• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ကလေးများကို နှိပ်စက်ခြင်းသည် မြန်မာ့ တရားစီရင်ရေးစနစ် ကျရှုံးခြင်း

by ဧရာဝတီ
5 October 2016
in ဆောင်းပါး
A A
တောင်ဒဂုံ ဦးဝီစာရ အိမ်ရာ၌ အိမ်ရှင်နှိပ်စက်ခံရသော အသက်မပြည့်သေးသည့် အိမ်အကူမိန်းကလေး /  ဦးကိုကိုကြီး ဖေ့စ်ဘုတ်

တောင်ဒဂုံ ဦးဝီစာရ အိမ်ရာ၌ အိမ်ရှင်နှိပ်စက်ခံရသော အသက်မပြည့်သေးသည့် အိမ်အကူမိန်းကလေး / ဦးကိုကိုကြီး ဖေ့စ်ဘုတ်

944
VIEWS
Share on FacebookShare on Twitter

သူမကို မွေးစားခဲ့သော မိသားစု၏ လက်ချက်ကြောင့် အသက် ၁၆ နှစ် အရွယ် မသန်းသန်းအိ၏ မျက်နှာပြင်တွင် အမာရွတ်များ အတန်းလိုက် အတန်းလိုက် ဖြစ်နေပြီး ယင်း အမာရွတ်များက ကလေးသူငယ် အခွင့်အရေး ချိုးဖောက်မှု များကို သက်သေခံနေပါသည်။ ယင်း ကလေးသူငယ် အခွင့်အရေး ချိုးဖောက်မှုသည် မြန်မာအစိုးရအပေါ် ပုံကျလာ သော ဖိအားများ ဖြစ်လာနေသည်။

သူမကို မွေးစားသော မိသားစုထံသို့ ဖခင်ရင်း ဖြစ်သူက ထည့်ပေးလိုက်ချိန်တွင် သူမသည် အသက် ၉ နှစ်သာ ရှိသေးသည်။ သူမ၏ ၁၀ နှစ်မြောက် မွေးနေ့တွင်မူ သူမသည် ကျေးကျွန်လုံးလုံး နီးပါး ဖြစ်နေခဲ့ စက်ဘီးချိန်းကြိုးများ၊ မီးဖိုချောင်သုံး ကိရိယာများနှင့် နေ့စဉ်နီးပါး ရိုက်နှက်ခံရကာထိုဘဝမှာ ၅ နှစ်မျှကြာသည်။

RelatedPosts

မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
67
အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

12 July 2025
1.8k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

12 July 2025
1.3k

“ကျမရဲ့ နှုတ်ခမ်းတွေကို သံကြိုးနဲ့ ရိုက်တယ်” ဟု ရန်ကုန်ရှေ့ပိုင်း တောင်ဒဂုံမြို့နယ်ရှိ သူမ၏ အဒေါ်နေအိမ်တွင် မသန်းသန်းအိက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။ “ကျမရဲ့ လက်တွေကိုလည်း သံကြိုးနဲ့ ရိုက်တယ်။ ပြီးတော့ ရေနွေးပူ တွေနဲ့လည်း လက်ပေါ် လောင်းကြတယ်” ဟု သူက ဆိုသည်။

“သူတို့က ကျမကို အစာမကျွေးလို့ သူတို့ ခွင့်မပြုဘဲ ဘာမှ စားလို့ မရဘူး။ စားမိလို့ကတော့ ကျမကို အစာခိုးစားတယ် လို့ စွပ်စွဲပြီး လက်ချောင်းတွေကို ပလာယာနဲ့ ချေပစ်တယ်” ဟု မသန်းသန်းအိက ပြောသည်။

ဆင်းရဲသော မိသားစုများမှ ငယ်ရွယ်သူများကို လူလတ်တန်းစားများနှင့် မြို့ပြ မိသားစုများတွင် အစေခံအဖြစ် အလုပ်လုပ်ရန် စေခိုင်း ခံရသော မသန်းသန်းအိ၏ ဖြစ်ရပ်ကဲ့သို့သော ဇာတ်လမ်းများမှာ မြန်မာနိုင်ငံမှာ များပြား မြင့်တက်လာနေပါသည်။

ထိုပြဿနာကို ဖြေရှင်းရန် အစိုးရက ဘာမျှ မလုပ်သလောက်ပင် ဖြစ်ကြောင်း တက်ကြွ လှုပ်ရှားသူများက ပြောဆို နေကြပြီး ရဲနှင့် အာဏာပိုင်များကလည်း ချမ်းသာကြွယ်ဝ အာဏာရှိသော မိသားစုများအပေါ် စွပ်စွဲမှုများကို လျစ်လျူရှုထားကြသည်။

“တနိုင်ငံလုံးရဲ့ တရားစီရင်ရေးစနစ်က ပျက်စီးနေပြီး အနိမ့်ဆုံးအလွှာများရဲ့ အခွင့်အရေးများမှာ အကာအကွယ် ပေးမှု ကင်းမဲ့နေတယ်” ဟု Forty Rights အဖွဲ့မှ အမှုဆောင်အရာရှိချုပ် Matthew Smith က ပြောသည်။ “အကူအညီပေးရမယ့် အာဏာပိုင်တွေကလည်း ဘာမှ အလေးဂရု မထားကြဘူး” ဟု သူက ဆိုသည်။

ပြီးခဲ့သည့်လအတွင်း ရန်ကုန်ရှိ အပ်ချုပ်ဆိုင် တခုတွင် ၅ နှစ်မျှ ချုပ်နှောင်ထားခံရစဉ် အတွင်း တုန်လှုပ်စရာ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြောကြားခဲ့ကြသော အသက် ၁၆ နှစ်နှင့် ၁၇ နှစ် အရွယ် မိန်းကလေး ၂ ဦး ကိစ္စကြောင့် လူ့အခွင့်အရေး ခေါင်းစဉ်က လူသိရှင်ကြား ဖြစ်လာရသည်။

အခွင့်အရေး ချိုးဖောက်ခံရသူများ၏ မိသားစုများက ရဲတပ်ဖွဲ့သည် ထိုမိန်းကလေးများ လွတ်မြောက်ရေး အတွက် ၎င်းတို့ကို ကူညီရန် ငြင်းဆန်ခဲ့သည့် အပြင် ထိုမိန်းလေးတို့အား ယခုလတွင် ကယ်တင်ခံရပြီး နောက်မှသာ ဆိုင်ရှင်က ရိုက်နှက်၊ အပူလောင်၊ ဓားဖြင့် ထိခိုက်စေရသော ဖြစ်ရပ်မှာ သတင်းခေါင်းစဉ် အဖြစ် လူသိများလာခြင်း ဖြစ်သည်ဟု ဆိုသည်။

ပထမတွင် ၎င်းတို့ကို လျှော်ကြေး ဒေါ်လာ ၄၀၀၀ ပေးပြီး ကြေအေးမယ့် အနေအထား ဖြစ်သော်လည်း လူထုဖိအား မြင့်မားလာမှသာ ရဲအဖွဲ့က ဆိုင်ရှင်ကို စွဲချက်တင်ရပြီး၊ သမ္မတကလည်း အာဏာပိုင်များကို ဤအမှုကိုင်တွယ်မှုကို စုံစမ်းစစ်ဆေးရန် အမိန့်ပေးခဲ့ရသည်။

အပ်ချုပ်ဆိုင် မိသားစုဝင် ၆ ဦးသည် လူကုန်ကူးမှု စွဲချက်များကို ရင်ဆိုင်ရန် ကြာသာပတေးနေ့က တရားရုံးသို့ ရောက်ရှိလာကြသည်။

ထိုသို့ လူသိများလာပြီးနောက် မသန်းသန်းအိအား ညှဉ်းပန်းနှိပ်စက်ခဲ့သည် ဆိုသော အိမ်ရှင် ၄ ဦးကို စက်တင်ဘာ ၂၆ ရက်က ဖမ်းဆီးခဲ့ပြီး စစ်ဆေးမှုများ စတင် ပြုလုပ်လာခဲ့သည်။

ရန်ကုန်တိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက“တောင်ဒဂုံမြို့နယ်၊ တော်ဝင်အိမ်ရာ ဦးဝိစာရလမ်းမှာဖြစ်တဲ့ အဲဒီအမှုကိုလည်း လူကုန်တား ဥပဒေ ၂၄/၃၂ နဲ့ အမှုဖွင့်ထားပြီး တရားခံတွေကို ၂၆ ရက်မှာ ထောင်ကိုပို့ထားပြီး ဖြစ်တယ်။ တရားလိုများ သက်သေစစ်ဆေးပြီး ဥပဒေအကြံပြုချက် တောင်းခံထားဆဲ ဖြစ်တယ်” ဟု အောက်တိုဘာ ၃ ရက်တွင် ကျင်းပသည့် ရန်ကုန်တိုင်း လွှတ်တော်တွင် ပြောသည်။

တုံ့နှေးနေသော တရားမျှတမှု

တက်ကြွလှုပ်ရှားသူများကလည်း ကလေးသူငယ် အခွင့်အရေးကိစ္စကို ပိုမိုတွန်းအားပေး လုပ်ဆောင်ရန် အရေးကြီး လိုအပ်နေပြီး Verisk Maplecrft ၏ သုတေသန စစ်တမ်းအရ မြန်မာနိုင်ငံသည် ကလေးလုပ်သား အသုံးပြုမှု သတ္တမမြောက် အဆိုးဆုံးနိုင်ငံ တခုဖြစ်သည်ဟု ဆိုသည်။

စစ်အုပ်ချုပ်ရေး၏ ဖိနှိပ်သော နှစ် ၅၀ အလွန် တိုင်းပြည်ကို ကုစားရန် ကြိုးစားနေသည့် ကာလတွင် ဤပြဿနာကို ဖြေရှင်းရေးမှာ ဒီမိုကရေစီနည်းကျ ရွေးချယ်ခံထားရသော အစိုးရသစ် ရင်ဆိုင်နေရသော စိန်ခေါ်မှုများအနက် တခု ဖြစ်သည်။

သို့သော် အလုပ်လုပ်သော ကလေးငယ်များ၏ ဝင်ငွေအပေါ် မှီခိုနေရသော မိသားစု အများအပြား ဖြစ်စေခဲ့သည့် နက်ရှိုင်းသော ဆင်းရဲနွမ်းပါးမှုကို ကြည့်လျှင် ဤကိစ္စသည် အလွန်ရှုပ်ထွေးသော ကိစ္စတခုလည်း ဖြစ်သည်။

“ဒီလို ကိစ္စမျိုး ဖြစ်ရပ်မျိုးတွေကို ပိုပြီး ရှာရတော့မှာ” ဟု အာရှလူ့အခွင့်အရေး စောင့်ကြည့်ဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး Phil Robertson ဥပဒေပြု အမတ်များကို ဆောလျင်စွာ အဖြေရှာရန် တိုက်တွန်းသည်။

ဖြစ်ပျက်နေသည်များကို သတိပေးစဉ် အာဏာပိုင်များက မည်သည့် အရေးယူမှုမျှ မပြုလုပ်ခဲ့ ဟု မသန်းသန်းအိ၏ မိဘများက ပြောသည်။

ထို့အပြင် အိမ်နီးချင်းများက ကျူးလွန်သူ၏ ဆွေမျိုးတဦး ပါဝင်သော ရပ်ကွက်အရာရှိများကို တိုင်ကြားသော်လည်း မည်သို့မျှ အရေးယူခြင်း မရှိဟုဆိုသည်။

နောက်ဆုံးတွင် မသန်းသန်းအိမှာ သူ့ဘာသာ ထွက်ပြေးနိုင်ခဲ့ပြီး သူ၏ ဦးလေးဖြစ်သူ ဦးမျိုးဦးမှာ ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် ထိုမိသားစုကို လူသတ်ရန် ကြံစည်မှုဖြင့် တရားစွဲနိုင်ခဲ့သည်။

ထိုမိသားစုဝင် တဦးမှာ အဖမ်းခံရသော်လည်း အခြား မည်သည့် မိသားစုဝင်ကိုမျှ တနှစ်ကြာသည် အထိ အရေးယူခြင်း မရှိခဲ့။ အင်း၀ အပ်ချုပ်ဆိုင် ကိစ္စတွင်တော့ ရဲတပ်ဖွဲ့သည် လွန်ခဲ့သော သီတင်းပတ်က နောက်ထပ် ၃ ဦးကို ထပ်မံ ဖမ်းဆီးခဲ့သည်။

“အစကတည်းကသာ အာဏာပိုင်တွေက အခုလို ကူညီရင် ကျနော်တို့ အမှု ဒီလိုကြာမှာ မဟုတ်ဘူး၊ ဒါ ဘာကြောင့်လဲ ဆိုတာ ကျနော် သူတို့ကို မေးချင်တယ်” ဟု ဦးမျိုးဦးက ပြောသည်။

(AFP သတင်းဌာနတွင် တင်ပြထားသည့် Fresh child abuse case exposes Myanmar’s broken system BY HLA-HLA HTAY, CAROLINE HENSHAW ကို ဘာသာပြန် ဖော်ပြခြင်းဖြစ်ပါသည်။)

Your Thoughts …
Tags: တရားစီရင်ရေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အီလွန်မတ်စ် ပုတ်ခတ်ပြီးနောက် အမေရိကန် တရားသူကြီးများ ခြိမ်းခြောက်ခံလာရ

အီလွန်မတ်စ် ပုတ်ခတ်ပြီးနောက် အမေရိကန် တရားသူကြီးများ ခြိမ်းခြောက်ခံလာရ

by ဧရာဝတီ
7 March 2025
3k

"အမေရိကန်မှာ ပြည်သူ့အုပ်ချုပ်ရေး ပြန်လည် ထိန်းသိမ်းဖို့ တခုတည်းသောနည်းလမ်းက တရားသူကြီးတွေကို စွဲချက်တင်ဖို့ပဲ" ဟု မတ်စ်က ပို့စ်တခုတွင် ရေးသည်။

‘စုန်းဖမ်းပွဲ’ မဟုတ်ပါ၊ နစ်နာသူဗဟိုပြု တရားမျှတမှု ရှာဖွေမှုပါ

‘စုန်းဖမ်းပွဲ’ မဟုတ်ပါ၊ နစ်နာသူဗဟိုပြု တရားမျှတမှု ရှာဖွေမှုပါ

by ဇာခြည်ညိမ်း
4 July 2025
1.7k

တရားဝင်တိုင်ကြားတဲ့ နည်းလမ်းတွေ အလုပ်မဖြစ်လို့၊ အရေးယူပေးမယ့်သူ မရှိလို့၊ ကျူးလွန်သူရဲ့ ရန်ကနေ အကာအကွယ်ပေးမယ့် ယန္တရားတွေ မရှိလို့ပါ။

ဂျူလီယန် အဆန်းဂျ်ကို ဘာကြောင့် ဆက် အာရုံစိုက်နေကြသလဲ

ဂျူလီယန် အဆန်းဂျ်ကို ဘာကြောင့် ဆက် အာရုံစိုက်နေကြသလဲ

by Matthew Ricketson
1 July 2024
1.5k

အမှန်တရားကို ထုတ်ဖော်ပြောဆိုသည့် တူညီသော လုပ်ငန်းကို လုပ်ဆောင်နေသော သတင်းသမားများ အကြားတွင်ပင် အဆန်းဂျ်နှင့် ပတ်သက်ပြီး အငြင်းပွားဖွယ် ရပ်တည်မှုများရှိသည်။

ဒေါ်နယ် ထရမ့် ထောင်ကျနိုင်ခြေရှိသလား

ဒေါ်နယ် ထရမ့် ထောင်ကျနိုင်ခြေရှိသလား

by ဧရာဝတီ
1 June 2024
1.1k

စွဲချက်တခုလျှင် ဒဏ်ငွေဖြစ်စေ၊ ခံဝန်ဖြစ်စေ၊ ထောင် ၄ နှစ်အထိဖြစ်စေ ချမှတ်နိုင်သည့် E အဆင့် ရာဇဝတ်မှုဖြစ်သော စီးပွားရေးမှတ်တမ်းများကို လိမ်လည်မှုစွဲချက် ၃၄ ခုအတွက် ထရမ့်တွင် အပြစ်ရှိသည်ဟု ဆုံးဖြတ်သည်။

NUG ယာယီသမ္မတ ဒူဝါလရှီးလ

ဖက်ဒရယ်ဒီမိုကရေစီ ချာတာဟာ ကျနော်တို့ရဲ့ ကျမ်းစာ

by ဧရာဝတီ
28 May 2022
14.4k

NUG ယာယီသမ္မတ ဒူဝါလရှီးလကို ဧရာဝတီက ဆက်သွယ် မေးမြန်းထားပါသည်။

ပြည်သူ့အစိုးရဖြစ်ဖို့ကြိုးပမ်းနေတဲ့ TNLA (ရုပ်/သံ)

ပြည်သူ့အစိုးရဖြစ်ဖို့ကြိုးပမ်းနေတဲ့ TNLA (ရုပ်/သံ)

by ဧရာဝတီ
22 January 2025
177

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဟာ ၁၀၂၇ စစ်ဆင်ရေး ၂ ပိုင်းလုံးမှာ မြို့ပေါင်း ၁၂ မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။

Next Post
အစိုးရနှင့် သူပုန်များကြား ငြိမ်းချမ်းရေး သဘောတူညီချက်ကို ကိုလံဘီယာ ပြည်သူများက ငြင်းပယ်လိုက်သည် / Reuters

လူထုဆန္ဒခံယူပွဲက ပယ်ချအပြီး ကိုလံဘီယာ ငြိမ်းချမ်းရေး

ယမန်နေ့က နေပြည်တော် ဇမ္ဗူသီရိဆောင်တွင် ပြုလုပ်ခဲ့သည့် NLD ပါတီ ကိုယ်စားလှယ်များ တွေ့ဆုံပွဲ / ထက်နိုင်ဇော် / ဧရာဝတီ

အစိုးရကို အကျပ်ရိုက်အောင် မလုပ်ဖို့ ပါတီဝင် အမတ်တွေကို NLD ညွှန်ကြား

No Result
View All Result

Recommended

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

6 days ago
3.6k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

2 days ago
3.4k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • မော်စီတုန်း (၂)

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate