ဆောင်းပါး

အမှန်အကန် သရော်စာဆိုတာ

Want create site? Find Free WordPress Themes and plugins.

စာရေးသူ-  ရွှန်းမီမီထက်

စာအုပ်အမည်- အမှန်အကန်ဖူးစာ အပါအဝင် သရော်စာစုများ

အမျိုးအစား- သရော်စာ

ထုတ်ဝေသည့်တိုက်- ပန်းသို့မွှေး စာအုပ်တိုက်

ထုတ်ဝေသည့်ကာလ- ၂၀၁၇၊ ဖေဖော်ဝါရီ

တန်ဖိုး- ၄၅၀၀ ကျပ်

မြန်မာပြည်မှာ စာဖတ်ပရိသတ်တွေကြား သရော်စာ (Staire)တခေတ် အဆက်မပြတ် အားကောင်းခဲ့ဖူးပါတယ်။

သရော်စာကို အစောဆုံးရေးသားခဲ့သူကတော့ ရေသည်ပြဇာတ်ရေးခဲ့တဲ့ စလေဦးပုညလို့ ထင်ပါတယ်။ နောက်၂ ဦးက တော့ ဝန်စာရေးဦးကြီးနဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဖြစ်ပါတယ်။ စာပေသုတေသီများဖော်ထုတ်မှသာ မြန်မာ့သရော် စာသမိုင်းမျိုး ရှိမှာ ဖြစ်ပါတယ်။

မောင်သစ်၊ အီကြာကွေး၊ မင်းလူ၊ ကြပ်ကလေး၊ မာန်မြင့်၊ ဂျက် (ကွမ်းခြံကုန်း)၊ ဟစ်တလုံးတို့နောက် သရော်စာနဲ့ ပတ် သက်ပြီး ကလောင်သစ်၊ စာအုပ်သစ်သိပ်မတွေ့ရဘဲ ခုနောက်ပိုင်းနှစ်များမှာမှ ဗြိတိသျှ ကိုကိုမောင်၊ ရန်လိုကျွဲ၊ ရွန်းမီမီ ထက် အစရှိသဖြင့် သရော်စာလိုင်းမှာ ကလောင်စိပ်စိပ်တွေ့လာရပါတယ်။

သို့သော်လည်း မြန်မာပြည်သရော်စာခေတ်ကို ပြန်ကြည့်လိုက်ရင်လည်း အမျိုးသားစာရေးဆရာအများစုကို တွေ့ရမှာဖြစ် ပါတယ်။ အခြားဝတ္ထုရေးသားနည်းအမျိုးမျိုးနဲ့ရေးသားကြတာဖတ်ရသော်လည်း သရော်စာနဲ့ပတ်သက်ရင် အမျိုးသမီး တ ယောက်အနေနဲ့ ရေးသားမှုနည်းတာဖြစ်ပါတယ်။

သရော်စာ (Staire) ဆိုတာ သူများအားနည်းချက်လောက်သာ ရေးဖွဲ့တာမဟုတ်ဘူးလို့လည်း (Staire)နဲ့ပတ်သက်ပြီး မှတ် သားထားဖူးတာမို့ သရော်စာတပုဒ်ရဲ့ခက်ခဲမှုကိုလည်း စာနာနားလည်မိပါတယ်။ ဟိုတလောလေးကတော့ ရွှေနဲ့စတဲ့ က လောင်ရှင်တယောက် တွေ့လိုက်မိပေမယ့် ရုပ်ရှင်ဘက်လိုလို ကူးသွားတယ် ကြားလိုက်မိတယ်။

ယခုစာအုပ် (အမှန်အကန်ဖူးစာ အပါအဝင် သရော်စာစုများ)ကို ရေးသားသူက လူငယ်အမျိုးသမီးတဦး ရေးထားတာဆို တော့ ဘယ်လိုတွေ တွေ့ကြုံ သရော်ထားသလဲ ပိုသိချင်မိပါတယ်။ ဒုတိယမြောက် သရော်စာစာအုပ်ဆိုတော့ ပိုလို့စိတ်ဝင် စားမိပါတယ်။

စာရေးသူ(ရွှန်းမီ)ကို ပုံနှိပ်မီဒီယာလောကတွင်း သိပ်မတွေ့ရပေမယ့် ဒုတိယမြောက်စာအုပ် ရေးသားထုတ်ဝေလာနိုင်တဲ့ လူငယ်အမျိုးသမီးတဦးဆိုတာနဲ့ပင် ကြိုဆိုမိပါတယ်။

စာအုပ်အပြင်အဆင်ကစ ကတ်ထူဘူးနဲ့ပြုလုပ်ထားပြီး အဖုံး၊ အတွင်းသရုပ်ဖော် ကာတွန်း စောမင်းဝေရဲ့လက်ရာတွေဖြစ်ပါ တယ်။ ကိုယ့်လူမှုပတ်ဝန်းကျင်မှာ မြင်နေရတဲ့ လူပုဂ္ဂိုလ်များကို အရုပ်များအဖြစ် သရုပ်ဖော်ဆွဲထားပါတယ်။

စာအုပ်မှာ အမှန်အကန်ဖူးစာ၊ ကလောင်မွှေတန်ခိုးနဲ့စောင်ရေတိုးစေမည်။ ကလောင်မွှေတန်ခိုးနဲ့စောင်ရေတိုးစေမည်(၂)၊ ကလောင်မွှေတန်ခိုးနဲ့ စောင်ရေတိုးစေမည်(၃)၊ အမျိုးကောင်းသားနှင့် သိုးဆောင်းစကား၊ ပရီးပယားလိဂ်၊ ဟူမင်းရိုက်ထ်၊ ဓာတ် ဖမ်းတဲ့မှတ်တမ်း၊ ရှေးသရောအခါ..ပြည်ဗာရာဝယ်၊ အဖိုးတန်မြေ၊ စကားရည်လုပွဲ၊ လိုင်စင်ရ၊ မြန်မာဦးအစ. ကြေ ညာစာ၊ နတ်ကော်မရှင်နဲ့ဘဏ္ဍာတော် ငါးဆယ်၊ မဟာကရုဏာရှင်၊ နတ်တို့၏မာယာ၊ ယာဘဂိုး၊ နောက်ဆုံးပေါ်၊ ပျံလေဦး တော့ ငှက်ငယ်၊ သရော်စာ ၁၉ပုဒ် ပါဝင်ပါတယ်။ သရော်စာ ၁၉ ပုဒ်လုံးဟာ လူမှုကွန်ရက်တခုဖြစ်တဲ့ Facebook မှာ တင် ထားခဲ့ရာမှ လူဖတ်များ၊ လူကြိုက်များလာခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

စာအုပ်ရဲ့ခေါင်းစီးဖြစ်တဲ့ အမှန်အကန်ဖူူးစာကို စာအုပ်စစချင်းမှာ အမှာစကားများပြီးတဲ့နောက်မှာ စတင်ဖတ်ရပါတယ်။ သရော်စာဆိုငြား ဟာသဝတ္ထုတိုတပုဒ်ထက် ရသပိုပေးနိုင်စွမ်းမရှိဘူးလို့ ပြောချင်ပါတယ်။

တက္ကသိုလ်မှာတောင် ချစ်သူမရခဲ့တဲ့ ရွှန်းမီဆိုတဲ့ကောင်မလေးတယောက် အွန်လိုင်းမှာမျက်စိမှောက်ပြီး ကိုကိုကာလသား တွေ စွန်းကြွေတဲ့အကြောင်းနဲ့စထားပြီး ရွှန်းမီကို လာကြူသူတွေရဲ့အလွဲတွေ၊ ကမောက်ကမဖြစ်မှုတွေကို ရေးသားထား တာဖြစ်ပါတယ်။

နောက်ဆုံးပိုင်းလေးမှာတော့ ကွီးဖြိုး၊ ကွီးမြင့်နိုင်၊ ဒေါ်သက်သက်ခိုင်တို့အမည်နာမများကို အပိတ်တွင် ထည့်သုံးလိုက်ပြီး ကလေးတွေကို ဆုံခွင့်ပေးလိုက်ပါ ကိုဖြိုးရယ်ဆိုပြီး အဆုံးသတ်ထားခဲ့ပါတယ်။

ကလောင်မွှေတန်ခိုးနဲ့စောင်ရေတိုးစေမည်ခေါင်းစဉ်နဲ့ ၁၊ ၂၊ ၃ ဆိုပြီး ၃ ပုဒ် ပါဝင်ပါတယ်။ ဘုထက်ဂျာနယ်ဆိုပြီး လူမှု ကွန် ရက်တွင် ခေတ်ထနေတဲ့ဟာသများနဲ့ သတင်းခေါင်းစဉ် အတွဲအစပ်ညီညီ ရေးသားထားနိုင်တာလည်း တွေ့ရပါတယ်။

ဂျာနယ်ထုတ်ရန် အယ်ဒီတာတယောက်အနေနဲ့ကိုယ့်ဂျာနယ်ပေါက်ဖို့ အဓိက၊ သတင်းအရင်းအမြစ်က အရေးမကြီးဆိုတဲ့ ပြင်ပကမ္ဘာမှာရှိနေတဲ့ စရိုက်သဘာဝတွေကို သရော်ထားတာဖြစ်ပါတယ်။

“ဂုတ်ထိပ်တံတားထိပ်မယ် မေကြည်နဲ့အဖွဲ့ အရိုက်ခံရ၊ ရိုက်သွားသူမှာ လူမျိုးခြားဖြစ်”

တကယ်တမ်း ဖြစ်စဉ်အမှန်က မေကြည်တို့သူငယ်ချင်းတသိုက်တို့ ဂုတ်ထိပ်တံတားမှာ ဓာတ်ပုံဆရာ အပ္ပနားရဲရင့် က ဓာတ်ပုံရိုက်ပေးနေတာဖြစ်သည်။

“ဒဂုံ(၁)တွင် ဝမ်းရောဂါ ဖြစ်ပွားလျက်ရှိ”

မိဘတွေက ကိုယ့်သားသမီး အဆင့်တစ်မရတော့ ဖေ့စ်ဘုတ်တင် မကြွားရလို့ ဝမ်းမပေးတာကို ဒေါသထွက်တဲ့ ဝမ်းရောဂါ။

NLD အမာခံပုဂ္ဂိုလ်ကြီးလေးသက်ကို မီဒီယာသမားမောင်သိန်းဝင်းကိုမှ လှန်ပြဆိုပြီး “လှန်နဲ့ လှံ” စာလုံးပေါင်းလွဲချော်မှု ရဲ့တခြား အနက်အဓိပ္ပာယ်ကိုလည်း ရောက်ရှိသွားကြောင်း ဖတ်ရမှာဖြစ်ပါတယ်။

“အုပ်ချုပ်ရေးဝန်ထမ်းတဦးမှ NLD အမာခံတဦးကို လာဘ်ခေါ်ပေး”

တကယ်ပေးတာက လာဘ်လာဘဝင်တယ်ဆိုတဲ့လက်လှုပ်တုပ်လှုပ် ကြောင်ရုပ်လေးနဲ့ စိန္တာမဏိဂါထာ စနစ်တကျ ရွတ်ပွား ပူဇော်နည်း…။

စာလုံးပေါင်း အမှားမျိုးနဲ့ လူတွေရှော့ရသွားစေမယ့် ခေါင်းစဉ်များနဲ့ စိတ်ဝင်စားမှုရှိအောင် ဆွဲခေါ်သွားနိုင်တာလည်း တွေ့ရ ပါတယ်။

ဖြစ်ပေါ်နေတဲ့ မြန်မာ့နိုင်ငံရေးအခင်းအကျင်းများကိုလည်း မမေ့မလျော့ ကလိထားပါသေးတယ်။ ဓာတ်ဖမ်းတဲ့ မှတ်တမ်း၊ ရှေးသရောအခါ ပြည်ဗာရာဝယ်၊ အဖိုးတန်မြေ၊ မြန်မာဦးအစ ကြေညာစာ၊ နတ်ကော်မရှင်နဲ့ဘဏ္ဍာတော် ငါးဆယ်၊ ယာဘ ဂိုးတို့မှာ သမ္ဘာရင့်သရော်စာရေးသူတယောက်ရဲ့လက်လို အပျိုး၊ အနှိုး၊ အသိမ်း ကောင်းမွန်တာတွေ့ရပါတယ်။ သေချာ ပြောနိုင်တာတခုက ဖတ်သူ ပျင်းရိလေးလံမသွားဘူးဆိုတာပါပဲ။

ရှေးသရောအခါ ပြည်ဗာရာဝယ်ဆိုတဲ့ သရော်စာမှာတော့ မဟာရန်ကုန်မြို့တော်ကြီး ကွီးဖြိုးရဲ့မဟာစီမံချက်ကြီး YBS ကာလအတွင်း ဝန်ကြီးချုပ် ကားစီးပြခဲ့တဲ့အကြောင်းကို တို့ထိထားတာဖြစ်ပါတယ်။ ဖတ်ရတာ တိုတောင်းသော်လည်း ပေးချင်တဲ့ မက်ဆေ့ကတော့ ရလိုက်တယ်လို့ ပြောရမှာဖြစ်ပါတယ်။

ဝန်ကြီးချုပ် လိုင်းကားစီးပြီးနောက် ကိုရွှေစပယ်ယာများရဲ့ဒုံရင်းဒုံရင်း စိတ်နေစိတ်ထားများကိုလည်း အခုလိုရေးသားထား ပါတယ်။

“ဟိုလူ လိုက်မှာလား၊ မလိုက်ဖူးလား

လိုက်မယ်ဆိုတက်၊မလိုက်ရင်နောက်ဆုတ်”

တက်မလိုနဲ့ မတက်ဖူးလိုနဲ့

တက်ကြိတ်မိလို့ ခေါင်းပြားရင် ဖောင်းကားအောင်လုပ်လို့မရဘူး”ဆိုတဲ့ မဟာရွှေမြို့တော်ရန်ကုန်ရဲ့ပီယဝါစာ အထူးကျွမ်း ကျင်တဲ့ ဒရိုင်ဘာ၊ စပယ်ယာတို့ရဲ့အသံများနဲ့ လိုင်းကားစီးဒုက္ခကို ရေးသားထားတာဖြစ်ပါတယ်။

အနှစ်ချုပ်ဆိုရရင် ဟာသစာပေ၊သရော်စာ စတဲ့လိုင်းများမှာ မရှိသေးတဲ့ လူငယ်အမျိုးသမီးစာရေးဆရာတဦးကို ရရှိခဲ့သလို ဆက်လက်ပြီးလည်း နိုင်ငံ့အတွင်းက အစိုးရ၊ အဖွဲ့အစည်းတခုခုရဲ့အားနည်းချက်တွေကို တို့ထိနိုင်ဖို့ မျှော်လင့်ပါတယ်။ သ ရော်စာအရေးအသားဘက်မှာ လူငယ်အမျိုးသမီးတဦးကို စာမျက်နှာများထက်မှာ တွေ့ရဖို့လည်း စာရေးသူ များစွာ အား ထုတ်စေချင်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading