ဒီနေ့ခေတ် ပညာခေတ်၊ ITခေတ်၊ သတင်းနဲ့ နည်းပညာခေတ်၊ ကျနော်တို့အတွက် အတန်းပညာတင်မဟုတ်ဘဲ အထွေထွေဗဟုသုတွေပါ တတ်မြောက်သိနားလည်နေမှ လူဝင်ဆံ့မယ့် အချိန်အခါဖြစ်ပါတယ်။
ထောက်ခံချက်၊ ဘွဲ့လက်မှတ်တခုထက်က ပညာတတ်တယောက်ဆိုတာထက် တကယ်တမ်း အထွေထွေဗဟုသုတကြွယ် ဝတဲ့ ပညာတတ်တယောက်ဖြစ်အောင် ဘယ်လိုလေ့လာမှုတွေ လုပ်ကြပါမလဲ။
(၁) တသက်တာလုံး လေ့လာမှု၊ ဖတ်ရှုမှု၊ မှတ်သားမှုလုပ်ဖို့အတွက် ဆုံးဖြတ်ချက်ချပါ
မြန်မာစကားပုံ “ပညာလို အိုသည်မရှိ” ဆိုတဲ့အတိုင်း ငယ်စဉ်ကနေ လုပ်ငန်းခွင်ဝင်နေချိန်ကအစ နောက်ဆုံးသက်ကြီးပိုင်း ရောက်ရှိသည့်တိုင်အောင် စာပေ၊ ပညာ၊ လေ့လာစရာတွေကို နေ့စဉ် အနည်းနဲ့အများ၊ အားလပ်ချိန်၊ ကိုယ်လေ့လာနိုင်မှု အပေါ် မူတည်ပြီး တသက်တာလုံး လုပ်ဆောင်ပြုမူဖို့ ဆုံးဖြတ်ပါ၊ အထူးသဖြင့် လေ့လာမှု မလုပ်နိုင်ရင်တောင်မှ နေ့စဉ်စာ ဖတ်ချိန်တခု သတ်မှတ်ပြီး ဝါသနာပါရာ စာပေ၊ ပညာတွေကို ဖတ်ရှုပါ။
(၂) ကိုယ်ဝါသနာပါရာကို လေ့လာပါ
လူတယောက်နဲ့ တယောက် ဝါသနာ၊ အကျင့်စရိုက်နဲ့ စိတ်နေအထား မတူညီကြပါဘူး။ အခုလည်း စာပေ၊ ပညာ လေ့လာ ရာမှာ ကိုယ် ဝါသနာပါတဲ့ ပညာရပ်ကို ဖတ်ပါ၊ လေ့လာပါ၊ ဥပမာ-ဆေးပညာ၊ စီးပွားရေး၊ နိုင်ငံရေး၊ သိပ္ပံစသဖြင့် စာအုပ်၊ စာစောင်များ ဖတ်ပါ၊ လေ့လာပါ။
(၃) သင့်ကိုယ်သင် စိန်ခေါ်မှု ပြုလုပ်ပါ
အခက်အခဲတခုကို သင့်အနေနဲ့ စိတ်ကူးယဉ်ပြီး ကျော်လွှားနိုင်အောင် နည်းလမ်းရှာပါ၊ လိုအပ်ချက်များကို ထပ်မံရှာဖွေပါ၊ လေ့လာပါ၊ ဆိုလိုရင်းကတော့ လက်ဖြစ် ငှက်လှောင်အိမ် တခု ကိုယ်တိုင်တည်ဆောက်ဖို့ စိန်ခေါ်မှု လုပ်ပါ၊ လိုအပ်သည့် ဖန်တီးမှု နည်းလမ်းများက အစ လိုအပ်သည်များကို စုဆောင်းပါ၊ ဖြစ်မြောက်အောင် လုပ်ပါ။
(၄) အားလပ်ချိန်တချို့မှာ တွေးပါ၊ စဉ်းစားပါ
အိပ်မက်ဆိုတဲ့ ကိုယ် မစဉ်းစားဘဲ အလိုလို ပေါ်လာတဲ့ဖြစ်စဉ်ကို မက်တတ်သူတွေအနေနဲ့တောင် မသိစိတ်အတွင်းမှာ အိပ် မက်ရဲ့စိန်ခေါ်မှုကို ကျော်လွှားဖို့ နည်းလမ်းစဉ်းစားတတ်ကြပါတယ်။ အိပ်မက်တတ်သူ အများစုဟာ အခက်အခဲ ကျော် ဖြတ်နိုင်စွမ်း ပိုရှိတာလည်း တွေ့နိုင်ပါတယ်။ ဒီလိုပဲ အားလပ်ချိန်မှာ စိတ်ထဲပေါ်လာတဲ့ အကြောင်းအရာတခုကို စဉ်းစားပါ၊ အဆိုပါ အကြောင်းအရာနဲ့ ဆက်စပ် အခက်အခဲကို ဘယ်လိုကျော်ဖြတ်မလဲ တွေးပါ၊ စိတ်ကူးစိတ်သန်းကောင်းတွေ ပေါ် လာတတ်သလို လက်တွေ့ဘဝအတွက် အထောက်အကူ ဖြစ်လာစေနိုင်ပါတယ်။
(၅) ကျန်းမာအောင် နေပါ
ခန္ဓာကိုယ် ကျန်းမာမှုရဲ့နောက်ဆက်တွဲ ရလဒ်အဖြစ် စိတ်ကျန်းမှုကို ဖြစ်စေနိုင်ပြီး စိတ်ကျန်းမာမှုရဲ့ရလဒ်ကတော့ မှတ် ဉာဏ်စွမ်းရည်ကို အသက်ကြီးလာသည်ထိအောင် အားကောင်းစေနိုင်တာကြောင့် ကျန်းမာအောင်နေထိုင်ခြင်းကလည်း တိုက်ရိုက်လေ့လာမှု မဟုတ်ပေမယ့် မိမိရဲ့လေ့လာမှုကို အထောက်အကူ ဖြစ်စေပါတယ်။
(၆) ဘာသာစကားလေ့လာမှုပြုပါ
မိမိ အသုံးပြုနေတဲ့ မိခင်ဘာသာမဟုတ်တဲ့ အခြား ဘာသာရပ်တွေကို လေ့လာပါ။ လုပ်ငန်းခွင်အတွင်း အသုံးတည့်မယ် ဘာသာရပ်တွေကို ဦးစားပေးလေ့လာပါ။
(၇) အနုပညာပစ္စည်း တခုခု တီးခတ်တတ်အောင် သင်ကြားပါ
အနည်းဆုံး အနုပညာပစ္စည်းတခုတော့ တီးခတ်တတ်ပါစေ။ ဂစ်တာ၊ တယော၊ ဒရမ်၊ အော်ဂင် စသဖြင့် တခုခု တီး ခတ်တတ်အောင် လေ့ကျင့်ပါ။
(၈) သတင်းစာဖတ်ပါ
ခေတ်နဲ့အမီ အသိပညာ ကြွယ်ဝဖို့အတွက် နေ့စဉ်သတင်းများ ဖတ်ပေးပါ။ မှတ်သားစရာများ မှတ်သားပေးပါ။
(၉) နည်းပညာပစ္စည်း အားကိုးမှု လျှော့ချပါ
နေ့စဉ်ဘဝအလုပ်အတွက် နည်းပညာပစ္စည်း၊ ကွန်ပျူတာ၊ ဖုန်းတွေ သုံးပါ၊ ဒါပေမယ့် မှတ်သားစရာမျိုးတွေကိုတော့ မှတ် ဉာဏ်နဲ့ မမှတ်ဘဲ ကွန်ပျူတာထဲ မှတ်ထားခြင်း၊ ဖုန်းထဲ သိမ်းထားခြင်းတွေ မလုပ်ပါနဲ့၊ ဦးနှောက်ထဲမှာပဲ သိမ်းဆည်းမှတ်သားမှုပြုပါ။
(၁၀) စိတ်ကို ကြည်လင်အောင်ထားပါ
အလုပ်ကြောင့် ဖြစ်စေ၊ လူမှု ဘဝအခက်အခဲကြောင့်ဖြစ်စေ ဖိအားတွေ ရှိနေတတ်ပေမယ့် အတတ်နိုင်ဆုံး မေ့ထား၊ လျှော့ ချထားပါ။ သင့်အနေနဲ့ စိတ်ပူ၊ ဖိစီးနေရုံနဲ့ ပြဿနာတွေ ပြေလည်မသွားပါဘူး။ ဖြည်းဖြည်းချင်း ဖြေရှင်းသွားပါ၊ ပုံမှန်စာဖတ် ပြီး မှတ်သားမှု မပျက်ပါစေနဲ့။
(၁၁) ပြဿနာတွေကို စိန်ခေါ်မှုလို့ မြင်ပါ
အထက်မှာ ပြောခဲ့သလို မိမိကိုယ့်ကို စိန်ခေါ်မှုလုပ်တဲ့အကျင့် မွေးထားခဲ့ရင် အခုလို ပြင်ပလက်တွေ့ဘဝမှာ အခက်အခဲ တွေ့လာချိန်မှာလည်း စိတ်ဖိစီးမှု နည်းစေသလို ဘယ်လို ဖြေရှင်းရမယ်ဆိုတာ နည်းလမ်းမြန်မြန် တွေးစေတတ်လာပါ တယ်။
လက်တွေ့ဘဝရဲ့ ပြဿနာတွေအပေါ်မှာ စိတ်ဖိစီးမှု အရမ်းမထားပါနဲ့။ စိန်ခေါ်မှု (အတွေ့အကြုံတခုအတွက် သင်ခန်းစာ သစ်)လို့ပဲ မြင်ပါ။
Ref: www.wikihow.com