ပုံမှန် အနေနဲ့ကတော့ အလုပ်တခုမှာ အလုပ်ရှင်ကနေပဲ အင်တာဗျူးတယ်၊ သဘောကျရင် အလုပ်ခန့်တယ်။ ဒါ ပေမယ့် ဒါဟာ ပြည်တွင်းက ဓလေ့ ဖြစ်ပေမယ့် နိုင်ငံတကာမှာတော့ အလုပ်လာရောက် လျှောက်ထားသူအနေနဲ့လည်း အ လုပ်နဲ့ပတ်သက်တဲ့ သိလိုတဲ့၊ သိသင့်တဲ့ မေးခွန်းတွေကို ပြန်လည် မေးမြန်းနိုင်ပါတယ်။
ဒီလို မေးမြန်းနိုင်မှုတွေထဲကမှ သင့်အနေနဲ့ အဆိုပါအလုပ်ကို မဝင်ခင်မှ ကြိုပြီး မဖြစ်မနေ မေးထားသင့်တဲ့ မေးခွန်းလေး တွေကို ပြောပြချင်ပါတယ်။
(၁) ဘာကြောင့်များ အခု အလုပ်နေရာ လစ်လပ်နေရတာပါလဲ
ဒါဟာ လုပ်ငန်းတိုးချဲ့မှုကြောင့် အလုပ်နေရာသစ် လိုအပ်လာပြီး သင့်ကို တာဝန်ပေးခန့်အပ်တယ်ဆိုရင်တော့ အဆင်ပြေ ပေ မယ့် ဒီနေရာမှာ လုပ်ငန်းခွင်အခက်အခဲတွေ၊ သင် မစွမ်းဆောင်နိုင်တဲ့၊ သင့်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေမယ့်တာဝန်တွေ ရှိတာကြောင့် ဘယ်ဝန်ထမ်းကမှ ကြာကြာ မလုပ်ဘဲ လစ်လပ်နေတဲ့ နေရာဆိုရင်တော့ သင့်အတွက် အလုပ်ဝင်ပြီးလည်း အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒီအတွက် ဘာကြောင့် အခု အလုပ်နေရာ လစ်လပ်နေရတယ်ဆိုတာကို မေးမြန်းသင့်ပါတယ်။
(၂) ပထမ တလအတွင်း၊ ဒါမှမဟုတ် ၃ လအတွက် ဘယ်လောက်ထိအောင် တိုးတက် ပြီးမြောက်စေချင်တယ်ဆိုတာ မေး မြန်းပါ
ဆိုလိုရင်းကတော့ သင် ကျွမ်းကျင်နေတဲ့ လုပ်ငန်း ဖြစ်စေ၊ ချက်ချင်း အသားမကျနိုင်သေးတဲ့ လုပ်ငန်း ဖြစ်စေ၊ သင် အလုပ် ဝင်ပြီးချင်း အချိန်ကာလ တလ ဒါမှမဟုတ် ၃လ အတွင်းမှာ အလုပ်တာဝန် ဘယ်လောက်ထိအောင် ပြီးမြောက်စေချင်သလဲ ဆိုတာ မေးထားပါ။
အလုပ်ရှင်ကနေ ပြောဆိုတဲ့ အလုပ်ပြီးမြောက်မှုကိုလည်း သင့်အနေနဲ့ ချိန်ဆနိုင်ပြီး ပြီးမြောက်အောင် လုပ်ဆောင်နိုင်မယ် ဆိုပါမှ လက်ခံပြီး တကယ်တမ်းမှာလည်း သတ်မှတ်ကာလအတွင်း လုပ်ငန်းခွင်မှာ အသားကျခါ တာဝန်ပြီးမြောက်အောင် ထမ်းဆောင်းပါ။
(၃) ကုမ္ပဏီအနေနဲ့ ဘယ်လောက်ထိအောင် ရည်မှန်းချက်ထားပြီး လည်ပတ်နေတာလဲ ဆိုတာ မေးပါ
တချို့ဟာ အသေးစားကုမ္ပဏီတခု ဖြစ်နေသည့်တိုင်အောင် ရည်မှန်းချက် ကြီးကြီးမားမား ရှိတတ်သလို တချို့ကလည်း ပုံမှန် လည်ပတ်နေရုံ အဆင့်လောက်ပဲ မျှော်မှန်းလည်ပတ်နေတတ်ကြပါတယ်။
ဒီအတွက် ဘယ်လောက်ထိအောင် အောင်မြင်ချင်တယ်ဆိုတဲ့ ရည်မှန်းချက်ရှိသလဲ မေးမြန်းသင့်သလို တဆက်တည်းမှာ အဆို ပါရည်မှန်းချက်ပြည့်မြောက်ဖို့ မိမိရဲ့အင်အား စိုက်ထုတ်မှုအတွက် အကျိုးခံစားခွင့် ဘယ်လောက်ထိအောင် ရှိလာနိုင်မလဲ ဆို တာလည်း မေးထားနိုင်ပါတယ်။
(၄) ကုမ္ပဏီရဲ့တိုးတက်မှုအတွက် ဝန်ထမ်းတွေကို ဘယ်လို ခံစားခွင့်တွေပေးသလဲ မေးပါ
အထက်မှာ ပြောခဲ့သလိုပါပဲ မိမိရဲ့ အားစိုက် အလုပ်လုပ်ကိုင်မှုနဲ့ အတူ ဘယ်လို ဝန်ထမ်းတွေအတွက် ခွင့်၊ လစာ၊ အပိုဆု၊ အ ချိန်ပိုကြေး၊ ရက်မှန်ကြေးလို ခံစားခွင့်တွေ၊ အပိုခံစားခွင့်တွေ ဘယ်လို ပေးသလဲဆိုတာ မေးထားပါ။
(၅) သင် တာဝန် ထမ်းဆောင်ရမယ့်အပိုင်းမှာ ဘယ်ဝန်ထမ်းကို အကောင်းဆုံး၊ အတော်ဆုံးအဖြစ် သတ်မှတ်လဲ မေးပါ
ဒါကတော့ သင့်အနေနဲ့ အတုယူနိုင်၊ တွဲလိုက်နိုင်စေမယ့် ဝန်ထမ်းကောင်းကို ကြိုတင်မေးမြန်းချင်း ဖြစ်ပြီး အဆိုပါ ဝန်ထမ်း ကောင်းကို ကြိုသိရတဲ့အတွက် လုပ်ငန်းခွင်အတွင်းမှာ အသားကျ မြန်ဆန်စေသလို သူ့ရဲ့အတွေ့အကြုံနဲ့ ပညာတွေလည်း ရ ကောင်း ရလာပါလိမ့်မယ်။
(၆) သင့်ရဲ့လုပ်ငန်း အတွေ့အကြုံတွေကို ကုမ္ပဏီမှာ ဘယ်လို ပူးပေါင်း ထည့်သွင်း ဆောင်ရွက်ရမလဲ မေးပါ
ဒါကတော့ အလုပ်နေရာ ချထားတဲ့အပိုင်းမှာ သင့်အနေနဲ့ ဈေးကွက်ရှာဖွေရေး ကျွမ်းကျင်တာလား၊ ရောင်းချမှုကျွမ်းကျင် ခြင်းလား၊ တခုခုသော သင့်ရဲ့အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုကို ထုတ်ပြောပြီး ဘယ်လိုအပိုင်းမှာ တာဝန်ပေးနိုင်မလဲဆိုတာ မေးမြန်းပါ။
Ref: www.businessinisider.com