ဆောင်းပါး

ဂန္ဒီကြီးရဲ့ဂန္ဒီကြီး (သို့) အဟိံသလမ်း

စာရေးသူ-     Mahatma Gandhi
စာအုပ်အမည်- An Autobiography (or) the story of  my Experiments with Truth
မဟတ္တမ ဂန္ဒီ- ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ
ဘာသာပြန်- မောင်ညီညွတ်
အမျိုးအစား- အတ္ထုပ္ပတ္တိ စာပေ
ထုတ်ဝေသည့်တိုက်- ယဉ်မျိုးစာပေ
ထုတ်ဝေသည့်ကာလ-  မတ်လ၊၂၀၁၇
တန်ဖိုး- ၄၅၀၀ ကျပ်

ကမ္ဘာ့သတင်းတွေကနေ အကြမ်းဖက်မှုမျိုးစုံကို ကြားနေသိနေရတော့ ကမ္ဘာကြီးက အနိဌာရုံကမ္ဘာကြီးဖြစ်နေ ပြီလားလို့တောင် မေးချင်လာတယ်။ အသေခံဗုံးခွဲသမားတွေ၊ ဘာသာရေးအစွန်းရောက်တွေ၊ လူမျိုးရေးမုန်းတီးမှုတွေနဲ့ သွေးထွက်သံယိုကိစ္စတွေချည်းပဲလားဆိုတော့လည်း မဟုတ်သေးပါဘူး။

ဟစ်တလာတယောက်ရှိသလို ချာလီချက်ပလင်တယောက်လည်း ကမ္ဘာကြီးပေါ်မှာ ရှိနေတတ်ပါတယ်။ ဂန္ဒီ၊ နေရူး၊ ဂျို ဆေးရီဇော်၊ အောင်ဆန်း၊ ဦးသန့်၊ မာတင်လူသာကင်း၊ မာသာထရီဇာ အစရှိသဖြင့် သူတော်ကောင်းတွေနဲ့သူတို့ဖောက် ခဲ့ရတဲ့လမ်းစဉ် သူတော်ကောင်းတရားတွေလည်း ရှိနေတတ်ပါတယ်။

သူတော်ကောင်းဆိုတာ ရုပ်ခန္ဓာအရ မရှိတော့ရင်တောင် သူတို့တရား၊ သူတို့လမ်းစဉ်ကတော့ ရှင်သန်ကျန်ရစ်စမြဲဖြစ် ပါတယ်။

အိန္ဒိယနိုင်ငံလို့ဆိုလိုက်ရင် ဂန္ဒီကြီးကို တွဲမြင်လာတဲ့ အထိ သူကျင့်ကြံခဲ့တဲ့ အဟိံသ(Non violence) ဝါဒကြောင့်ပဲဖြစ်ပါ တယ်။ အကြမ်းမဖက်ဝါဒကို အသက်နဲ့လဲလှယ် ကျင့်ကြံနေထိုင်ခဲ့လို့ပဲ သူကွယ်လွန်ခဲ့တဲ့တိုင်အောင် သူ့အမည်၊ သူ့လမ်း စဉ်ဟာ သူနဲ့တသားတည်း တည်နေနိုင်တာဖြစ်ပါတယ်။

ယခုစာအုပ်ကတော့  ဂန္ဒီကြီးကိုယ်တိုင် ၁၉၂၅ခုနှစ်မှာ An Autobiography (or) the story of  my Experiments with Truth ခေါင်းစဉ်တပ် ကိုယ်တိုင်ရေးသားခဲ့တာဖြစ်ပြီး အိန္ဒိယနိုင်ငံမှာ ဂူဂျာရတ္တီဘာသာနဲ့ နာဗာဂျီဗန်းဂျာနယ်မှာ ရေးသားခဲ့ တာဖြစ်ပါတယ်။ သူရဲ့အတွင်းရေးမှူး မာဒေဝဒေဆိုင်းက အင်္ဂလိပ်ဘာသာပြန်ပြီး မြန်မာဘာသာနဲ့ မောင်ညီညွတ်က ပြန် ဆိုထားပါတယ်။

ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိနဲ့ပတ်သက်ပြီးလည်း  ဂန္ဒီကြီးက “ပညာရပ်ပိုင်းဆိုင်ရာကိစ္စတွေကို ဆွေးနွေးဖို့သာ ရည်ရွယ်ခဲ့ရင် ကိုယ့်ရဲ့အတ္ထုပ္ပတ္တိတစ်ခုကို ရေးဖို့ ကျွန်တော် ကြိုးစားမှာမဟုတ်ပါ။ ဒါပေမယ့် ကျွန်တော့်ရဲ့ရည်ရွယ်ချက်က လက်တွေ့ ဘဝ မှာ စမ်းသပ်တွေ့ကြုံရတာတွေကို ရေးချင်တာဖြစ်လို့ အခုရေးမယ့် အခန်းတွေကို ရေးချင်လို့ အခုရေးတာတွေကို “အမှန် တရားနဲ့စမ်းသပ်မှုဆိုင်ရာ ကျွန်တော့်ဘဝဇာတ်ကြောင်း”လို့ ခေါင်းစဉ်တပ်လိုက်ပါတယ်”လို့ရေးထားပါတယ်။

စာအုပ်မှာ အပိုင်း၅ပိုင်း ပါဝင်ပြီး အပိုင်း၁မှာ ဂန္ဒီကြီးရဲ့ကလေးဘဝ၊ ကလေးမင်္ဂလာဆောင်၊ လင်ယောကျ်ားပီပီ၊ အထက် တန်း ကျောင်းမှာ၊ စိတ်မကောင်းစရာ၊ (အဆက်)၊ ခိုစားမှုနဲ့အာပတ်ဖြေမှု၊ အဖေကွယ်လွန်မှုနဲ့ နှစ်ခါအရှက်ရမှု၊ ဘာသာရေး အရိပ်လက္ခဏာ၊ အင်္ဂလန်သွားဖို့ပြင်ဆင်၊ ဇာတ်ပျက်မှု၊ အင်္ဂလန်ရောက်ပြီ၊ ကျွန်တော့်ရဲ့ရွေးချယ်မှု၊ ဘိုဆန်အောင်လုပ် ကြည့် မှု၊ ပြောင်းလဲမှုများ၊ အစားအသောက်စမ်းသပ်မှု၊ ကျွန်တော့်ရဲ့အကာအကွယ်ဟာ ရှက်တတ်မှု၊ မုသား၊ ဘာသာရေးတွေနဲ့ရင်း နှီးမှု၊ အားနည်းသူတို့ရဲ့အားကိုးရာမဲ့၊ ဘုရားသခင်၊ နာရယန်ဟင်မ်ချန္ဒရာ၊ ပြပွဲကြီး၊ ရှေ့နေပြီးတော့၊ ကူရာမဲ့မှုစတဲ့ ခေါင်းစဉ် များနဲ့ငယ်ဘဝတွေကို မခြွင်းမချန်ရေးထားပါတယ်။

အပိုင်း၂မှာ ရေချန်းဘိုင်၊ ဘဝစခဲ့ပုံ၊ ပထမဆုံးလိုက်ရတဲ့အမှု၊ ပထမဆုံးတုန်လှုပ်မှု၊ တောင်အာဖရိကသွားဖို့ပြင်ဆင်၊ နေ ပယ် ကိုရောက်ရှိ၊ အတွေ့အကြုံတွေ၊ ပရေတိုးရီးယားကို သွားရာလမ်း၊ ဒုက္ခအဖုံဖုံ၊ ပရေတိုးရီးယားမှာ ပထမနေ့၊ ခရစ်ယာန် မိတ် ဆွေတွေ၊ အိန္ဒိယသားတွေနဲ့ထိတွေ့မှု၊ ကူလီဆိုတာ၊ အမှုအတွက်ပြင်ဆင်၊ ဘာသာရေးနိုးကြားမှု၊ လူကကြံဘုရားက စီမံ၊ နေ ပယ်လ်မှာ အခြေချ၊ အသားအရောင် အဆီးအတား၊ နေတယ်လ်အိန္ဒိယကွန်ဂရက်၊ ဘလဆွန္ဒရမ်း၊ အခွန်တော် ၃ ပေါင်၊ ဘာ သာတရားတွေကို နှိုင်းယှဉ်လေ့လာ၊ အိမ်သားတစ်ယောက်လို၊ အိမ်အပြန်၊ အိန္ဒိယမှာ၊ ပြင်းပြမှုနှစ်ခု၊ ဘုံဘေအစည်းအဝေး၊ ပူးနားနဲ့မဒရပ်၊ အမြန်ပြန်လာပါ တို့ပါဝင်ပါတယ်။

အပိုင်း၃မှာ မုန်တိုင်းကြားက ချာချာလည်၊ မုန်တိုင်း၊ စမ်းသပ်မှု၊ မုန်တိုင်းစဲပြီးနောက်၊ ကလေးတွေနဲ့ပညာရေး၊ ဝန်ဆောင်မှု စိတ်ဓာတ်၊ ဗြဟ္မစရိယ(၁)၊(၂)၊ရိုးရိုးကျင့်မှု၊ ဘိုးဝါးစစ်ပွဲ၊ သန့်ရှင်းမှုပြုပြင်ရေးနှင့် အငတ်ဘေးကယ်တင်ရေး အိန္ဒိယကိုပြန်၊ အိန္ဒိယရောက်ရပြန်ပြီ၊ စာရေးနှင့် အလုပ်သမား၊ ကွန်ဂရက်ထဲမှာ၊ လော့ဒ်ကာဇန်ရဲ့ဒါကာ၊ ဂိုခလေးနဲ့ တစ်လ(၁)၊(၂)၊(၃)၊ ဗာရာဏသီမှာ၊ ဘုံဘေမှာ အခြေစိုက်ပြီလား၊ ယုံကြည်ချက်ကို စမ်းသပ်ခံရမှု၊ တောင်အာဖရိကကို နောက်တစ်ခါစတဲ့ အ ခန်းများပါဝင်ပါတယ်။

အပိုင်း ၄မှာ မေတ္တာဆုံးရှုံးပြီလား၊အာရှတိုက်က ခြယ်လှယ်သူတွေ၊ စော်ကားခံရတဲ့ဘဝ၊ အနစ်နာခံစိတ် ပိုမြင့်မားလာ တော့၊ ကိုယ့်ကိုယ်ကိုယ် စစ်ဆေးတဲ့ရလဒ်၊ သက်သတ်လွတ်ဝါဒကို ပူဇော်မှု၊ ပထဝီနဲ့ အာပေါကုထုံး၊ သတိပေးချက်၊ အာဏာနဲ့ ရန်ဖြစ်၊ မြတ်နိုးစရာအမှတ်ရမှုနဲ့အာပတ်ဖြေမှု၊ရင်းနှီးတဲ့ ဥရောပအဆက်အသွယ်တွေ(အဆက်)၊ အိန္ဒိယ အာဘော်၊ ကူလီ ရပ်ကွက်လား၊ ရဟူဒီရပ်ကွက်လား၊ ပလိပ်ရောဂါဖြစ်ပေါ်မှု (၂)၊ရပ်ကွက်ကို မီးရှို့၊ စာအုပ်တစ်အုပ်ရဲ့ ဖမ်းစားမှု၊ ဖီးနပ်စခန်း၊ ပထမည၊ ပိုလက်စင်ရောက်လာမှု၊ ဘုရားသခင်က ကာကွယ်သူ၊အိမ်ထောင်စုထဲကို ချောင်းကြည့်မှု၊ ဇူးလူး သူ ပုန်၊ နှလုံး သားရှာဖွေမှု၊ သစ္စာဂြဟမွေးဖွားမှု၊ အာဟာရစမ်းသပ်ချက်တချို့၊ ကတ်စတူးဘိုင်ရဲ့သတ္တိ၊ အိမ်တွင်း သစ္စာဂြဟ၊ ကိုယ့်ကိုယ် ကိုယ် ချုပ်တည်းမှု၊ အစာငတ်ခံမှု၊ ကျောင်းဆရာ၊ စာပေသင်ကြားမှု၊ ဝိညာဉ်လေ့ ကျင့်သင်ကြားမှု၊ ဆွမ်းဆန်စိမ်းထဲက ကြွက် ချေး၊ အာပတ်ဖြေဖို့အစာငတ်ခံ၊ ဂိုခလေးနဲ့တွေ့၊ စစ်ကြီးထဲက ကျွန်တော်၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာ၊ သစ္စဂြဟအငယ်၊ ဂိုခ လေးရဲ့လိုက်လျောမှု၊ အဆုတ်အမြှေးရောင် ကုသ၊ အိမ်အပြန်၊ ရှေ့နေဘဝက အမှတ်ရစရာတွေ၊ မရိုးသားတာလား၊ အမှုသည်တွေ လုပ်ဖော်ကိုင်ဖက်ဖြစ်လာ၊ အမှုသည်တစ်ယောက်ကို ကယ်တင်စတဲ့ အကြောင်းအရာများ ပါဝင်ပါတယ်။

အပိုင်း၅မှာတော့  ဂန္ဒီကြီး အင်္ဂလန်မှာ သောင်တင်၊ ဘုံဘေပြန်ရောက်၊ ကဗျာဆရာကြီးတဂိုးရဲ့သျှင်တိနိကေတန်၊ ဘာဒွန် မှာ တတိယတန်းရထားလက်မှတ်ဝယ်ဖို့တောင် သူကိုယ်တိုင်ကြုံတွေ့ခဲ့ရတာတွေနောက် ဒေါက်တာမက်ထားကိုတွေ့ဖို့ ရန်ကုန်ကို ကာလကတ္တားကနေ သင်္ဘောနဲ့လာခဲ့တာတွေ၊ အလုပ်သမားစာချုပ်နဲ့ အလုပ်သမားရေးရာတွေ၊ အလုပ်သမား သပိတ်မှာ ဂန္ဒီကြီးအစာငတ်ခံခဲ့မှုတွေ၊ ဟိန္ဒူ-မွတ်စလင်ညီညွတ်ရေး၊ ဇာတ်ခွဲခြားမှုဖယ်ရှားရေး စတဲ့အရေးများကို ဂန္ဒီကြီး ကြိုးပမ်း ဆောင်ရွက်ချက်များကို အဆိုးအကောင်းတွေနဲ့တွဲလျက် ရေးသားထားတာများကို ဖတ်ရှုရမှာဖြစ်ပါတယ်။

အချုပ်ဆိုရရင် ဂန္ဒီကြီးဟာ ၂၀ ရာစု၏ ပထမပိုင်း ရာစုနှစ်တဝက်တွင် အိန္ဒိယ အမျိုးသားကွန်ဂရက်နဲ့ အခြားနိုင်ငံရေး အဖွဲ့ အစည်းများမှ တနိုင်ငံလုံး အတိုင်းအတာဖြင့် လွတ်လပ်ရေးကြိုးပမ်းမှုကို စတင်ခဲ့ပါတယ်။

၁၉၂၀ ခုနှစ်များနှင့် ၁၉၃၀ တို့တွင် မဟတ္တမဂန္ဒီ၏ ဦးဆောင်မှုုဖြင့် အဟိံသခေါ် အကြမ်းမဖက်ရေး လမ်းစဉ်အောက်တွင် သန်းပေါင်းများစွာသော ဆန္ဒပြသူတို့သည် တစုတဝေးတည်းသော အာဏာဖီဆန်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ကြပြီး နောက်ဆုံး၌ ၁၉၄၇ ခုနှစ် ဩဂုတ်လ ၁၅ ရက်တွင် အိန္ဒိယဟာ ဗြိတိသျှတို့၏ အုပ်ချုပ်မှုအောက်မှ လွတ်လပ်ရေး ရခဲ့တယ်။

အိန္ဒိယဟာ သိပ်ကြာကြာကံမကောင်းလိုက်ရဘဲ ကမ္ဘာ့သူတော်ကောင်းကြီး မဟတ္တမဂန္ဒီကို ၁၉၄၈၊ ဇန်နဝါရီလ ၃၀ ရက် နေ့ ညနေ ၅ နာရီ ၁၀ မိနစ်အချိန်တွင် ဂန္ဒီသည် ဒေလီမြို့ရှိ သူ၏ ဗီယာလာနေအိမ်၌ ဘုရားဝတ်ပြုရန် အလာတွင် ဘာ သာရေး အစွန်းရောက် တယောက်ဖြစ်တဲ့ ဟိန္ဒူ လူငယ်တဦးဖြစ်တဲ့ ဂတ်ဆေးက သေနတ်နဲ့လုပ်ကြံခဲ့မှုကြောင့် ကွယ်လွန်ခဲ့ရတယ်။

ဂန္ဒီကြီးဟာ ၁၈၆၉၊ အောက်တိုဘာ၂ ရက်နေ့မှာမွေးဖွားခဲ့တာဆိုတော့ ခု သက်ရှိထင်ရှားရှိမယ်ဆိုရင် ဂန္ဒီကြီးဟာ အသက် ၁၄၈ နှစ် ရှိမှာဖြစ်ပါတယ်။
ယခုစာအုပ်ကတော့ ဂန္ဒီကြီးဟာ သူ့လမ်းစဉ်၊ သူယုံကြည်ချက်ကို ကျင့်ကြံအားထုတ်ခဲ့ရမှာ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်နဲ့ မှတ်ကျောက် ကမ္ပည်းထိုးခဲ့လိုက်တာဖြစ်ပါတယ်။ သူ့ကို လုပ်ကြံလိုက်ပေမယ့်လည်း သူ့လမ်းစဉ်၊ သူ့သစ္စာတရားကိုတော့ ပယ်နုတ်လို့မရနိုင်တာကို ယခုစာအုပ်သက်သေပဲဖြစ်ပါလိမ့်မယ်။

Loading