• English
Monday, December 4, 2023
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

    စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

    ဗုံးတွေ ကျည်ဆံတွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

    ဗုံးတွေ ကျည်ဆံတွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

    မြန်မာတွင် လူကုန်ကူးခံရသူများ ခန္ဓာကိုယ်အစိတ်အပိုင်း ထုတ်ရောင်းခံရ

    မြန်မာတွင် လူကုန်ကူးခံရသူများ ခန္ဓာကိုယ်အစိတ်အပိုင်း ထုတ်ရောင်းခံရ

    အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

    စစ်ကိုင်းနှင့်ကချင် ထိစပ်နေသည့် မြို့များ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာလာကြ

    အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

    အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

    တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

    တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

    ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

    ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

    ဆန္ဒပြပွဲအပြီး တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိကြောင်း စစ်ကောင်စီက ပြော

    ဆန္ဒပြပွဲအပြီး တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိကြောင်း စစ်ကောင်စီက ပြော

    ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

    ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

      “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      လမ်ပန်းက ပြန်ခဲ့တယ်

      လမ်ပန်းက ပြန်ခဲ့တယ်

      မိန်းမ နှင့် ငွေ

      မိန်းမ နှင့် ငွေ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      အမျိုးသမီး သတင်းစာဆရာ

      အမျိုးသမီး သတင်းစာဆရာ

      လောင်စာ

      လောင်စာ

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate
      • Home
      • သတင်း
        • All
        • Crime
        • Development
        • Environment
        • Ethnic Issues
        • Human Rights
        • Military
        • Obituary
        • Politics
        • Religion
        • Women
        • သတင်းတို
        စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

        စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

        ဗုံးတွေ ကျည်ဆံတွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

        ဗုံးတွေ ကျည်ဆံတွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

        မြန်မာတွင် လူကုန်ကူးခံရသူများ ခန္ဓာကိုယ်အစိတ်အပိုင်း ထုတ်ရောင်းခံရ

        မြန်မာတွင် လူကုန်ကူးခံရသူများ ခန္ဓာကိုယ်အစိတ်အပိုင်း ထုတ်ရောင်းခံရ

        အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

        စစ်ကိုင်းနှင့်ကချင် ထိစပ်နေသည့် မြို့များ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာလာကြ

        အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

        အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

        တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

        တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

        ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

        ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

        ဆန္ဒပြပွဲအပြီး တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိကြောင်း စစ်ကောင်စီက ပြော

        ဆန္ဒပြပွဲအပြီး တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိကြောင်း စစ်ကောင်စီက ပြော

        ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

        ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

        Trending Tags

          • All
          • Crime
          • Development
          • Environment
          • Ethnic Issues
          • Human Rights
          • Military
          • Obituary
          • Politics
          • Religion
          • Women
          • သတင်းတို
        • ဆောင်းပါး
        • စီးပွားရေး
        • အာဘော်
          • All
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • အယ်ဒီတာ့အာဘော်
          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

          ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

          ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

          “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

          “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

          • All
          • အယ်ဒီတာ့အာဘော်
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
        • Lifestyle
          • All
          • Automobile
          • Coronavirus Update
          • Culture
          • Education
          • Entertainment
          • Event
          • Food
          • Health
          • Travel
          • Trend
          • အားကစား
          လမ်ပန်းက ပြန်ခဲ့တယ်

          လမ်ပန်းက ပြန်ခဲ့တယ်

          မိန်းမ နှင့် ငွေ

          မိန်းမ နှင့် ငွေ

          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          ထရဂျဒီ၊ ကွန်မီဒီ

          ထရဂျဒီ၊ ကွန်မီဒီ

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          အမျိုးသမီး သတင်းစာဆရာ

          အမျိုးသမီး သတင်းစာဆရာ

          လောင်စာ

          လောင်စာ

          Trending Tags

            • All
            • Entertainment
            • Event
            • Travel
            • Food
            • Trend
            • Culture
            • Health
            • Coronavirus Update
            • Automobile
            • အားကစား
          • Cartoon
          • Photo Essay
          • Women & Gender
          • Labor Rights
          • Election
          • Organized Crime Guide
          • Donate
          No Result
          View All Result
          
          No Result
          View All Result
          Home ဆောင်းပါး

          စိန်ခေါ်မှုတွေကို အနိုင်ယူခဲ့တဲ့ အမျိုးသမီးအုပ်ချုပ်ရေးမှူး

          by ခင်ဦးသာ
          16 May 2017
          in ဆောင်းပါး
          Reading Time: 1 min read
          A A
          မြောက်ဥက္ကလာပမြို့နယ် င/ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်မွန်မွန်အောင် / အဲမလီ / ဧရာဝတီ

          မြောက်ဥက္ကလာပမြို့နယ် င/ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်မွန်မွန်အောင် / အဲမလီ / ဧရာဝတီ

          19.1k
          VIEWS
          Share on FacebookShare on Twitter

          မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးဆိုင်ရာ ကဏ္ဍများတွင် အမျိုးသားများကသာ ဦးဆောင်တာဝန်ယူလေ့ရှိခဲ့သော်လည်း၊ ၂၀၀၀ ခုနှစ် နောက်ပိုင်းတွင် အမျိုးသမီးများလည်း အုပ်ချုပ်မှု တာဝန်များကို ထမ်းဆောင်လာကြသည်။

          အမျိုးသမီး သမ္မတ မရှိသေးသော်လည်း ပြည်ထောင်စုအဆင့် ဝန်ကြီး၊ ဒုဝန်ကြီးများ၊ ပြည်နယ်၊ တိုင်းဒေသအဆင့် ဝန်ကြီး ချုပ်၊ မြို့နယ်အဆင့်မှ ကျေးရွာ ရပ်ကွက် အုပ်ချုပ်ရေးမှူး စသည့် အုပ်ချုပ်မှုဆိုင်ရာ နေရာများတွင် အမျိုးသမီးများ တာဝန် ယူ ဦးဆောင်လာသည်ကိုတွေ့ရသော်လည်း လက်ချိူးရေတွက်လို့ ရသည့် အနေအထားသာ ရှိသေးသည်။
          မြန်မာနိုင်ငံ တဝန်းတွင် ရပ်ကွက် အဆင့် အမျိုးသမီး အုပ်ချုပ်ရေးမှူး ၃၀ ကျော်ရှိရာ ဒေါ်မွန်မွန်အောင်လည်း တယောက် အပါအဝင် ဖြစ်သည်။ ဒေါ်မွန်မွန်အောင်သည် မြောက်ဥက္ကလာပမြို့နယ်တွင် ရပ်ကွက် ၁၉ ခုရှိရာ င/ ရပ်ကွက် မှ တဦးတည်းသော အမျိုးသမီး အုပ်ချုပ်ရေးမှူးလည်း ဖြစ်သည်။

          RelatedPosts

          စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

          စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

          4 December 2023
          9k
          လမ်ပန်းက ပြန်ခဲ့တယ်

          လမ်ပန်းက ပြန်ခဲ့တယ်

          4 December 2023
          957
          ဗုံးတွေ ကျည်ဆံတွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          ဗုံးတွေ ကျည်ဆံတွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          3 December 2023
          9.9k

          ဒေါ်မွန်မွန်အောင်က “ကျမ အုပ်ချုပ်ရေးမှူး ဖြစ်စတုန်း ကဆိုရင် အမျိုးသမီး ဦးဆောင်ရင် နုတ်ထွက်မယ်ဆိုတဲ့ လမ်းမှူးတွေ ရှိတယ်၊ ဘာမှ ဖြစ်မြောက်အောင် လုပ်နိုင်မှာလည်း မဟုတ်ဘူးဆိုတဲ့ အထင်သေး အမြင်သေးတာတွေ အများကြီး ရင်ဆိုင်ခဲ့ရတယ်၊ ဒါပေမယ့် လက်မလျော့ခဲ့ဘူး၊ အလုပ်နဲ့သက်သေပြနိုင်တဲ့အခါမှာတော့ အဆင်ပြေသွားပါပြီ” ဟု ဧရာဝတီ ကို ပြောသည်။

          ဒေါ်မွန်မွန်အောင်သည် ၂၀၁၆ ခုနှစ် အတွင်း အမျိုးသား ၄ ဦးနှင့် တန်းတူ အုပ်ချုပ်ရေးမှူး နေရာကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ယှဉ်ပြိုင်ဘက် အမျိုးသား တဦးက ၇၀ မဲ ထိရရှိခဲ့သော်လည်း သူက ၇၉ မဲဖြင့် မတ်လ ၃၀ ရက်နေ့က ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။

          သူသည် အုပ်ချုပ်ရေးမှူး အဖြစ် ရွေးကောက်ခံရန် ရည်ရွယ်ချက် မရှိခဲ့သည့် အပြင် နိုင်ငံရေး သမားတဦးလည်း မဟုတ်သော်လည်း၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ မဲဆွယ် စည်းရုံးမှုများ ပြုလုပ်ခဲ့ပြီး နောက်ပိုင်းတွင် ရပ်ကွက်နေပြည်သူများ၏ တိုက်တွန်းချက်အရ အုပ်ချုပ်ရေးမှူး အဖြစ် ဝင်ရောက်ယှဉ်ပြိုင် ဖြစ်ခဲ့သည်။ သူ၏ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရာထူးအဖြစ် တာဝန်ထမ်းဆောင်ရင်း ရသည့် လစာသည် ကျပ် ၇ သောင်းဖြစ်သည်။

          “NLD အတွက်မဲဆွယ်ပေးတော့မှပဲ ပြည်သူတွေက ကျမကို သိကြတာ၊ ရွေးကောက်ပွဲပြီးတော့ အုပ်ချုပ်ရေးမှူး အရွေးခံဖို့ တိုက်တွန်းကြရင်းနဲ့ ဝင်ပြိုင်လိုက်တယ်၊ ကျမရဲ့ ပြိုင်ဘက်ကို ၉ မဲ အသာနဲ့ အနိုင်ရခဲ့တာပါ” ဟု ဒေါ်မွန်မွန်အောင် က ပြောသည်။

          ဒေါ်မွန်မွန်အောင်သည် ၂၀၁၀ ခုနှစ်တွင် NLD ပါတီဝင်ဖြစ်လာခဲ့ချိန်မှစ၍ နိုင်ငံရေးလောကသို့ အခြေချလာခြင်း ဖြစ်ပြီး ထိုကာလ မတိုင်မီက အလှပြုပြင်ရေးဆိုင်နှင့်ဆန်အရောင်းဆိုင် အလုပ်တို့ဖြင့် အသက်မွေးဝမ်းကြောင်းပြုခဲ့သည်။ လက်ရှိတွင် ထိုအလုပ်များအား သားသမီးများက ဆက်လက်လုပ်ဆောင်၍ စားဝတ်နေရေး ကိစ္စကို ဖြေရှင်းနေကြသည်ဟု ဆိုသည်။

          သူ၏ ဖခင်သည် တပ်မတော် ဆေးတပ်မှ တပ်ဖွဲ့ဝင် တဦးဖြစ်၍ ၎င်းသည်လည်း စစ်သူနာပြု တဦး ဖြစ်ရန် ရည်မှန်းချက် ရှိခဲ့သည်ဟု သိရသည်။ သို့သော် တက္ကသိုလ် ဝင်တန်း ကျရှုံးသည့်အတွက် ကျောင်းဆက်မတက်တော့ဘဲ မိဘများ သဘောတူသူနှင့် အိမ်ထောင်ပြုဖြစ်ခဲ့သည်။ အိမ်ထောင်ကျပြီးနောက် သမီး ၃ ဦး ထွန်းကားခဲ့ကြောင်း၊ အမျိုးသားဖြစ်သူမှာ လွန်ခဲ့သည့် ၁၄ နှစ်ကျော်က ပြည်ပနိုင်ငံသို့ ထွက်ခွာသွားခဲ့ရာ ယင်းချိန်မှစ၍ ကွာရှင်းခဲ့ကြောင်း ဧရာဝတီ ကို ပြောသည်။

          ဒေါ်မွန်မွန်အောင်က “အုပ်ချုပ်ရေးမှူး အဖြစ်အရွေးခံမယ်လုပ်တော့ အိမ်ထောင်ပျက်၊ တခုလပ်ဆိုပြီး အမျိုးမျိုး အပုပ်ချပြော ဆိုမှုတွေအများကြီးနဲ့ ရင်ဆိုင်ခဲ့ရတယ်၊ တခါတလေမှာတော့ ရှက်ပြီး ငိုခဲ့ရတယ်၊ ဒါပေမယ့် ကြံ့ကြံ့ခံပြီး အနိုင်ယူနိုင်ခဲ့ပါ တယ်” ဟု ဆိုသည်။

          အိမ်ထောင်ရေး တာဝန်များ ထမ်းဆောင်ရန် မလိုအပ်တော့ခြင်းကပင် ပိုမိုကောင်းမွန်ပြီး အများပြည်သူအတွက် အချိန် ပြည့်တာဝန် ထမ်းဆောင်နေနိုင်ခြင်း ဖြစ်ကြောင်း ပြောဆိုသည်။ သို့သော် မိခင်အိုကြီးနှင့်သမီး ၃ ဦးအပြင် အကြီးဆုံး သ မီးမှ မွေးထားသည့်မြေးမလေးတို့အတွက် အချိန်မပေးနိုင်၍ စိတ်မကောင်း ဖြစ်မိသည်ဟုလည်း ပြောသည်။
          အုပ်ချုပ်ရေးမှူး တာဝန်စတင်ထမ်းဆောင်ချိန်က မိခင်အိုကြီးနှင့်သမီးများက အမြင်မကြည်ခဲ့သော်လည်း နောက်ပိုင်းတွင် နားလည်ပေးပြီး လိုအပ်သည့် အကူအညီများကိုပင် ထောက်ပံ့ပေးနေကြကြောင်း မိသားစုဝင်များက ပြောသည်။

          သမီးအကြီးဆုံးဖြစ်သူ မဖြိုးသီရိမွန်က “တနေကုန် အိမ်ပြန်မလာဘူး၊ တရက်လည်း မဟုတ်၊ ၂ ရက်လည်းမဟုတ်ဘူး၊ ပြန်လာတော့လည်း ညမိုးချုပ်မှဆိုတော့ သားသမီးတယောက်အနေနဲ့ စိတ်ဆိုးမိတာပေါ့၊ ဒါပေမယ့် နောက်ပိုင်းမှာတော့ နားလည်လာတယ်၊ ဆုတွေရတော့လည်း ဂုဏ်ယူတာပေါ့၊ ငါ့အမေက သူများအမေတွေ မလုပ်နိုင်တာကို လုပ်နိုင်တယ်ဆို ပြီးတော့ပေါ့” ဟု ဆိုသည်။

          ထို့အတူ လက်ရှိသက်တမ်း ၅ နှစ်အပြင် နောက်ထပ် တကြိမ် ထပ်မံအရွေးခံမည်ဆိုပါက မိခင်ဖြစ်သူအား ထောက်ပံ့ကူညီ ပေး သွားမည်ဟုလည်း မဖြိုးသီရိမွန် ကပြောသည်။
          အုပ်ချုပ်ရေးမှူး အဖြစ် တာဝန်ယူစဉ်က ညဘက်အချိန်များတွင် ကင်းလှည့်ခြင်း၊ လူဆိုးဖမ်းခြင်း အလုပ်များအား စတင် ဆောင်ရွက်ရာတွင် အမျိုးသမီး တဦးဖြစ်သည့်အတွက် ပိုမို အထင်သေးခံရကြောင်း၊ သို့သော် မကြောက်မရွံ့ လုပ်ဆောင်ပြ ခဲ့၍ နောက်ပိုင်းတွင် တဖြည်းဖြည်း အဆင်ပြေလာပြီး အားလုံးက ပူးပေါင်းဆောင်ရွက်မှု အပြည့်ဖြင့် ကူညီပေးကြကြောင်း ဒေါ်မွန်မွန်အောင် က ပြောသည်။

          ၎င်းက “ဆေးမှုနဲ့ဖမ်းခံရသူ တချို့ဆိုပြောသွားတယ်၊ ထောင်ကပြန်ထွက်လာရင်တွေ့မယ်ဆိုပြီး ခြိမ်းခြောက်သွားတာမျိုး တွေ၊ ဒါပေမယ့် သူတို့တချိန်မှာ အမြင်မှန်ရသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ ဘာဖြစ်လို့လည်းဆိုတော့ လူငယ်တွေကို ကျမ က အမေတယောက်လိုမျိုးပဲ အရက်မသောက်ဖို့၊ ဆေးမသုံးဖို့ စည်းရုံးပြောဆိုခဲ့လို့ပါ” ဟု ဆိုသည်။
          ဒေါ်မွန်မွန်အောင်သည် အုပ်ချုပ်ရေးမှူးတာဝန်ယူပြီး တနှစ်ပြည့်မြောက်ချိန်တွင် ၎င်းတို့၏ စွမ်းဆောင်ရည်ကောင်းမွန်မှု ကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့နှင့် ရန်ကုန်တိုင်း အစိုးရအဖွဲ့မှ ဆုများချီးမြှင့်ခြင်း ခံခဲ့ရသည်။ ထိုဆုများကြောင့် ပင် တာဝန်ယူမှု ပိုမိုကြီးမားလာပြီး လူအများ၏ အာရုံစိုက်မှုကို ခံလာနေရသည်ဟု သိရသည်။
          အုပ်ချုပ်ရေးမှူး အဖြစ် စတင်ဆောင်ရွက်စဉ်က ပထမဆုံး အမှုသည် အဆောက်အအုံပြိုကျ၍ လူသေဆုံးမှု ဖြစ်သည်။ ပြိုကျ နေသည့် တိုက်ပေါ်တက်၍ လူသေအလောင်းအား စတင်စစ်ဆေးစဉ်က ထိန့်လန့် တုန်လှုပ်မိသည်ဟု ဆိုသည်။

          ဒေါ်မွန်မွန်အောင်က “မျက်နှာကြီးတခုလုံး ပိပြားပြီး သေနေတာမြင်ရတော့ အတော်လေးကို တုန်လှုပ်သွားတယ်၊ ဆက်မကြည့်ရဲ တော့ဘူး၊ ဒါပေမယ့် နောင်လည်း ဒါမျိုးတွေကြုံရလာနိုင်သေးတာပဲဆိုပြီး တာဝန်ပြီးဆုံးအောင်အထိ လုပ်ဆောင်နိုင်ခဲ့ပါတယ်၊ ဒီအမှု က ပထမဆုံး ကြုံတွေ့ခဲ့ရတဲ့ အမှုပါ” ဟု ဆိုသည်။

          နောက်ပိုင်းတွင် အလားတူ သေမှုသေခင်းများ၊ လူကုန်ကူးမှု၊ ရာဇဝတ်မှု အများအပြား တာဝန်ယူဆောင်ရွက်နိုင်ခဲ့ပြီး၊ ရပ် ကွက်အတွင်း အရက်သေစာ သောက်စားမှု၊ မူးယစ်ရမ်းကားမှုများကိုလည်း လျော့ပါးအောင် ဆောင်ရွက်နိုင်ခဲ့အပြင် လူ ငယ်များကိုလည်း အရက်ကျေးကျွန်၊ မူးယစ်ကျေးကျွန်များ အဖြစ်မှ ကယ်တင်နိုင်ခဲ့ကြောင်း ရပ်ကွက် ရပ်မိရပ်တချို့က ပြောသည်။

          င/ ရပ်ကွက်၏ ရပ်မိရပ်ဖ တဦးဖြစ်သူ ဦးကျော်သန်းက “ဒေါ်မွန်မွန်အောင်ဟာ အမျိုးသမီးတဦးဖြစ်ပေမယ့် ရပ်ကွက်ထဲမှာ လမ်းတွေ၊ ရေမြောင်းတွေ ပြုပြင်တာကအစ ဒီနေ့အထိတော့ သူလုပ်ခဲ့တာတွေအများကြီးပါ၊ ကလေးတွေအတွက် အားက စားကွင်းတချို့ ဖန်တီးပေးနိုင်ခဲ့တယ်၊ အဲဒီတော့ တခြားကိစ္စတွေမှာ အချိန်မဖြုန်းတော့ဘဲ ကလေးတွေဟာ ကစားကွင်း ထဲ ကို အချိန်မှန်ရောက်လာကြတယ်” ဟု ဆိုသည်။

          မြောက်ဥက္ကလာပမြို့နယ်၊ င/ ရပ်ကွက်တွင် သန္တာ၊ နွယ်နီ၊ ဝဇီရာ၊ စက်မှု၊ ယန္တရား စသည့်ဖြင့် အပိုင်း ၅ ခုရှိပြီး၊ အိမ်ခြေ ၅ သောင်းဝန်းကျင်ရှိကာ ကျူးကျော်အိမ်အများဆုံးရပ်ကွက်တခု ဖြစ်သည်။ ထိုကျူးကျော်အများအပြားကိုလည်း စနစ် တကျ ဖြစ်စေရန် ဆောင်ရွက်နိုင်ခဲ့ပြီး၊ နောက်ထပ် ကျူးကျော်များ မရှိစေရန်လည် တနှစ်အတွင်း ဆောင်ရွက်နိုင်ခဲ့သည်ဟုလည်း ဒေါ်မွန်မွန်အောင် က ပြောဆိုသည်။

          ရပ်ကွက်အတွင်း ရေစီးရေလာ ကောင်းမွန်ရေး ဆောင်ရွက်မှုကြောင့် အိမ်ရှင်တချို့၏ တိုင်တန်းမှုများကိုလည်း ခံခဲ့ရသည်။

          ဒေါ်မွန်မွန်အောင်က “တိုင်ပေမယ့် မေတ္တာမပျက်ခဲ့ပါဘူး၊ ရပ်ကွက် ၁၉ ခုမှာ ငါ့ရပ်ကွက်ကို နံပတ် ၁ ဖြစ်ရမယ်၊ စံပြဖြစ်ရ မယ်ဆိုပြီး ခံယူထားတယ်၊ ကိုယ့်ရပ်ကွက်ကို အကောင်းဆုံးဖြစ်အောင် လုပ်ပြီး သမိုင်းတွင် ကျန်ရစ်အောင်လုပ်မယ်လို့ ဆုံး ဖြတ်ချက် ချထားပါတယ်” ဟု ဆိုသည်။

          အမျိုးသမီး တဦးအနေဖြင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး အဖြစ် စတင် တာဝန်ယူခဲ့ချိန်တွင် အခက်အခဲမျိုးစုံ ရှိခဲ့သော်လည်း ၎င်း၏ လက်တွေ့ လုပ်ဆောင်မှုများကြောင့် နောက်ပိုင်းတွင် အားလုံး၏ ပူးပေါင်းပါဝင်မှုကြောင့် အခက်အခဲများကို ကျော် လွှားနိုင်ကြောင်းလည်း ဒေါ်မွန်မွန်အောင် က ပြောသည်။

          သို့သော် ရပ်ကွက်အတွင်းရှိ ကျူးကျော်ပြဿနာဖြေရှင်းခြင်း၊ လမ်းတံတား ကိစ္စများ၊ မြေယာနှင့်ပတ်သက်သည့် အမှုကိစ္စ များ အားဆောင်ရွက်ရာ သက်ဆိုင်ရာမြို့နယ် စည်ပင်အဖွဲ့အနေဖြင့် ပူးပေါင်းပါဝင်မှု အားနည်းသည်ဟု ပြောသည်။

          ဒေါ်မွန်မွန်အောင် က “ဒီနေ့အထိ လုပ်ဆောင်ခဲ့ရတဲ့အထဲမှာ ရဲတပ်ဖွဲ့အပါအဝင် အားလုံးက ပါဝင်ပူးပေါင်းခဲ့ပေမယ့် စည် ပင်သာယာရေးအဖွဲ့ကတော့ ပူးပေါင်းမှု အနည်းဆုံးလို့ ပြောရမှာပါ” ဟု ဆိုသည်။

          ရုုပ်/ သံကြည့်ရှုရန် – https://www.facebook.com/theirrawaddyburmese/videos/1606859599358186/

          Your Thoughts …
          Tags: အမျိုးသမီး အုပ်ချုပ်ရေးမှူး
          ခင်ဦးသာ

          ခင်ဦးသာ

          Senior Reporter

          Similar Picks:

          နေပြည်တော်တွင် ပြုလုပ်နေသည့် အုပ်ချုပ်ရေးမှူးများ စွမ်းရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ  / ဧရာဝတီ

          အုပ်ချုပ်ရေးမှူး ရာထူး အမျိုးသမီးများကို တာဝန်ပေးရန် ရှိဟု ပြည်ထဲရေး ဆို

          by ကျော်မျိုး
          9 August 2018
          11.6k

          အထွေထွေ အုပ်ချုပ်ရေးမှူး တာဝန်ကို အမျိုးသမီးများ အနေဖြင့်လည်း အောင်မြင်စွာ ထမ်းဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း

          နေပြည်တော်တွင် ပြုလုပ်နေသည့် အုပ်ချုပ်ရေးမှူးများ စွမ်းရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ / ဧရာဝတီ

          အမျိုးသမီး အုပ်ချုပ်ရေးမှူး ၇၈ ဦး ခေါင်းဆောင်မှုသင်တန်း တက်ရောက်

          by ထက်နိုင်ဇော်
          16 May 2017
          6k

          ဒီသင်တန်းကနေ အမျိုးသမီးတွေရဲ့ ခေါင်းဆောင်မှုတွေ အရည်အသွေး မြင့်လာဖို့ မြှင့်တင်ပေးတယ်။ သူတို့အနေနဲ့လည်း ဒေသန္တရ တွေမှာ ခေါင်းဆောင်နိုင်တဲ့ အမျိုးသမီးတွေ အဖြစ်နဲ့ ပြန်လည် စည်းရုံးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်

          Next Post
          တပ်သားသစ် စုဆောင်း၍ ထွက်ပြေးလာသော သူများကို နားဟီး ဘုန်းကြီးကျောင်းတွင် တွေ့ရှိရစဉ် / PHWC

          တပ်သားသစ် စုဆောင်း သတင်းကြောင့် ရှမ်း ဒေသခံ ၁၇၀ ကျော် တိမ်းရှောင်နေရ

          ရှမ်းပြည်မြောက်ပိုင်း မန်တုံမြို့နယ်ထဲက စစ်ရှောင် ရှမ်းဒုက္ခသည်များ / လဝီဝမ် / ဧရာဝတီ

          နမ္မတူတွင် စစ်ရှောင်ဒုက္ခသည်ဦးရေ တိုးပွားလာမှုကြောင့် ရိက္ခာများလိုအပ်နေ

          No Result
          View All Result

          Recommended

          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

          6 days ago
          13k
          စစ်ကောင်စီကို ဘယ်လို လက်တွဲ ဖြုတ်ချမလဲ

          စစ်ကောင်စီကို ဘယ်လို လက်တွဲ ဖြုတ်ချမလဲ

          4 days ago
          10.5k

          Most Read

          • စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

            စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

            shares
            Share 0 Tweet 0
          • ဗုံးတွေ ကျည်ဆံတွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

            shares
            Share 0 Tweet 0
          • စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

            shares
            Share 0 Tweet 0
          • စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

            shares
            Share 0 Tweet 0
          • ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved