ဆောင်းပါး

KNU ခေါင်းဆောင်များ အပြောင်းအလဲဖြစ်နိုင်

မတ်လ အလယ်ပိုင်းတွင် ကျင်းပရန် ရှိနေသော ညီလာခံတွင် မြန်မာနိုင်ငံ၏ သက်တမ်းအရင့်ဆုံး တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့များထဲမှ တခုဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) က ဥက္ကဌ အပါအဝင် ခေါင်းဆောင်သစ်များကို ရွေးချယ်သွားတော့မည် ဖြစ်သည်။

KNU က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ဦးဆောင်ပါဝင်နေပြီး လက်ရှိခေါင်းဆောင်များက၊ အထူးသဖြင့် ဥက္ကဌ စောမူတူး စေးဖိုး က အဖွဲ့ကို ပဲ့ကိုင်ထိန်းချုပ်နိုင်ခဲ့သည်။ အဆိုပါ ဆောင်ရွက်မှုများထဲတွင် အစိုးရ နှင့် အပြန် အလှန် အပစ် အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးခြင်း၊ ၂၀၁၅ ခုနှစ် တနိုင်ငံလုံး အတိုင်းအတာနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွင် လက်မှတ်ရေးထိုးခြင်း နှင့် မြန်မာတပ်မတော်နှင့် ဆက်ဆံရေးခိုင်မာအောင်ပြုလုပ်ခြင်းများလည်း အပါအဝင် ဖြစ်သည်။ စောမူတူးစေးဖိုး၏ လုပ်ဆောင်ချက်များက ချီးကျူးဂုဏ်ပြုမှုရော အပြစ်တင် ဝေဖန်မှုများပါ ရရှိခဲ့သည်။

မတ်လ ၁၄ ရက်တွင် KNU ၏ ၁၆ ကြိမ်မြောက် ညီလာခံ ကျင်းပရန် ရှိနေသည့်အတွက် အဖွဲ့၏ နိုင်ငံရေးနှင့် စစ်ရေးခေါင်း ဆောင်ပိုင်းတွင် မျက်နှာသစ်များကို မြင်တွေ့လာရေး အများစုက မျှော်လင့်နေကြသည်။ ဥက္ကဌ စောမူတူးစေးဖိုး နှင့် KNU ၏ စစ်ရေးအဖွဲ့ ဖြစ်သော ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ၏ ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂျော်နီ တို့ ရာထူးက နုတ်ထွက်မည်ဆိုသည့် ကောလာဟလများလည်း ပေါ်ထွက်နေသည်။

KNU အဖွဲ့အတွင်းမှ ယုံကြည်လက်ခံနိုင်လောက်သည့် သတင်းရင်းမြစ်များ၏ အဆိုအရ အသက် ၈၀ ကျော်ပြီ ဖြစ်သော စောမူတူးစေးဖိုးကို သူ၏ တာဝန်များကို ရပ်နား၍ နုတ်ထွက်ရန် အကြံပေးမှုများ ရှိနေသည်ဟု သိရသည်။ ဗိုလ်ချုပ်ကြီး စောဂျော်နီ က သူ၏ ကျန်းမာရေး အခြေအနေကြောင့် ရာထူးမှ နုတ်ထွက်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟုလည်း သိရသည်။

အထွေထွေ အတွင်းရေးမှူး စောကွယ်ထူးဝင်းက ဥက္ကဌအဖြစ် ရွေးချယ်တင်မြှောက်ခံရနိုင်သည်ဟု သတင်းအရင်းအမြစ် အများအပြားက ကြိုတင်ခန့်မှန်းခဲ့ကြသည်။ ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲက KNLA ၏ ဦးစီးချုပ် အသစ်ဖြစ်လာနိုင်သည် ဟု ဆိုကြသည်။ နောက်ထပ် ဥက္ကဌ ဖြစ်လာနိုင်ဖွယ်ရာရှိသော လူကြိုက်များသည့် ကိုယ်စားလှယ်လောင်း တဦးမှာ လက်ရှိ ဒုတိယ ဥက္ကဌ နော်စီဖိုးရာစိန် ဖြစ်သည်။

အကယ်၍ လက်ရှိ ဥက္ကဌ နှင့် စစ်ဦးစီးချုပ်တို့ နုတ်ထွက်သွားခဲ့လျှင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နှင့် ပတ်သက်၍ KNU ၏ ချဉ်းကပ်မှုတွင် ကြီးမားသော အပြောင်းအလဲများ ရှိလာနိုင်သည်ဟု လေ့လာစောင့်ကြည့် သူများက ယုံကြည်ထား ကြ သည်။ ခေါင်း ဆောင်သစ်များ၏ လက်ထက်တွင် ဖြေးဖြေးချင်း နှင့် ပိုမို၍ သတိကြီးသော ချဉ်းကပ်မှုတခု ဖြစ်လာမည်ဟု လည်း မျှော် လင်းရသည်။

ဥက္ကဌ စောမူတူးဆေးဖိုးကို ရာထူးမှ ဖယ်ရှားရန် အားထုတ်ခဲ့သော်လည်း မအောင်မြင်ခဲ့သည့် ၂၀၁၂ ခုနှစ် အောက်တို ဘာ လကတည်းက KNU ခေါင်းဆောင်ပိုင်းတွင် အကွဲအပြဲများ ရှိခဲ့သည်။ ထိုအချိန်က လက်ရှိ KNU ဒုတိယ ဥက္ကဌ နော်စီဖိုးရာစိန် ဦးဆောင်ပြီး ဗဟိုကော်မတီက စောမူတူးစေးဖို နှင့် အခြား ထိပ်တန်းခေါင်းဆောင် ၂ ဦးကို ရာထူးမှ ထုတ်ပယ်လိုက် ကြောင်း ကြေညာခဲ့သည်။ သို့သော်လည်း အကျိုးသက်ရောက်မှု မရှိခဲ့ပါ။

အားထုတ်မှု ကျဆုံး၍ စောမူတူးစေးဖိုး ခေါင်းဆောင်သည့် အဖွဲ့က အာဏာရရှိလာသည့် အခါ ခေါင်းဆောင်များ အတွင်း တွင် ဆက်ဆံရေး အခက်အခဲများ ရှိလာခဲ့သည်။

စောမူတူးစေးဖိုး၏ ခေါင်းဆောင်မှုအောက်တွင် မြန်မာတပ်မတော်နှင့် သဘောတူညီချက် အများအပြားကို လက်မှတ် ရေး ထိုးခဲ့သည်။ စောမူတူးစေးဖိုး ကိုယ်တိုင်လည်း နေပြည်တော်သို့ အကြိမ်များစွာ သွားရောက်၍ စစ်အစိုးရ ခေါင်းဆောင် ဟောင်း အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် မြန်မာ့တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံမှုများ ပြု လုပ်ခဲ့သည်။ သူ၏ လုပ်ဖော်ကိုင်ဖက်များ နှင့် ပြည်သူများကို သေသေချာချာ ရှင်းလင်း အသိပေးခြင်းမရှိဘဲ သွားရောက် ခြင်း ဖြစ်သည်ဟုလည်း သိရပါသည်။

စောမူတူးစေးဖိုး၏ ခေါင်းဆောင်မှုက ရောထွေးသော လက်ခံမှုများနှင့် ကြုံတွေ့ခဲ့ရသည်။ စစ်ဒဏ်ခံခဲ့ရသော KNU ထိန်း ချုပ်ဒေသများမှ ကျေးလက်ပြည်သူများက အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် ပိုမိုလွတ်လပ်စွာ လှုပ် ရှားသွားလာရသဖြင့် ပျော်ရွှင်ကြောင်း ပြောကြသည်။ လမ်းများပိုမိုဖောက်လုပ်နိုင်လာသည်။ ဆက်သွယ်ရေး ပိုမို ကောင်း မွန်လာသည်။ NGO အချို့၏ ဖွံ့ဖြိုးရေး လုပ်ငန်းများ ပေါ်ပေါက်လာသည်။

ယခုအခါ ကျေးလက်ပြည်သူများ အနေဖြင့် တယ်လီဖုန်းများ၊ မော်တော်ဆိုင်ကယ်များ၊ ကုန်တင်ကားများ နှင့် လှေများ သုံး နိုင်လာကြပြီ ဖြစ်သည်။ သို့သော်လည်း သူတို့ အဓိက စိုးရိမ်သည်မှာ တိုးတက်မှုများ ရေရှည် တည်တံ့ခိုင်မြဲရေး အတွက် ဖြစ်သည်။

KNU အတွင်းမှ သတင်းရင်းမြစ်များက လက်ရှိ ဥက္ကဌသည် အရေးပါသည့် ဆုံးဖြတ်ချက် ချမှတ်သူ အဖြစ် ထက်စာလျှင် စံပြပုံရိပ်တခု နှင့်ပို၍ တူသည်ဟု ပြောကြသည်။ ဥက္ကဌ စောမူတူးစေးဖိုးသည် သူ၏ အဖွဲ့အစည်း နှင့် သူ၏ ပြည်သူများ အတွက် ရည်ရွယ်ချက်ကောင်းများ ရှိသော ဖြောင့်မတ်သူ တဦးဖြစ်သည်ဟု အဆိုပါ သတင်းရင်းမြစ်များက ပြောသည်။ သူက အပြောအဆိုမှားယွင်းမည်ကို စိုးရိမ်သည့်အတွက် မီဒီယာ အင်တာဗျူးများကို ညင်းပယ်လေ့ရှိသူလည်း ဖြစ်သည်။

ပုံမှန် အခန်းအနားများတွင် သူဖတ်ကြားခဲ့သော ကြေညာချက်များမှာ များသောအားဖြင့် အခြားသူများက ပြင်ဆင်ပေးခဲ့ ခြင်းဖြစ်သည်။ မြန်မာ့တပ်မတော်၏ မူဝါဒလမ်းစဉ်ကို ပိုမိုဇောင်းပေးသည့်အသိုင်းအဝိုင်းမှ အကြံပေးမှု များကို ရယူရန် စိတ်အားထက်သန်သူအဖြစ် သူ့ကို ယူဆသောကြောင့် ဝေဖန်မှုများလည်း ရှိခဲ့သည်။

သို့သော်လည်း စိတ်ဝမ်းကွဲပြားနေသည့် ယခုလို အချိန်မျိုးတွင် စောမူတူးစေးဖိုးကဲ့သို့သော ခေါင်းဆောင်မျိုး၏ ဦးဆောင် မှုကို သူတို့ လိုအပ်နေဆဲ ဖြစ်သည်ဟု KNU အဖွဲ့အတွင်းမှ သတင်းရင်းမြစ်အချို့ကပြောကြသည်။ အချို့ KNU ခေါင်း ဆောင်များက နော်စီဖိုးရာစိန် နှင့် သူ၏ အဖွဲ့များက အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်စဉ်အပေါ် စိုးရိမ်မှုထားသော ပြည်ပ ရောက် ကရင်အဖွဲ့အစည်းများ နှင့် နီးကပ်လွန်းသည်ဟု ပြောကြသည်။ အဆိုပါ အဖွဲ့အစည်းများ၏ အယူအဆများက လက်တွေ့ အခြေအနေကို တိကျစွာ ရောင်ပြန်ဟပ်နိုင်ခြင်း မရှိဟုလည်း သူတို့က ပြောသည်။

ကရင်တော်လှန်ရေးတွင် သူ၏ ကာလရှည်ကြာစွာ ပါဝင်ဆောင်ရွက်ခဲ့မှုများကြောင့် လုပ်ဖော်ကိုင်ဖက်များ၊ စောမူတူးဆေး ဖိုးကို လေးစားသည့် ခေါင်းဆောင်များက သူ၏ ခေါင်းဆောင်မှုအောက်တွင် စုစုစည်းစည်း ရှိနေကြသည်။ ဥက္ကဌ ရာထူး နေရာအတွက် ပြတ်သားပြီး သြဇာအရှိန်အဝါရှိသည့် အစားထိုးနိုင်သူ ကင်းမဲ့နေခြင်းကြောင့်လည်း KNU ခေါင်းဆောင်များ ကြားတွင် စိုး ရိမ်မှုများ ရှိနေသည်။ စောမူတူးစေးဖိုး နောက်ထပ်သက်တမ်းတခု တာဝန်ထမ်းဆောင်နိုင်ရေး ကို ခေါင်း ဆောင်ပိုင်းတွင် သြဇာလွှမ်းမိုးမှုရှိသော သူ၏ လုပ်ဖော်ကိုင်ဖက်များက တွန်းအားပေး ထောက်ခံကြမည့် အသွင်ရှိနေပါ သည်။

စောမူတူးစေးဖိုး ပြန်လည် အရွေးချယ်ခံရရေး တွင် ဆန့်ကျင်မှုများ အချေအတင် ငြင်းခုန်မှုများ ရှိလာဦးမည် ဖြစ်သော် လည်း သူက ဒုတိယအကြိမ် ဥက္ကဌတာဝန် ထမ်းဆောင်ရန် အရည်အချင်း ပြည့်မီနေဆဲ ဖြစ်သည်။ နောက်တကြိမ် တာဝန် ယူရေး မယူရေးက သူ၏ ကိုယ်ပိုင်ဆုံး ဖြတ်ချက်ပေါ်တွင် မူတည်နေပါသည်။ အကယ်၍ သူကသာ နောက်ထပ် တာဝန် ထမ်းဆောင်ရန် ဆန္ဒ ရှိနေခဲ့လျှင် သူပင် အနိုင်ရသွားဖွယ်ရာ ရှိနေပါသည်။

Loading