနည်းဆုံး လွန်ခဲ့သောနှစ်ပေါင်း သန်း ၁၀၀ ခန့် ကပင် တည်ရှိခဲ့ကြောင်း ဖော်ပြနေသည်။

ဇွန်လ ၂၈ ရက်နေ့ထုတ် Nature Communication စာစောင်တွင်ဖော်ပြပြီး တစိတ်တပိုင်းအားဖြင့် National Geographic Society ၏ Expedition Council က ငွေကြေးပံ့ပိုးသည့် မံမီသဖွယ်ဖြစ်နေသောတောင်ပံများကို လေ့လာမှုတခုအရ ၎င်းတို့သည် ဒိုင်နိုဆောခေတ်ဟုလည်းခေါ်သော Cretaceous ခေတ်အကုန်တွင် မျိုးတုန်းပျောက်ကွယ်သွားသော enantiornithes ဟုခေါ်သည့် ဌက်အုပ်စုမှ ဖြစ်သည်။

အရူးအမူး ဖြစ်လောက်သော တွေ့ရှိမှု

ဒိုင်နိုဆောအားလုံး မဟုတ်လျင်ပင် အများအပြားတွင် အမွှေးအတောင်များရှိသည်ဟူသောအချက်ကို ၁၉၉၀ ခုနှစ်များကပင် လက်ခံထားကြသော်လည်း သမိုင်းမတင်မီခေတ် ဌက်မွှေးနှင့်ပတ်သက်သော ကျနော်တို့၏အသိမှာ ကာဗွန်ဖိသိပ်မှု ကျောက်ဖြစ်ရုပ်ကြွင်းများ ငှက်မွှေးတောင်ပုံစံများနှင့် ပယင်းတွင် ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်နေသော ဌက်မွှေးတခုစီမှ ရရှိသော အသိသာ ဖြစ်သည်။

ငှက်တောင်ပံ
အမွှေးအတောင်နှင့် အရိုးဖွဲ့စည်းမှုတို့က လှပစွာ ဖွဲ့စည်းတည်ကျန်နေခဲ့သည် ( ဓာတ်ပုံ – R.C. McKellar/Royal Saskatchewan Museum)

ဖိသိပ်မှု ကျောက်ဖြစ်ရုပ်ကြွင်းများမှ ဌက်မွှေးတောင်ပုံစံအရာများသည် စီစဉ်ထားရှိမှုကို ပြသသော်လည်း ၎င်းတို့တွင် အနုစိတ်များမပါဘဲ အရောင်အသွေးနှင့်ပတ်သက်သော အချက်အလက်များကို ထိန်းသိမ်းထားခဲလှပြီး ပယင်းကျောက်အတွင်းမှ တခုစီသာရှိသော ဌက်မွှေးများသည် ၎င်းတို့မည်သည့်သတ္တဝါ၏ အမွှေးအတောင်ဖြစ်သည်ကို ဆက်စပ်မသိနိုင်ပေ။

ယခုအသစ်ရရှိသော နမူနာနှစ်ခုမှာ အလေးချိန် ဝ.၀၆ နှင့် ဝ.၀၃ အောင်စ (၁.၆ နှင့် ၈.၅၁ ဂရမ်) သာရှိပြီး အရိုးတည်ဆောက်ပုံ၊ ငှက်မွှေးကြောများနှင့် နူးညံ့သောတစ်ရှူးများ ပါဝင်သည်။ လေ့လာမှုကို ပူးတွဲပြုလုပ်သူ တရုတ်ဘူမိသိပ္ပံ တက္ကသိုလ်မှ လီဒါစင်း၏ အဆိုအရ ၎င်းတို့သည် သီးခြားမဟုတ်သော ပထမဆုံး လေ့လာသိရှိရသော ဒိုင်နိုဆောခေတ် ငှက်မွှေးတောင်များ ဖြစ်သည်။

“ပယင်းကျောက်ထဲက ငှက်မွှေးတွေနဲ့ပတ်သက်လို့ ကျနော်တို့ ရင်ဆိုင်ရတဲ့ အကြီးဆုံးပြဿနာက ကျနော်တို့ ရလေ့ရှိတာ ငှက်မွှေးအပိုင်းအစ ဒါမှမဟုတ် တချောင်းထဲပဲရှိတဲ့ ငှက်မွှေးတွေသာ ရရှိတာဘဲ။ နောက်ပြီး အဲဒါတွေဟာ ဘယ်သတ္တဝါရဲ့ အမွှေးလဲဆိုတာ မသိရဘူး” ဟု ပူးတွဲလေ့လာသူ ကနေဒါနိုင်ငံ တော်ဝင် စက်ကက်ချီယန် ပြတိုက် (Royal Saskatchewan Museum) ကျောရိုးမဲ့ ရှေးဟောင်းသုတေသနပြတိုက်မှုး ရန်မက်ကဲလားက ပြောသည်။ ” အခုလိုမျိုး မရဖူးဘူး။ အရူးအမူးဖြစ်လောက်တဲ့တွေ့ရှိမှုပဲ” ဟုလည်း သူကဆိုသည်။

တွေ့မြင်နေကျ ငှက်မွှေးများ

အိပ်ဇရေးမိုက်ခရိုစီတီ (x-ray micro-CT) စစ်ဆေးချက်အရ နမူနာနှစ်ခုစလုံးမှာ အရိုးအရွယ်အစားနှင့် ဖွံ့ဖြိုးမှုအဆင့်အရ အရွယ်မရောက်သေးသော အကောင်ငယ်များမှ ဖြစ်ကြောင်း သိရသည်။ အရိုးတည်ဆောက်ပုံ၊ အချိုးအစားနှင့် အချို့သော ငှက်မွှေးတောင်လက္ခဏာ တူညီမှုများက ၎င်းတို့သည် တူညီသောမျိုးစိတ်မှ ဖြစ်ကြောင်း တွေ့ရသည်။

ပယင်းကျောက်
ကျောက်ဖြစ်ရုပ်ကြွင်းပါ ပယင်းကျောက်နှင့် ငှက်အရွယ် နှိုင်းယှဉ် စိတ်ကူးပုံဖော်ပုံ ( သရုပ်ဖော်ပုံ – http://www.cbc.ca)

ပျံသန်းမှု အမွှေးအတောင်များ၊ ပြောင်းလဲရေး ငှက်မွှေးတောင်များ အတန်းလိုက် ကြွင်းကျန်နေပြီး အရေပြား၊ ကြွက်သား၊ ခြေသည်းများနှင့် ငှက်မွှေးရိုးတံများမှာ နမူနာ ၂ ခုလုံးတွင် မြင်သာသည်။ အားလုံးတွင် စီစဉ်ထားရှိမှုနှင့် အသေးစိတ်တည်ဆောက်ပုံတွင် ယနေ့ခေတ်ငှက်များနှင့် ဆင်တူကြသည်။

သာမန်မျက်စိဖြင့် ကြည့်လျင် ငှက်မွှေးများသည်မဲနေသော်လည်း မိုက်ခရိုစကုပ်ဖြင့် လေ့လာပါက ပျံသန်းရေးတောင်ပံများသည် အညိုရင့်ရောင်ဖြစ်ကာ ပြောင်းလဲရေးတောင်ပံများမှာ အနည်းငယ်ဖျော့တော့သောအညိုမှ ငွေရောင် အဖြူရောင်အဆင့်များအထိ အမျိုးမျိုး ရှိကြသည်။

ဒုက္ခတောမှ ကျောက်ဖြစ်ရုပ်ကြွင်းများ

ပယင်းမှ ကျောက်ဖြစ်ရုပ်ကြွင်း အများစုသည် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းရှိ တူးဖော်ရေးလုပ်ငန်းများမှ လာသည်။ ထိုချိုင့်ဝှမ်းကို လတ်တလော ကချင်လွတ်မြောက်ရေးတပ်မတော်က ထိန်းချုပ်ထားသည်။ ယင်းဒေသတွင် ပြည်တွင်းစစ် ဖြစ်နေသည်မှာ နှစ် ၅၀ ရှိပြီ။

ကချင်ပြည်နယ်
ပယင်းမှ ကျောက်ဖြစ်ရုပ်ကြွင်း အများစုသည် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းရှိ တူးဖော်ရေးလုပ်ငန်းများမှ လာသည် (ဓာတ်ပုံ -nationalgeographic.com)

ပဋိပက္ခကြောင့် မြန်မာပယင်းတူးဖော်ရောင်းချရေးမှာ အများအားဖြင့် စည်းမျဉ်းထိန်းချုပ်မှုမရှိဘဲ အများစုမှာ ကျောက်မျက်အဖြစ် အလှဆင်ကျောက်အဖြစ် တန်ဖိုးထားသော တရုတ်များသို့ ရောင်းချနေကြသည်။

လီဒါစင်းနှင့် သူ၏သုတေသနအဖွဲ့သည် ယခုလေလာမှုတွင် သုံးသော နမူနာနှစ်ခုကို ကချင်ပြည်နယ်မြို့တော်မြစ်ကြီးနားမှ ကျော်ကြားသော ပယင်းဈေးမှ ရသည်။

အမေရိကန် သဘာဝသမိုင်းပြတိုက်မှ ကျောရိုးမဲ့သတ္တဗေဒ ပြတိုက်မှုး ဒေးဗစ်ဂရီမယ်လ်ဒီ၏ အဆိုအရ သိပ္ပံပညာရှင်များအတွက်မူ မြန်မာ့ပယင်း၏ စွဲဆောင်မှုမှာ ဒိုင်နိုဆောခေတ် တိရစ္ဆာန်နှင့်အပင်မျိုး အများဆုံးပါဝင်နေနိုင်သည် ဟူသောအချက်ဖြစ်သည်။

“ မြန်မာ့ပယင်းရဲ့ ၇၀ ရာခိုင်နှုန်း နီးပါးလောက်ဟာ အနှစ်သာရမရှိပါဘူး၊ ဒါပေမယ့် ကျန်တဲ့ ၃၀ ရာခိုင်နှုန်း လောက်ကတော့ သိသာတဲ့ ဇီဝမျိုးစုံကြွယ်ဝမှုကို ပြသနေပါတယ်။ ဒီလိုကြွယ်ဝမှုအဆင့်မျိုးကို ကျနော် ဘယ်လိုမှ မခန့်မှန်းနိုင်ပါဘူး” ဟုလည်း သူကပြောသည်။

ပညာရှင်အတွက် အဖိုးမဖြတ်နိုင်သော်လည်း ဝယ်သူ မနှစ်သက်

မြန်မာ့ပယင်းအများစုကို ကျောက်မျက်အဖြစ်လည်းကောင်း၊ ထွင်းထုရာအဖြစ်လည်းကောင်း အသုံးပြုသောကြောင့် ဤသို့သော အင်းဆက်များနှင့် အပင်များ ကျောက်ဖြစ်ရုပ်ကြွင်းများ ပါဝင်ခြင်းကို ကျောက်အချောထည်၏ တန်ဖိုးကို လျော့ကျစေသော မသန့်စင်မှုဖြစ်သည်ဟု သတ်မှတ်ကြသည်။

ဤသို့သော ကျောက်ဖြစ်ရုပ်ကြွင်းများကို ကျောက်သွေးအရောင်တင်စဉ် တစိတ်တပိုင်းဖြစ်စေ အားလုံးဖြစ်စေ ဖျက်ဆီးဖြစ်ကြသည်။ ပယင်းနက်အတွင်း ပါဝင်သောအရာ၏ နှိုင်းယှဉ်ချက်အားဖြင့် မဲနက်နေခြင်းသည်လည်း ကျောက်ကိုမဖြတ်မီ၊ မသွေးမီ ကျောက်ဖြစ်ရုပ်ကြွင်းများ တွေ့ရန် ခက်ခဲစေသည်ဟု ကနေဒါမှ ပြတိုက်မှုး မက်ကဲလားက ဆိုသည်။

သို့သော် မြန်မာပယင်းမှ ငှက်မွှေးတောင်များသည် ၎င်းတို့၏ ရှားပါးမှုနှင့် လှပမှုကြောင့် တန်ဖိုးထားခံရပြီး သမိုင်းမတင်မီခေတ် ငှက်မွှေးတောင်၏ အလှဗေဒရသတန်ဖိုးကို မီးမှောင်းထိုးပြရန် ဖြတ်တောက်အရောင်တင်ကြသည်။ နမူနာပစ္စည်း တတ်နိုင်သမျှ ထိန်းသိမ်းရေးကိုမူ ဂရုမစိုက်ကြပေ။

လီဒါစင်း
တရုတ်ဘူမိပညာရှင် လီဒါစင်း ( ဓာတ်ပုံ – www.chinanews.com)

ယခုလေ့လာမှုမှ တောင်ပံနှစ်ခုအနက် ပိုမိုသေးငယ်သောတောင်ပံကို မူလ ကျောက်မျက်ဒီဇိုင်း ရေးဆွဲသူက ဆွဲသီးပြုလုပ်ရန် ရည်ရွယ်ပြီး နတ်မိမယ်၏ တောင်ပံများဟု ခေါ်ခဲ့သောကြောင့် စင်း၏အဖွဲ့ကလည်း ၎င်းကို နတ်မိမယ်ဟု အမည်ပေးထားသည်။ သုတေသီများက ထိုကျောက်ဖြစ်ရုပ်ကြွင်းကို လေ့လာသောအခါ ၎င်းကို သမိုင်းမတင်မီခေတ် ငှက်တကောင်လုံး ပါဝင်ဖွယ်ရှိသော ပယင်းကျောက်မှ ဖြတ်တောက်ခဲ့သည်ဟု ကောက်ယူနိုင်နေသည်။

သို့သော် micro-CT မိုက်ခရိုစီတီစကန်တွင် မြင်ရသောအရာမှာ တရုတ်ဘူမိ ပညာရှင် လီဒါစင်းကို လွန်စွာ နှလုံးခုန်စေဆဲဖြစ်ပြီး ငှက်မွေးတခုသာမက အမွှေးအတောင် အများအပြားပါဝင်ပြီး နှစ်သန်းတရာနီးပါးရှိသော ငှက်တောင်ပံအရိုး ဖွဲ့စည်းပုံဖြစ်သည်။ “ဒါဟာ တကယ့် နတ်မိမယ်”ဟု စင်းက ဂုဏ်ယူပြောဆိုသည်။

လီဒါစင်း၏ အနာဂါတ်စီမံကိန်းများတွင် မြစ်ကြီးနားဈေးတွင် ကွင်းဆင်းသုတေသနသမားများသည် ကျောက်မိုင်းများမှ လာသော ပယင်း၌ ဒိုင်နိုဆောခေတ် ကျောက်ဖြစ်ရုပ်ကြွင်းများ ပါမပါ စစ်ဆေးရန် အင်စတီကျုတခု ထူထောင်ရေး၊ ၎င်းကိ ုမြန်မာနိုင်ငံတွင် သုတေသနတန်ဖိုးအရ ထိန်းသိမ်းကာ မြန်မာ တက္ကသိုလ်များနှင့် ပူးပေါင်းလေ့လာရေးတို့ ပါဝင်သည်။

( National Geographic ပါ Kristin Romey ၏ Rare Dinosaur-Era Bird Wings Found Trapped in Amber ကို  မြင့်ဝင်းသိန်း ဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading