ကြိုးမဲ့ဆက်သွယ်ရေး နည်းပညာတိုးတက် ကောင်းမွန်လာခြင်းက လူငယ်တွေကြား အွန်လိုင်းအသုံးပြုမှု များ ပြားလာပြီး ဒီလို အင်တာနက် အသုံးများမှုတွေထဲမှာ Facebook က အစ အခြား ချိတ်ဆက်အသုံးပြုမှုတွေကြောင့် တ ယောက်နဲ့ တယောက်ရဲ့အကြောင်းတွေကို မြန်မြန်ဆန်ဆန် သိရှိခွင့်ရလာပါတော့တယ်။
ဒီလို သိရှိမှုတွေက သူတို့ရဲ့ဘဝတွေကို ဘယ်လိုသက်ရောက်မှုတွေ ဖြစ်စေနိုင်ပါသလဲ။ အခုပြောမယ့်အချက်တွေကတော့ အင် တာနက်အသုံးပြုမှုအပိုင်းမှာ မှားယွင်းအသုံးပြုမှု ပုံစံမဖြစ်ရအောင် လမ်းညွှန်ပေးမယ့် အကြောင်းအရာတွေပါ။
(၁) အင်တာနက် အသုံးပြုမှုမှာ အခြားလိုင်းပေါ်ကလူအများကနေလည်း သိနေ၊ မြင်နေတယ်ဆိုတာ သိရှိလက်ခံထားပါ
ကိုယ့်ရဲ့ Post ဟာ ဘယ်လို သဘောထား သက်ရောက်မယ်ဆိုတာ အာမခံချက် မရှိပါဘူး။ ကြည့်ရှုသူကနေ ထင်မြင်ချက် အတိုင်း လက်ခံရမှာပါ။ ဒီတော့ Post တွေ မတင်ခင် မမြင်စေ၊ မသိစေချင်သူတွေကို မသိအောင်၊ မမြင်အောင် ကြိုပြီး ပိတ် ထားပြီးမှ တင်ပါ။
ဥပမာ Facebook မှာ Post တင်ခြင်းပုံစံအနေနဲ့ Public အနေနဲ့ တင်ရင် အားလုံးကနေ ကိုယ့် Post ကို မြင်ရမယ်၊ Private နဲ့တင်ရင် သီးသန့် မြင်စေချင်သူကိုပဲ မြင်စေ၊ တွေ့စေနိုင်မှာမို့ သတိထားပြီး Post တွေ တင်ဖို့ လိုအပ်ပါလိမ့်မယ်။
(၂) အင်တာနက်မှာ သင် တင်သမျှဟာ အမြဲရှိနေတယ် ဆိုတာလက်ခံထားပါ
လူမှုကွန်ရက် အသုံးပြုစနစ်တွေမှာ Cloud စနစ်နဲ့ ချိတ်ထားတာ ဖြစ်လို့ သင့်ရဲ့ Post တွေကို မဖျက်မချင်း Save လုပ် ထားပါတယ်။
တကယ်လို့ သင့်အနေနဲ့ အရေးပါတဲ့အကြောင်းတခုခုကို Post တင်ထားမိတယ်၊ ပြန်မဖျက်မိဘူးဆိုရင် ဘယ်တော့ ပြန်ရှာရှာ တွေ့နေရ၊ ရှိနေမှာ ဖြစ်လို့ တက်တူးရေးထိုးထားသလိုပါပဲ။ မလိုအပ်၊ မသိစေချင်၊ အမြဲမရှိစေချင်တဲ့ Post တွေကို ပြန်စစ်၊ ပြန်ဖျက်တာမျိုး လုပ်ပါ။
(၃) လိုအပ်ရင် မိဘအုပ်ထိန်းသူက ဝင်ထိန်းပေးပါ
Privacy Setting ဆိုတာ ပြီးပြည့်စုံတဲ့ ထိန်းချုပ်စနစ် မဟုတ်ပေမယ့် လူမှုကွန်ရက်စနစ်တိုင်းမှာ ပါပါတယ်။ အနည်းနဲ့အ များသီးသန့် စိတ်ကြိုက်ထိန်းချုပ်နိုင်မှုတွေ လုပ်နိုင်ပါတယ်။
တကယ်လို့ သင့်ကလေးအနေနဲ့ လူမှုကွန်ရက်တခုခု သုံးနေတယ်ဆိုရင် Privacy Setting ကို ကောင်းကောင်းသုံးတတ် အောင်၊ နားလည်အောင် သင်ပေးထားပါ။ ဖြစ်နိုင်ရင် Reputation Defender.com ဒါမှမဟုတ် PrivacyDefender. Net ကနေ အကူအညီ Tool ကို ရယူနိုင်ပါတယ်။
အဆိုပါ Tool ကို သင့်ကလေးသုံးနေတဲ့ Accountရဲ့ Privacy Setting မှာ ထည့်ထားလိုက်ပါ။ အဆိုပါ Account ကို မိဘ အနေနဲ့လည်း ၂ ယောက်စာ ဝင်သုံးနိုင်ပါတယ်။ ကလေးငယ်ရဲ့ မှားယွင်းတဲ့ Post တွေကို ထိန်းပေး၊ ဖျက်ပေးနိုင်မှာပါ။
(၄) သင့်ရဲ့အင်တာနက် အသုံးပြုမှုတခုဟာ တပါးသူကိုလည်း သက်ရောက်မှု ရှိစေတာကို သိထားပါ
လူငယ်အများစုကတော့ Post တခုကို ကိုယ်တိုင်အတွက်ရော တပါးသူအတွက်ပါ ကောင်းသည်၊ ဆိုးသည် သိပ်မတွေးဘဲ Post တင်ခြင်း၊ Share ခြင်းတွေ လုပ်တတ်ကြပါတယ်။
ဥပမာ- ငါ့အဖေကို သူ့လက်ရှိအလုပ်က ထွက်စေချင်နေပြီ၊ အဖေကလည်း သူ့သူဌေးကို သဘောမကျနေတာ ကြာပြီဆိုတဲ့ Post တခုကိုသာ သူ့ ဖခင်ရဲ့လုပ်ငန်းရှင်သူဌေးက ပြန်တွေ့ခဲ့ရင် ပြဿနာကြီးတခု ဖြစ်သွားစေနိုင်ပါတယ်။ ဒါကြောင့် မိမိ အတွက်နဲ့ တပါးသူကိုထိခိုက်မှု တစုံတရာမရှိရအောင် Post တိုင်းကို ဂရုပြုတင်သင့်ပါတယ်။
(၅) Account ကို ဘယ်တော့မှ စိတ်ချမထားပါနဲ့
သင့်ရဲ့ အရေးကြီးအချက်အလက်တွေကို Account ထဲမှာ သိမ်းထားခြင်းမျိုးမလုပ်ပါနဲ့။ သူငယ်ချင်းအချင်းချင်းဖြစ်စေ၊ မသ မာသူက ဖြစ်စေ မိမိ Accountကို ဝင်ကြည့်နိုင်တယ်၊ ဖောက်ဝင်လာနိုင်တယ် ဆိုတာသိထားပါစေ။ မတော်တဆမိမိရဲ့အရေး ကြီး အကြောင်းအရာတွေပါ အင်တာနက်မှာ ပျံ့နှံ့သွားနိုင်ပါတယ်။
သင့်ကလေးကို Password ကောင်းကောင်းပေးတတ်ဖို့ သင်ထားပါ၊ စာလုံး အကြီးရော အသေးအပြင် ဂဏန်းနဲ့ လက္ခဏာ တွေကိုပါ Password မှာ ထည့်သွင်းစေပြီး ခက်ခဲအောင် ထားရှိ အသုံးပြုပါစေ။ Password ရှည်နေမယ်ဆိုရင် မိမိအမှတ် အသားတခုခု ထားရှိမှတ်သားပါ။
ဥပမာ- ကျနော်က အောင်နိုင်သူ မှတ်ပုံတင် အမှတ် ၁၇၇၄၅၈ မကွေးဇာတိဆိုတာ သင့်အနေနဲ့ အမြဲသတိရ မှတ်မိနေမယ့် ကိုယ်ရေးရာဇဝင် ဖြစ်ပြီး သူ့ကို အတိုကောက် ယူလိုက်ရင် အောင်နိုင်သူ ANT မှတ်ပုံတင်အမှတ် 177458 ဇာတိ @ မြို့ MG၊ ပေါင်းလိုက်ရင် ant177458@mg ဆိုတဲ့ Password မျိုး ထားရှိသုံးသင့်ပါတယ်။