• English
Sunday, December 10, 2023
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

    စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

    လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

    လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

    မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

    မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

    အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

    အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

    မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

    မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

    လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

    လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

    လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

    လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

    ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

    ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

    မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

    မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

      မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

      စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

      စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

      စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

      စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      ကွန်လုံ ဟူသည်မှာ…

      ကွန်လုံ ဟူသည်မှာ…

      အဖော်လေးတွေ…

      အဖော်လေးတွေ…

      မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

      မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

      လမ်ပန်းက ပြန်ခဲ့တယ်

      လမ်ပန်းက ပြန်ခဲ့တယ်

      မိန်းမ နှင့် ငွေ

      မိန်းမ နှင့် ငွေ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate

          Home ဆောင်းပါး

          ဦးဝီရသူ ကျဆုံးခြင်း

          by ကျော်ဖြိုးသာ
          22 March 2017
          in ဆောင်းပါး
          Reading Time: 1 min read
          A A
          ဦးဝီရသူ ကျဆုံးခြင်း
          44.2k
          VIEWS
          Share on FacebookShare on Twitter

          ဘောလုံးကွင်းထဲတွင် ယာယီပြုလုပ်ထားသည့် တရားဟော စင်မြင့်ထက်မှ အမျိုးသားရေးဝါဒီ ဘုန်း တော်ကြီး ဦးဝီရသူ သည် ယခင်သမ္မတဟောင်း ဦးသိန်းစိန် ကို ချီးမွမ်း၍ ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိ အစိုးရကို အရည်အချင်း မပြည့်မီခြင်းမရှိဟု ဝေဖန်ပြောဆိုခဲ့သည်။ ထို့နောက် ဗုဒ္ဓဘာသာအမျိုးသမီးများကို ဘိန်းစားများ၊ အရက်သမားများ၊ ဘုန်းကြီးများနှင့် လက်ထပ်ကြရန်၊ မွတ်စလင်ယောက်ျားများကို လက်ထပ်မည့်အစား ခွေးကို ယူကြရန် သူက ပြောဆိုခဲ့သည်။

          “အဲဒါကြောင့် မိန်းမတွေကို ပြောချင်တာက အဲဒီဆန္ဒ တခုတည်းနဲ့တော့ ကုလားမယူပါနဲ့ဟာ၊ ကုလားယူမယ့် အစား ခွေးကို ယူကြ၊ ခွေးလည်း ကုလားလောက် တော့ဖြစ်တယ်” ဟု ဦးဝီရသူက အမျိုးသမီးများ အပါအဝင် ရာနှင့် ချီသောသူကို ထောက်ခံသူများကို ဟောကြားခဲ့သည်။ ပြီးခဲ့သည့် လအတွင်းက ဦးသိန်းစိန်၏ ဇာတိကျုံကူး ကျေးရွာတွင် ကျင်းပခဲ့သော ညနေခင်း တရားပွဲတခုတွင် ထိုသို့ပြောကြားခဲ့ ခြင်းဖြစ်သည်။

          RelatedPosts

          ကွန်လုံ ဟူသည်မှာ…

          ကွန်လုံ ဟူသည်မှာ…

          10 December 2023
          1k
          အနာဂတ်ပန်းကလေးများရဲ့ ဥယျာဉ်မှူး CDM ဆရာမ

          အနာဂတ်ပန်းကလေးများရဲ့ ဥယျာဉ်မှူး CDM ဆရာမ

          9 December 2023
          714
          အဖော်လေးတွေ…

          အဖော်လေးတွေ…

          9 December 2023
          631

          ဦးဝီရသူသည် ဗုဒ္ဓဘာသာကို ကာကွယ်ရန် လိုအပ်နေကြောင်း ၊ မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာ၏ အခြေခံများသည် ခြိမ်းခြောက်ခံနေရသည့် အတွက် ဗုဒ္ဓဘာသာဝင်များ အနေဖြင့် အခြားသော ဘာသာ အယူဝါဒများ၏ လွှမ်းမိုးမှုကို သတိထား၍ စောင့်ကြည့်ရန် လိုအပ်သည်ဟုလည်း ဟောကြားလေ့ရှိသူဖြစ်သည်။

          မွတ်စလင် ဆန့်ကျင်ရေး တရားများကြောင့် လူသိများသည့် ဘုန်းတော်ကြီး ဦးဝီရသူက “ကိုယ်ကသာ လုပ်ကျွေးမယ် ဆိုရင် ဗျာ၊ သားမှတ်မှတ် မယားမှတ်မှတ် ပေါင်းမယ့် ယောက်ျားတွေ ပေါလို့၊  မရှိဘူးဆိုရင်ပြော၊ သံဃာတွေ လွှတ်ပေးမယ်။ အသောက်အစားလည်း ကင်းတယ်” ဟု ဦးဝီရသူက အမျိုးသမီးများကို ပြောကြားခဲ့ကြောင်း အဆိုပါ တရားပွဲ၏ ဗီဒီယို အရသိရသည်။

          “တပည့်တော်မကတော့ ဘုန်းဘုန်းဟောတဲ့ အတိုင်း ခွေးပဲ ယူပါတော့မယ် ဘုရား၊ ဒါပေမယ့် ရွာကခွေးတွေက မသန့်ဘူးလို့ ထင်ရင်ပြော နိုင်ငံခြားခွေး မှာပေးမယ်” ဟု သူက ထပ်ပြောသည်။

          အဆိုပါ လင်ယောက်ျားများက မွတ်စလင်များကဲ့သို့ အမျိုးသမီးများ၏ ကိုးကွယ်မှုဘာသာကို ပြောင်းလဲရန် ကြိုးစားကြလိမ့်မည် မဟုတ်ဟုလည်း သူက အကြောင်းပြခဲ့သည်။

          ၂၀၁၂ ခုနှစ်တွင် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့ပြီးကတည်းက မြန်မာနိုင်ငံ တလွှားမှ တရားပွဲများတွင် အမျိုးသမီးများ အနေဖြင့် မွတ်စလင်ကို ယူမည့်အစား ရွေးချယ်စရာ မရှိပါက ခွေးများကို ယူကြရန် ဟောပြောခဲ့ခြင်း ဖြစ်ကြောင်း သူဟောသော တရားများ နှင့် နီးစပ်သူများက ပြောကြသည်။

          သူ၏ ဘာသာရေးအရ သွေးထိုးသည့် ဟောပြောမှုများကို ပြည်တွင်းကရော နိုင်ငံတကာကပါ ဝေဖန် ပြစ်တင်မှုများ ရှိခဲ့ပြီး ပြီးခဲ့သည့် ၅ နှစ်ကာလအတွင်းတွင် ပေါ်ပေါက်ခဲ့သော ဗုဒ္ဓဘာသာ ဝင်များနှင့် မွတ်စလင် ဘာသာဝင်များကြားမှ တင်းမာမှုများ မြင့်တက်လာခြင်းအတွက် တစိတ်တပိုင်း တာဝန်ရှိသည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ထားကြသော်လည်း ဦးဝီရသူ နှင့် သူ့၏ နောက်လိုက် နောက်ပါများအပေါ် ရဲအဖွဲ့က စစ်ဆေးမေးမြန်းခြင်း မရှိခဲ့သလို ဖမ်းဆီးခြင်း၊ ဟောပြောခွင့် ပိတ်ပင်ခြင်းများလည်း မရှိခဲ့ပါ။

          သို့သော်လည်း ပြီးခဲ့သည့် အပတ်အတွင်းတွင်မှု လက်ရှိ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရက သူ၏ အမုန်း စကားများကို ဆက်လက်၍ သည်းခံတော့ မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

          ဗုဒ္ဓဘာသာ အာဏာပိုင် အဖွဲ့အစည်းတခု ဖြစ်ပြီး မဟန ဟု သိကြသည့် နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့က ဦးဝီရသူကို မတ်လ ၉ ရက်နေ့တွင် တရားဟောပြောခွင့် ၁ နှစ် ပိတ်ပင်ခဲ့သည်။

          မတ်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ကြေညာချက်တစောင်တွင် ဦးဝီရသူက လက်ရှိ အစိုးရကို ဝေဖန်ခြင်း၊ ကျုံကူးရွာတွင် ပြုလုပ်ခဲ့သော တရားပွဲ၌ ဘာသာရေးဆိုင်ရာ အမုန်းစကားများ ဟော ပြောခဲ့ခြင်း နှင့် NLD ၏ ဥပဒေအကြံပေး ဦးကိုနီလုပ်ကြံခံရသည့် အမှုတွင် ပါဝင်ပတ်သက်နေသည်ဟု သံသယရှိသူများကို ဦးဝီရသူက Facebook တွင် ချီးကျူးဂုဏ်ပြုခဲ့ ခြင်းများကြောင့် ယခုကဲ့သို့ ကန့်သတ်လိုက်ရခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

          ကျုံကူးရွာ တရားပွဲတွင် ဦးဝီရသူက ယခင်သမ္မတဟောင်းဦးသိန်းစိန်က “ရိုဟင်ဂျာ ဆိုသည်မှာ မြန်မာ တိုင်းရင်းသား လူမျိုးစု မဟုတ်ကြောင်း” နိုင်ငံတကာ အသိုင်းအဝိုင်းကို ပြောကြားခဲ့ခြင်းအတွက် ချီးကျူး ဂုဏ်ပြုခဲ့သည်။

          “သူက ဒီကိစ္စနဲ့ ပတ်သက်လို့ အလွန်ရှင်းလင်းတယ်။ သူက တိုင်းပြည်ကို ကာကွယ်ခဲ့တယ်။ သူ့ရဲ့ တုန့်ပြန်မှုက မြန်မာပြည်သူတွေ အားလုံးအတွက် သူက ခိုင်ခိုင်မာမာ ရပ်တည်ကြောင်း ပြခဲ့တယ်” ဟု ဦးဝီရသူက ပြောသည်။

          စီးပွားရေးပိတ်ဆိုမှုများ ရုပ်သိမ်းခဲ့ပြီ ဖြစ်သော်လည်း နိုင်ငံ၏ တိုးတက်မှုနှေးကွေးနေခြင်းမှာ သူတို့၏ မကျွမ်းကျင်မှုကြောင့် ဖြစ်သည်ကို ဝန်ခံရန် တွန့်ဆုတ်နေသူများ ဖြစ်သည်ဟု ဦးဝီရသူက NLD အစိုးရကို ပုံဖော်ခဲ့သည်။

          “ကိုယ် အသုံးမကျရင် အသုံးမကျဘူးလို့ ဝန်မခံဘူး။ တခါလာလည်း ၂၀၀၈ အခြေခံဥပဒေကြောင့် လုပ်ပိုင်ခွင့် မရှိလို့၊ တခါ လာလည်း ၂၀၀၈ အခြေခံ ဥပဒေကြောင့် ဘာမှလုပ်မရလိုု့၊ တခါလာလည်း ဘတ်ဂျက်မရှိလို့နဲ့ တိုင်းပြည်အပေါ် စေတနာမွဲရင် မွဲတယ်လို့ ပြောတာ မဟုတ်ဘူး”ဟု ဟောသည်။

          ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် NLD ကို မဲပေးခဲ့သူများကိုလည်း ဦးဝီရသူက အပြစ်တင်ခဲ့သည်။

          “နိုင်ငံရေးသမားတွေ ပေးတဲ့မက်လုံးကို ပြည်သူတွေက ယုံစားပြီး ပုံအောပြီး ပေးလိုက်ကြတယ်။ ဘာတွေ ထူးခြားလာသလဲ။ ဇောက်ထိုးမိုးမျှော် ဖြစ်လာတာ ထူးခြားတယ်။ တက်ရမယ့် စီးပွားရေးက ထိုးကျသွားတယ်။ ကျရမယ့် ကုန်ဈေးနှုန်းက ထောင်တက်သွားတယ်” ဟု ဦးဝီရသူက ပြောခဲ့သည်။

          သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ကြေညာချက်တွင် မဟာသံဃာ့နာယက အဖွဲ့က ဦးဝီရသူ၏ ရေးသား ဟော ပြောမှုများသည် ထေရဝါဒ ဗုဒ္ဓဘာသာဝင် ရဟန်းတပါး လိုက်နာရမည့် စည်းကမ်းကျင့်ဝတ်များနှင့် လျှော်ညီခြင်း မရှိ ကြောင်းတွေ့ရှိခဲ့သည်ဟု ဖော်ပြထားသည်။

          သူက ဘာသာရေး၊ လူမျိုးရေးနဲ့ နိုင်ငံရေး ပဋိပက္ခတွေနဲ့ ပြည်သူတွေကြားမှာ အငြင်းပွားမှုတွေ ဖြစ်ပေါ်အောင် ဖန်တီးခဲ့သည်ဟု တွေ့ရှိရကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ ထို့အပြင် ဦးဝီရသူက စည်းကမ်းများကို လိုက်နာခြင်း မရှိလျှင် သို့မဟုတ် သူ့ကို တားမြစ်ပိတ်ပင်ခြင်း နှင့် ပတ်သက်၍ Facebook သို့မဟုတ် မီဒီယာများတွင် မကျေနပ် ကြောင်း ဖော်ပြခဲ့လျှင် ဥပဒေအရ အရေးယူခြင်းကို ရင်ဆိုင်ရမည်ဟုလည်း ကြေညာချက်က ဆိုသည်။

          တရားဟောခွင့် ပတ်ပင်ခြင်းက ပုံမှန်မဟုတ်သည့် လုပ်ထုံးလုပ်နည်းတခု ဖြစ်ပြီး သူ့ကို အစိုးရက ဖိနှိပ်ခြင်း ဖြစ်သည်ဟု ဦးဝီရသူက တုံ့ပြန် ပြောဆိုသည်။

          “အရင်ကဆိုရင် အစိုးရက စာထုတ်တယ်၊ ကိုယ်တိုင်ကိုယ်ကျ သတိပေးတယ်။ တကယ်လို့ အဲဒါ အလုပ်မဖြစ်ဘူးဆိုရင် သူတို့က ကြေညာချက်တခု ထုတ်တယ်။ ဒီမိုကရေစီ နည်းကျ ရွေးချယ်ခံထားရတဲ့ အစိုးရတခုရဲ့  ဒီလို တားမြစ်ခြင်းခံရ တာကြောင့် စိတ်မကောင်းဘူး” ဟု ဦးဝီရသူက ဧရာဝတီသို့ ယခုအပတ်အတွင်း ပြောကြားခဲ့သည်။

          သို့သော်လည်း ရွှေဝါရောင် တော်လှန်ရေး၏ ဦးဆောင် သံဃာတပါး ဖြစ်ပြီး ယခုအခါ Peaceful Myanmar Initiative ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ တွင် သင်တန်း နည်းပြအဖြစ် ဆောင်ရွက်နေသည့် အရှင်အစ္ဆရိယ က ဦးဝီရသူ ၏ ပြောကြားချက်ကို သဘောမတူခဲ့ ပါ။

          “သူက မကောင်းတာတွေပြောလို့ အပိတ်ခံရတာပါ။ တကယ်လို့ သူက တရားဓမ္မကိုပဲ အမှန်တကယ်ဟောပြောခဲ့ရင် သူ့ ကို ချီးကျူးဂုဏ်ပြုခံရမှာပါ” ဟု အရှင် အစ္ဆရိယက ဆိုသည်။ တရားဓမ္မဟောပြောစဉ်အတွင်း အမုန်းစကားများ ပြောခြင်းက ဗုဒ္ဒဘာသာဝင် သံဃာတပါးအတွက် ရှက်စရာ အမူအကျင့် ဖြစ်ပြီး တရားနာပရိသတ်ကို စော်ကားခြင်း ဖြစ်ကြောင်း လည်း အရှင် အစ္ဆရိယက ပြောသည်။

          “တကယ်လို့ ဒီလို မဟုတ်တဲ့ ကိစ္စမျိုးတွေကို ပြောချင်တယ်ဆိုရင် လူတွေက နိဗ္ဗာန်ရောက်ကြောင်း တရားနာဖို့ မျှော်လင့်ထားတဲ့ တရားဟော စင်မြင့်ပေါ်မှာ ဟောမယ့် အစား သူ့အနေနဲ့ လမ်းဘေးမှာပဲ ပြောသင့်တယ်။”

          (ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Kyaw Phyo Tha ၏ The Fall of U Wirathu ကို ဘာသာပြန်ဆိုသည်)

          Your Thoughts …
          Tags: ဦးဝီရသူ
          ကျော်ဖြိုးသာ

          ကျော်ဖြိုးသာ

          ဧရာဝတီ

          Similar Picks:

          ရန်ကုန်တိုင်းလူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်းက ဦးဝီရသူကို လှူဖွယ်ပစ္စည်းဆက်ကပ်စဉ်

          အစွန်းရောက် အမျိုးသားရေးဝါဒီ ဘုန်းကြီးများကို စစ်ကောင်စီ ဂုဏ်ပြု

          by ဧရာဝတီ
          21 February 2023
          9.9k

          အခမ်းအနားကို ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်မှ အဓိကအားဖြင့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ငွေကြေးထောက်ပံ့လှူဒါန်းထားသည့် သီရိမင်္ဂလာ မဟာသာသနဗိမ္မာန်တွင် ကျင်းပခဲ့သည်။

          မေလ ၂၇ ရက် ရန်ကုန်တွင် ကျင်းပခဲ့သော မဘသ ဘုန်းတော်ကြီးများ၏ အစည်းအဝေးတွင် ဦးဝီရသူ ဟောပြောစဉ် / AFP

          အစိုးရ ဆင်းပေးရန် ဦးဝီရသူ တောင်းဆို

          by ဇာနည်မာန်
          17 July 2017
          105.5k

          စနေနေ့က ထုတ်ပြန်သော ဗီဒီယိုတခုတွင် ဦးဝီရသူက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ နှုတ်ထွက်ပေးရန် တောင်းဆိုလိုက်သည်။

          ဝရမ်းပြေးစာရင်း ကြေညာခံထားရသည့် ဦးဝီရသူနှင့် ဘူးလက်ဦးလှဆွေ / Reuters/ အောင်ကျော်ထက် / ဧရာဝတီ

          ဝရမ်းပြေးများ လွတ်မြောက်နေမှု လွှတ်တော်တွင် မေးခွန်းထုတ်ခံရ

          by ထွန်းထွန်း
          6 November 2019
          27.5k

          ပြဌာန်းထားပါတယ်၊ ရဲတပ်ဖွဲ့ကလည်း အုပ်ချုပ်ရေး အဖွဲ့အဆင့်ဆင့်နှင့် ပြည်သူများကို ဥပဒေ အသိပညာ ပေးခြင်းဖြင့် ဥပဒေကို လက်တလုံးခြားလုပ်ပြီး တိမ်းရှောင်နေတဲ့ တရားခံတွေကို ဖမ်းမိဖို့ ဆောင်ရွက် သင့်ပါတယ်

          ယနေ့ လာရောက်အဖမ်းခံသည့် ဆရာတော် ဦးဝီရသူ / မျိုးမင်းစိုး / ဧရာဝတီ

          တိမ်းရှောင်နေတဲ့ ဦးဝီရသူ ပြန်လာ အဖမ်းခံ

          by ထွန်းထွန်း
          2 November 2020
          36.1k

          အဖမ်းမခံရမီ ဦးဝီရသူအနေဖြင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများနှင့် တွေ့ဆုံရန် သွား ရောက်ခဲ့သော်လည်း ဆရာတော်ကြီးများက လက်ခံတွေ့ဆုံခဲ့ခြင်းမရှိကြောင်းလည်း သိရသည်။

          ထွက်ပြေးတိမ်းရှောင်နေသည့် ဦးဝိစိတ္တာ ဘိဝံသ (ခ) ဦးဝီရသ  / ဧရာဝတီ

          ဝရမ်းပြေး လက်ခံထားသူများအတွက် တပ်လှန့်သံ

          by ထွန်းထွန်း
          18 June 2019
          48.8k

          ဝရမ်းပြေးဖြစ်သူ မိုက်ကယ်ကျော်မြင့်အား ဖမ်းဆီးစဉ် လက်ခံထားသည့် ယောက္ခမဖြစ်သူ ဦးကျော်မောင်အား ဝရမ်းပြေး လက်ခံမှု ပုဒ်မ ၂၁၆ ဖြင့် အမှုဖွင့် အရေးယူလိုက်ခြင်းသည် အခြားသော ဝရမ်းပြေးများနှင့် ပတ်သက် သူများအား သတိပေး  တပ်လှန့်လိုက်ခြင်းဖြစ်သည်။

          နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီး ဘဒ္ဒန္တကုမာရဘိဝံသ / ဆလိုင်းသန့်စင် / ဧရာဝတီ

          ဦးဝီရသူကို ထောင်ချနိုင်သည်ဟု မိန့်ကြားလိုက်သည့် ဗန်းမော်ဆရာတော်

          by ဆလိုင်းသန့်စင်
          28 March 2017
          25.4k

          “တရားမဟောရဘူးဆိုတာကို ဟောနေတယ်ဆိုရင် အာဏာဖီဆန်ရာကျတယ်။ အဲဒီအတွက် အပြစ် ခံစားရပါလိမ့်မယ်။ ဥပဒေရှိပါတယ်။ ဘုရားအမိန့်ကို နားထောင်ရမယ်။ နားမထောင်ဘူးဆိုရင် ဖမ်းပြီးတော့ ထောင် ချနိုင်ပါတယ်”

          Next Post
          ဖန်တီးရာမှာ ကျင်းပခဲ့တဲ့ #accelerateMM Demo Day  ပွဲ

          မျိုးဆက်သစ် နည်းပညာလုပ်ငန်းရှင်များ လုပ်ငန်းသစ်များကို စင်တင်လာ

          ရုပ်တုလည်း မနေရ

          ရုပ်တုလည်း မနေရ

          No Result
          View All Result

          Recommended

          လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

          လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

          2 days ago
          16.6k
          စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

          စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

          5 days ago
          12.5k

          Most Read

          • မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

            မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

            shares
            Share 0 Tweet 0
          • စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

            shares
            Share 0 Tweet 0
          • လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

            shares
            Share 0 Tweet 0
          • စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

            shares
            Share 0 Tweet 0
          • စက်သုံးဆီများ ပြတ်တောက်ရခြင်း နောက်ကွယ်

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved