ဆောင်းပါး

တရုတ်နိုင်ငံခြားရေးပေါ်လစီနှင့် မြန်မာ့ငြိမ်းချမ်းရေး (အပိုင်း- ၁)

Want create site? Find Free WordPress Themes and plugins.

တရုတ်တို့သည် မြန်မာပြည်အပါအဝင် နိုင်ငံခြားတိုင်းပြည်များနှင့်ဆက်ဆံရာတွင် မည်သို့ဆက်ဆံမည်ဆိုသည့် ပေါ်လစီချမှတ်ရာတွင် ၎င်းပေါ်လစီကို ကိုင်တွယ်ဖော်ဆောင်ရာတွင် ၎င်းယူနစ် ၃ ခုဖြင့် ဆောင်ရွက်သည်ကို တွေ့ရသည်။

အဓိက ပင်မယူနစ်မှာ တရုတ်ပြည်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဌာနကြီးဟု ဆိုရမည်။ အဆိုပါဌာနသည် တ ရုတ်ကွန်မြူနစ်ပါတီ၏ ပေါ်လစီကို အကောင်အထည်ဖော်သည့်ဌာနဖြစ်သည်။ တရုတ်ပြည်၌ အစိုးရနှင့် တရုတ်လွတ် မြောက်ရေးတပ်မတော်တို့သည် တရုတ်ကွန်မြူနစ်ပါတီ၏ခေါင်းဆောင်မှုအောက်တွင် ရှိနေပေရာ ပါတီ၏နိုင်ငံတကာ ဆက်ဆံရေးမူဝါဒတွင် မြန်မာပြည်နှင့်ပတ်သက်သော ပေါ်လစီသည် အရေးပါဆုံးဖြစ်သည်။

တရုတ်ကွန်မြူနစ်ပါတီသည် ပါတီချင်းဆက်ဆံရေးကို အဓိက တာဝန်ယူပြီး အာဏာရ ပါတီရော မရသည့်ပါတီပါ ဆက် ဆံခွင့်ရှိသည်။ မည်ကဲ့သို့ဆက်ဆံမည်ဆိုသည်ကို အဓိက ဆုံးဖြတ်ပေးသည့်ယူနစ်ဖြစ်သည်။

ဒုတိယယူနစ်မှာ အစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနဖြစ်သည်။ ထိုဌာနသည် အဓိက တရားဝင်အစိုးရချင်းဆက်ဆံရေးကို အဓိ ကထားသည်။ အစိုးရချင်း ခင်မင်ရင်းနှီးသောဆက်ဆံရေးအပြင် ယနေ့ကာလ၌ လက်တန်ရှည်လာသော တရုတ်၏စီးပွား လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုများနှင့် အနာဂတ် တရုတ်စီးပွါးရေးသေနင်္ဂဗျူဟာများကို အလေးထားသည့် ပေါ်လစီနှင့် ခြေ လှမ်းများကို ဆောင်ရွက်သည်။

တတိယယူနစ်မှာ တရုတ်လွတ်မြောက်ရေးတပ်မတော်ဖြစ်သည်။ တရုတ်လွတ်မြောက်ရေးတပ်မတော်၌ ကမ္ဘာ့ဒေသအ သီးသီးနှင့်ပတ်သက်၍ ဆက်စပ် သုံးသပ်လုပ်သည့် နိုင်ငံတကာဌာနရှိသည်။ မြန်မာပြည်နှင့်ပတ်သက်၍ အရှေ့တောင် အာရှဌာနအောက်တွင် ထားရှိသည်။ မြန်မာပြည်နှင့် နယ်နိမိတ်ချင်း မိုင်ထောင်ချီ ဆက်စပ်နေပေရာ တရုတ်တပ်မတော်၏ အဓိကအာရုံစိုက်မှုမှာ တရုတ်နယ်စပ်လုံခြုံရေးကို အလေးထား၍ သူ၏ပေါ်လစီနှင့်ခြေလှမ်းများကို ဆောင်ရွက်သည်။

သို့ဖြစ်ရာ တရုတ်တို့၏ မြန်မာပြည်နှင့်ပတ်သက်သည့် ပေါ်လစီနှင့်ပတ်သက်၍ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေးဌာနသည် အခရာဖြစ်ပြီး ကျန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် လွတ်မြောက်ရေးတပ်မတော်တို့သည်လည်း သူ့အခန်း နှင့်သူ ပါဝင်ဆောင်ရွက်ကြသည်ဟု ဆိုရပါမည်။

နိုင်ငံတကာဆက်ဆံရေးဌာန

၁၉၆၆ ခုနှစ် တရုတ်ပြည်ယဉ်ကျေးမှု တော်လှန်ရေးကာလနောက်ပိုင်း တရုတ်ကွန်မြူနစ်ပါတီ၏ပေါ်လစီသည် နိုင်ငံတကာ အဖိနှိပ် ပြည်သူများအားကူညီရေး မြန်မာပြည်နှင့်ပတ်သက်၍ ဗမာပြည်ကွန်မြူနစ်ပါတီအား ကူညီရေးဖြစ်သည်။ ထိုကာ လက နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် လွတ်မြောက်ရေးတပ်မတော်၏အခန်းသည် နောက်သို့ရောက်နေပြီး ပါတီ၏နိုင်ငံတ ကာဆက်ဆံရေးဌာနက ရှေ့တန်းရောက်သည်။

ဗမာပြည်ကွန်မြူနစ်ပါတီအား ကူညီပံ့ပိုးမှုများအားလုံးအား နိုင်ငံတကာဆက်ဆံရေးဌာနက တာဝန်ယူလုပ်ဆောင်ပြီး လွတ် မြောက်ရေးတပ်မတော်က ကူညီပံ့ပိုးပေးရသည်။ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် တရုတ်သံအမတ်တို့၏ အစိုးရချင်း ဆက်ဆံ ရေးသည် အေးစက်သည်။ တရုတ်သံရုံးဧည့်ခံပွဲများတွင် မြန်မာအစိုးရနှင့် တပ်မတော်မှ အရာရှိများကို မတွေ့ရဘဲ ဒီမိုက ရက်များ၊ လက်ဝဲသမားများ၊ အတိုက်အခံများ ပြည့်လျှံနေသောကာလဟု ဆိုရပေမည်။

သို့သော် ၁၉၇၇ ခုနှစ် တိန့်ရှောက်ဖင်တက်တက်လာပြီးနောက် တရုတ်တို့၏ပေါ်လစီသည် သိသိသာသာပြောင်းလဲလာ သည်။ ၁၉၈၀ ခုနှစ်မှစ၍ ဗမာပြည်ကွန်မြူနစ်ပါတီအားထောက်ပံ့မှု လျှော့ချလာပြီး ၁၉၉၀ ခုနှစ်မှ စ၍ အစိုးရချင်း ဆက် ဆံသည့်ပေါ်လစီသည် ဦးစားပေးပြောင်းလဲလာသည်။ တရုတ်ကွန်မြူနစ်ပါတီ၏နိုင်ငံတကာဆက်ဆံရေးဌာန၏ အခန်းက ဏ္ဍ လျှော့ချခဲ့ပြီး အစိုးရအုပ်ချုပ်ရေးပိုင်းနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဆက်ဆံရေးဌာန၏ ရှေ့တန်းရောက်လာသည်။ တရုတ်နယ်စပ်ရှိ ယခင်သြဇာနှင့် လုပ်ပိုင်ခွင့်ကြီးမားသည့် တရုတ်ပါတီ၏ နိုင်ငံတကာဆက်ဆံရေးဌာနများဖွဲ့စည်းမှုများ လျှော့ချခဲ့ပြီး ပြောင်းလဲဖွဲ့စည်းမှုများပြုလုပ်ခဲ့သည်ကို တွေ့ရသည်။

သို့သော် အရေးပါသည့်အချိန်တိုင်း အထူးသဖြင့် မြန်မာပြည်တွင်းနိုင်ငံရေးအပြောင်းအလဲများရှိသည့်အချိန်တိုင်း တရုတ် ပါတီ၏နိုင်ငံတကာဆက်ဆံရေးဌာနသည် ထွက်ပေါ်လှုပ်ရှားသကဲ့သို့ တရုတ်မြန်မာနယ်စပ်တွင်လည်း တရုတ်ကွန်မြူနစ် ပါတီ နိုင်ငံတကာဆက်ဆံရေးဌာန၏လက်တန်များအား( ယခင် ယဉ်ကျေးမှုတော်လှန်ရေးအပြီး ကာလကဲ့သို့ ဖွဲ့စည်းပုံကြီး မားစွာ မထားတော့သော်လည်း ) ထားရှိဆဲဖြစ်သည်။ ဆိုလိုသည်မှာ ပြောင်းလဲလာသော မြန်မာပြည်နိုင်ငံရေးအခြေအနေ နှင့် ကိုက်ညီအောင် ရှေ့ဆောင်သည်ကတော့ တရုတ်ပါတီ၏ နိုင်ငံတကာရေးရာဌာနဖြစ်ကြောင်း ရှင်းလင်းစွာ တွေ့မြင်နိုင် သည်။

၂၀၁၅ ခုနှစ် နှစ်လည်အတွင်း အတိုက်အခံခေါင်းဆောင်တဦးအဖြစ်သာ ရှိနေသေးသော ဒေါ်အောင်ဆန်းစုကြည်အား တ ရုတ်ပြည်သို့ ဖိတ်ခေါ်ခြင်းသည် တရုတ်ပါတီနိုင်ငံတကာဆက်ဆံရေးဌာနမှ စီစဉ်ခဲ့ခြင်းဖြစ်သည်။ ပါတီချင်း ဆက်ဆံရေး အဖြစ် တလျှောက်လုံး အတိုက်အခံအဖြစ်ရှိခဲ့သည့် NLD ပါတီခေါင်းဆောင်လည်းဖြစ် အနောက်အုပ်စုနှင့် ရင်းနှီးသော ခေါင်းဆောင်လည်းဖြစ်သူအား ရွေးကောက်ပွဲရလဒ် မသိမီ အစိုးရမဖွဲ့နိုင်မီ တရုတ်တို့ ဖိတ်ခေါ်တွေ့ဆုံခြင်းသည် ၁၉၉၀ ခု နှစ်နောက်ပိုင်းမှစ၍ နောက်ရောက်နေခဲ့သော တရုတ်ပါတီ နိုင်ငံတကာဆက်ဆံရေးဌာန၏ ခြေလှမ်း ဖြစ်သည်။

ထိုသို့ တရုတ်ခေါင်းဆောင် မစ္စတာရှီကျင့်ပင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံမှုသည် ၁၉၉၀ မှစ၍ စစ်အစိုးရနှင့် ကြံ့ ခိုင်ရေးကိုသာ မျက်နှာမူထားခဲ့သည့် တရုတ်အစိုးရပေါ်လစီအချိုးအကွေ့ဖြစ်သည်။ ထိုတွေ့ဆုံမှုအပြီး နိုင်ငံခြားရေး ဝန်ကြီး ဌာနက မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအား လဲလှယ်လိုက်သည်ကို တွေ့ရသည်။ မူအသစ်အတွက် လူအသစ် လဲလှယ်လိုက်ပုံရသည်။

တကယ်တမ်းဆိုလျှင် ၂၀၁၀ ခုနှစ်နောက်ပိုင်းစ၍ တရုတ်ပါတီသည် မြန်မာပြည်တွင်းရှိ နိုင်ငံရေးပါတီအားလုံးအား စတင် ဆက်ဆံလာခဲ့ပြီ ဖြစ်ပါသည်။ မြန်မာပြည်အခြေအနေကို လေ့လာပြီး ၎င်းတို့၏ပေါ်လစီကို မြန်မာပြည်နှင့် လိုက်လျောညီ ထွေပြောင်းလဲခဲ့သည်ဟု ဆိုရမည်။ သို့သော် တရုတ်ပါတီ၏ ပါတီချင်းဆက်ဆံရေး ယခင် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ဆက်ဆံခဲ့သည့် ညီနောင်ပါတီချင်းဆက်ဆံရေးမျိုး မည်သည့်ပါတီနှင့်မှ မရှိတော့ဘဲ သာမန်နိုင်ငံရေးပါတီချင်း ဆက်ဆံ ရေးမျိုးသာဖြစ်ပေတော့သည်။

တရုတ်ပါတီနိုင်ငံတကာဆက်ဆံရေးဌာနသည် ပါတီချင်းဆက်ဆံရေးးကိုသာ တိုက်ရိုက်ကိုင်တွယ်သည်မဟုတ်ဘဲ ပြောင်း လဲလာသော နိုင်ငံတကာအခြေအနေများနှင့် အညီ NGO အမည်ခံ အရပ်ဘက်အဖွဲ့အစည်းများကိုလည်း ဦးဆောင်ဦးရွက် ပြုထားသည်။၂၀၀၅ ခုနှှစ်အောက်တိုဘာမှစ၍ တရုတ် NGO ဆိုသည်များကို တရုတ်ပါတီ နိုင်ငံတကာဆက်ဆံရေးဌာန၏ အောက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၅ အထိ NGO အဖွဲ့ပေါင်း ၆၃ ဖွဲ့ရှိပြီး အားလုံးအား ကွန်ရက်တခုတည်းဖြင့် ချိတ်ဆက် ထားသည်ဟု ဆိုပါသည်။

ထို NGO များမှတဆင့် မြန်မာပြည်နှင့်လည်း ချိတ်ဆက်၍ ညီလာခံများကျင်းပခြင်း အကူအညီများပေးခြင်းတို့ကို လုပ် ဆောင်လျက်ရှိသည်။ မြန်မာပြည်သို့ တရုတ်ပါတီခေါင်းဆောင်များနှင့်အတူ လာရောက်ပြီး အကူအညီပေးလေ့ရှိသော တရုတ် NGO မှာ တရုတ်ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း ( China Peace and Develoment Foundation ) ဖြစ် သည်။

တရုတ်အစိုးရနိုင်ငံခြားရေးဝန်ကြီးဌာန

မြန်မာပြည်နှင့် အစိုးရချင်းဆက်ဆံရေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်တို့က ရှေ့ တန်းရောက်သည်။ တရုတ်ပြည်လွတ်မြောက်သည့် ၁၉၄၉ ခုနှစ်နောက်ပိုင်း တရုတ်နှင့်သံတမန်အဆုံး ဆက်သွယ်သည့် နိုင်ငံများထဲတွင် မြန်မာနိုင်ငံပါသည်။ ဖဆပလ အစိုးရခေတ်ကာလတလျှောက် တရုတ်မြန်မာအစိုးရချင်း ဆက်ဆံရေး ကောင်းမွန်ခဲ့ပြီး နိုင်ငံတကာဆက်ဆံရေးတွင် ဘက်မလိုက်ရေးမူဝါဒ ဘန်ဒေါင်းမူငါးချက်တို့ချမှတ်ရာတွင် တရုတ်နှင့်မြန် မာအစိုးရတို့ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့သည်။

ထို့နောက် ၁၉၆၆ ခုနှစ်နောက်ပိုင်းမှစ၍ တရုတ် မြန်မာအစိုးရချင်း ဆက်ဆံရေး အေးစက်ခဲ့သည်။ ရန်ကုန်ရှိ တရုတ်သံရုံး ဧည့်ခံပွဲများတွင် မြန်မာအစိုးရအရာရှိများ မတွေ့ကြရတော့။ တရုတ်ပေါ်လစီ၌ နိုင်ငံခြားရေးဝန်ကြီးဌာနနောက် ရောက်နေ သည့်ကာလဟု ဆိုရမည်။ ၁၉၉၀ ခုနှစ်၌တရုတ်သံအမတ်ကြီးသည် ၁၉၉၀ ရွေးကောက်ပွဲနိုင် NLD ပါတီခေါင်းဆောင်များ နှင့်တွေ့ဆုံခဲ့သော်လည်း နောက်ပိုင်းတွင် နဝတအစိုးရဘက်သို့ မျက်နှာမူလိုက်ပြီးနောက် တရုတ်အစိုးရနိုင်ငံခြားရေး ဝန် ကြီးဌာနသည် မြန်မာအစိုးရနှင့်ဆက်ဆံရေးတွင် ရှေ့တန်းရောက်လာသည်။

တရုတ်သံရုံးဧည့်ခံပွဲများတွင် အတိုက်အခံများကို မတွေ့ရတော့ဘဲ စစ်ဗိုလ်ချုပ်များ အစိုးရအရာရှိများကိုသာ တွေ့ရသည့် ကာလများဖြစ်ခဲ့သည်။ အစိုးရချင်းဆက်ဆံရေးတွင် တရုတ်တို့အလေးပေးခဲ့သည်မှာ မြန်မာပြည်တွင်း တရုတ်တို့၏ရင်း နှီးမြှုပ်နှံမှုများ နှစ်နိုင်ငံစီးပွားကူးသန်းကုန်သွယ်မှုများအပြင် ရေရှည် တရုတ်စီးပွားရေးသေနင်္ဂဗျူဟာများအပေါ် အခြေခံ သည်။

ဤသို့ရရှိသည့် တရုတ်တို့၏စီးပွားရေးအကျိုးအမြတ်များအပေါ် မူတည်ပြီး မြန်မာစစ်ဘက်အား စစ်လက်နက်ပစ္စည်း ရောင်း ချပေးရေးအပါဝင် နိုင်ငံရေးအရ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ဗီတိုသုံးစွဲခြင်းတို့အား တရုတ်တို့က ပြန်လည်ဆောင် ရွက်ပေးခဲ့သည်။

၂၀၁၀ ခုနှစ်ကစသည့် မြန်မာပြည်နိုင်ငံရေးအပြောင်းအလဲများတွင် တရုတ်ပါတီ၏နိုင်ငံတကာဆက်ဆံရေးဌာနမှ ပါဝင် ပတ်သက်လာသည်ကို တွေ့ရသော်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အခန်းသည် လျော့ကျသွားခြင်းတော့ မရှိပေ။ သို့သော် ပြင်ဆင်မှုအချို့တော့ ရှိခဲ့သည်ဟု ဆိုနိုင်သည်။ ၂၀၁၀ မှစ၍ တရုတ်သံရုံးဧည့်ခံပွဲများတွင် အစိုးရအရာရှိများ စစ် ဘက်အရာရှိများသာမက နိုင်ငံရေးပါတီပေါင်းစုံမှသူများအားလည်း တွေ့မြင်လာကြရတော့သည်။

တရုတ်စစ်ဘက်

တရုတ်စစ်ဘက်တွင် အမြင့်ဆုံးက ဗဟိုစစ်ကော်မရှင်ဖြစ်သည်။ အစိုးရဖွဲ့စည်းပုံတွင်တော့ ကာကွယ်ရေးဝန်ကြီး ဌာန အဖြစ်ဖွဲ့စည်းထားသည်။ တရုတ်တို့၏ဖွဲ့စည်းပုံအရ တရုတ်စစ်တပ်သည် တရုတ်ကွန်မြူနစ်ပါတီ၏ လက်အောက်ခံဖြစ် သည်။ တရုတ်စစ်တပ်သည် ပုံမှန်အားဖြင့် နိုင်ငံခြားရေးတွင် ပါဝင်သည်ဆိုသည်မှာ သူ၏တိုင်းပြည်ကာကွယ်ရေးမူဝါဒ ပေါ်တွင် အခြေခံ၍ စဉ်းစားခြင်းဖြစ်သည်။

မြန်မာပြည်နှင့်ဆက်စပ်နေသည် မိုင်ထောင်ချီ ရှည်လျားသည့် နယ်စပ်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်မှာ တရုတ်စစ် တပ်၏တာဝန်ဖြစ်သည်။ ထို့အတွက် နယ်စပ်လုံခြုံရေးဆိုင်ရာမူဝါဒများကို တရုတ်စစ်တပ်က ကိုင်တွယ်သည်ဟု ဆိုရမည်။ ၁၉၆၈ခုနှစ် တရုတ်ကွန်မြူနစ်ပါတီမူဝါဒအရ တရုတ်နယ်စပ်တလျှောက် ဗကပတပ်ဖွဲ့များပေါ်လာပြီးနောက် တရုတ်နှင့်ရင်း နှီးသည့်အပြင် တရုတ်၏ထောက်ပံ့မှုရယူထားသည့် ဗကပတပ်ဖွဲ့များ နယ်စပ်တလျှောက်ရှိနေခြင်းသည့် တရုတ်နယ်စပ်လုံ ခြုံရေးအတွက် ကြားခံဇုန်တခု ဖြစ်နေပေတော့သည်။

၁၉၈၉ ခုနှစ်နောက်ပိုင်း ဗကပပြိုကွဲပြီးသည့်နောက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအဖြစ် ပြောင်းလဲ လာခဲ့သော် လည်း ထိုတပ်ဖွဲ့များသည့် နဝတ အစိုးရနှင့် အပစ်ရပ်ငြိမ်းချမ်းရေးယူခဲ့သည့်ပြင် ထိုအဖွဲ့များနှင့် တရုတ်ကြား မကင်းရာ မကင်းကြောင်းဆက်ဆံရေးရှိနေပေရာ တရုတ်စစ်တပ်မှ ကြည့်လျှင် တရုတ်နယ်စပ်လုံခြုံရေးအတွက်ကြားခံဇုန် ရှိနေဆဲ ဖြစ်သည်။ သို့ဖြစ်ရာ တရုတ်စစ်တပ်အတွက် ကြီးမားသည့်ပေါ်လစီ အပြောင်းအလဲ လုပ်စရာမလိုခဲ့ပေ။

သို့သော် တရုတ်နယ်စပ်ရှိ လုံခြုံရေးအခြေအနေသည် ၂၀၀၉ ခုနှစ်မှစ၍ အပြောင်းအလဲစသည်ဟု ဆိုရမည်။ ၂၀၀၉ ခုနှစ် တွင် နအဖ၏ BGF နယ်ခြားစောင့်တပ်ပေါ်လစီနှင့်အတူ ကချင်ပြည်နယ်တွင်း တရုတ်နယ်စပ်ရှိ ပန်ဝါ၊ ကန်ပိုက်တည်ဒေသ များ သည် နအဖအစိုးရလက်အောက်ခံ နယ်ခြားစောင့်တပ်များဖြစ်လာပြီး ကိုးကန့်ဒေသတွင်လည်း ဖုန်ကြားရှင်တို့အား မြန်မာစစ်ဘက်မှ အင်အားသုံးဖယ်ရှားခဲ့ပြီးသည့်နောက် ကိုးကန့်ဒေသနှင် ပန်ဝါဒေသနှစ်ခုတို့၌လည်း ကြားခံဇုန် မရှိတော့ ပေ။

ထို့အပြင် မုံးကိုး-ဖောင်းဆိုင်ဒေသ၌လည်း ၂၀၀၀ ခုနှစ်မှစပြီး မြန်မာစစ်ဘက်မှ ဝင်ရောက်နေရာယူလာနိုင်ခဲ့ရာ တရုတ် နယ်စပ်တလျှောက် လုံခြုံရေးအမြင်သက်သက်က ကြည့်လျှင် ကြားခံဇုန်များ တဖြည်းဖြည်း လျော့ပါးလာသည် ဟုဆိုနိုင် သည်။

ထို့ကြောင့်လည်း တရုတ်မြန်မာနယ်စပ်တလျှောက် လုံခြုံရေးတာဝန် ယူထားသည့် တရုတ်စစ်တပ်အတွင်း ကြားခံဇုန်နှင့် ပတ်သက်၍ စဉ်းစားမှုများရှိသည်ဟု ဆိုရမည်။ ၂၀၁၅ နှစ်ဆန်းပိုင်းတွင် ဖြစ်ပွားခဲ့သည့် ကိုးကန့်စစ်ပွဲအတွင်း ကိုးကန့် အ ဖွဲ့အား ကူညီခဲ့၍ ရာထူးမှဖယ်ရှားခံခဲ့ရသည်ဟု ယူဆရသည့် ချင်တူးစစ်ဒေသမှ မဟာဗျူဟာရေးဆွဲသူ ဗိုလ်ချုပ်ဟွမ်ရှင်း နှင့် တရုတ်စစ်ဘက်အရာရှိကြီး ၄ ဦးခန့်သည် တရုတ်နယ်စပ်လုံခြုံရေးနှင့် ကြားခံဇုန်ထား ရှိသင့်သည်ဆိုသည့် အယူ အ ဆနှင့် ပတ်သက်နေသည်ဟု အကဲခတ်များက ဆိုကြသည်။

မည်သို့ဆိုစေ ၂၀၀၉ ခုနှစ်နောက်ပိုင်းမှစ၍ တရုတ်နယ်စပ်တလျှောက် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာပြီးနောက် တ ရုတ်နယ်စပ်လုံခြုံရေးအပေါ်တွင် အခြေပြုပြီး တရုတ်မြန်မာဆက်ဆံရေးတွင် တရုတ်စစ်တပ်၏အခန်းကို တွေ့ရသည်။ ကိုး ကန့်တိုက်ပွဲများပြင်းထန်လာပြီး တရုတ်ပိုင်နက်တွင်း ဗုံးဆံများကျ၍ တရုတ်နိုင်ငံသားများ ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ် လာသောအခါ တရုတ်စစ်တပ်ထွက်လာပြီး တင်းတင်းမာမာ တုံ့ပြန်သည်ကို တွေ့ရသည်။

တရုတ်နယ်စပ်တွင် လေယဉ်ပျံသန်းခွင့်ပိတ်ခြင်း ကျည်အစစ် စစ်ရေးလေ့ကျင့်ခြင်းတို့အား အချိန်အကန့်အသတ်မရှိ ပြု လုပ်ကြောင်း ကြေညာခြင်တို့ ပြုလုပ်ခဲ့သည်ကို တွေ့ရပြီး ကိုးကန့်စစ်ရှိန်ကျသွားသည်ကို တွေ့ရသည်။ သို့ဖြစ်ရာ ထိုအချိန် မှစ၍ တရုတ်မြန်မာဆက်ဆံရေးတွင် တရုတ်စစ်တပ်၏အခန်းသည် ပေါ်လွင်လာသည်ဟု ဆိုရပါမည်။

ဆက်လက်ဖော်ပြပါမည်။

(မောင်မောင်စိုးသည် ဖက်ဒရယ်နှင့်တိုင်းရင်းသားရေးရာ သုတေသီတဦးဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading