“အိမ်ကနေ တောကို ၃၊ ၄ ရက် ပုန်းနေပေမယ့် လုံုခြုံမှု မရှိတော့လိုု့ လိုင်ဇာဘက် ၃ ရက် လမ်းလျှောက်ပြီး လာခဲ့ရတယ်။ အငယ်ဆုံး ကလေးကိုတော့ ကားနဲ့ ထည့်ပေးလိုုက်တယ်။ ကျမက ကလေး၂ ယောက်နဲ့ တောလမ်းကနေ လမ်းလျှောက် လာတယ်။ အငယ်ဆုံးကလေးနဲ့ ၃ရက် ကြာမှ ပြန်တွေ့တယ်”
ခုလို ပြောပြနေသူကတော့ အသက် ၄၀ နှစ်အရွယ် ဒေါ်လထော်နန်ဂရောင် ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၆ နှစ် ကချင်လွတ်လပ်ရေး အဖွဲ့နှင့် အစိုုးရ တပ်မတော်အကြား တိုက်ပွဲတွေ ပြန်ဖြစ်တဲ့အချိန်မှာ တွေ့ကြုံခဲ့တဲ့ အဖြစ်အပျက်ကို ပြန်ပြောပြနေတာပါ။
“သူက အိမ်မှာလည်း ၂ ရက်၊ ၃ ရက်ပဲ နေပြီး တာဝန်နဲ့ ပြန်သွားတယ်။ အဲဒီကတည်းက မပြန်လာတော့ဘူး”
ကချင်တပ်မှာ တာဝန် ထမ်းဆောင်နေတဲ့ ယောကျာ်းဖြစ်သူနဲ့ကတော့ တကျော့ပြန်တိုက်ပွဲတွေ စဖြစ်ခဲ့တဲ့ ၂၀၁၁ ဇွန်လ ၉ ရက်နောက်ပိုင်း ၂ လ လောက်ကြာမှ ပြန်တွေ့ဆုံတယ်လို့ ပြောပြပါတယ်။
လိုင်ဇာမြို့သို့ တိမ်းရှောင်လာပြီးနောက် တနှစ်အကြာ ၂၀၁၂ ခုနှစ် ဇွန်လမှာ သူမရဲ့ အမျိုးသား ဦးအင်ဒေါင်နော်ဂျာ အသက် ၃၆ နှစ်က နမ်ဆန်ယန်အနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ ကျဆုံးသွားခဲ့တာပါ။ အမျိုးသား ဖြစ်သူ တိုက်ပွဲမှာ ကျဆုံုးသွားတဲ့ အခါမှာတော့ ဒေါ်လထော်နန်ဂရောင် တပူပေါ် နှစ်ပူဆင့်ပါတော့တယ်။
မုဆိုးမဘဝနဲ့ ဒေါ်လထော်နန်ဂရောင်ဟာ သားသမီး ၃ ယောက်နဲ့ အတူ လိုင်ဇာမြို့အနီးက ဒုုက္ခသည် အများဆုံုး နေထိုင်တဲ့ ဂျေယန်း ဒုက္ခသည် စခန်းမှာ ၆ နှစ်တာ ကာလကို ဖြတ်သန်းခဲ့ရပါတယ်။
ဒုက္ခသည်စခန်းမှာ လူမှုအဖွဲ့အစည်းတွေက ရိက္ခာတွေ ထောက်ပံ့ပေးနေပေမယ့်လည်း သားသမီး ၃ ဦးရဲ့ ပညာရေး အတွက် ထောက်ပံ့မှု မရတဲ့အတွက် မိခင် တဦးတည်းသာ နေ့စားအလုပ်တွေ လုုပ်ကိုင်ပြီးတော့ ရုန်းကန်နေရတာ တာဝန်ကြီး ထမ်းနေရလို့ စိတ်ဓာတ်အကြိမ်ကြိမ် ကျခဲ့ရတယ်လို့ သူက မိုးသည်းတဲ့နေ့တွေအကြောင်း ဆက်ပြောပါတယ်။
“အခုက ပညာရေးခေတ်ဆိုတော့ ကလေးတွေရဲ့ ပညာရေးအတွက် ကျမလည်း ကျန်းမာရေးက မကောင်းတော့ ဝင်ငွေလည်း ထွက်မရှာနိုင်ဘူး၊ သူမရှိတော့ ပတ်ဝန်းကျင်ကလည်း ကျမ မုဆိုးမဆိုတော့ အထင်သေးသလို ဖြစ်တော့ စိတ်ထဲ တကယ်ခံစားရပါတယ်”
တက္ကသိုလ်ရောက်နေပြီဖြစ်တဲ့ သမီးကြီးအတွက် စားဝတ်နေရေး စိတ်ပူရသလို ကျောင်းနေဆဲ အငယ်တွေ အတွက်လည်း အစစအရာရာ ဖြည့်ဆည်းနေရတယ်လို့ ပြောပါတယ်။
“ဘယ်သူ့ သွားပြီး အကူအညီ တောင်းရမလဲတောင် မသိတော့ဘူး။ ကျမဘာသာ စိတ်အားငယ်လို့ ငိုမိတာလည်း အကြိမ်ကြိမ် ပါပဲ” လို့ ဒေါ်လထော်နန်ဂရောင်က ပြောပါတယ်။
ဒုုက္ခသည်စခန်းမှာ အလုပ်အကိုင်မရှိတော့ တရုတ်နိုင်ငံဘက်ခြမ်းကို နေ့စားသွားလုပ်ပေမယ့် တရက်ကို တရုတ်ငွေ ၂၀ မှ ၄၀ (ကျပ် ၅၀၀၀ မှ ၆၀၀၀ ) လောက်ရရှိပေမယ့် ကျန်းမာရေး မကောင်းတဲ့အတွက် ပုံုမှန် အလုပ် မလုပ်နိုင်ဘူးလို့ ဆိုပါ တယ်။
ဖခင်သေဆုံးသွားတော့ သမီးအကြီးမှာ ၂၀၁၅ ခုုနှစ်က ၁၀ တန်း အောင်ပေမယ့် တက္ကသိုလ်တက်ရောက်ဖို့ ငွေကြေး အခက်အခဲကြောင့် တနှစ် ရပ်နားလိုက်ပါတယ်။
၁၉၉၄ ခုနှစ်ကတည်းက ၁၇ နှစ်ကြာ အပစ်အခတ် ရပ်ထားခဲ့တဲ့ KIO က နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံခဲ့ရာမှ စစ်ဆေး တင်းမာခဲ့ကာ မြန်မာ့တပ်မတော်နဲ့ KIA တို့အကြား ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့က စတင်ပြီး တော့ တိုက်ပွဲ တကျော့ပြန် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက စစ်ပြေးဒုက္ခသည် ၁ သိန်းကျော်မှာလည်း ယနေ့ထိ နေရပ်စွန့်၊ နေအိမ် စွန့်ပြီးတော့ တခြားနေရာကို ရှောင်ပုန်းနေရဆဲပါ။ စစ်ရှောင်တွေထဲမှာ ယောကျာ်း သေဆုံးသွားရသူတွေ အတွက်ကတော့ တပူပေါ် နှစ်ပူဆင့်စေပါတယ်။
ဒေါ်လထော် နန်ဂရောင်လိုပဲ အသက် ၄၃ နှစ်အရွယ် ဒေါ်တန်ဘောင် ဒေါင်ဇိုင်းကလည်း မုဆိုးမ ဖြစ်ခဲ့ရပါတယ်။ သူတို့ မိသားစုကလည်း ၂၀၁၁ ခုနှစ် ဇွန်လက ဘန်ဒေါင်ကျေးရွာကနေ လိုင်ဇာမြို့ကို ထွက်ပြေး တိမ်းရှောင်ခဲ့ရတာပါ။
ပြီးခဲ့တဲ့ ၂၀၁၆ ခုုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အင်ခရမ်ဘွမ် တိုက်ပွဲမှာ ကချင်တပ်က စစ်သားဖြစ်တဲ့ ယောကျာ်းဖြစ်သူ အသက် ၄၅ နှစ်အရွယ် ဦးဖောင်များလတောင် ကျဆုံးသွားခဲ့ပြီး သားသမီး ၄ ယောက်ကို စောင့် ရှောက်နေရပါတယ်။
ဒုုက္ခသည်စခန်းမှာ စားသောက်ဖို့ ရိက္ခာတွေ ရရှိနေပေမယ့် အလုပ်အကိုင် မရှိတဲ့အတွက် ကလေးတွေရဲ့ ကျောင်းစရိတ်၊ စားဝတ်နေရေးအတွက် ခက်ခဲအကြမ်းတမ်းဆုံးအဖြစ် ရင်ဆိုင် ကျော်ဖြတ်နေရတယ်လို့ ဒေါ်တန်ဘောင်ဒေါင်ဇိုင်းက ပြောပြပါတယ်။
“ကလေးတွေက ငယ်သေးတော့ အကုန်လုံုး ကျမပဲ လုပ်နေရတယ်။ အခက်ခဲဆုံးက ငွေရေးကြေးရေးပဲ” လို့ ပြောပြပါ တယ်။
တဖက်က အခက်ပိုစေတာကတော့ ကျန်းမာရေးလို့ ပြောပါတယ်။ “ကျမလည်း အမျိုးသားဆုံုးပြီး ကိုယ်ဝန် ၂ လ ကျန်ခဲ့တာ။ ကိုယ်ဝန်လည်း ပျက်ကျသွားတယ်။ အဲဒီအချိန် ကျန်းမာရေး ဂရုမစိုက်နိုင်လို့။ အခုအလုပ်နည်းနည်း လုပ်ရင်လည်း ခေါင်းတွေ မူး၊ အသက်ရှူကျပ်တော့ ဘာအလုပ်မှ မလုပ်နိုင်ဘူး။ နေ့စားတောင် မသွားနိုင်ဘူး။ စခန်းမှာလည်း အလုပ်အကိုင်မရှိ၊ ဒါကြောင့် ပညာရေး စရိတ်လိုနေတာပါ” လို့ ဒေါ်တန်ဘောင်ဒေါင်ဇိုင်းက ပြောပါတယ်။
မုဆိုးမဘဝ ဖြစ်တော့ ပတ်ဝန်းကျင်က အထင်သေးတာတွေ ခံရလို့ မျက်နှာငယ်ရတယ်လိုု့ သူက ဆိုုပါတယ်။
“အခက်အခဲကတော့ အခုပြန်ပြောရင် ငိုတောင် ငိုချင်လာတယ်။ တိုက်ပွဲမရှိခဲ့ရင် ကျမတို့ အမျိုးသမီးတွေလည်း ဘယ်သူမှ ကိုယ့်အမျိုးသားကို ဆုံုးရှုံးရမှာ မဟုတ်ပါဘူး” လို့ ပြောပါတယ်။
စစ်ဒဏ်ကြောင့် အမျိုးသားတွေ ဆုံးရှုံးခဲ့ရလို့ စားဝတ်နေရေးအပြင် သားသမီးတွေရဲ့ ရှေ့ရေးအတွက် အခက်အခဲတွေကို မျက်ရည်နဲ့ တာဝန်ယူ ရုန်းကန်နေရတဲ့ မြောက်မြားစွာသော စစ်ရှောင် အမျိုးသမီးတွေရဲ့ ဘဝတွေ မနည်းလှပါဘူး။
ဂျေယန်း ဒုက္ခသည်စခန်း တခုတည်းမှာပဲ တိုက်ပွဲအတွင်း လင်ယောကျာ်းဖြစ်သူ ဆုံုးရှုံးခဲ့ရတဲ့ အမျိုးသမီး အနည်းဆုံုး ၇၀ လောက်ရှိတယ်လို့ ဂျေယန်းဒုက္ခသည်စခန်းမှာ အမျိုးသမီးအရေးဆောင်ရွက်နေတဲ့ ကချင်အမျိုးသမီး အစည်းအရုံုး (KWA) က ဒေါ်ခါးတောမ်က ပြောပါတယ်။
အဆိုပါ စခန်းမှာ ကျေးရွာပေါင်း ၈၂ ရွာ၊ အိမ်ထောင်စုပေါင်း ၁၆၀၀ ကျော်နဲ့ လူပေါင်း ၈၀၀၀ ကျော် ဒုက္ခသည် အများဆုံး ခိုလှုံနေပြီး ၂၀၁၃ ခုနှစ်ကနေ ယနေ့ထိ ဂရုဏာအဖွဲ့(KMSS) ကနေ ဆန်၊ ဆီ၊ ဆား၊ ပဲ စတာတွေ ထောက်ပံ့မှုကို လက်ခံ ရရှိနေရတယ်လို့ သိရပါတယ်။ ဒါပေမယ့် ၂၀၁၅ ခုနှစ် ကစလို့ လာရောက် ကူညီထောက်ပံ့တဲ့ လူမှုအဖွဲ့အစည်းတွေ နည်းပါးခဲ့ပါတယ်။
ဂျေယန်း ဒုက္ခသည်စခန်းဟာ တရုတ်နိုင်ငံ နယ်စပ် ချောင်းသာခြားထားတဲ့အတွက် စခန်းမှာရှိတဲ့ ဒုက္ခသည် အမျိုးသား တွေနဲ့အတူ အမျိုးသမီးတွေကလည်း တရုတ်နိုင်ငံဘက် သွားရောက်ပြီး နေ့စား အလုပ် လုပ်ကိုင်ပြီးတော့ မိသားစု စားဝတ် နေရေးအတွက် ရှာဖွေ စားသောက်နေရတယ်လို့ ဆိုပါတယ်။
အခုနောက်ပိုင်း ဒုက္ခသည်တွေ အများအပြားလာရောက် လုပ်ကိုင်တဲ့အတွက် အမျိုးသမီးတွေကိုဆို တရက် တရုတ်ငွေ ၃၀၊ ၄၀ သာ ပေးတော့တယ်လို့ ဒေါ်ခါးတောမ်က ပြောပါတယ်။
“အရင်က လုပ်အားခ ၆၀ ပေးတယ်။ ခုက လူများလာတော့ ၃၀ လောက်ပဲ ပေးတယ်။ အမျိုးသမီးတွေကိုဆို ပိုပြီး နှိမ်တယ်”လို့ သူက ပြောပါတယ်။
ထိုသို့ အလုပ်သွားလုပ်ဖို့ နိုင်ငံကူးလက်မှတ် (ပတ်စပိုစ့်) လုပ်ရန် တရုတ်ငွေ ၁၅၀ ကနေ ၂၀၀ ထိ ပေးရတဲ့အတွက် တချို့ ဒုက္ခသည်များက နိုင်ငံကူးလက်မှတ် မလုပ်နိုင်တဲ့အတွက် တရားမဝင် သွားရောက် လုပ်ကိုင်သူတွေဟာ တရုတ်ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခံရမှုတွေလည်း အများအပြား ရှိနေတယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံ အကျဉ်းထောင်ကို ရောက်ရှိသွားတဲ့အခါ တရားမဝင် အလုပ်လုပ်ကိုင်မှုနဲ့ ထောင်ဒဏ် ရက်ပေါင်း ၄၅ ရက် အကျဉ်းချခံရတယ်လို့ ဒေါ်ခါးတောမ်က ပြောပြပါတယ်။
ဒီလို အခက်အခဲပေါင်းစုံု ကြုံတွေ့နေရတဲ့ ဒေါ်တန်ဘောင်ဒေါင်ဇိုင်းက “နေ့ရော ညပါ မျက်ရည်နဲ့ မျက်ခွက်နဲ့ နေရတယ်။ ခက်လွန်းလို့ ဟိုနေ့ကတော့ ကလေးတွေလည်း ငို၊ ကျမလည်း ငိုနေကြတာ” လို့ ပြောပါတယ်။
“ကျမတို့နိုင်ငံ မငြိမ်းချမ်းလို့ ခုလို ခံစားနေရတယ်။ အမြန်ဆုံုး ငြိမ်းချမ်းချင်ပါပြီ”