• English
Thursday, December 7, 2023
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    ထိုင်းရောက် MoU လုပ်သားတချို့ ပုံမှန်အလုပ်မရှိ၍ အလှည့်ကျဆင်းနေရ

    ထိုင်းရောက် MoU လုပ်သားတချို့ ပုံမှန်အလုပ်မရှိ၍ အလှည့်ကျဆင်းနေရ

    စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

    စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

    အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

    အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

    စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

    စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

    ကြာပိုင်ရွာ သတ်ဖြတ်မှုကြောင့် စစ်ရှောင်များ ရွာပြန်မဝင်ရဲ

    ကြာပိုင်ရွာ သတ်ဖြတ်မှုကြောင့် စစ်ရှောင်များ ရွာပြန်မဝင်ရဲ

    မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

    မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

    စစ်တွေမြို့ တဖက်ကမ်း ကျေးရွာများကို စစ်ကောင်စီ မီးရှို့၍  ဒေသခံ သောင်းချီထွက်ပြေးနေရ

    စစ်တွေမြို့ တဖက်ကမ်း ကျေးရွာများကို စစ်ကောင်စီ မီးရှို့၍ ဒေသခံ သောင်းချီထွက်ပြေးနေရ

    စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

    စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

    ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

    ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      လမ်ပန်းက ပြန်ခဲ့တယ်

      လမ်ပန်းက ပြန်ခဲ့တယ်

      မိန်းမ နှင့် ငွေ

      မိန်းမ နှင့် ငွေ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      အမျိုးသမီး သတင်းစာဆရာ

      အမျိုးသမီး သတင်းစာဆရာ

      လောင်စာ

      လောင်စာ

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate

          Home ဆောင်းပါး

          ကရာတေး၊ သစ်သားသေနတ်နှင့် ရခိုင်ပြည်နယ်မှ သူပုန်အုပ်စု

          by Reuters
          21 March 2017
          in ဆောင်းပါး
          Reading Time: 1 min read
          A A
          စစ်တွေမြို့ မွတ်စလင်ဒုက္ခသည်စခန်းတခု အပြင်ဘက်တွင် စောင့်ကြပ်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များ / Reuters

          စစ်တွေမြို့ မွတ်စလင်ဒုက္ခသည်စခန်းတခု အပြင်ဘက်တွင် စောင့်ကြပ်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များ / Reuters

          8.9k
          VIEWS
          Share on FacebookShare on Twitter

          ဟာရာကာ အယ်လ်ယာကင် Harakah al-Yaqin ခေါ် ဆယ်စုနှစ်များအတွင်း မြန်မာနိုင်ငံတွင် ဖွဲ့စည်းသည့် ပထမဆုံး မွတ်စလင်သူပုန်အဖွဲ့ပေါ်ပေါက်လာခြင်းသည် ပါကစ္စတန်နှင့် အရှေ့အလယ်ပိုင်းမှ အစွန်းရောက်များကို ပိုမိုဆွဲဆောင်လာသော ပဋိပက္ခတခု၏ အန္တရာယ်ကြီးသောအဆင့်သစ်တခုကို ဖော်ပြနေသည်။

          လွန်ခဲ့သော ၆ လ အထိ လူမသိသေးသော ထိုအုပ်စုသည် မြန်မာနိုင်ငံ၏ဒီမိုကရေစီစနစ်ဆီသို့ အကူးအပြောင်းကို အရုပ်ဆိုးစေပြီး ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိအချိန်အထိ အကြီးမားဆုံး ပြဿနာဖြစ်စေခဲ့သော ပဋိပက္ခတခု ကို မီးမွှေးပေးခဲ့သည်။

          RelatedPosts

          စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

          စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

          5 December 2023
          10.6k
          မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

          မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

          4 December 2023
          7.4k
          စစ်တွေမြို့ တဖက်ကမ်း ကျေးရွာများကို စစ်ကောင်စီ မီးရှို့၍  ဒေသခံ သောင်းချီထွက်ပြေးနေရ

          စစ်တွေမြို့ တဖက်ကမ်း ကျေးရွာများကို စစ်ကောင်စီ မီးရှို့၍ ဒေသခံ သောင်းချီထွက်ပြေးနေရ

          4 December 2023
          1.7k

          “ကျနော်တို့ လူတွေ ဖိနှိပ်ညှင်းဆဲခံနေရတာ နှစ်ပေါင်း ၅၀၊ ၆၀လောက် ရှိနေပြီ။ ဒါကြောင့် သူပုန်တွေကို အဲဒီမှာ ထောက်ခံမှုရှိကြတယ်”ဟု တိုက်ပွဲများ စတင်ဖြစ်ပွားပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးလာသူ ၇၀၀၀၀ အနက်တဦးဖြစ်သည့် ဒါးကြီးဇားကျေးရွာမှ ကျောင်းဆရာတဦးက ပြောသည်။

          လူများစု ဗုဒ္ဓဘာသာများ၏ မနှစ်မြို့မှုကို မကြာခဏခံရသော  ရိုဟင်ဂျာဟု ကိုယ့်ကိုယ်ကိုယ် ခေါ်ဆိုသော မွတ်စလင် ၁.၁ သန်းခန့်သည် အသားအရောင် ခွဲခြားမှုကဲ့သို့သော အခြေအနေအောက်တွင် နေထိုင်နေကြရပြီး ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်းတွင် လူ့အသိုင်းအဝိုင်း နှစ်ခုအကြား တင်းမာမှုကြီးထွားနေသည်မှာ ကာလကြာမြင့်နေပြီဖြစ်သည်။

          ပြင်းထန်သော ပဋိပက္ခများ ၂၀၁၂ ကပေါ်ပေါက်ခဲ့သော်လည်း မကြာသေးမီက အကြမ်းဖက်တိုက်ခိုက်မှုများကမူ ပုန်ကန်မှုသည် အနည်းဆုံး ၁၉၉၀ ခုနှစ်များအစောပိုင်းကပင် ရခိုင်ပြည်နယ်တွင် စတင်အမြစ်တွယ်နေကြောင်း ပြသသည့်လက္ခဏာဖြစ်သည်။

          ပဋိပက္ခဖြစ်ပွားသော ဒေသရှိကျေးရွာများတွင် နေထိုင်ကြသော မွတ်စလင် တဒါဇင်ခန့်နှင့်ဖမ်းမိသော သူပုန်အများအပြားကို စစ်ကြောခဲ့သော ရဲနှင့်စစ်ထောက်လှမ်းရေးများကို ထိုအုပ်စု၏လှုပ်ရှားမှုနှင့် ပတ်သက်ပြီး ရိုက်တာသတင်းဌာနက မေးမြန်းခဲ့သည်။

          လွတ်လပ်စွာ အတည်ပြုနိုင်ခြင်းမရှိသည့် ၎င်းတို့၏ပြောကြားချက်များအရ ထိုအုပ်စုသည် ၎င်းတို့၏ထိုးစစ်အတွက် မည်သို့ ပြင်ဆင်ခဲ့ကြသည်ကို သိခဲ့ရသည်။ ၎င်းတို့က ပါကစ္စတန်တွင် ရိုဟင်ဂျာမိသားစုများက မွေးဖွားသူတဦးအပါအဝင် ခေါင်းဆောင်အုပ်စုငယ်တခုက ရာနှင့်ချီသော လူငယ်များကို မည်ကဲ့သို့ လူစုဆောင်းသည်၊ လယ်ကွင်းများ တောတောင်များတွင် မည်သို့ လျှို့ဝှက်လေ့ကျင့်ပေးသည်ကို ပြောပြခဲ့ကြသည်။

          အသက် ၂၆ နှစ်အရွယ်ရှိ ရေခပ်ချောင်းဂွဆုံကျေးရွာမှ မိုဟာမက်ရှားသည် ထိုအုပ်စုအတွင်း ဝင်ရန် စည်းရုံးချဉ်းကပ်ခြင်း မခံခဲ့ရသော်လည်း ထိုအုပ်စု၏လှုပ်ရှားမှုများကို ၎င်းတို့လွန်ခဲ့သော အောက်တိုဘာလက ပထမဆုံးထိုးစစ် မစတင်မီ ၆ လ ခန့်ကပင် သတိထားမိခဲ့သည်။ တကြိမ်တွင်မူ သူသည် တောအုပ်အတွင်း ရှင်းလင်းထားသောနေရာတခုတွင် လူ ၃၀ ခန့် သစ်သား သေနတ်အတုများ အသုံးပြုလေ့ကျင့်နေသည်ကို တွေ့ခဲ့ရသည်။

          “ကျနော် သူတို့ကိုထောက်ခံတယ်။ ကျနော်တို့ကို ဖိနှိပ်နေတာ ဆယ်စုနှစ်များစွာ ကြာပြီ။ သူတို့က ကျနော်တို့အတွက် တရားမျှတမှုဆောင်ယူလာပေးဖို့ လုပ်နေကြတာ”ဟု သူက ပြောသည်။

          လျှို့ဝှက်လေ့ကျင့်ခြင်း

          အာရဗီဘာသာဖြင့် ဟာရာကာ အယ်လ်ယာကင်ခေါ်  ယုံကြည်မှုလှုပ်ရှားမှုအဖွဲ့သည် အောက်တိုဘာလ ၉ ရက်နေ့တွင် သီးခြားစီရှိနေသော နယ်စပ်ရဲကင်း ၃ ခုကို ချိန်ကိုက်တိုက်ခိုက်မှုပြုလုပ်ပြီး ရဲတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးစေခဲ့သည်။

          ထိုအဖွဲ့က အွန်လိုင်းမှဖြန့်ချိခဲ့သည့်ဗီဒီယိုတခုတွင် ၎င်းတို့လက်ချက်ဖြစ်သည်ဟု ကြေညာသည်။

          ထိုတိုက်ခိုက်မှုကို တုံ့ပြန်ဆောင်ရွက်သော စစ်တပ်၏ စစ်ဆင်ရေးများမှာမူ အစုလိုက်အပြုံလိုက်သတ်ဖြတ်သည်၊ အုပ်စုဖွဲ့ မုဒိမ်းကျင့်သည်ဆိုသည့် စွပ်စွဲချက်များ ဖြစ်ပေါ်စေခဲ့သည်။ ထိုလုပ်ရပ်များသည် လူသားထုအပေါ် ကျူးလွန်သော ရာဇဝတ်မှုများနှင့် လူမျိုးတုန်းသတ်ဖြတ်မှုများဖြစ်နိုင်သည်ဟုလည်း ကုလသမဂ္ဂက ပြောသည်။

          ထိုအကျပ်အတည်းသည် ဒေါ်အောင်ဆန်းစုကြည်အတွက် အဆိုးရွားဆုံး အချိန်တွင် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ သူမ၏ သက်တမ်းတနှစ်နီးပါးရှိပြီဖြစ်သော အစိုးရသည် နိုဗယ်ဆုရှင်၏ သင်္ကေတ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အင်အားချိနဲ့စေရန် ခြိမ်းခြောက်နေသည့် အသစ်တဖန်ပြန်လည် ပေါ်ပေါက်လာသော လူမျိုးစု ပုန်ကန်မှုများအား နိုင်ငံအနှံ့ တွင် ရင်ဆိုင်နေရသည်။

          လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်များသည် လေးနက်သည်၊ သို့သော် လုံခြုံရေးတပ်ဖွဲ့များသည် ဒေသတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးကို ခြိမ်းခြောက်နေသော ပုန်ကန်မှုကို ကိုင်တွယ်နေခြင်းဖြစ်သည်ဟု မြန်မာအစိုးရက ပြောသည်။

