• English
Monday, December 11, 2023
No Result
View All Result
NEWSLETTER

33 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မိုးဗြဲ

    တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မိုးဗြဲ

    ရခိုင်၌ အင်တာနက်လိုင်းများ စတင် ပြတ်တောက်လာ

    ရခိုင်၌ အင်တာနက်လိုင်းများ စတင် ပြတ်တောက်လာ

    တရုတ်က ရှမ်းမြောက်စစ်ပွဲ ရပ်ပေးနိုင်သလား

    တရုတ်က ရှမ်းမြောက်စစ်ပွဲ ရပ်ပေးနိုင်သလား

    မြန်မာ့ ပြောက်ကျားစစ် အောင်နိုင်ရေး အယူအဆ၏ အန္တရာယ်များ

    မြန်မာ့ ပြောက်ကျားစစ် အောင်နိုင်ရေး အယူအဆ၏ အန္တရာယ်များ

    စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

    စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

    လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

    လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

    မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

    မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

    အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

    အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

    မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

    မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်

      စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

      စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

      စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

      စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      ကွန်လုံ ဟူသည်မှာ…

      ကွန်လုံ ဟူသည်မှာ…

      အဖော်လေးတွေ…

      အဖော်လေးတွေ…

      မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

      မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

      လမ်ပန်းက ပြန်ခဲ့တယ်

      လမ်ပန်းက ပြန်ခဲ့တယ်

      မိန်းမ နှင့် ငွေ

      မိန်းမ နှင့် ငွေ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate

          Home ဆောင်းပါး

          ဝတ်လစ်စားလစ်နဲ့ လမ်းလျှောက်သူတွေကို တွေ့ရင်

          by ဇူးဇူး
          7 April 2017
          in ဆောင်းပါး
          Reading Time: 1 min read
          A A
          အဝတ်ဗလာနဲ့ အမျိုးသမီးတွေရဲ့ လမ်းလျှောက်နေတဲ့ ဓာတ်ပုံတွေကို လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တင်ကြ၊ ရှယ်ကြတာ သတိရှိကြပါ

          အဝတ်ဗလာနဲ့ အမျိုးသမီးတွေရဲ့ လမ်းလျှောက်နေတဲ့ ဓာတ်ပုံတွေကို လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တင်ကြ၊ ရှယ်ကြတာ သတိရှိကြပါ

          16.8k
          VIEWS
          Share on FacebookShare on Twitter

          ရန်ကုန်တိုင်း ဒေသကြီးအတွင်း လူသွားလူလာများပြားတဲ့ ကားလမ်းမပေါ်မှာ အမျိုးသမီးတွေ အဝတ်ဗလာ ဝတ်လစ် စားလစ်နဲ့ သွားလာနေမှုဟာ တပတ်အတွင်းမှာ သုံးကြိမ်ခန့် ဖြစ်ပွားခဲ့တယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

          အဲဒီလို အဝတ်ဗလာနဲ့ အမျိုးသမီးတွေရဲ့ လမ်းလျှောက်နေတဲ့ ဓာတ်ပုံတွေကို လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တင်ကြ၊ ရှယ်ကြရင်း ပျံ့နှံ့သွားတဲ့အခါ အမျိုးမျိုးသော ဝေဖန်သံတွေ၊ ထင်မြင်ချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။

          RelatedPosts

          တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မိုးဗြဲ

          တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မိုးဗြဲ

          11 December 2023
          1k
          ကွန်လုံ ဟူသည်မှာ…

          ကွန်လုံ ဟူသည်မှာ…

          10 December 2023
          2k
          အနာဂတ်ပန်းကလေးများရဲ့ ဥယျာဉ်မှူး CDM ဆရာမ

          အနာဂတ်ပန်းကလေးများရဲ့ ဥယျာဉ်မှူး CDM ဆရာမ

          9 December 2023
          927

          စိတ်ပုံမှန် အနေအထား ရှိနေသူအဖို့ ဘယ်သူမှ ဒီလို ပြုမူမှာမဟုတ်ဘဲ စိတ်ရောဂါ ခံစား ဖောက်ပြန်လာလို့ ဖြစ်စေ၊ တခြားသော စိတ်ဖိစီးမှုတွေကြောင့် ဖြစ်စေ ဒီလို ပြုမူတာ ဖြစ်နိုင်တယ်လို့ ထင်မြင်ချက် ပေးသူတွေက ပေးကြသလို တချို့ကတော့ ဒါဟာ မူးယစ်ဆေးကြောင့် ဖြစ်တာလို့လည်း ဝေဖန် ဆွေးနွေးနေကြတာ တွေ့ရပါတယ်။

          ပထမဦးဆုံး အနေနဲ့ မတ်လ ၂၈ ရက်က ရန်ကုန်မြို့လယ်ကောင် အနော်ရထာ လမ်းမပေါ်မှာ လင်မယားနှစ်ဦး စကားများ ရန်ဖြစ်နေတာကို ရဲတပ်ဖွဲ့က သွားရောက် တားဆီးစဉ် အမျိုးသမီးက အဝတ်အစားတွေ ချွတ်ချပြီး လမ်းမပေါ် ပြေးလွှား ခဲ့တာကနေ စတင်ခဲ့တာပါ။

          အဲဒီ အမျိုးသမီးဟာ မြောက်ဥက္ကလာပမြို့နယ်မှာ နေထိုင်သူဖြစ်ပြီး အလုပ်ရှာဖို့ အိမ်ကနေ နှစ်ဦးသား ထွက်ခွာလာပြီး အလုပ်အကိုင် မရရှိတဲ့ ကိစ္စနဲ့ ပတ်သက်လို့ တယောက်တခွန်း စကားများခဲ့ကြရာက ဒေါသအလျောက် အခုလို ပြုမူခဲ့တာလို့ ရဲမှတ်တမ်းအရ သိရပါတယ်။
          လမ်းမတော်မြို့မ ရဲစခန်းကတော့ အဲဒီလင်မယား နှစ်ဦးကို ခံဝန် ခြေချုပ် လက်မှတ်ရေးထိုးခိုင်းကာ ပြန်လွှတ်ပေးခဲ့တယ် လို့ ဆိုပါတယ်။

          စိတ်ပညာဌာန အငြိမ်းစား ပါမောက္ခ ဆရာမတဦးက “လူတယောက်နဲ့ တယောက်တော့ မတူဘူး။ တခါတလေ ကျရင် လွတ်လွတ်လပ်လပ် ပေါက်ကွဲသွားတော့ စိတ်ရော လူရော လွတ်သွားတတ်တယ်။ တချို့ ရန်ဖြစ်ကြတယ်။ မခံချင်အောင် ပြောရင်း အရှက်အကြောက် ကင်းမဲ့စွာနဲ့ ပက်ပက်စက်စက်ကို နာကျင်အောင် ပြောတယ်။ ကိုယ့်ရဲ့ အရှက်အကြောက် တရားတွေ မရှိအောင် ဖော်ပြတယ်။ အဲဒါမျိုး ပြင်းထန်သွားတာမျိုး ဖြစ်မှာပေါ့” လို့ မှတ်ချက်ပြုပါတယ်။

          “စိတ်ဖိစီးမှု အရမ်းများတဲ့သူဆိုရင် ဆွေးနွေး နှစ်သိမ့်မှု လုပ်ပေးလို့ရတယ်။ သူ့မှာ ဘယ်လို ပြဿနာမျိုးတွေ ရှိလဲဆိုတာကို တတ်ကျွမ်းတဲ့ စိတ်ပညာရှင် တယောက်နဲ့ စကားလာပြောမယ်။ သူ့ရင်ထဲကဟာတွေ ဖွင့်ထုတ်မယ်ဆိုရင် အနည်း ဆုံးတော့ သူ ဖွင့်ပြောလိုက်ရတဲ့ အတွက်ကြောင့် သက်သာသွားမယ်။ ပေါက်ကွဲမှု တော်ရုံတန်ရုံ မဖြစ်တော့ဘူး” လို့ ဆရာမက ဖြည့်စွက် ပြောပါတယ်။

          မတ်လ ၃၁ ရက်မှာတော့ မရမ်းကုန်းမြို့နယ် ပြည်လမ်းမ အလယ်မှာ အသက် ၂၆ နှစ်အရွယ် အမျိုးသမီးတဦး အဝတ် ဗလာနဲ့ လမ်းလျှောက်နေတာကို တာဝန်သိ ပြည်သူတဦးရဲ့ သတင်းပေးချက်အရ မရမ်းကုန်း ရဲတပ်ဖွဲ့ဝင်တွေက သွားရောက် ထိန်းသိမ်းခဲ့ရပါတယ်။

          အဲဒီ အမျိုးသမီးဟာ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်မှာ နေထိုင်သူဖြစ်ပြီး ၎င်းကို မရမ်းကုန်း မြို့မရဲစခန်းက အများပြည်သူ အနှောင့်အယှက်ဖြစ်စေရန် သွားလာမှု ပုဒ်မ ၄၁/၁၅ နဲ့ အမှုဖွင့် အရေးယူခဲ့ပြီး တရားရုံးကနေ ဒဏ်ငွေ ၅၀ ကျပ် ဒဏ်ရိုက်ခဲ့တယ်လို့ မရမ်းကုန်း ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတဦးက ပြောပါတယ်။

          “အဲဒီ အမျိုးသမီး အနေနဲ့ မူးယစ်ဆေးဝါး သုံးစွဲထားတာ မတွေ့ရသလို စိတ်ကျန်းမာရေးလည်း ကောင်းမွန်ပါတယ်။ သူ့အနေနဲ့ အခုလို အဝတ်ဗလာနဲ့ လမ်းလျှောက်ရတာဟာ မိသားစု အတွင်းပြဿနာတွေကြောင့်ပါ” လို့ ရဲအရာရှိက ပြောပါတယ်။

          မျက်မြင်တွေ့ရှိသူ တဦးရဲ့ ပြောပြချက်အရ အဲဒီအမျိုးသမီးဟာ ၁၀ မိုင်ကုန်းရှိ ဒံပေါက်ဆိုင်ရှေ့ ပြည်လမ်းမမှာ ၃နှစ် အရွယ် ကလေးတဦးနဲ့ ၁ နှစ်အရွယ် ကလေးတဦးကို ထားခဲ့ပြီး အဝတ်အစားတွေ ချွတ်ကာ ၉ မိုင်ဘက်ကို လမ်းလျှောက် သွားခဲ့တာလို့ ဆိုပါတယ်။

          ဒီလို အရေးယူတာနဲ့ ပတ်သက်လို့ ဖေ့စ်ဘုတ် သုံးစွဲသူတဦးက “ စိတ်ကျန်းမာရေး အထူးကု သမားတော်တွေရဲ့ စစ်ဆေး မှုကို ရသင့်ပါတယ်။ အရေးယူတာထက် သူ့မှာ ရောဂါရှိရင် သက်သာ ပျောက်ကင်းအောင် ကုသနိုင်ဖို့ အရေးကြီးပါတယ်။ ကိုယ့်မိသားစုဝင်သာဆို ကိုယ်ဘယ်လို သဘောထားမလဲ” လို့ ရေးသားထားတာ တွေ့ရပါတယ်။

          ထို့အတူ ဧပြီ ၁ ရက်က ထပ်မံ ဖြစ်ပွားခဲ့တဲ့ ရွှေပြည်သာမြို့နယ် အမှတ် ၄ လမ်းမပေါ်မှာ အောက်ပိုင်း အဝတ်ဗလာနဲ့ လမ်း လျှောက်ခဲ့တဲ့ အမျိုးသမီးကတော့ စိတ်ဝေဒနာ ခံစားနေရတဲ့သူဖြစ်လို့ စိတ်ကျန်းမာရေး ဆေးရုံကို ပြန်လည်ပို့ဆောင် ပေးခဲ့ တယ်လို့ လှော်ကား နယ်မြေရဲစခန်းက သိရပါတယ်။

          မည်သို့ပင် ဆိုစေကာမူ ဒီလို အမျိုးသမီးတယောက် အဝတ်အစား မကပ်ဘဲ လူပုံအလယ်မှာ ခြေဦးတည့်ရာ လျှောက်သွား နေတာဟာ ကဲ့ရဲ့ရှုတ်ချစရာ၊ ဟာသလုပ်စရာ မဟုတ်ဘဲ အမျိုးသမီးတွေအတွက် စိုးရိမ်စရာ၊ ပူပန်စရာ ဖြစ်တယ်လို့ အမျိုးသမီးအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

          အမျိုးသမီးတွေ ဒီလို ဘာကြောင့် ဖြစ်သွားတာလဲ။ ဒီလို ဖြစ်ရတဲ့ နောက်ကွယ်မှာ ဘာပြဿနာတွေ ရှိနေလဲ။ စိတ်မကောင်းလိုက်တာ။ ရင်လေးစရာပဲဆိုတဲ့ မှတ်ချက်မျိုးထက် တော်တော်များများဟာ ဒီအမျိုးသမီးတွေအပေါ်မှာ အဆိုးဘက်က မြင်ကြတာပိုများနေတာ တွေ့ရပါတယ်။

          “ကျမတို့ လူမှု ပတ်ဝန်းကျင် အနေနဲ့ အမြင်တွေ ပြောင်းသင့်တယ်လို့ ထင်တယ်။ မှတ်ချက်ပြုတဲ့ အခါလည်း ကဲ့ရဲ့ ပြစ်တင်တဲ့ စကားတွေပဲ များနေတာဟာ ကျမတို့ လူမှုဝန်းကျင်အတွက် မကောင်းဘူး။ ကျမတို့လို အမျိုးသမီးအရေး လှုပ်ရှား ဆောင်ရွက်နေသူတွေအတွက် ပို စိတ်မကောင်း ဖြစ်မိတယ်” လို့ Triangle Women အဖွဲ့ ဒါရိုက်တာ မခင်လေးက ပြောပါတယ်။

          အမှန်တကယ်ဆို ဒီလိုပုံမျိုးတွေ တက်လာရင်တောင် မရှယ်သင့်ပါဘူး။ ရှယ်မယ် ဆိုရင်လည်း အမျိုးသမီးတွေရဲ့ လျှို့ဝှက်တဲ့ မမြင်သင့်တဲ့ နေရာတွေကို ကျင့်ဝတ်သိက္ခာအရ တခုခုနဲ့ ဖုံးအုပ်ပြီးမှ ပြန်လည် မျှဝေသင့်ပေမယ့် ဒီလို ကျင့်ဝတ်မျိုး ရှိဖို့တောင် တော်တော် အားနည်းနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

          “ တွေ့ရင် ဓာတ်ပုံရိုက်ပြီး ဖေ့စ်ဘုတ်ပေါ် တင်မယ့်အစား အောက်ခံဘောင်းဘီပါတဲ့ အမျိုးသားတွေက ကိုယ့်ပုဆိုးကို ချွတ်ပြီး ဝတ်ပေးစေချင်တယ်။ မပါလည်း ကားပေါ်က အဝတ်တခုခု လွှမ်းပေးခဲ့ကြပါ။ ရယ်စရာ လုပ်တာထက် ကိုယ့် အမျိုးထဲက တယောက်ယောက်ဆိုရင် ဘယ်လိုနေမလဲ စဉ်းစားကြပါ ” လို့ ဖေ့စ်ဘုတ်သုံးစွဲသူ တဦးက ရေးသားထားတာ တွေ့ရပါတယ်။

          လတ်တလော ဖြစ်နေတာတွေနဲ့ ပတ်သက်လို့ တာဝန်ရှိတာ ဘယ်သူလဲလို့ မေးရင် အဓိက သက်ဆိုင်တာကတော့ ကာယကံရှင် မိသားစုဝင်တွေပါ။ ဒါပေမယ့် သူသည် စိတ်မနှံ့သူလား၊ မိသားစုနဲ့ အဆက်အသွယ် ပြတ်နေသူလား ဆိုတာကို မသိနိုင်တဲ့အတွက် ပထမဆုံးအနေနဲ့ လူမှုပတ်ဝန်းကျင် အားလုံးမှာ တာဝန်ရှိပါတယ်။

          အမြင်မတော်တဲ့သူက ဒီလိုမျိုး တွေ့ပြီဆိုတာနဲ့ အမြင်မတော် ဘေးအန္တရာယ် ဖြစ်နိုင်တဲ့ အနေအထားကနေ အရင်ဆုံး ထိန်းသိမ်းထားပြီး အမျိုးသမီး အဖွဲ့အစည်းတွေ တခြားသော သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းတွေကို အကြောင်းကြား ရမှာ ဖြစ်ပါတယ်။

          တာဝန်ရှိသူတွေဆီ ရောက်သွားတဲ့အခါမှာတော့ ဒီအမျိုးသမီးဟာ စိတ်ကျန်းမာရေးကြောင့်လား၊ မူးယစ်ဆေးဝါးကြောင့် လား၊ စိတ်ဖိစီးမှုတွေကြောင့်လား ဆိုတဲ့ နောက်ကွယ်က အကြောင်းရင်းတွေကို သိအောင်စုံစမ်းပြီး ယာယီအားဖြင့် သူ့ကို စိတ်သက်သာရာရအောင်၊ ခိုးနာစရာမရှိရင် ခိုနားစရာ ရအောင် အစိုးရအနေနဲ့ တာဝန်ယူ ဆောင်ရွက်ပေးရမှာ ဖြစ်တယ်လို့ မခင်လေးက ပြောပါတယ်။

          စဉ်းစားရမှာက ပြည်သူတွေမှာ ဘယ်လောက်တောင် မွန်းကျပ်မှုတွေ ဖြစ်နေပြီလဲ။ စီးပွားရေးကစ အစစ အရာရာ ဖိအားတွေ ဘယ်လောက်တောင် များနေပြီလဲ။ မူးယစ်ဆေးဝါးနဲ့ အရက်သေစာတွေရဲ့ သားကောင်တွေ ဘယ်လောက် တောင် ဖြစ်နေပြီလဲ ဆိုတာတွေကို တာဝန်ရှိတဲ့သူတွေက သေချာလေ့လာ စူးစမ်း သုံးသပ်သင့်တယ်လို့ ဆိုပါတယ်။

          မခင်လေးက“ကျမတို့ ပတ်ဝန်းကျင်မှာ အမျိုးသမီးမှ မဟုတ်ပါဘူး။ အမျိုးသားပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် ပြဿနာ တခုခု ကြုံလာပြီဆိုရင် စပြီး အပြစ်တင် ကဲ့ရဲ့မယ့်အစား ဘယ်လို ကူညီပေးရမလဲ။ သူ ဘာကြောင့် ဖြစ်သလဲဆိုတဲ့ဟာကို စာနာ နားလည်ပေးဖို့ လိုအပ်နေတယ်။ ကျမတို့ရဲ့နှလုံးသားထဲက စာနာ နားလည်ပေးမှုတွေ မရှိဘဲနဲ့ အပြစ်တင်မှုတွေပဲ ရှိနေမယ်ဆိုရင် ကျမတို့ လူ့အသိုင်းအဝိုင်းက အရိုင်းအစိုင်း အသိုင်းအဝိုင်းပဲ ဖြစ်နေဦးမှာပဲလို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။

          ရာသီဥတုကလည်း အပူချိန် အရမ်းပြင်းထန်လာတဲ့အတွက် နောက်ပိုင်းမှာ ဒါမျိုးတွေ ထပ်မပေါ်လာနိုင်ဘူးလို့ မပြောနိုင်တာမို့ ဒီလိုမျိုးတွေ ထပ်မဖြစ်အောင် ဘယ်လို ကာကွယ်မလဲ။  ဖြစ်လာရင်ကော တာဝန်ရှိသူတွေ အနေနဲ့ ဘယ်လိုအရေးတယူနဲ့ အမြန်ဆုံး ဆောင်ရွက်နိုင်အောင် ဘယ်လို လုပ်မလဲ ဆိုတာတွေကို စဉ်းစား အဖြေရှာသင့်ပါတယ်။

          Your Thoughts …
          Tags: ဝတ်လစ်စားလစ်
          ဇူးဇူး

          ဇူးဇူး

          ဧရာဝတီ

          Similar Picks:

          No Content Available
          Next Post
          ပေါ့ပါးပြီး ရုပ်ထွက်ကောင်းတဲ့ Huawei MediaPad T2 7.0 Pro

          ပေါ့ပါးပြီး ရုပ်ထွက်ကောင်းတဲ့ Huawei MediaPad T2 7.0 Pro

          စပြီးတော့ ပြောင်းလဲနေပါပြီ။ ဒါပေမယ့် တိုးတက်မှုက နှေးကွေးနေတယ်တချို့က မြင်သည်  / Reuters

          နှေးကွေးလွန်းသော အပြောင်းအလဲအပေါ် စီးပွားရေးသမားများ စိတ်ပျက်

          No Result
          View All Result

          Recommended

          လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

          လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

          3 days ago
          18.7k
          မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

          မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

          2 days ago
          13.4k

          Most Read

          • မြန်မာ့ ပြောက်ကျားစစ် အောင်နိုင်ရေး အယူအဆ၏ အန္တရာယ်များ

            မြန်မာ့ ပြောက်ကျားစစ် အောင်နိုင်ရေး အယူအဆ၏ အန္တရာယ်များ

            shares
            Share 0 Tweet 0
          • တရုတ်က ရှမ်းမြောက်စစ်ပွဲ ရပ်ပေးနိုင်သလား

            shares
            Share 0 Tweet 0
          • မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

            shares
            Share 0 Tweet 0
          • စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

            shares
            Share 0 Tweet 0
          • လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved