အားကစားဆိုတဲ့ နေရာမှာ Gym ကစားတာလိုမျိုး အချိန်ပေး၊ ပင်ပင်ပန်းပန်းကစားစရာမလိုဘဲ ကျန်းမာရေး နဲ့ညီအောင်၊ နေ့စဉ် စားသုံးနေတဲ့ အစာတွေကနေ ရရှိလာတဲ့ ကယ်လိုရီအပိုတွေကို လောင်ကျွမ်းသွားစေမယ့် နည်းလမ်း တွေပါ။
အဆိုပါ ကယ်လိုရီအပိုတွေ လောင်ကျွမ်းရင်တော့ သေချာတာက သင့်အနေနဲ့ ကျန်းမာရေးနဲ့လည်းကိုက်ညီ၊ ဝလာဖို့လည်း မရှိတော့ဘူး။ ဒါဆို ပေါ့ပေါ့ပါးပါးနဲ့ ကယ်လိုရီတွေကို ဘယ်လို လောင်ကျွမ်းစေပါမလဲ။
(၁) နမ်းပါ
ချစ်သူရည်းစားရှိသူတွေ၊ အိမ်ထောင်သည်တွေအတွက်ကတော့ အဆင်ပြေမှာပါ။ အထူးသဖြင့်တော့ နှုတ်ခမ်းချင်းထိတွေ့ နမ်းရှိုက်မှုကနေ ကြွက်သားအများအပြားလှုပ်ရှား ပါဝင်မှုကြောင့် ကယ်လိုရီအပိုတွေကို အလွယ်တကူ လောင်ကျွမ်းစေနိုင် တာတွေ့ရပါတယ်။
(၂) စာရေးပါ
သင့်အနေနဲ့ နည်းပညာခေတ်ထဲမှာ Mail တွေကနေ စာတွေ ပို့မယ့်အစား အရင်လို လက်ရေးနဲ့ စာရေးပြီးပို့ပါ။ ဒီလုပ်ငန်း စဉ်မှာ စာရေးခြင်း၊ ထုပ်ပိုးခြင်း၊ စာတိုက်သွားခြင်းနဲ့ ပြန်လာခြင်းတွေလို အပိုင်းတွေ ပါဝင်ပြီး လှုပ်ရှားမှု ဖြစ်လာစေတဲ့ သ ဘောပါ။
(၃) ပီကေစားပါ
သကြားဓာတ် မပါတဲ့ ပီကေစားပါ။ ပီကေ တနာရီ ဝါးလိုက်ရင် ကယ်လိုရီ ၁၁ လောင်ကျွမ်းသွားစေပါတယ်။
(၄) ရေချိုးရင်း သီချင်းဆိုပါ
အသက်ရှူစနစ်အတွက်ရော ကျူန်းမာမှုအတွက်ရော ကယ်လိုရီလောင်ကျွမ်းစေမှုအတွက်ပါ အထူးပဲကောင်းမွန်စေပါ တယ်။ ဖြစ်နိုင်ရင် အဆိုပါအချိန်မှာ အသံမြှင့်ဆိုပါ။ ရေချိုးချိန် သီချင်းဆိုရင် တနာရီမှာ ကယ်လိုရီ ၁၃၆ လောင်ကျွမ်း သွားမှာပါ။
(၅) တရုတ်နံနံစားပါ
သူ့မှာ ကယ်လိုရီလည်း အနည်းငယ်ပဲပါသလို ကယ်လိုရီလောင်ကျွမ်းမှုကိုလည်း အားပေးပါတယ်။ သွေးပေါင်လည်း ကျစေ လို့ သွေးတိုးသမားတွေအတွက်လည်း ကောင်းပါတယ်။
(၆) အထိုင်အထလုပ်ပါ။ ထိုင်ပုံစံပြောင်းပါ
အလုပ်ခွင်လိုနေရာမှာ ထိုင်နေရင်း အလုပ်လုပ်ရင်း တပုံစံတည်း မထိုင်ပါနဲ့၊ ခဏခဏ အထိုင်ပုံစံပြောင်းပါ၊ ဖြစ်နိုင်ရင် အ ချိန်ခဏကြား ထိုင်မိပြီးတိုင်း ထပြီး လမ်းလျှောက်ခြင်းလို လှုပ်ရှားမှု လုပ်ပေးပါ။ တရက်ကို ကယ်လိုရီ ၃၅၀ လောက်ထိ အောင် လောင်ကျွမ်းသွားစေနိုင်ပါတယ်။
(၇) ရေများများသောက်ပါ
ရေသောက်ခြင်းဟာ ခန္ဓာကိုယ် အပူချိန်ကို ရာသီဥတုအလိုက် အလိုက်သင့် ပြောင်းလဲချိန်ညှိမှုအတွက်ပါ အထောက်အကူ ဖြစ်စေပါတယ်။ ဖြစ်နိုင်ရင် အရမ်းမအေးပေမယ့် ရေအေးသောက်ပါ။ များများသောက်ပေးပါ။ တရက်ကို ရေသောက်များ မှုက ကယ်လိုရီ ၇၀ လောက် လောင်ကျွမ်းစေနိုင်ပါတယ်။
(၈) အစပ်စားပေးပါ
အလွန်အကျွံမဟုတ်ပေမယ့် တရက်ကို ပုံမှန်လောက် အစပ် ပုံမှန်သင့်ရုံစားပေးမယ်ဆိုရင် ကယ်လို ရီ ၆၀ လောက် ပျက်စီး သွားစေတာတွေ့နိုင်ပါတယ်။ တရက်ကို ငရုတ်စပ် ဇွန်းတဝက်လောက် စားပေးရင် ရပါတယ်။
(၉) ကိုယ်တိုင် ချက်စားပါ
အထက်မှာ ပြောခဲ့တဲ့ စာရေးစာထည့်နည်းလိုပဲ ချက်ပြုတ်စားသောက်မှုမှာလည်း ကိုယ်တိုင် ဈေးဝယ်၊ လှီးဖြတ်၊ ချက်ပြုတ်၊ ပြင်ဆင်၊ စားသောက်၊ ဆေးကြောခြင်းတွေ ပါဝင်လို ခန္ဓာကိုယ်ကို လှုပ်ရှားမှုများစေပြီး မိနစ် ၄၀ လောက် အချိန်ပေးရုံနဲ့ ကယ်လိုရီ ၁၃၀လောက် ပျက်စီးသွားစေနိုင်ပါတယ်။
(၁၀) အေးချမ်းတဲ့ အခန်းမှာ အိပ်ပါ
ပြင်ပအပူချိန် အေးလာချိန် သင့်အနေနဲ့ ကိုယ်တိုင်နွေးအောင် နေထိုင်မှုနဲ့အတူ ခန္ဓာကိုယ်ကနေလည်း အပူဓာတ် ထွက် လာပြီး ကယ်လိုရီတွေကို လောင်ကျွမ်းစေနိုင်တာကြောင့် ဖြစ်ပါတယ်။
(၁၁) သရဲကားကြည့်ပါ
ကြောက်လန့်ဖွယ် ဇာတ်ကားတကားကြည့်ပြီးတိုင်း ကယ်လိုရီ ၁၁၃ လောက် လောင်ကျွမ်းသွားပါတယ်။ ဒါက စိတ်ရဲ့ဖိစီး စိုးထိတ်မှုတွေကြောင့် ဇီဝဖြစ်စဉ်အရ ကယ်လိုရီတွေ လောင်ကျွမ်းသွားတာပါ။
Ref: www.rd.com