ဓာတ်ပုံတိုင်းသည် သမိုင်းကို ပြောနေကြသည်ဟူသော စကားရှိသည်။ ၂၀၁၆ ခုနှစ်သည် မြန်မာ့နိုင်ငံရေးတွင် သမိုင်းတွင်သော လူထုရွေးကောက်တင်မြှောက်သော အရပ်သားအစိုးရထံ အာဏာလွှဲပြောင်းမှု ဖြစ်ခဲ့ပြီး ယင်း၏ နောက်ဆက်တွဲ အကျိုးဆက်များ မြန်မာ့ လူမှုအသိုင်းအဝိုင်းအတွင်း ရိုက်ခတ်ခဲ့သည်။ တနှစ်တာကာလအတွင်း ဖြစ်ပွားပေါ်ပေါက်ခဲ့သော ဖြစ်ရပ်များစွာကို ဧရာဝတီဓာတ်ပုံဆရာများ မှတ်တမ်းတင်ထားသည့် ဓာတ်ပုံများထဲမှ အကောင်းဆုံးဟု အယ်ဒီတာအဖွဲ့က သတ်မှတ်ယူဆသောပုံများကို ရွေးထုတ်ဖော်ပြလိုက်ပါသည်။
၁။ မတ်လ ၃၀ ရက် သမ္မတသစ် ဦးထင်ကျော်သို့ သမ္မတဟောင်း ဦးသိန်းစိန်မှ အာဏာလွှဲပြောင်းခြင်း အခမ်းအနားကို ဓာတ်ပုံဆရာ သော်ဟိန်းထက်က မှတ်တမ်းတင်ခဲ့သည်။
၂။ နိုဝင်ဘာလ ၂၀ ရက်နေ့မှ စတင်သည့် ရှမ်းပြည်နယ် မြောက်ပိုင်းစစ်ပွဲအတွင်း ဖြတ်သန်းသွားနေသော ကုန်တင်ကားများကို ကေအိုင်အေစစ်သားမှ အခွန်ကောက်နေစဉ် ဓာတ်ပုံဆရာ ဇော်ဇော်က မှတ်တမ်းတင်ခဲ့သည်။
၃။ နိုဝင်ဘာလ ၁၄ ရက်တွင် ကျရောက်သော တန်ဆောင်တိုုင် လပြည့်ညသည် ကမ္ဘာနှင့် ပိုမို နီးကပ်သော လမ်းကြောင်းမှ ရွေ့လျားခြင်းကြောင့် အရွယ်အစား ပိုကြီးမားစွာ မြင်ရသည့် ဆူပါမွန်း ဖြစ်ခဲ့သည်။ ဓာတ်ပုံဆရာ သော်ဟိန်းထက်က ရိုက်ကူးခဲ့သည်။
၄။ အသတ်ခံရသော Eleven မုံရွာသတင်းထောက် ကိုစိုးမိုးထွန်း၏ ဒီဇင်ဘာ ၁၄ ရက် ဈာပနတွင် ရုပ်အလောင်းကို မြေမမြှုပ်မီ ကျန်ရစ်သော သားငယ်က နောက်ဆုံးကန်တော့စဉ် ဓာတ်ပုံဆရာ ဇော်ဇော်က မှတ်တမ်းတင်ခဲ့သည်။
၅။ သြဂုတ်လအတွင်း ဧရာဝတီတိုင်းဒေသကြီးတွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မြစ်ရေတိုးမှုကြောင့် သာပေါင်း ၊ ပုသိမ် ၊ ကန်ကြီးထောင့် မြို့များ ရေမြုတ်ခဲ့ချိန် ဓာတ်ပုံဆရာ ပြေကျော်က ကန်ကြီးထောင့်ဈေး ရေမြုတ်နေပုံအား မှတ်တမ်းတင်ခဲ့သည်။
၆။ အောက်တိုဘာလ ၁၅ ရက်နေ့ အောင်စိုးမိုးကျော် ရေယာဉ် ချင်းတွင်းမြစ်အတွင်း တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ ၇၂ ဦး ရေနစ်သေဆုံးခဲ့သည်။ ရေယာဉ်နှင့် အလောင်းများ ပြန်လည်ဆယ်ယူသည်ကို ဓာတ်ပုံဆရာ ပြေကျော်မှ မှတ်တမ်းတင်ခဲ့သည်။
၇။ မေလအတွင်းက လယ်ယာမြေအရေး လှုပ်ရှားသူ ဒေသခံတောင်သူများနှင့် ပုသိမ်-မုံရွာ လမ်းမကြီးကို ဖြတ်ပိတ်ထားသော ရဲတပ်ဖွဲ့ တွန်းတိုက်မှုဖြစ်ပွားစဉ် ဓာတ်ပုံဆရာ မျိုးမင်းစိုးက မှတ်တမ်းယူရိုက်ကူးထားခဲ့သော ဓာတ်ပုံဖြစ်သည်။
၈။ ဇန်နဝါရီလ ၉ ရက်နေ့နံနက်ပိုင်း ရန်ကုန်မြို့မင်္ဂလာဈေး Level 5 အဆင့် မီးကြီးလောင်ရာ မီးသတ်သမားများ ကြိုးစား မီးငြှိမ်းသတ်နေရပုံကို ဓာတ်ပုံဆရာ မျိုးမင်းစိုးက မှတ်တမ်းတင်ခဲ့သည်။
၉။ ဖေဖော်ဝါရီလအတွင်း ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ လယ်ယာမြေအချို့တွင် ကျူးကျော်နေထိုုင်နေသော အိမ်များကိုု မြေတုူးစက်ဖြင့် ဖြိုဖျက်အပြီးမြင်ကွင်းကို ဓာတ်ပုံဆရာ သော်ဟိန်းထက်က မှတ်တမ်းတင်ခဲ့သည်။
၁၀။ စင်္ကာပူ ဝန်ကြီးချုပ် မစ္စတာလီရှန်လွန်း နတ်မောက်လမ်းရှိ (SMVTI Vocational Training Institute) စင်္ကာပူ – မြန်မာ သက်မွေးသင်တန်းကျောင်းသို့ ဇွန်လ ၉ ရက် မနက်ပိုင်းက လာရောက်လည်ပတ်သည်ကို ဓာတ်ပုံဆရာ သော်ဟိန်းထက်က မှတ်တမ်းတင်ရိုက်ကူးခဲ့သည်။
၁၁။ ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်အား မိုးရေထဲ လာရောက်အလေးပြုသူ ကလေးငယ်တဦးကို ဓာတ်ပုံဆရာ မျိုးမင်းစိုးက ရိုက်ကူးခဲ့သည်။
၁၂။ နိုဝင်ဘာ ၁၃ ရက် ညပိုင်း တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းအတွင်း တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို ကျင်းပနေစဉ် ဓာတ်ပုံဆရာ ပြေကျော်က မှတ်တမ်းတင် ရိုက်ယူခဲ့သည်။
၁၃။ လပြည့်နေနဲ့ လကြတ်ခြင်း တရက်တည်း ကျရောက်တဲ့ စက်တင်ဘာလ ၁၆ ရက် ညနေ လအထွက် မြင်ကွင်းကို အင်းလျားကန်ဘောင်မှာ ဓာတ်ပုံဆရာ မျိုးမင်းစိုးက စောင့်ယူရိုက်ကူးခဲ့သည်။
၁၄။ ကရင်ပြည်နယ်တွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) နှင့် အစိုုးရတပ်မတော်၊ ကရင်နယ်ခြားစောင့်တပ် (BGF) တို့အကြား တိုက်ပွဲများဖြစ်ပြီးနောက် မဲသဝေါလမ်းမ ဘေးတနေရာ၌ တပ်မတော်သားတဦး ကင်းစောင့်နေသည်ကို စက်တင်ဘာ ၂၂ ရက်နေ့က ဓာတ်ပုံဆရာ မျိုးမင်းစိုး မှတ်တမ်းတင်ရိုက်ယူခဲ့သည်။
၁၅။ အချိန်သတ်မှတ်ချက်ကြောင့် ဒီဇင်ဘာလ ၈ ရက်နေ့နံနက်တွင် ကွန်တိန်နာကားများ ဆိပ်ကမ်းဝင်းအတွင်း ဝင်မရဟုဆိုကာ ရပ်နားထားမှုကြောင့် ရန်ကုန် ကမ်းနားလမ်းရှိ ကွန်တိန်နာသွားလမ်း ပိတ်ဆို့သွားသည်အား ဓာတ်ပုံဆရာ မျိုးမင်းစိုးက ရိုက်ကူးမှတ်တမ်းတင်ခဲ့သည်။
၁၆။ ရန်ကုန်မြို့တော်စည်ပင်သာယာ၏ စီစဉ်မှုဖြင့် ဖွင့်လှစ်သော ကမ်းနားလမ်း ညဈေးတန်းအား နိုဝင်ဘာ ၂၃ ရက်ညနေက ဝန်ကြီးချုပ် ဦးဖြိုးမင်းသိမ်း လှည့်လည်ကြည့်ရှုစဉ် ဓာတ်ပုံဆရာ ပြေကျော် မှတ်တမ်းတင် ရိုက်ကူးခဲ့သည်။