ဆောင်းပါး

အကြံသစ် ဉာဏ်သစ်များနဲ့ ပေါ်ထွက်လာနေတဲ့ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံမှာ စီးပွားရေးအခွင့်အလမ်းတွေ ပွင့်လင်းလာတဲ့အလျောက် စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေလည်း အများအပြား ပေါ်ထွန်းလာပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ မြန်မာနိုင်ငံရဲ့ပထမဆုံး စွန့်ဦးတီထွင်စွမ်းဆောင်ရှင်များညီလာခံကို နေ ပြည်တော်မှာ မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များ အသင်း (MYEA) က ဦးဆောင်ပြီး ကျင်းပ နိုင်ခဲ့ပါတယ်။

ဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ နိုင်ငံရဲ့စီးပွားရေးလောကထဲမှာ ငယ်ရွယ်တဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေဟာ တီထွင် ဆန်းသစ်မှု အခြေခံတဲ့ ခြေလှမ်းတွေနဲ့ လုပ်ငန်းနယ်ပယ်အသီးသီးမှာ ခြေကုပ်ယူဖို့ ကြိုးစားနေကြပါပြီ။

ဒီထဲမှာ Mamper လို့ ခေါ်တဲ့ ကုမ္ပဏီလည်း အပါအဝင် ဖြစ်ပါတယ်။ Mamper ဟာ ကုမ္ပဏီတွေအတွက် ပရို မိုးရှင်းလက်ဆောင်ပစ္စည်း အမျိုးမျိုးကို ဒီဇိုင်းကစပြီး နောက်ဆုံးထုပ်ပိုးမှုပုံစံအထိ စီစဉ်ပြုလုပ်ပေးတဲ့ Start-up ကုမ္ပဏီ ဖြစ်ပါတယ်။

“ကိုယ့်ရဲ့Brand ကို အော်ပြီးပေးတဲ့ ပစ္စည်းတွေ လက်ဆောင်တွေပေါ့” လို့ တည်ထောင်သူ မမေမွန်သူက Mamper ရဲ့လက်ဆောင်ပစ္စည်းတွေအကြောင်း ဧရာဝတီကို ပြောပြပါတယ်။

အမှတ်တံဆိပ်ကို ကျယ်ကျယ်လောင်လောင် အော်ပြီးပေးတယ်ဆိုတာဟာ ဖောက်သည်တွေကို ပေးလိုက်တဲ့ ပရိုမိုးရှင်းလက်ဆောင်ပစ္စည်းတွေမှာ ကုမ္ပဏီတွေရဲ့ အမှတ်တံဆိပ်တွေကို မြင်သာထင်သာရှိအောင် ဆွဲ ဆောင်မှုရှိရှိ တီထွင်ဖန်တီးပေးတာ ဖြစ်တယ်လို့ မမေမွန်သူက ရှင်းပြပါတယ်။

Mamper ကို မမေမွန်သူနဲ့အတူ ကိုကျော်ထက်နိုင်နဲ့ ကိုပြည်စိုးသိမ်းတို့က အတူတူ တည်ထောင်ထားတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂နှစ်၊၂၀၁၅ ခုနှစ် အစောပိုင်းမှာ သူတို့ ၃ယောက်ဟာ မတူတဲ့ နိုင်ငံ ၃နိုင်ငံမှာ နေရင်း နဲ့ပဲ ဒီ Mamper ကို စလုပ်ဖို့ စိတ်ကူးရခဲ့ကြတာ ဖြစ်ပါတယ်။

မမေမွန်သူဟာ ထိုင်းနိုင်ငံမှာ ဆက်သွယ်ရေးကုမ္ပဏီတွေအတွက် အလုပ်လုပ်ပေးရင်း ဒီကုမ္ပဏီတွေမှာ သူ တို့ဖောက်သည်တွေအတွက် ထူးထူးခြားခြား ပစ္စည်းလေးတွေ လက်ဆောင်ပေးတတ်တဲ့အလေ့အထ ရှိတာ ကို သင်ယူခဲ့ရပါတယ်။ ဒါပေမယ့် ဒီလိုအလေ့အထက မြန်မာပြည်ရဲ့ ကုမ္ပဏီတွေမှာ သိပ်ခေတ်မစားသေး တာကိုလည်း သတိထားလိုက်မိပါတယ်။

တချိန်တည်းမှာပဲ ထိုင်းလူမျိုး သူငယ်ချင်းတယောက်က အရည်အသွေးကောင်းကောင်းနဲ့ ရာဘာပျော့သော့ ချိတ်ပုံစံအမျိုးမျိုး ရောင်းမယ်ဆိုတော့ အဲဒီရာဘာသော့ချိတ်တွေကို မြန်မာပြည်မှာ ဖြန့်ချိရောင်းချခဲ့ပါသေး တယ်။

ဒီသော့ချိတ်တွေကို မတူတဲ့ ဒီဇိုင်းအမျိုးမျိုးနဲ့ မှာယူအားပေးတဲ့သူတွေ တဖြည်းဖြည်း များလာပြီး ဒီလိုသော့ ချိတ် တမျိုးတည်းမဟုတ်ဘဲ တခြားပရိုမိုးရှင်း လက်ဆောင်ပစ္စည်းအမျိုးမျိုးကိုလည်း ဖောက်သည်တွေ မှာ တဲ့ပုံစံအတိုင်း ကိုယ်တိုင်ဒီဇိုင်းဆွဲပြီး ရောင်းရင် ဖြစ်နိုင်တယ်ဆိုတဲ့ စိတ်ကူးနဲ့ မမေမွန်သူ Mamper ကို စတင် တည်ထောင်လိုက်ပါတယ်။

Mamper ကို စတည်ထောင်မယ်ဆိုတော့ သူမက ထိုင်းမှာ ရှိနေပြီး သူမရဲ့ အကိုဝမ်းကွဲတော်စပ်တဲ့ကို ကျော် ထက်နိုင်က သြစတေးလျမှာပဲ ရှိပါသေးတယ်။ သူငယ်ချင်းဖြစ်တဲ့ ကိုပြည်စိုးသိမ်းကတော့ စင်ကာပူကနေ မြန်မာပြည်ကို ပြန်ရောက်နေခဲ့ပါပြီ။

“၃ယောက်လုံးက တနိုင်ငံဆီမှာဆိုတော့ ဖြစ်ပါ့မလားဆိုပြီး တွေးလိုက်သေးတယ်၊ ဒါပေမယ့် ဖြစ်တယ်၊ ရ တယ်၊ ရအောင် လုပ်မယ်ဆိုပြီး အွန်လိုင်းကနေပဲ နေ့တိုင်း တိုင်ပင်ပြောဖြစ်ခဲ့ကြတယ်”

ခရီးကြမ်းကြမ်း အစခြေလှမ်း

Mamperရဲ့တည်ထောင်သူတွေလိုပဲ နောက်ထပ်လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်တယောက်က အွန်လိုင်း ဟို တယ်ဘွတ်ကင် ဝက်ဘ်ဆိုဒ် lodggy.com ကို တည်ထောင်ထားတဲ့ ကိုအောင်သန်းတိုး ဖြစ်ပါတယ်။

Lodggy.com ဟာ မြန်မာနိုင်ငံမှာရှိတဲ့ ဈေးနှုန်းသင့်ဟိုတယ်တွေနဲ့ တည်းခိုခန်းတွေကိုု နိုင်ငံခြားသွား ခရီး သွားနဲ့ ပြည်တွင်းဧည့်သည်တွေ အွန်လိုင်းကနေ ကြည့်ပြီး အလွယ်တကူ ဘွတ်ကင်လုပ်နိုင်တဲ့ ဝက်ဘ်ဆိုဒ် တခု ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံကို နိုင်ငံခြားသားခရီးသွားတွေ စိတ်ဝင်စားမှု အရမ်းများလာပြီး လာ ရောက်လည်ပတ်မှု ချက်ချင်းကို မြင့်တက်လာတာကို သတိထားမိခဲ့ပါတယ်။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံမှာ အွန်လိုင်းကနေ ဘွတ်ကင်တင်လို့ရတဲ့ ဟိုတယ်တွေဟာ များသောအားဖြင့် ဈေးအရမ်းကြီးပြီး ဈေးသက်သာ တဲ့ တည်းခိုခန်းတွေက အွန်လိုင်းပေါ်မှာ ရှိမနေဘူးလို့ စင်ကာပူက သူငယ်ချင်းတယောက်က ကိုအောင်သန်း တိုးဆီ လာညည်းညူပါတယ်။

“စိတ်ကူးက အဲဒီကနေ စရတာ၊ နိုင်ငံထဲက အသေးစား တည်းခိုခန်းတွေကို အွန်လိုင်းပေါ် ရောက်အောင် တင်ပေးပြီး ပြည်တွင်းခရီးသွားတွေလည်း ဒီတည်းခိုခန်းတွေမှာ အွန်လိုင်းကနေတဆင့် အကြွေးဝယ်ကတ် တွေ ဘာတွေမလိုဘဲ ဘွတ်ကင်တင်လို့ရအောင် လုပ်ပေးမယ်ဆိုတဲ့ စိတ်ကူးပေါ့” လို့ ကိုအောင်သန်းတိုးက ပြန်ပြောပြပါတယ်။

ဒီလိုမျိုး အလားတူ တခြားအွန်လိုင်းဝက်ဘ်ဆိုက်တွေ ရှိပေမယ့် ယေဘုယျဆန်ဆန်ပဲ တင်ပေးထားပြီးတော့ Lodggy လိုမျိုး မြန်မာတွေရဲ့ ထူးခြားတဲ့ အခြေအနေတွေအကြောင်း သေချာနားမလည်ကြဘူးလို့ သူက ဆက်ပြောပါတယ်။

“Lodggy ကတော့ ပြည်တွင်းအခြေအနေကို သေချာနားလည်ပြီး ဒီနိုင်ငံနဲ့ဒီနိုင်ငံထဲက လူတွေရဲ့လိုအပ်ချက် နဲ့စိန်ခေါ်မှုတွေကို သေချာနားလည်တဲ့ ပြည်တွင်း Start-up ကုမ္ပဏီတခု ဖြစ်ပါတယ်”

စွန့်ဦးတီထွင်မှု လုပ်ငန်းတွေရဲ့ အခက်အခဲများ

မြန်မာလူငယ် စွန့်ဦးတီထွင်စွမ်းဆောင်ရှင်များအသင်းက ၂၀၁၆ ခုနှစ် အောက်တိုဘာလက ထုတ်ခဲ့တဲ့ အစီ ရင်ခံစာအရဆိုရင် ဒီနိုင်ငံအတွင်းမှာရှိတဲ့ စွန့်ဦးတီထွင်သူတွေရဲ့ တဝက်ကျော်ကျော်ဟာ ကုမ္ပဏီတခုမက တည်ထောင်ခဲ့ဖူးပြီး အများစုက မိသားစုရဲ့ ငွေကြေးကျောထောက်နောက်ခံ ရှိသူတွေ ဖြစ်တယ်လို့ သိရပါ တယ်။ သုတေသနပြုခဲ့တဲ့ လုပ်ငန်း ၃၆၅ ခု ရဲ့ ၄၆ ရာခိုင်နှုန်းကို အမျိုးသမီး စွမ်းဆောင်ရှင်တွေက ဦးဆောင် တာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

အစီရင်ခံစာက သုတေသနပါ စွန့်ဦးတီထွင်လုပ်ငန်းရှင်အားလုံးဟာ ငွေကြေးအရင်းအနှီးရဖို့ ချေးငွေအတွက် နဲ့ ကျွမ်းကျင်လုပ်သား ရရှိရေးအတွက် အခက်အခဲတွေ ရှိတယ်လို့လည်း ဆိုထားပါတယ်။ ၁၀ ရာခိုင်နှုန်း လောက်ပဲ အစိုးရရဲ့အထောက်အပံ့ ရခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

နီးစပ်ရာဆွေမျိုးကောင်းစားရေးဝါဒ အမြစ်စွဲခဲ့တဲ့ မြန်မာနိုင်ငံရဲ့စီးပွားရေးမှာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက အစိုးရ အရာရှိတွေနဲ့ ခင်မင်ရင်းနှီးတဲ့ ခရိုနီနဲ့ ရေပေါ်စီအချို့သာ စီးပွားရေးအခွင့်အလမ်းတွေ ရရှိခဲ့ကြတာ ဖြစ်ပြီး ငွေကြေးကျောထောက်နောက်ခံမရှိတဲ့ စွန့်ဦးတီထွင်သူတွေဟာ လုပ်ငန်းလုပ်ကိုင်ဖို့ အင်မတန် ရုန်း ကန်ခဲ့ကြရပါတယ်။

“တခြား ပိုက်ဆံအရမ်းချမ်းသာတဲ့ မိသားစုတွေက သားသမီးတွေလို ကျနော်တို့မှာ အရင်းအနှီးအတွက် ငွေ ကြေးအလုံးအရင်း မရှိဘူး၊ ကိုယ့်အတွေ့အကြုံတွေနဲ့ ကိုယ့်ဘာသာပဲ ရုန်းကန်ကြရတယ်။ ဘဏ်တွေမှာ ချေး ငွေရဖို့ကလည်း မလွယ်ဘူး။ စာရွက်စာတမ်းတွေ အများကြီး ပြရတယ်၊ အဆင့်တွေ အများကြီးပဲ” လို့ Mamper ရဲ့ အမှုဆောင်ဒါရိုက်တာ ကိုကျော်ထက်နိုင်က ရှင်းပြပါတယ်။

ဒါပေမယ့် Mamper အတွက် ခေါင်းအကိုက်ဆုံး ကိစ္စတခုကတော့ ငွေကြေးအရင်းအနှီး ပြဿနာ မဟုတ်ပါ ဘူး။ ကုမ္ပဏီတွေကို ပရိုမိုးရှင်းလက်ဆောင်ပစ္စည်းတွေအတွက် ထိုက်သင့်တဲ့ ငွေကြေးသုံးစွဲဖို့နဲ့ ဒီလိုသုံးစွဲ တာဟာ ကုမ္ပဏီအတွက် အကျိုးရှိတယ်ဆိုတာကို ရှင်းပြရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ကိုယ့်ရဲ့Brand က ဘယ်လောက်တန်တယ်ဆိုတာက ကိုယ်ပေးလိုက်တဲ့ လက်ဆောင်ရဲ့ တန်ဖိုးနဲ့ တိုက် ရိုက်အချိုးကျနေတယ်” လို့ Mamper ရဲ့ အမှုဆောင် အရာရှိချုပ် ကိုပြည်စိုးသိမ်းက ရှင်းပြပါတယ်။

“ကိုယ့်ရဲ့တံဆိပ်ကို လူတွေက သေသေချာချာ တန်ဖိုးထားစေချင်တယ်ဆိုရင် အမှတ်တရ ရှိစေချင်တယ်ဆို ရင် ကိုယ်ပေးတဲ့လက်ဆောင်ဟာ သူတို့အတွက် အသုံးလည်း ဝင်ရမယ်၊ အရည်အသွေးလည်း ကောင်းရ မယ်၊ ထူးလည်း ထူးခြားရမယ်” လို့ ကိုပြည်စိုးသိမ်းက ပြောပါတယ်။

လတ်တလောမှာ မြန်မာကုမ္ပဏီတော်တော်များများဟာ ပရိုမိုးရှင်းလက်ဆောင်ပစ္စည်းတွေအဖြစ် တီရှပ်၊ သော့ချိတ်၊ ထီး၊ ခွက် အစရှိတာတွေ ပေးတတ်ကြပြီး ဒီပစ္စည်းတွေပေါ်မှာ ကုမ္ပဏီတံဆိပ်ကို ရိုက်နှိပ်ပေးတဲ့ ဆိုင်တွေလည်း အများအပြား ရှိနေပါတယ်။ ဒါပေမယ့် Mamper ကတော့ ဒီလိုမျိုး သမာရိုးကျထဲက ခွဲထွက် ပြီး ဖန်တီးပြချင်တယ်လို့ ဆိုပါတယ်။

ကုမ္ပဏီတခုချင်းစီအတွက် ကုမ္ဗဏီတွေရဲ့ တံဆိပ်အမှတ်အသားနဲ့ ကုမ္ပဏီတွေက ဖောက်သည်တွေကို ပြော ချင်တဲ့ သတင်းစကားတွေကို ဒီဇိုင်းတွေ၊ အရောင်အသွေးတွေနဲ့ ကုမ္ပဏီရဲ့ပရိုမိုးရှင်း လက်ဆောင်ပစ္စည်း တွေမှာ ရောင်ပြန်ဟပ်ထည့်သွင်းပေးတဲ့ ဝန်ဆောင်မှုမျိုးကို ပေးတာ ဖြစ်တယ်လို့ ကိုကျော်ထက်နိုင်က ရှင်း ပြပါတယ်။

ကုမ္ပဏီတွေက ကျနော်တို့ကို ကတ်တလောက်ပြ၊ ဈေးပြောဆိုပြီး ဒီလက်ဆောင်ပစ္စည်းတွေကို မအပ်စေ ချင် ဘူး၊ အဲဒီလိုမျိုး ဘောင်ခတ်မထားချင်ဘူး၊ ကုမ္ဗဏီတခုက ဒီလိုမျိုးလုပ်ရင် ကိုယ်က မတူအောင် ဘယ်လို ဒီ ဇိုင်း လုပ်မလဲ၊ အဲဒီလိုမျိုး လုပ်ခိုင်းစေချင်တယ် လို့ ကိုကျော်ထက်နိုင်က ပြောပါတယ်။

Lodggy ရဲ့တည်ထောင်သူ ကိုအောင်သန်းတိုး ရင်ဆိုင်ရတဲ့ အခက်အခဲတွေကတော့ ကျွမ်းကျင်လုပ်သား ရှာဖွေရတာနဲ့ ငွေကြေးအရင်းအနှီး ရှာဖွေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“နိုင်ငံဟာ ဆယ်စုနှစ်ပေါင်းများစွာ ပိတ်ဆို့အမှောင်ချခံခဲ့ရတော့ လူသားအရင်းအမြစ်တွေ သိပ်ကို ရှားပါးကုန် ပါတယ်။ ဝက်ဘ်ဆိုဒ်အတွက် အသင့်တော်ဆုံး developer ရှာရတာက ခေါင်းအကိုက်ဆုံး အလုပ်တခုပါပဲ” လို့ ကိုအောင်သန်းတိုးက ဆိုပါတယ်။

ဘဏ်တွေက ချေးငွေကို အာမခံ (အပေါင်) မရှိဘဲ မပေးတာကလည်း သူ့အတွက် ကြီးမားတဲ့ နောက်ထပ် ပြ ဿနာတခုလို့ ပြောပါတယ်။

ရေရှည်ရပ်တည်ရေး

လူငယ်စွန့်ဦးတီထွင်သူ အများအပြားဟာ လုပ်ငန်းတွေ စတည်ထောင်လာကြပေမယ့် အနည်းငယ်ကပဲ ရေ ရှည်ရပ်တည်နိုင်ကြပါတယ်။ MYEA ကတော့ အစိုးရဘက်က တိကျတဲ့ မူဝါဒ ဒါမှမဟုတ် ဥပဒေတခု ချမှတ် ပေးပြီး စွန့်ဦးတီထွင်လုပ်ငန်းတွေကို မြေတောင်မြှောက်ပေးသင့်တယ်လို့ တိုက်တွန်းထားပါတယ်။

လုပ်ငန်းအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတွေမှာ ကျင့်ဝတ်စောင့်ထိန်းဖို့၊ လူငယ်တွေရဲ့လုပ်ကိုင်နိုင်စွမ်း အ ပေါ် လူကြီးတွေက ယုံကြည်ပေးဖို့နဲ့ ဖောက်သည်တွေအပေါ် စိတ်ကောင်းစေတနာထားဖို့တွေက လူငယ်တွေ ဦးဆောင်တဲ့ စွန့်ဦးတီထွင်လုပ်ငန်းတခု ရေရှည်ရပ်တည်ရာမှာ မရှိမဖြစ် လိုအပ်တယ်လို့ Mamper အဖွဲ့သား တွေက ရှင်းပြပါတယ်။

“ကိုယ်က ဖောက်သည်နေရာက ဝင်စားသုံးပေးဖို့ လိုတယ်၊ ငါသာဆိုရင် ဘယ်လိုမျိုးလိုချင်မလဲဆိုတဲ့ စေတ နာက အရမ်းအရေးကြီးတယ်၊ ငါသာဆို ဒါကို ဝယ်မလား၊ ယူမလားပေါ့” ဟု ကိုကျော်ထက်နိုင်က ပြော သည်။

“စေတနာက ကျန်တဲ့ပစ္စည်းတွေ ဈေးတွေစတဲ့ ဆွဲဆောင်မှုတွေထက် ပိုပြီး ထိရောက်တယ်” ဟု ကိုပြည်စိုး သိမ်းက ပြောပါတယ်။

“ကျနော်တို့အတွက်ကတော့ ဟိုတယ်ပိုင်ရှင်တွေနဲ့ ခရီးသည်ဖောက်သည်တွေရဲ့ အကြံပေးမှုက အရေးကြီး ပါတယ်၊ သူတို့ အကြံပေးတာတွေကို ကျနော့်ရဲ့ဝက်ဘ်ဆိုက် အဆင့်မြှင့်တဲ့အခါတိုင်း ထည့်သွင်းစဉ်းစား ပေးရပါတယ်” လို့ ကိုအောင်သန်းတိုးက ဆိုပါတယ္။

Did you find apk for android? You can find new Free Android Games and apps.
Loading