• English
Monday, June 23, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

သူလည်းလေ ဘုရားခိုးမို့ ‘မတော်တဆ’

by မောင်ကေ
7 April 2017
in ဆောင်းပါး
A A
သူလည်းလေ ဘုရားခိုးမို့ ‘မတော်တဆ’
10.1k
VIEWS
Share on FacebookShare on Twitter

မောင်ကေတို့နေတဲ့ မြို့နယ်တွေမှာလည်း ခု တလောတရားပွဲတွေ တရပ်ကွက်နဲ့တရပ်ကွက် စင်ပြိုင်လုပ် လာကြတာ သတိထားမိတယ်။

ကောင်းတာပေါ့။ တရားပွဲများလာတာ။ မင်း ဘာပြုတုန်း။ ဘာမျှ မပြုပါဘူး။ ပြုတာက တရားပွဲမှာ အဖေနဲ့သမီး၊ အမေ နဲ့သား မောင်နှမတွေ မပြောဝံ့တဲ့စကားတွေ ထည့်ဟောတော်မူတာတော့ မကောင်းဘူး။

RelatedPosts

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

23 June 2025
4.3k
ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

23 June 2025
1.1k
ဟင်္သာတမြို့

ဟင်္သာတမြို့

22 June 2025
753

ဟုတ်တယ်လေ၊ စဉ်းစားကြည့် ခြင်ထောင်ခန်းတွေထိ ဘယ်အုပ်ထိန်းသူက လိုက်ပါရလို့လဲ။ မောင်ကေတို့တောင် ကိုယ်ကြိုက်တာ ကိုယ်ယူထားတာ။ ကိုယ်ကြိုက်မှ အဖေအမေနဲ့ ပေးတွေ့ကြတာ။

ခုတော့ အဲလိုမဟုတ်ဘဲ။ ကိလေသာမီး သတ်ပါဆိုမှ မီးပိုလောင်အောင် မီးစာထိုးထည့်နေတော့တာ။ အုပ်ထားတဲ့ အဖုတ်ကိစ္စ အဲလေ အထုတ်ကို ဘယ်သူကမှ မပေးရဘဲ တာဝန်ရှိသယောင်ယောင်နဲ့တည်းခိုခန်းထိ တက်စစ်တဲ့ အဆင့်ရောက်လာလေပြီ။

ခွေးမယူချင် အသောက်အစားလွတ်လေးတွေ လွှတ်လိုက်မယ်လည်း မြူဆွယ်သေး။ အော် ဒုက္ခဒုက္ခ။ ကြားဖြတ် ကြော်ငြာ ထိုးလိုက်သေးတာနော်။ ဘယ်လိုဘာသာရေးမျိုးပါလိမ့်။ မောင်ကေတို့တော့ ဉာဏ်မမီ။

ထားပါ။ မောင်ကေ ခုပြောမှာက ရယ်စရာ။ တကယ် တကယ်ရီရတာ။

အများသိတော်မူတဲ့အတိုင်း နိုင်ငံတကာ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးမှာ NLDပါတီရဲ့ဥပဒေအကြံပေး ဦးကိုနီ သေနတ်ပစ်သတ်လုပ်ကြံခံရပြီး နိုင်ငံသားကောင်းကြီး ကိုနေဝင်းပါ သေနတ်နဲ့ပစ်သတ်လုပ်ကြံခံခဲ့ရတဲ့ကိစ္စ။

ပြည်သူတော်တော်များများထိတ်လန့်တုန်လှုပ်ခဲ့ရတဲ့ ဖြစ်ရပ်ကြီး။ ဘယ်မေ့ကြပါ့မလဲ။ မမေ့ကြသလို လူသတ်သမား နဲ့အပေါင်းအပါသတင်းတွေကို လူမှုကွန်ရက်မှာ သိသမျှကြားသမျှ ပြန်လည် Shareနေကြတာ။

မောင်ကေ တခုဖြတ်ပြောပြချင်သေးတယ်။ ဒီလူသတ်သမားတွေကိုပဲ လူမှုကွန်ရက်မှာ အရိုးစည်းရိုးထိုးမယ်လေး ဘာ လေးလူတစုက ကျေးဇူးတင်တယ်တို့၊ သူရဲကောင်းကြီးတို့ သာသနာကာကွယ်သူကြီးတို့ တံဆိပ်တွေ တပ်ပေးတာ ဗုဒ္ဓဘာသာဝင်တယောက်ဖြစ်တဲ့ မောင်ကေတော့ နားမလည်တတ်အောင်ပင်ဖြစ်ခဲ့ရတယ်။

ဟုတ်တယ်လေ။ လူသတ်တဲ့ ကြည်လင်းတို့ အောင်ဝင်းဇော်တို့၂ယောက်က ဘုရားခိုးရောင်းဝယ်မှုနဲ့ ထောင်ကျတွေ။ ဘု ရားခိုးတဲ့သူက လူတယောက်ကို အကြောင်းမဲ့သတ်ဖြတ်တာ သူရဲကောင်းတဲ့လား။ သာသနာကာကွယ်တာတဲ့လား။

လူမှုကွန်ရက်ပေါ် အတည်ပြုချက်ပြုရေးတင်သူက သင်္ဃန်းခြုံထားတဲ့ အများသိ ဝဇီပိတ်ကိုယ်တော်။ ဘာသာခြားကို သတ်ဖြတ်ဖို့ ဘယ်ဘုရားကများ ညွှန်ပြတော်မူသလဲဆိုတာ မောင်ကေဖြင့် ဘုတ်အုပ်တွေ လှန်နေမိတယ်။

ခုလည်း လေဆိပ်မှာလုပ်ကြံမှုကြီးကို လူငယ်တို့ဘာ၀ ကျူးလွန်ကြပြီးနောက် ရုံးချိန်းတော် ၃ကြိမ်မြောက်မှာတော့ အူတက်ရတဲ့ ဟာသတွေကြားရပါတော့တယ်။ ပထမနှစ်ကြိမ်လုံးမှာတော့ လူသတ်သမားနဲ့အပေါင်းအပါများကို ပြည်ထဲရေးက ပုဂ္ဂိုလ်များနဲ့ဂရုဏာမျက်လုံးတွေနဲ့ခေါ်ဆောင်လာတဲ့ဓာတ်ပုံတွေကို ပြည်သူတွေက အမျိုးမျိုး သြ ဘာပေးခဲ့ကြရပါသေးတယ်။

တတိယမြောက်ရုံးချိန်းမှာတော့ လူသတ်သမားနဲ့ရှေ့နေများကသာ မီဒီယာများကိုဖြေကြားခဲ့ပြီး ယခုတပတ်မှာတော့ လူသတ်သမားကြည်လင်း ကိုယ်တိုင် စပြောလာပါတော့တယ်။ အောက်တွင် ရှုပါ။

သတင်းခေါင်းစဉ်က “ဦးနေဝင်းကို သေနတ်ဖြင့် မတော်တဆပစ်မိခဲ့ခြင်းဟု ကြည်လင်းထွက်ဆို” ပါတဲ့။ အော် .အော့..အော်။

ဦးကိုနီလုပ်ကြံခံရသည့်အမှုတွင် ရာဇသတ်ကြီးပုဒ်မ ၃၀၂လူသတ်မှုနဲ့ပတ်သက်၍ တရားလို ရဲအုပ်မိုးနိုင်ကို မတ်လ ၃၁ ရက်နေ့က စစ်ဆေးစဉ်ကြည်လင်း၏ရှေ့နေ ဦးကျော်ကျော်ထိုက်က ကြည်လင်အားပြောစရာရှိသေးလားဟု မေးခဲ့ရာ ကြည် လင်းက အငှားယာဉ်မောင်းဦးနေဝင်းကိုသေနတ်ဖြင့်ပစ်မိသည်မှာ မတော်တဆဖြစ်ကြောင်း တရားသူကြီးရှေ့တွင် ထွက် ဆိုခဲ့သည်”ဆိုတဲ့သတင်းကို မောင်ကေတယောက် ဟာသတွေ တခုပြီး တခုကို ဘယ်ကံကြောင့်များ ကြားမိပါစ တွေးမိတယ်။

သူတော်ကောင်းသာသနာ့အာဇာနည်ကြီး ပြောတဲ့စကား အပြည့်အစုံက ဒီလိုပါ။ “ကျနော့်အနား လူ၅ယောက် ၆ယောက် အနားရောက်လာပြီး ဝိုင်းထိုး ဝိုင်းကြိတ်ကြလို့ သေနတ်က ဒိုးဒေါက်ဆို ကျည်ထွက်သွားတာ”။

အင်း အင်း အင် (ဘာမှ မဟုတ်ပါ မောင်ကေ သတင်းထဲက ကြည်လင်းအသံကိုကြားပြီး အဲလိုဖြစ်သွားတာပါ။) ဟုတ်သား ပဲ။ တကယ်လို့ လေဆိပ်မှာ ဦးနေဝင်းနဲ့တကွနိုင်ငံ့သားကောင်း တက္ကစီသမားကြီးတွေက ဘယ်ကဘယ်လို ကြည်လင်း ပြေးလမ်းကြောင်း ပိတ်ရပ်နေကြတာလဲ။ မိုက်လိုက်တဲ့လူတွေဗျာ။

လူငယ်ဘာ၀ မျိုးချစ်အစွန်းရောက်နေကြတာကို အုတ်ခဲနဲ့ကောက်ပစ်လို ပစ်။ ဒါတောင် အငြိမ်းစားဗိုလ်မှူးကြီး၊ အရာရှိ ဟောင်းနဲ့ လုပ်ငန်းရှင် ဘုရားဒကာကြီးတွေ ကွပ်ကွဲခဲ့ရတာနော်။

ကြည်လင်းရဲ့ရှေ့နေဆိုသူကလည်း ကျမ်းကျိမ်ပြောတာလားဘာလားတော့ မောင်ကေ မသိ။ နားထောင်ကြည့်ပါဦး။ “ “ကြည်လင်းသည် ဦးကိုနီကိုပစ်ခတ်ပြီး လမ်းမပေါ် ပြေးရာမှ လူအများကိုထိခိုက်မိမည်စိုး၍ ၂ကြိမ်တိုင် ဒူးထောက်လက် နက်ချခဲ့ကြောင်း”ပါတဲ့။

ဘယ်လောက် နူးညံ့သိမ်မွေ့လိုက်တဲ့ လူသတ်သမားလဲ။ တခါမှ မမြင်ဘူးတဲ့သူတယောက်ကို သေနတ်နဲ့ပစ်သတ်လိုက် ဖို့ဆိုတာ ဒီလို သာသနာကာကွယ်သူ ဘယ်ဖြစ်နိုင်ပါ့မလဲ။ ဦးကိုနီကို မသတ်ခင်တောင် ဘုန်းကြီးကျောင်းမှာ နေထိုင်ခဲ့တာ လေ။

ကြည်လင်းစကားထပ်သရုပ်ခွဲကြည့်ပါဦးမယ်။ “လူ၅ယောက် ၆ယောက် အနားရောက်လာပြီး ဝိုင်းထိုး ဝိုင်းကြိတ်ကြလို့ သေနတ်က ဒိုးဒေါက်ဆို ကျည်ထွက်သွားတာ”။

လယ်ပြင်မှာ ဆင်သွားသလို မောင်ကေခေါင်းထဲ ထင်ရှားခဲ့လေပြီ။ဟုတ်တယ်လေ။ ဦးကိုနီနဲ့ကိုနေဝင်းကို သတ်တဲ့သေနတ် တွေက ဘယ်လိုသေနတ်တွေဆိုတာ မောင်ကေတို့လို စစ်ရေးအမြင်မရှိသူတွေက ဘယ်သိနိုင်ကြပါ့မလဲ။ အဲဒီသေနတ်တွေက ကိုင်တဲ့သေနတ်ပိုင်ရှင်တွေကို ဝိုင်းဝန်းထိုးကြိတ်ပြီဆိုတာနဲ့ မတော်တဆ/Twist/ အ မျိုးမျိုးသောနည်းနဲ့ ကျည်ဆန်တွေ ထွက်လာတတ်တာကို မောင်ကေတို့မှ သိမထားတာ။

မောင်ကေလည်း အဲလို သေနတ်လေးတလက်လောက်  လိုချင်မိသား။ဟုတ်တယ်လေ။ ကိုယ့်ကိုလူဆိုးတွေ ဝိုင်းဝန်း ထိုးကြိတ် နေပြီဆို သေနတ်လေးက မောင်ကေကို ကယ်တဲ့အနေနဲ့ မတော်တဆ ကျည်ဆန်တွေနဲ့ရှင်းပေးမှာ ဆိုတော့လေ။

စကားလုံးလေးတွေကလည်း ခုတလော အရမ်းကောင်းကြတာ မောင်ကေ သတိထားမိနေတယ်။ မြန်မာစာနဲ့ကျောင်းပြီး ထား တဲ့မောင်ကေတောင် သူတို့လို စကားလုံးတွေ သုံးတတ်ပါဘူး။ တော်တော်ရှော်တဲ့ မောင်ကေ။

ခုလာမယ့် ဧပြီလ ၇ ရက်နေ့မှာတော့ မျက်လှည့်ပွဲကြီး (အဲလေ အာဇာနည်စန်းစန်းနဲ့ရောသွားလို့) စတုတ္ထမြောက် ရုံးချိန်း ကြီးမှာတော့ လူငယ်လေးတွေက ပရိသတ်ကြီးကို ဘယ်လို စကားအသစ်အဆန်းများနဲ့ ဖျော်ဖြေမလဲဆိုတာကို မောင်ကေ တယောက် စိတ်စောလော နေမိသေးတော့တာ။ မတော်တဆနော်။ လူငယ်ဘာဝလို့ ထင်ချင်ထင်။

Your Thoughts …
Tags: ဦးကိုနီ
မောင်ကေ

မောင်ကေ

Contributor

Similar Picks:

ဒေါ်အောင်ဆန်းစုကြည်၏ ကျင့်ဝတ် သတ္တိနှင့် မြန်မာ့လွတ်လပ်မှု ခရီးရှည်

ဒေါ်အောင်ဆန်းစုကြည်၏ ကျင့်ဝတ် သတ္တိနှင့် မြန်မာ့လွတ်လပ်မှု ခရီးရှည်

by Nandita Haksar
24 June 2024
2.3k

"ပန်းလေးတပွင့် ကိုင်ထားသူကို စစ်တပ်က ဘာကြောင့် ကြောက်တာလဲ"

ထာဝရ ရှင်သန်နေမယ့် ဝိညာဉ်များ

ထာဝရ ရှင်သန်နေမယ့် ဝိညာဉ်များ

by ကျော်စွာမိုး
2 November 2024
1.5k

အဲဒီ ဝိညာဉ်တွေဟာ နိုင်ငံရေးအရ အနားမရနိုင်တဲ့ ဝိညာဉ်တွေ ဖြစ်နိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးကိုနီတို့ ဇနီးမောင်နှံ အတူတကွ ရိုက်ထားသည့် ဓာတ်ပုံ / မျိုးမင်းစိုး

ဦးကိုနီ လုပ်ကြံသတ်ဖြတ်မှုမှ ထူးခြားဖြစ်စဉ်များ

by စမ်းယမင်းအောင်
30 January 2019
156k

ထင်ရှားသော ရှေ့နေကြီး ဦးကိုနီအား လုပ်ကြံသတ်ဖြတ်မှုကို ရန်ကုန်တွင် စစ်ဆေးနေသည်မှာ ယခုအခါ ၂ နှစ်ရှိပြီ ဖြစ်သည်။

ဦးကိုနီ၏ အသက်ဝိဉာဉ်ကို အဆုံးသတ်လိုက်သော ပစ်ခတ်မှုသည် မြန်မာနိုင်ငံအကြောင်း အမှန်တရားကို ပြသသည့် ရက်စက်ကြမ်းကြုတ်မှု ထင်ဟပ်ချက် တခုသာ / Reuters

ဦးကိုနီကို လုပ်ကြံသတ်ဖြတ်လိုက်ခြင်းကြောင့် ကြေမွသွားသော မြန်မာ့အိပ်မက်

by Tom Lasseter
17 December 2018
96.1k

ဦးကိုနီ၏ အသက်ဝိဉာဉ်ကို အဆုံးသတ်လိုက်သော ပစ်ခတ်မှုသည် မြန်မာနိုင်ငံအကြောင်း အမှန်တရားကို ပြသသည့် ရက်စက်ကြမ်းကြုတ်မှု ထင်ဟပ်ချက် တခုသာဖြစ်သည်။

၂၀၁၉ ခုနှစ်က တွေ့ရသော နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်  / State Counselor’s Office

ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်အုပ်စု၏ အငြိုး

by ဧရာဝတီ
6 May 2022
22.6k

မြန်မာစစ်အုပ်စုနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အကြား တင်းမာမှုများသည် လွန်ခဲ့သော ၆ နှစ်ကပင် အရှိန်အဟုန် ရနေပြီဖြစ်သည်

(အပေါ်တန်း-ဝဲမှယာ) ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ကြီးကျော်စွာမြင့်။ (အောက်တန်း-ဝဲမှယာ) ဦးကျော်မိုးထွန်း၊ ဦးကိုနီ၊ ဖဒိုမန်းရှာလာဖန်း။ 

မြန်မာ့နိုင်ငံရေး လုပ်ကြံသတ်ဖြတ်မှု သမိုင်းကို တစေ့တစောင်းလေ့လာခြင်း

by ဧရာဝတီ
17 August 2021
37.6k

နိုင်ငံရေး လုပ်ကြံသတ်ဖြတ်မှု တစိတ်တပိုင်းကို တစေ့တစောင်းလေ့လာထားသည်။

Next Post
၂၀၀၈ ခုနှစ် မေလအတွင်း တိုက်ခတ်ခဲ့သော နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များ / Reuters

ရာသီဥတု အပြောင်းအလဲအတွက် မြန်မာ ပြင်ဆင်ရန် လို

ဗိုလ်ချုပ်ကြီးနေဝင်းနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ချူအင်လိုင်းတို့ တရုတ်ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးစဉ် / Aye Newin / Facebook

ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး အဖုအထစ်များနှင့် ပျားရည်ဆမ်း ကာလများ(အပိုင်း ၂)

No Result
View All Result

Recommended

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

3 days ago
4.7k
ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

7 hours ago
4.3k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

    shares
    Share 0 Tweet 0
  • ရန်ကုန်-မြဝတီလမ်းပေါ်က ဝါးတားဂိတ်များ

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate