ဒီမိုကရေစီနှင့် ဈေးကွက် စီးပွားရေး ဆီသို့ အကူးအပြောင်း ကိုပံ့ပိုးရန် အထီးကျန် အရှေ့တောင်အာရှ နိုင်ငံ ဖြစ်သော မြန်မာနိုင်ငံ အပေါ် အမေရိကန်က စီးပွားရေး အရေးယူ ပိတ်ဆို့မှုများ ရုပ်သိမ်းတော့မည် ဖြစ်သည်။
သမ္မတ အိုဘားမား နှင့် ဒေါ်အောင်ဆန်းစုကြည် အိမ်ဖြူတော်တွင် တွေ့ဆုံပြီးနောက် အမေရိကန်က ချမှတ် ထား သော လက်ကျန် စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းရန် နှင့် ကုန်သွယ်ခွင့်အထူးအခွင့်အရေး ပေး ရန် အစီ အစဉ် တခု ကို ကြေညာခဲ့သည်။
အရေးယူပိတ်ဆို့မှု့ အများစုကို ရုပ်သိမ်းရန် အစီအစဉ်များနှင့် သက်ရောက်မှုများမှာ အောက်ပါအတုုိင်း ဖြစ် သည်။
ဘယ်လို ပိတ်ဆို့မှု့တွေ ရုပ်သိမ်းမလဲ
လွန်ခဲ့သော ၅ နှစ် မြန်မာနို်င်ငံသည်ပြုပြင်ပြောင်းလဲမှုစတင်ချိန်မှစ၍ အမေရိကန်နိုင်ငံသည် ကျယ်ပြန့်သော အရေးယူမှု များကို ဖြေလျှော့ ပေးခဲ့သော်လည်း စစ်တပ်ပိုင် ကုမ္ပဏီများနှင့် ယခင်အာဏာရ စစ်အစိုးရ အရာရှိ များ၊ သူတို့၏ အပေါင်းအပါ များကို ပစ်မှတ် ထားသောအရေးယူပိတ်ဆို့မှု့များကိုဆက်လက်ထား ရှိခဲ့သည်။
အမေရိကန်က ဖွံဖြိုးမှု အနိမ့်ကျဆုံး နိုင်ငံများသို့ ပေးနေသော ကုန်သွယ်ရေး အကျိုး ခံစားခွင့် များ ကို လည်းမြန်မာ နိုင်ငံ သို့ ပြန်လည် ပေးရန် အိမ်ဖြူတော်က ကွန်ကရက်သို့ အကြောင်းကြားခဲ့သည်။ အဆုုိပါ ခံစားခွင့် သည် ၁၉၈၉ ခုုနှစ်တွင် စစ်တပ်က ဒီမိုကရေစီရေး ဆန္ဒပြသူများကို နှိမ်နင်းခဲ့မှုကြောင့် ဆုုိင်းငံ့ခံခဲ့ရသော ခံစားခွင့် ဖြစ်သည်။
ပိတ်ဆို့မှု့ ရုပ်သိမ်းမှုက ဘယ်လို ထောက်ကူနိုင်မလဲ
အမေရိကန် ကုမ္ပဏီများနှင့် ဘဏ်များသည် အာရှ၏ ဈေးကွက်သစ်များ အနက် တခုဖြစ်သော မြန်မာနို်င်ငံတွင် ပါဝင်ပတ် သက်ရန် ကိုသတိ ကြီးကြီးထား ရှောင်ရှား နေကြဆဲဖြစ်သည်။ လက်ကျန် ပိတ်ဆို့မှု့ အရေးယူမှု အ များစုကို ရုပ်သိမ်းခြင်းဖြင့် အိုဘားမားက အမေရိကန်ကုုမ္ဗဏီများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ ရန် နှင့် အလျင် အမြန် ဖွံ့ဖြိုးနေသော မြန်မာ့ စီးပွားရေး နှင့် ပိုမိုလွတ်လပ်စွာ ကုန်သွယ်ရန် လမ်းဖွင့်ပေးလိုက်ခြင်းဖြစ်သည်။ မြန်မာ ကုမ္ပဏီများကိုလည်း အမေရိကန် ကုမ္ပဏီများနှင့် စီးပွားရေး လုပ်ခွင့် ပြုလိုက် ခြင်း ဖြစ် သည်။
သွင်းကုန် အခွန် လျှော့ချခြင်း ကဲ့သို့သော ကုန်သွယ်ရေး မျက်နှာသာပေးမှု Generalized System of Preferences (GSP) သည်လည်း မြန်မာ့ ကုန်ထုတ်လုပ်ငန်းအဓိက ထုတ်ကုန်များဖြစ်သော အထည်ချုပ်လုပ်ငန်းများ နှင့်အထည်အလိပ် လုပ်ငန်း များအတွက် လမ်းပိုမိုဖွင့်ပေးခြင်းဖြစ်သည်။
ဘာတွေ ဖြစ်မလဲ
ဆယ်စုနှစ် ၂ ခုကြာမျှ အမေရိကန်သမ္မတ အဆက်ဆက်သည် မြန်မာနိုင်ငံနှင့်ပတ်သက်သော အမျိုးသား အရေးပေါ် အခြေအနေကို ကြေညာသည့် အုပ်ချုပ်ရေး အမိန့်ကို နှစ်စဉ် သက်တမ်း တိုးခဲ့ကြသည်။ သမ္မတ အိုဘားမား သည် အရေးပေါ် အခြေအနေ ရုပ်သိမ်းရန် အုပ်ချုပ်ရေး အမိန့်သစ် ထုတ်ပြန်ရမည်။ မြန်မာမှ လူ ပုဂ္ဂိုလ် နှင့် ကုမ္ပဏီ ၁၁၁ ခုတို့ကို ဘဏ္ဍာရေးဌာန၏ အမည်ပျက်စာရင်းမှ ထုတ်ပယ်ပြီး စစ်ဘက်နှင့် ရင်းနှီး မြှုပ်နှံခြင်း ၊ ပတ္တမြား နှင့် ကျောက်စိမ်း တင်သွင်းမှုကန့်သတ်ချက်များ ဖယ်ရှားခြင်းများ ပြုလုုပ်နုုိင်ဖွယ်ရှိဟုု အမေရိ ကန် အရာရှိများက ပြောသည်။
ဆက်လက်ကျန်ရှိမည့် ပိတ်ဆို့မှု့များ
မူးယစ်ဆေးဝါး ရောင်းဝယ်မှု နှင့် မြန်မာမှ တဆင့် မြောက်ကိုရီးယားနှင့် စစ်ဘက်ကုန်သွယ်ခြင်းကိုတားဆီးရန်ရည်ရွယ် သောပြစ်ဒဏ်များဆက်လက်ကျန်ရှိနေမည်ဖြစ်ပြီး စစ်ဘက် လက်ရှိနှင့် ယခင် အရာရှိတချို့ အပေါ် ချမှတ် ထားသော ပြည်ဝင်ခွင် ့ပိတ်ပင်မှု ဆက်လက် တည်ရှိနေမည်ဖြစ်သည်။
စိုးရိမ်ပူပန်မှုများ
လူနည်းစု လူမျိုးစု ဒေသ များတွင် မြန်မာ စစ်တပ်က ကျူးလွန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှု များကြောင့်လူ့ အခွင့်အရေး အဖွဲ့များက အရေးယူ ပိတ်ဆို့မှု့များ ဆက်လက် ထားရှိရေးကို လိုလားကြသည်။ အကြီးမား ဆုံး စိုးရိမ်မှုတခုမှာ လူ့အသိုက်အဝန်းတွင် ပဋိပက္ခကြောင့် နေရပ်စွန်ခွာနေရပြီး နိုင်ငံသားဖြစ်မှုငြင်းပယ်ခံနေရသော လူနည်းစုု မွတ်စလင်များအတွက်ဖြစ်သည်။
စစ်ဘက်နှင့် ပတ်သက်သော အထက်တန်းလွှာများ၊ အမေရိကန် ပိတ်ဆို့မှု့ အရေးယူခံထားရသောမူးယစ်ဘုရင် များ နှင် ခရိုနီ ကုမ္ပဏီများ သည် စီးပွားရေးတွင် အထူးသဖြင့် ကျောက်စိမ်းလုပ်ငန်းတွင် ကြီးမားစွာပါဝင်ကြ ပြီး မြန်မာ့ စီးပွားရေး ထုတ်လုပ်မှု ထက်ဝက်ရှိသည်။
မရေရာသော အခြေအနေများ
ရင်းနှီးမြှုပ်နှံမှုနှင့် အမေရိကန်နှင့် ကုန်သွယ်မှု တိုးတက်လာ သောကြောင့် သာမန်မြန်မာ ပြည်သူများ အတွက်ပိုမို ကောင်းမွန် သောအလုပ်အကိုင် အခွင့်အလမ်းများ နှင့် ပိုမိုကောင်းမွန်သော အရည် အသွေးမြင့်သွင်းကုန်များ သုုံးစွဲခွင့် ရရှိ် မည်ဖြစ်သည်။ အမေရိကန် အတွက်မူ သယံဇာတ ကြွယ်ဝပြီး လူဦးရေ ၅၄ သန်းရှိသော စျေးကွက် နှင့် ထိတွေ့ ခွင့် ရရှိမည် ဖြစ်သည်။ အမေရိကန် စီးပွားရေး အသုုိင်းအဝုုိင်းအနေဖြင့် မြန်မာနိုင်ငံ၏ နုုိင်ငံခြား ရင်းနှီး မြှပ်နှံမှု တွင် အများဆုုံး ရင်းနှီး မြှုပ်နှံ ထားသော တရုုတ်နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
ကုုိးကား -အေပီ