          ဟာရာကာ အယ်လ်ယာကင်အဖွဲ့သည် တဖက်နယ်စပ်ဘင်္ဂလားဒေ့ရှ်တွင် စည်းရုံးလှုပ်ရှားသည်၊ ပါကစ္စတန်နှင့် အချိတ်အဆက်ရှိသော ခေါင်းဆောင်များ ပါဝင်သည်ဟု ရခိုင်မြောက်ပိုင်းဒေသခံများနှင့် လုံခြုံရေးအရာရှိများက ရိုက်တာသတင်းဌာနသို့ပြောသည်။

          ဦးရွှေကြားကျေးရွာတွင် အရွယ်ရောက်ပြီးသူများကို ၂၀၁၆ အစောပိုင်းကပင် ချဉ်းကပ်စည်းရုံးပြီး ထိုအုပ်စုသို့ ဝင်ရောက် ခိုင်းသည်ဟု ဒေသခံ ၃ ဦးက ရိုက်တာသတင်းဌာနသို့ ပြောသည်။ အချို့က သဘောတူပြီး လေ့ကျင့်မှုတွင် ပါဝင်ကြသည် ဟု ဆိုသည်။

          “ရွာသားတချို့ကို အရင် စည်းရုံးတယ်၊ နောက်မှ ဒီလူတွေက တဆင့် တခြားသူတွေကို တယောက်ချင်း စည်းရုံးတာ။ သူတို့က ကုန်စုံဆိုင်တို့ လက်ဖက်ရည်ဆိုင်တို့ သွားပြီး လူတွေကို စကားပြောလေ့ရှိတယ်” ဟု တယောက်က ပြောသည်။

          ဟာရာကာ အယ်လ်ယာကင်အဖွဲ့၏ အဆင့်မြင့်အဖွဲ့ဝင်တဦးဖြစ်သူ မိုဟာမက်နောကို တိုက်ခိုက်မှု ၃ ခုအနက် တခုကို ဦး ဆောင်ခဲ့ခြင်းအတွက် လွန်ခဲ့သောလက သေဒဏ်ချမှတ်လိုက်သည်။ ထိုပြစ်ဒဏ်မှာ ဤအမှုတွင် ပထမဆုံးချမှတ်သော သေဒဏ်ဖြစ်သည်။

          ထိုအုပ်စု၏ရည်မှန်းချက်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းကို သိမ်းပိုက်ပြီး ရိုဟင်ဂျာ မွတ်စလင်ဒီမိုကရက်တစ်နိုင်ငံ ထူထောင်ရန် ဖြစ်သည်ဟု ပြည်နယ်မြို့တော် စစ်တွေတွင် သံသယရှိသူများကို စစ်ဆေးသည့်တာဝန်ခံ ဒုရဲမှူးရန်နိုင်လတ်က ရိုက်တာသတင်းဌာနသို့ ပြောသည်။

          “စုစုပေါင်း ကလပ်စည်း ခြောက်ခုရှိတယ်။ ဒါပေမယ့် ၃ ခုပဲ တိုက်စစ်ဆင်နိုင်ခဲ့တယ်။ မိုဟာမက်နောလို ခေါင်းဆောင်တွေကို တရွာစီကို လက်နက်တွေနဲ့အတူ လွှတ်တယ်။ ဒေသခံတွေကို စည်းရုံးလေ့ကျင့်ပေးတယ်”ဟု ဒုရဲမှူး ရန်နိုင်လတ်က ပြောသည်။

          “သူတို့က ကရာတေးနဲ့ သေနတ်ပစ်နည်း သင်ပေးတယ်” ဟုလည်း ပြောသည်။ အချို့သောတိုက်ခိုက်သူများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းများမှ လာသူများဖြစ်ပြီး ထိုမှခိုးယူလာသော လက်နက်များ ပါလာကြသည်ဟုလည်း ပြောသည်။

          ဘာသာရေးစစ်ပွဲ တောင်းဆိုခြင်း

          နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအုပ်စု International Crisis Group က ဒီဇင်ဘာလက ထုတ်ပြန်သောကြေညာချက်တွင်မူ ပါကစ္စတန်တွင် မွေးဖွားပြီး ဆော်ဒီအာရေးဗီးယားတွင် လူလားမြောက်သည့် ရိုဟင်ဂျာဟု ယူဆရသူ အတာအူလာ Ata Ullah သည် ဟာရာကာ အယ်လ်ယာကင်အဖွဲ့၏ခေါင်းဆောင်ဖြစ်သည် ဟု ဆိုသည်။

          သူသည် ဟာရာကာ အယ်လ်ယာကင်အဖွဲ့ ကထုတ်ပြန်သည့် ဗီဒိယိုတွင်လည်း ပါဝင်ပြီး ကိုရမ်ကျမ်းစာပိုဒ်များကို ကိုးကားကာ ရခိုင်ပြည်နယ်တွင် ဘာသာရေးစစ်ပွဲဆင်နွှဲရန် တောင်းဆိုသည်။ ထိုဗီဒီယိုကို ကြည့်ခဲ့ရသော ရိုဟင်ဂျာရွာသားများက သူသည် လာရောက် စည်းရုံးလေ့ကျင့်ပေးသူတဦး ဖြစ်သည်ဟု ပြောကြသည်။

          “သူ ဒီရွာကို ခဏခဏ လာဖူးတယ်။ ကျနော်တို့ အခွင့်အရေးအတွက် သူတိုက်ပွဲဝင်ပေးမယ်လို့ ရွာသားတွေကို ပြောတယ်” ဟု ကျားခေါင်းတောင်ကျေးရွာမှ ကျောင်းဆရာတဦးက ပြောသည်။

          လာရောက် လေ့ကျင့်ပေးသူများအနက် အချို့မှာ ရိုဟင်ဂျာစကား မပြောတတ်ကြဘဲ အူရဒူ သို့မဟုတ် အင်္ဂလိပ် စကားကို သာ ပြောကြသည်ဟု ရွာသား ၄ ဦးက ပြောသည်။

          ရပ်ရွာအသိုင်းအဝန်းက ထိုအုပ်စုကို ထောက်ခံကြခြင်းမှာ မြန်မာအစိုးရအပေါ် မကျေနပ်သောကြောင့်ဖြစ်သည်ဟု ဒုက္ခသည်များနှင့် ဒေသခံများက ပြောသည်။

          မည်သို့ဆိုစေ ပြည်ပမှ စစ်သွေးကြွများ ပါဝင်ပတ်သက်မှုသည် ပဋိပက္ခကို မီးထိုးပေးပြီး အခြေခံဝါဒီလှုပ်ရှားမှု အသွင် ဖြစ်သွားစေနိုင်သည်ဟု သံတမန်များနှင့် သုတေသီများက ပြောကြသည်။

          အတာအူလာနှင့် ပါကစ္စတန်နိုင်ငံသား အခြားဟာရာကာ အယ်လ်ယာကင် အဖွဲ့ဝင်တဦးတို့သည် ပါကစ္စတန် တာလီဘန်များထံတွင် အကြမ်းဖက်သင်တန်း တက်ခဲ့ကြသည်ဟု မြန်မာအစိုးရက ယုံကြည်သည်။

          ဟာရာကာ အယ်လ်ယာကင်အဖွဲ့သည် အစွန်းရောက် အဖွဲ့အစည်းများနှင့် အချိတ်အဆက်ရှိသည့် အထောက်အထား မတွေ့ရသေးသော်လည်း အိန္ဒိယတိုက်ငယ်မှ အယ်လ်ကေဒါအဖွဲ့၊ တာလီဘန် ပါကစ္စတန်အဖွဲ့၊ IS အစ္စလမ်မစ် နိုင်ငံတော်အဖွဲ့အပါအဝင် အစ္စလမ်မစ်အဖွဲ့အစည်း အများအပြားတို့က ရိုဟင်ဂျာ ပြဿနာကို လူထုထံ ဝါဒဖြန့်ချိရာတွင် ထည့်သွင်းဖော်ပြကြသည်။

          ဟာရာကာ အယ်လ်ယာကင် အဖွဲ့သည် ၂၀၁၃ ခုနှစ်မှစတင်ပြီး ခုခံရန် ကြိုးစားခဲ့သော်လည်း ၂၀၁၅ ခုနှစ်ရောက်မှသာ ရန်ပုံငွေနှင့် ခြေကုပ်ရခဲ့သည်ဟု မြန်မာစစ်ထောက်လှမ်းရေး အဆင့်မြင့်အရာရှိတဦးက ပြောသည်။

          “သူတို့တွေက လူငယ်တွေနဲ့ မွတ်စလင်ပညာတတ်တွေကို ပစ်မှတ်ထားပြီး ဘင်္ဂလားဒေ့ရှ်မှာ အစည်းအဝေးတွေ အများကြီး လုပ်ကြတယ်” ဟု ထိုအရာရှိက နယ်စပ်တလျှောက်လှုပ်ရှားမှုများကို စောင့်ကြည့်သတင်းပေးသူများကို ကိုးကားပြောဆိုသည်။

          ထိုအုပ်စုသည် လှုပ်ရှားနေဆဲဖြစ်ပြီး စစ်ဘက်က ၎င်းတို့ထပ်မံတိုက်ခိုက်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း ထိုအရာရှိကပင် ပြောသည်။

          ဖေဖော်ဝါရီလက ဗီဒီယိုအသစ်တခုထွက်ပေါ်လာခဲ့ပြီး ငယ်ရွယ်ပြီးမျက်နှာဖုံးစွပ်ထားသူများသည် ဓားများတုတ်များကိုင် ဆောင်ထားကြကာ ၎င်းတို့ကို ၎င်းတို့ ဟာရာကာအယ်လ်ယာကင်ဖြစ်သည်ဟု ပြောသည်။ ထိုဗီဒီယို၏စစ်မှန်မှုကို ရိုက်တာက အတည်ပြုနိုင်ခဲ့ခြင်းမရှိပေ။

          “သူတို့တွေက ၅ ရက် ၁၀ ရက်သင်တန်းတွေပေးပြီး ရွာတွေမှာ တနေရာက တနေရာပြောင်းနေကြတယ်” ဟု ထိုထောက်လှမ်းရေးအရာရှိက ပြောသည်။

          ထိုအုပ်စုသည် အခိုင်အမာရှိနေပြီဟု ဆိုသော်လည်း ၎င်းတို့၏ထိုးစစ်ကြောင့် ဖြစ်ပေါ်လာသော အကြမ်းဖက်မှုများကြောင့် ထောက်ခံမှုအချို့ ဆုံးရှုံးခဲ့ရသည်။

          “သင်တန်းတက်နေတဲ့သူတွေ ပြန်လာရင် ကျနော်တို့ကတော့ အစိုးရကို သတင်းပို့တော့မှာ” ဟု ဦးရွှေကြားကျေးရွာသားတဦးက ပြောသည်။

          Your Thoughts …
          Tags: ရိုဟင်ဂျာ
          Reuters

          Reuters

          Agency

          Similar Picks:

          မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

          မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

          by ဧရာဝတီ
          6 November 2023
          47.8k

          ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

          ဒေါ်ဆောင်ဆန်းစုကြည်၏ အတိတ်ကို ပြန်လည် ဆန်းစစ်ကြည့်ခြင်း

          ဒေါ်ဆောင်ဆန်းစုကြည်၏ အတိတ်ကို ပြန်လည် ဆန်းစစ်ကြည့်ခြင်း

          by David Scott Mathieson
          17 August 2023
          11.8k

          မြန်မာတွင် “ကရင်မလင်ဗေဒ” (Kremlinology) ခန့်မှန်းပြောဆိုမှုများသာ လွှမ်းမိုးနေသည်။ “စစ်ကောင်စီဗေဒ” (SACology) နှင့် “စုဗေဒ” (Suuology) ကို အစားထိုး စဉ်းစားကြည့်ပါ။

          ဒေါ်အောင်ဆန်းစုကြည်ကို သမိုင်းက ချန်ထားခဲ့ပြီလား

          ဒေါ်အောင်ဆန်းစုကြည်ကို သမိုင်းက ချန်ထားခဲ့ပြီလား

          by Andrew Selth
          20 July 2023
          11.5k

          အနောက်တိုင်းမှ မူဝါဒချမှတ်သူများအတွက် အရေးပါနေဆဲဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် တခါကကဲ့သို့ သြဇာမရှိတော့ပေ။

          ရမ်၊ ကိုကာကိုလာနှင့် အော်တိုမက်တစ်ရိုင်ဖယ် (သို့မဟုတ်) မြန်မာ့ဂျန်ဇီ ပြောက်ကျားများ

          ရမ်၊ ကိုကာကိုလာနှင့် အော်တိုမက်တစ်ရိုင်ဖယ် (သို့မဟုတ်) မြန်မာ့ဂျန်ဇီ ပြောက်ကျားများ

          by Irena Long
          7 August 2023
          6.3k

          စာရေးသူ တွေ့ဆုံခဲ့သည့် ကျားဖြူတပ်ဖွဲ့ဝင်တိုင်းသည် တိုက်ခိုက်ရေးသမား ဖြစ်လိုကြသည် မဟုတ်ပေ။

          စစ်ကောင်စီကို စိတ်ဒုက္ခပေးသည့် အစီရင်ခံစာများ

          စစ်ကောင်စီကို စိတ်ဒုက္ခပေးသည့် အစီရင်ခံစာများ

          by David Scott Mathieson
          10 August 2023
          6.2k

          မြန်မာစစ်တပ်သည် နိုင်ငံတကာ တရားစီရင်မှုထက် မြန်မာပြည်သူများကို ပိုမိုကြောက်လန့်သည်။

          စစ်ကောင်စီက ဂမ်ဘီယာကို လိင်ခရီးသွားလုပ်ငန်း အချက်အချာအဖြစ် အသရေဖျက်

          စစ်ကောင်စီက ဂမ်ဘီယာကို လိင်ခရီးသွားလုပ်ငန်း အချက်အချာအဖြစ် အသရေဖျက်

          by ဧရာဝတီ
          14 November 2023
          5.3k

          ဦးသိန်းစိန် အစိုးရတွင် ပညာရေးအကြံပေး လုပ်ခဲ့သည့် ရှမ်း-မွန် တိုင်းရင်းသူ ဒေါ်ရင်ရင်နွယ်က ဂမ်ဘီယာနိုင်ငံကို ထိုထက်ပင် ပိုမိုစော်ကားသည်။

          Next Post
          ဒီအချိန်ကို ရောက်ရင်

          ဒီအချိန်ကို ရောက်ရင်

          အကြွေစေ့တွေကြောင့် ခွဲစိတ်မှု ခံယူခဲ့ရတဲ့ လိပ်မကြီး သေဆုံး

          အကြွေစေ့တွေကြောင့် ခွဲစိတ်မှု ခံယူခဲ့ရတဲ့ လိပ်မကြီး သေဆုံး

          No Result
          View All Result

          Recommended

          ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          4 days ago
          12.8k
          စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

          စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

          2 days ago
          10.6k

          Most Read

          • စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

            စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

            shares
            Share 0 Tweet 0
          • စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

            shares
            Share 0 Tweet 0
          • စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

            shares
            Share 0 Tweet 0
          • အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

            shares
            Share 0 Tweet 0
          • မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved