အမေရိကန် အမျိုးသမီးတွေအနေနဲ့ အသက်အရွယ် ရင့်ကျက်လာချိန်မှ ကိုယ်ဝန်ယူ ကလေးမွေးတဲ့ အကျင့် ဖြစ်ထွန်းလာခဲ့တာ ဆယ်စုနှစ် တစုကျော်လာပါပြီ။ ဒါက သူတို့ အကျင့်ပါ။
အခုတော့ အမေရိကန်ရောဂါ ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးစင်တာက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က လေ့လာတွေ့ရှိချက် ထုတ်ပြန် မှုတွေအရ အသက် ၃၀ကျော် အရွယ် အမျိုးသမီးတွေဟာ အသက် ၂၀ကျော်အရွယ် အမျိုးသမီးတွေထက် ကိုယ်ဝန်ဆောင်ရ လွယ်ကူတယ်၊ သန္ဓေတည်မှု လွယ်စေတယ်လို့ ဆိုလာပါပြီ။
အထူးသဖြင့်တော့ ထုတ်ပြန်ချက်ထဲမှာ ကလေးမွေးဖွားနှုန်းနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး အရေအတွက်ပြစာရင်းမှာ အသက် ၂၅ နှစ်ကနေ ၂၉ နှစ်အတွင်း အမျိုးသမီးတွေထက် အသက် ၃၀ ကနေ ၃၄ နှစ်အတွင်း အမျိုးသမီးတွေက အရေအတွက် ပို များတာ တွေ့ရပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၃စု အတွင်း မွေးဖွားနှုန်းတွေကို တိုက်ကြည့် စစ်ဆေးပြီး ပေါ်ထွက်လာတဲ့ စစ်တမ်းပါ။
စင်တာရဲ့ဖော်ပြချက်အရ လူ ၁သိန်းမှာ အသက် ၃၀နဲ့ နောက်ပိုင်း ကိုယ်ဝန်ဆောင်မှုနဲ့ ကလေးမွေးနှုန်းက ၁၀၃ ရာခိုင်နှုန်း ရှိပေမယ့် အသက် ၂၀ အရွယ် ကိုယ်ဝန်ဆောင်နှုန်းကတော့ ၁၀၂ ရာခိုင်နှုန်းပဲ ရှိနေပါတယ်။
ပျမ်းမျှ မိန်းကလေးတွေရဲ့ပထမကိုယ်ဝန်ဆောင်မှုနဲ့ ကလေးမွေးဖွားမှုက စစ်တမ်းအရ အသက် ၂၈ နှစ်ခန့်မှာ မွေးတယ်လို့ ဆိုပါတယ်။
၂၀၀၄ခုနှစ် စာရင်းတွေအရတော့ အမျိုးသမီးတွေဟာ ပျမ်းမျှ အသက် ၂၆.၃နှစ်မှာ ပထမ ကလေးယူကြပြီး အခုနှစ်တွေ အ တွင်းမှာ ပျမ်းမျှ အသက် ၂၈ နှစ်ခန့် ဖြစ်လာမှုအရ ရာခိုင်နှုန်း ၄၂ ထိအောင် အသက်ကြီးမှ ကလေးယူလာတာကို တွေ့ရပါ တယ်။
ဒီလို အသက် ၃၀ ကျော်မှ ကလေးယူလာမှုမှာ မိခင်လောင်းတွေအနေနဲ့ အလုပ်တာဝန်တွေအပြင် အဆိုပါကာလမှာမှ က လေးယူဖို့ အကောင်းဆုံးအချိန်ကို ဖန်တီးနိုင်မှုကြောင့် အသက်နောက်ဆုတ်ပြီး ကလေးရယူလာကြသလို ဆေးပညာအရ တော့ အသက် ၃၀ နဲ့ နောက်ပိုင်းမှာ မိခင်လောင်းတွေအနေနဲ့ ကလေးရဖို့ ပိုမို လွယ်ကူလာတယ်လို့ ဆိုပါတယ်။
အသက် ၂၇ နှစ်နဲ့ ကိုယ်ဝန်ဆောင် ကလေးရယူထားသူ မိခင်တယောက်ရဲ့ပြောကြားချက်မှာဆိုရင် “ကျမ ၂၇ နှစ်နဲ့ ပထမ ကလေး ယူလိုက်တယ်။ ကိုယ်ဝန်ဆောင်ချိန်မှာရော ကလေးမွေးဖွားပြီးချိန်မှာပါ မိမိကိုယ်ကို အသက် ၄၀ ကျော် အရွယ်လို့ ခံစားရတယ်၊ လှုပ်ရှားမှုနဲ့ သွားလာနိုင်မှုတွေမှာ အလိုမကျဘူး ဖြစ်ခဲ့ရတယ်၊ ဒါပေမယ့် နောက်ပိုင်းအသက် ၃၀ ကျော်မှာ ကိုယ်ဝန်ဆောင်ချိန်မှာတော့ တည်ငြိမ်မှု အကောင်းဆုံး ရလာခဲ့တယ်”လို့ ဆိုပါတယ်။
၁၉၇၀ ခုနှစ်ဝန်းကျင်ကို ပြန်ကြည့်ရင်တော့ အမျိုးသမီးတွေဟာ ပျမ်းမျှ အသက်၂၁ နှစ်မှာ ပထမကလေး ယူတတ်ကြပြီး အ ဆိုပါကာလက ကလေးယူမှုအပိုင်းမှာ အမျိုးသမီးတွေရဲ့ပညာရေး အားနည်းချက်၊ တီထွင်အောင်မြင်မှု နည်းပါးခြင်းနဲ့အတူ ဘဝအတွေ့အကြုံနည်းမှုတွေကြောင့်လို့ စင်တာကနေ သုံးသပ်ပါတယ်။
အခုတော့ ဒီဘက်ခေတ်မှာ ကိုယ်ဝန်ဆောင်မှုအသက် အရွယ်ကြီးလာသလို ဆေးပညာအရလည်း အသက် ၃၀ ကျော်မှာ ကိုယ်ဝန်ဆောင်တာ ကောင်းမွန်သလို ကိုယ်ဝန်ရဖို့လည်း လွယ်ကူလာတယ်လို့ သိရှိလာရတာ ဖြစ်ပါတယ်။
၂၀၁၂ခုနှစ်က ထွက်ရှိခဲ့တဲ့ ဟောက်စတန်တက္ကသိုလ်က ပါမောက္ခ Elizabeth Gregoryရဲ့ Ready: Why Women are Embracing the New Later Motherhoodစာအုပ်ထဲက အချက်အလက်ပေါင်း ၂၀၀၀ကို ကြည့်မယ်ဆိုရင်လည်း အ သက် ၃၀ကျော်မှ ကိုယ်ဝန်ယူ ကလေးမွေးတာဟာ မိခင်တွေအတွက် ပိုမို ကောင်းမွန်တယ်လို့ ဆိုထားတာပါ။
ဒါအပြင် အသက်အရွယ်အလိုက် ကိုယ်ဝန်ဆောင်ကလေးမွေးမှု စာရင်းတွေအရ လက်ရှိမှာ အသက် ၃၀ ကျော် ကိုယ်ဝန်ယူ မွေးဖွားမှုဟာ အများဆုံး ရှိနေပြီး သူ့နောက်မှာတော့ အသက် ၄၀ ကနေ ၄၅ နှစ်အတွင်း ကလေးယူမှုနှုန်းက အသက် ၂၀ ကျော်တွေမှာ ကလေးယူနှုန်းထက်ကိုပဲ ပိုမိုနေတာလည်း တွေ့ရပါတယ်။
ဒါဟာ ချမ်းသာပြီး နည်းပညာ ဖွံ့ဖြိုးပြီး နိုင်ငံတခုအတွက် ကိုယ်ဝန်ဆောင်မှုကို အသက်နောက်ဆုတ်လာခြင်းဟာ တည်ငြိမ် မှုနဲ့ ဆေးပညာအရ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်လာခြင်း ဖြစ်ပြီး သက်ငယ်ကလေးမွေးဖွားမှုတွေကတော့ ဖွံ့ဖြိုးမှုနဲ့ ဆေးပညာ အားနည်းတဲ့နိုင်ငံတွေမှာ တွေ့နေရတယ်လို့ ဆိုပါတယ်။
စင်တာရဲ့ထုတ်ပြန်ချက်မှာတော့ ဘယ်အရွယ်မှာ ကလေးယူသင့်တယ်ဆိုတာကို ဆိုလိုရင်းထက် အသက် ၃၀ ကျော် အမျိုး သမီးတွေအနေနဲ့ ကိုယ်ဝန်ရလွယ်ကြောင်းနဲ့ အဆိုပါအရွယ်မှာ ကိုယ်ဝန်ယူ ကလေးမွေးခြင်းဟာ အကောင်းဆုံး ဖြစ်တယ် ဆိုတာကို စာရင်းပြု ထုတ်ပြန်လာခြင်းပဲ ဖြစ်ပါတယ်။
Ref: www.businessinsider.com