ဆောင်းပါး

၆ နှစ်ကြာ ကချင်စစ်ပွဲ ရပ်မည့်ပုံ မမြင်ရသေး

Want create site? Find Free WordPress Themes and plugins.

၂၀၁၁ ခုနှစ် ဇွန်လ ၉  ရက် အစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပေါ်သည့်အချိန်မှ စ၍ မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်း ရှိ KIA ထိန်းချုပ်သည့် ဒေသများ အထူးသဖြင့် ဝိုင်းမော်၊ မန်စီ၊ တနိုင်း နှင့် ဖားကန့်ဒေသများ၊ လိုင်ဇာ အနီးနှင့် ရှမ်းပြည် နယ်မြောက်ပိုင်းတို့တွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သည်။ အရပ်သားများ ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်း သတင်း များလည်း မကြာခဏဆိုသလို ထွက်ပေါ်ခဲ့သည်။ စစ်ပွဲကြောင့် ဒုက္ခသည် တသိန်းကျော်သည် နေရပ်စွန့်ခွာနေကြရဆဲ ဖြစ်ပြီး၊ ယခုအချိန်ထိ နေရပ်မပြန်နိုင်သေးဘဲ အစိုးရနှင့် KIO ထိန်းချုပ်ရာ အိုင်ဒီပီစခန်းများတွင် နေထိုင်နေကြရဆဲ ဖြစ်သည်။၂၀၁၁ ခုနှစ် ဇွန်လ ၉  ရက် အစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပေါ်သည့်အချိန်မှ စ၍ မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်း ရှိ KIA ထိန်းချုပ်သည့် ဒေသများ အထူးသဖြင့် ဝိုင်းမော်၊ မန်စီ၊ တနိုင်း နှင့် ဖားကန့်ဒေသများ၊ လိုင်ဇာ အနီးနှင့် ရှမ်းပြည် နယ်မြောက်ပိုင်းတို့တွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သည်။ အရပ်သားများ ထိခိုက်ဒဏ်ရာရခြင်း၊ သေဆုံးခြင်း သတင်း များလည်း မကြာခဏဆိုသလို ထွက်ပေါ်ခဲ့သည်။ စစ်ပွဲကြောင့် ဒုက္ခသည် တသိန်းကျော်သည် နေရပ်စွန့်ခွာနေကြရဆဲ ဖြစ်ပြီး၊ ယခုအချိန်ထိ နေရပ်မပြန်နိုင်သေးဘဲ အစိုးရနှင့် KIO ထိန်းချုပ်ရာ အိုင်ဒီပီစခန်းများတွင် နေထိုင်နေကြရဆဲ ဖြစ်သည်။ ယခင်သမ္မတဦးသိန်းစိန်က မြန်မာ့တပ်မတော်ကို KIA ကို တိုက်ခိုက်သည့် စစ်ဆင်ရေးများ ရပ်ဆိုင်းရန် နှင့် မိမိကိုယ်ကို ကာကွယ်ရေး အတွက်သာ ဆောင်ရွက်ရန် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ညွှန်ကြားခဲ့သော်လည်း KIA အပေါ် လေကြောင်းမှ တိုက်ခိုက်မှုများ ၂၀၁၁ ခုနှစ် အကုန်ပိုင်းတွင် စတင်ခဲ့သည်။ မြန်မာနိုင်ငံ မြောက်ပိုင်းတွင် မြန်မာ့တပ်မတော်မှ ရဟတ်ယာဉ်များက KIA စခန်း အများအပြားကို ၂၀၁၂ ခုနှစ် မေလတွင် ဗုံးကြဲတိုက်ခိုက်ခိုက်ခဲ့ပြီးနောက်ပိုင်းတွင် တင်းမာမှုများ မြင့်တက်လာခဲ့ရသည်။

ထိုနှစ် သြဂုတ်လ အတွင်းတွင် ဖားကန့်မြို့နယ် အတွင်း ကျေးရွာပေါင်း ၂၀ ကျော်မှ ပြည်သူ ၆၀၀၀ ခန့် နေအိမ်ကို စွန့်ခွာ၍ ထွက်ပြေးခဲ့ရသည်။ လေကြောင်းတိုက်ခိုက်မှုများကို ဒီဇင်ဘာလတွင် ထပ်မံပြုလုပ်ခဲ့ပြီး ဤသည်က KIA ၏ တိုက်ခိုက်မှုများကို တုန့်ပြန်ခြင်း ဖြစ်ကြောင်း မြန်မာ့တပ်မတော်က ရှင်းလင်းခဲ့သည်။

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ နှင့် မေလများတွင် အစိုးရနှင့် KIA တို့ တရုတ်နိုင်ငံ ရွှေလီမြို့ နှင့် ကချင်ပြည်နယ်၏ မြို့တော် မြစ် ကြီးနားမြို့များတွင် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသော်လည်း အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရန် သဘောတူညီချက် မရရှိခဲ့ပါ။ ၂၀၁၃ ခုနှစ် နှောင်းပိုင်းတွင် KIA က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ကွန်ဖရင့်တခုကို လိုင်ဇာမြို့တွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ပြီး တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့(NCCT) ကို ဖွဲ့စည်းခဲ့သည်။ NCCT သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် (NCA) မူကြမ်းရေးဆွဲရန် အစိုးရနှင့် ပူးတွဲလုပ်ဆောင်ရန် ဖြစ်သည်။ ၎င်းအဖွဲ့ကို ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဖျက်သိမ်းခဲ့သည်။

၂၀၁၃ ခုနှစ်နှောင်းပိုင်းတွင် မြန်မာ့တပ်မတော်နှင့် KIA ကြားမှ တိုက်ပွဲများကြောင့် မန်စီမြို့နယ် အတွင်းမှ ကျေးလက်ပြည် သူ ၂၀၀၀ ခန့် နောက်တဖန် နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။ KIA က မြန်မာ့တပ်မတော် နှင့်သာမက တပ်မတော် ကျောထောက်နောက်ခံ ကချင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) နှင့်လည်း နှစ်လယ်ပိုင်းတွင် တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။

ကချင်ပြည်နယ် လိုင်ဇာအနီးရှိ စစ်ပြေးဒုက္ခသည်စခန်းတခု

၂၀၁၂ မှ ၂၁၀၃ အတွင်းတွင် အရပ်သား အနည်းဆုံး ၆ ဦး သေဆုံးခဲ့ရပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်။ ၂၀၁၄ ခုနှစ် အတွင်းတွင် မြန်မာ့တပ်မတော်မှ စစ်သည် ၁၇၈ ဦးခန့် သေဆုံးခဲ့ရကြောင်း KIA ၏ မဟာမိတ်ဖြစ်သော တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က ပြောဆိုဖူးသည်။

၂၀၁၄ ခုနှစ် ဧပြီလအတွင်းက ၁ ပတ်ကြာဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကချင်ပြည်နယ် အရှေ့ပိုင်း နှင့် ၎င်းနှင့် ထိစပ်နေသော ရှမ်းပြည်နယ်မှ အရပ်သားပြည်သူ ၅၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ ၂၀၁၄ ခုနှစ် မေလအတွင်း တွင် KIA ၏ နိုင်ငံရေး အဖွဲ့ဖြစ်သော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် အစိုးရတို့က ငြိမ်းချမ်းရေး လေ့လာစောင့်ကြည့်မှု ကော်မရှင် တခုကို ဖွဲ့စည်းခဲ့သည်။ အဆိုပါ ကော်မရှင်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဦးဆောင်သည့် အစိုးရသစ် အာဏာလွှဲပြောင်းယူခဲ့သော ၂၀၁၆ ခုနှစ် မတ်လ နောက်ပိုင်းတွင် ရပ်ဆိုင်းသွားခဲ့သည်။

NCCT မှ တဆင့် ငြိမ်းချမ်းရေးဆွေးနွေးမှုသည် ၂၀၁၄ ခုနှစ် သြဂုတ်လ အထိ အဆင်ပြေခဲ့သော်လည်း ထိုသြဂုတ်လတွင် မြန်မာ့တပ်မတော်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ NCA မူကြမ်းရေးဆွဲရေး အစည်းအဝေး တခုတွင် တပ်မတော်မူ ၆ ချက်ကို တင်သွင်းခဲ့ပြီး အဆိုပါ အချက်များထဲတွင် ဒီမိုကရေစီကို ဖော်ဆောင်ရာ၌ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေနှင့် အညီဖြစ်စေရန် နှင့် တိုင်းပြည် ၏ တည်ဆဲ ဥပဒေများအတိုင်း အတိအကျလိုက်နာရန်တို့ ပါဝင်သည့်အတွက် အဖုအထစ်များ ဖြစ်ပေါ်ခဲ့ရသည်။

မြန်မာ့တပ်မတော်က ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ခါဘွမ်(Hka Bhum) စခန်းရှိ KIA လေ့ကျင့်ရေး သင်တန်းကျောင်းတခုကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့် အတွက် တိုင်းရင်းသား ဗိုလ်လောင်း ၂၂ ဦး သေဆုံး၍ ၁၅ ဦး ဒဏ်ရာ ရှိခဲ့ပြီး နောက်ပိုင်းတွင် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပျက်စီးလု နီးပါး ဖြစ်ခဲ့ရသည်။ ၂၀၁၅ ခုနှစ် မတ်လ အလယ်ပိုင်းတွင် ထိုစဉ်က အတွင်းရေးမှူး ဒေါက်တာ လဂျာ နှင့် ထိုစဉ်က KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော် တို့ ဦးဆောင်သည့် KIO/KIA ခေါင်းဆောင်များ နေပြည်တော်သို့ လာရောက်ခဲ့ကြပြီး ယခင်အစိုးရ နှင့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နှင့် ပထမဆုံး အကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ အဖွဲ့ ၁၆ ဖွဲ့ကိုယ်စားပြု NCCT အဖွဲ့ဝင်များက NCA သဘောတူညီချက်ကို ထောက်ခံသည့် ကတိကဝတ်တခုကို ၂၀၁၅ ခုနှစ် မတ်လတွင် လက်မှတ်ထိုးခဲ့ကြသည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် KIA က NCA လက်မှတ်ရေးထိုးခြင်းကို ရှမ်းပြည်တပ်မတော် မြောက်ပိုင်း၊ မွန်ပြည်သစ်ပါတီ နှင့် ကရင်နီအမျိုးသားတိုး တက်ရေးပါတီတို့နှင့် အတူ ဆန့်ကျင်ခဲ့သည်။ အဆိုပါ အဖွဲ့အားလုံးက ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့များ အားလုံးပါဝင်ရေး မူကို ကိုင်စွဲခဲ့ကြသည်။

၂၀၁၅ ခုနှစ် မေလအတွင်းက KIA ထိန်းချုပ် ဒေသများအတွင်းတွင် တိုက်ပွဲများ ၃ ပါတ်ကြာပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ ၂၀၁၂ ခုနှစ်က စွန့်ပစ်ထားခဲ့သည့် နမ့်လင်းပါ (Nam Lin Pa) ကျေးရွာ အနီးတွင် မြန်မာ့တပ်မတော်က လေကြောင်း တိုက်ခိုက်မှုများ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။

၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံ ကျင်းပသည့် အချိန်အထိ စစ်ရေးအရ ထိတွေ့မှုများ ရှိနေသော်လည်း KIA နှင့် ၎င်းဦးဆောင်သော ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တို့က ၂၀၁၆ ခုနှစ် သြဂုတ်နှင့် စက်တင်ဘာလ အတွင်း နေပြည်တော်၌ ပြုလုပ်ခဲ့သော ဒေါ်အောင်ဆန်း စုကြည် ၏ ၂၁ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံ ပထမအစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်။ ၂၀၁၆ ခုနှစ် သြဂုတ်လ အလယ်ပိုင်းတွင် တနိုင်းမြို့နယ် ရှတူးဇွပ် (Shahtu Zup) ကျေးရွာ အနီးတွင် မြန်မာ့တပ်မတော် နှင့် KIA တို့ တပတ်နီးပါးကြာ တိုက်ခိုက်ခဲ့ကြသည့် အတွက် စာသင်ကျောင်းများ ပိတ်ခဲ့ရပြီး ပြည်သူ ၁၀၀၀ ခန့် တနိုင်း-ဖားကန့် အဝေး ပြေးလမ်းအတိုင်း ထွက်ပြေးခဲ့ရသည်။

မြစ်ကြီးနားမြို့တွင်လည်း ကချင် အမျိုးသား Lungjung Tu Raw က ကချင်ပြည်နယ် အတွင်းမှ ထိုးစစ် များ ရပ်ဆိုင်းရေး အတွက် အာဏာပိုင်များထံမှ ခွင့်ပြုချက်မရဘဲ ဆန္ဒပြခဲ့သည့် အတွက်ဟုဆိုကာ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းစွာ စုဝေးခွင့် နှင့် စီတန်းလှည့်လည်ခွင့် ဥပဒေကို ချိုးဖောက်မှုဖြင့် တရားစွဲဆိုခြင်းခံခဲ့ရသည်။ သူ၏ ကြွေးကြော်သံများ အားလုံးက ကြိုတင်ခွင့်ပြုချက် ရယူထားခြင်း မရှိသည့် အတွက် ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ရဲအဖွဲ့က ပြောဆိုခြင်း ဖြစ်သည်။ ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် KIA ပါဝင်သော မြောက်ပိုင်း မဟာမိတ် အဖွဲ့က ရှမ်းပြည်နယ် မြောက်ပိုင်းမှ မူဆယ် နယ်စပ် ကုန်သွယ်ရေး ဇုန်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြသည်။ ထိုတိုက်ခိုက်မှုကြောင့် မြန်မာ့တပ်မတော်က KIA နှင့် မဟာမိတ်အဖွဲ့များကို ”သောင်းကျန်းသူများ” အဖြစ် ပြောဆိုသုံးနှုန်းလာခဲ့သည့်အတွက် ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးမှုများတွင် နောက်ထပ် အတားအဆီးတခု ဖြစ်လာခဲ့သည်။ ၂၀၁၆ ခုနှစ် စက်တင်ဘာလမှ စ၍ မြန်မာ့တပ်မတော်က လိုင်ဇာ ပတ်ဝန်းကျင်မှ KIA စခန်းများကို ပြင်းထန်စွာ တိုက်ခိုက် လာခဲ့ပြီး ၄ လကြာထိုးစစ်နောက်ပိုင်း ဒီဇင်ဘာလအတွင်းတွင် KIA ၏ ဗျူဟာမြောက် စခန်း ၄ ခု ဆုံးရှုံးခဲ့ရသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့တွင် နေအိမ်အတွင်း လက်နက်ကြီးကျရောက်မှုကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ် ပူဝမ် (Puwang) ကျေးရွာမှ အသက် ၂ နှစ် အရွယ် ကလေးမလေးတဦး သေဆုံးခဲ့ရပြီး အသက် ၅ နှစ် နှင့် ၆ နှစ် စီရှိကြသော သူ၏ အကို ၂ ဦးမှာ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြသည်။ ထိုအဖြစ်အပျက်အတွင် မြန်မာ့တပ်မတော်ကရော KIA ကပါ တာဝန်ခံခြင်း မရှိခဲ့ကြပါ။

လိုင်ဇာအနီး တွေ့ရသော ကေအိုင်အေ စစ်သားများ

၂၀၁၇ ခုနှစ် အစောပိုင်းတွင် KIA က ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဦးဆောင်သည့် မဟာမိတ် အဖွဲ့ သို့ ဝင်ရောက်ခဲ့ပြီး ၎င်း ဥက္ကဌ အဖြစ်ဆောင်ရွက်နေသော UNFC မှ ထွက်ခွာရန် စီစဉ်ခဲ့သည်။ ဖေဖော်ဝါရီလ နှင့် ဧပြီလ အတွင်းတွင် ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၏ မြို့တော်ဖြစ်သည့် ပန်ဆန်းတွင် မဟာမိတ်အဖွဲ့ ၇ ခု တွေ့ဆုံခဲ့ကြပြီး ငြိမ်း ချမ်းရေးအတွက် အခြားနည်းလမ်းတခုကို အဆိုပြုခဲ့သည်။ လက်ရှိ NCA တွင် အပြစ်အနာအဆာများ ရှိကြောင်း ပြောဆိုပြီး  NCA စာချုပ်ကို အစားထိုးရန် တောင်းဆိုခဲ့ကြသည်။ မေလ နှောင်းပိုင်းတွင် KIA အပါအဝင် UWSA ၏ မဟာမိတ် အဖွဲ့ဝင်များက နေပြည်တော်တွင် ကျင်းပသည့် ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအစည်းအဝေး ဖွင့်ပွဲသို့ တက်ရောက်ခဲ့ကြပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က တည်ခင်းသည့် ညစာစားပွဲ သို့လည်း တက်ရောက်ခဲ့ကြသည်။ KIO ၏ ဒုတိယ ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ နှင့် သူ၏ ဇနီး တို့က ဒေါ်အောင်ဆန်းစုကြည်နှင့် မေလ ၂၆ ရက်နေ့တွင် တွေ့ဆုံ ခဲ့ကြပြီးနောက် ထိုသို့ တွေ့ဆုံမှုက အနာဂါတ် ညှိနှိုင်းဆွေးနွေးမှုများအတွက် လမ်းပွင့်စေခဲ့သည်ဟု KIO  ကိုယ်စား လှယ်များက ဧရာဝတီသို့ ပြောဆိုခဲ့သည်။

၂၀၁၇ ခုနှစ် ဇွန်လ ၃ ရက်နေ့မှ စတင်၍ တနိုင်းမြို့နယ် နာမ်ဗျူ နှင့် အမ်ဂါဂါး ကျေးရွာများ အနီးရှိ မိုင်ဆာ စခန်း တွင် KIA ၏ တပ်ရင်း ၁၄ နှင့် မြန်မာ့တပ်မတော်မှ တပ်ဖွဲ့များ၏ တိုက်ပွဲများဖြစ်ပေါ်ခဲ့သည့် အတွက် ကျေးရွာနေ ပြည်သူ ၁၀၀၀ ခန့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။ ၎င်းတို့ထဲမှ တဝက်ကျော်ကို ထွက်ခွာသွားခြင်း မပြုရန် အာဏာပိုင်များက တားဆီးခဲ့ကြသည်။

၁၉၄၇ မှ ၂၀၁၁ အထိ အရေးပါသော ဖြစ်ရပ်များ

ဖေဖော်ဝါရီ ၁၉၄၇ ။  ။ ကချင်ပြည်နယ် ကိုယ်ပိုင် အုပ်ချုပ်ခွင့် အပြည့်အဝ ရရှိစေမည့် အခြေခံအုတ်မြစ်ကို ဖန်တီး ပေးမည့် ပင်လုံစာချုပ်ကို ကချင်ခေါင်းဆောင်များ နှင့် မြန်မာ အစိုးရတို့ လက်မှတ်ရေးထိုးခဲ့ကြသည်။ ဖေဖော်ဝါရီ ၁၉၄၉။ ။ မြန်မာ့တပ်မတော်မှ ကချင်အမျိုးသား အရာရှိတဦး ဖြစ်သည့် နော်ဆိုင်းက သူ၏ တပ်ဖွဲ့ နှင့် အတူ ကရင်လက်နက်ကိုင်များ နှင့် ပူးပေါင်းခဲ့သည်။ နောက်ပိုင်းတွင် ကချင်လွတ်မြောက်ရေး အတွက်တိုက်ခိုက်ရာတွင် ပထမဆုံး ကချင်လက်နက်ကိုင် တပ်မတော်ကို ဦးဆောင်ခဲ့သည်။

ဖေဖော်ဝါရီ ၁၉၆၁။ ။ ထိုစဉ်က ဝန်ကြီးဦးနု၏ လက်အောက်မှ လွှတ်တော်က ဗုဒ္ဓဘာသာကို နိုင်ငံတာ် ဘာသာ အဖြစ် ကျေညာလိုက်သည့် အတွက် ကချင်တိုင်းရင်းသား ခရစ်ယန် အများစု ဒေါသဖြစ်ခဲ့ရသည်။

ဖေဖော်ဝါရီ ၁၉၆၁။ ။ ခေတ်ပညာတတ်ကချင် အမျိုးသား လူငယ်တစုက ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကို ထူထောင်လိုက်ကြပြီး လွတ်လပ်သော ကချင်သမ္မတနိုင်ငံ တခု ဖြစ်ရန် တိုက်ပွဲဝင်မည် ဖြစ်ကြောင်း ကတိပြုခဲ့သည်။ မြန်မာ့ တပ်မတော်နှင့် ပြင်းထန်သော တိုက်ပွဲများ ပေါ်ပေါက်လာခဲ့သည်။

သြဂုတ် ၁၉၆၃ ။    ။ စစ်တပ်မှ အာဏာသိမ်းယူပြီးနောက် အာဏာရလာသည့် ဗိုလ်ချုပ်ကြီး နေဝင်းက ကချင် အပါ အဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ သို့သော်လည်း ဗိုလ် ချုပ်ကြီး နေဝင်း၏ တောင်းဆိုမှုများကို တိုင်းရင်းသား ကိုယ်စားလှယ်များက ငြင်းဆန်ခဲ့ပြီး နောက်ပိုင်းတွင် ဆွေးနွေးမှု ပျက်ပြားခဲ့ရသည်။ ဗိုလ်ချုပ်ကြီး နေဝင်းက တောင်းဆိုသည့် အချက်များထဲတွင် လက်နက်ကိုင်တပ်ဖွဲ့များသည် သတ်မှတ် ထားသည့်နေရာတွင်သာ စုစည်းထားရမည်၊ သူတို့၏ လှုပ်ရှားမှုများကို အစိုးရထံ အသိပေးရမည် ဆိုသည့် သတ်မှတ်ချက် တခုလည်း အပါအဝင် ဖြစ်သည်။

အောက်တိုဘာ ၁၉၈၀။ ။ KIA ၏ နိုင်ငံရေး အဖွဲ့ဖြစ်သော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဥက္ကဌ ဘရန်ဆိုင်းက ရန် ကုန်သို့သွားရောက်၍ ဦးနေဝင်း နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ကချင်ပြည်နယ်ကို ကိုယ် ပိုင် ဆုံးဖြတ်ခွင့် ရှိသော ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ် အဖြစ်သတ်မှတ်ပေးရန် မြန်မာအစိုးရကို သူက တောင်းဆိုခဲ့သည်။ ဒီဇင်ဘာ ၁၉၈၀။ ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ထည့်သွင်းပေးရန် KIO ၏ တောင်းဆိုချက်ကို မြန်မာ အစိုးရက ငြင်းပယ်ခဲ့သည်။ တောင်းဆိုချက်များက ပြည်သူတို့၏ မဲဆန္ဒဖြင့် လက်ခံထားခြင်း မဟုတ်ဟု အစိုးရ က ပြောသည်။ ငြိမ်းချမ်းရေး အားထုတ်မှုများ ပျက်ပြား၍ တိုက်ပွဲများ ပြန်လည် စတင်ခဲ့သည်။

ဇူလိုင် ၁၉၉၃ ။ ။ ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ်မှ KIA က ထိန်းချုပ်ထားသည့်နေရာများတွင် အပစ်အခတ် ရပ်စဲ ရေး သဘောတူညီချက် ရရှိရေးအတွက် KIO ကိုယ်စားလှယ်များ နှင့် မြန်မာတပ်မတော် ခေါင်းဆောင်များ ညှိနှိုင်းဆွေး နွေး ခဲ့ကြသည်။ KIO ၏ အဓိက တောင်းဆိုချက်မှာ ဒေသဖွံ့ဖြိုးရေး ဖြစ်သည်။

ဖေဖော်ဝါရီ ၁၉၉၄။ ။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ နှင့် KIO တို့ အပစ်အခတ် ရပ်စဲရေး သဘောတူ ညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

စက်တင်ဘာ၂၀၁၀ ။ ။ KIO က မြန်မာအစိုးရ၏ အစီအစဉ် ဖြစ်သော နယ်ခြားစောင့် တပ်ဖွဲ့ ဖွဲ့စည်းရေး အစီအစဉ်ကို လက်ခံရန် ညင်းဆန်ခဲ့သည်။ လက်ခံလိုက်ပါက KIA က မြန်မာတပ်မတော်၏ အုပ်ချုပ်မှုအောက်သို့ ရောက်ရှိသွားမည် ဖြစ် သည်။ KIO က စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု စနစ် ပေါ်ပေါက်လာရေးအတွက် တောင်းဆိုသည်။ အကျိုးဆက်အနေဖြင့် ကချင်ပြည်နယ် အတွင်းမှ KIA ဆက်ဆံရေး ရုံးများ ပိတ်ပစ်ရန် ဖိအားပေးလုပ်ဆောင်လာခဲ့သည်။

စက်တင်ဘာ ၂၀၁၀။ ။ မြန်မာနိုင်ငံတွင်နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်ကျင်းပသည့် အထွေထွေ ရွေးကောက် ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် မှတ်ပုံတင်လာသော ကချင်နိုင်ငံရေးပါတီ ၃ ခုကို မြန်မာနိုင်ငံ ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်က ပယ်ချခဲ့သည်။ အဆိုပါ ပါတီများ၏ ခေါင်းဆောင်များက KIA နှင့် အဆက်အသွယ်ရှိ၍ ဖြစ်ကြောင်း သူတို့က ပြောသည်။ မေ ၂၀၁၁ ။  ။ KIO က တရုတ် အစိုးရထံသို့ စာတစောင်ပေးပို့၍ ကချင်ပြည်နယ် အတွင်းမှ ရေအားလျှပ်စစ် စီမံကိန်း ကြီးများတွင် ရင်းနှီးမြှုပ်နှံခြင်းကို ရုပ်သိမ်းပေးရန် တောင်းဆိုခဲ့သည်။ စီမံကိန်းများ အပေါ် ဒေသခံများ၏ မကျေနပ်မှုများက ပြည်တွင်းစစ်ကို ဖြစ်စေနိုင်သည်ဟု သတိပေးခဲ့သည်။

ဇွန်  လ ၉ ရက် ၂၀၁၁။ ။ အစိုးရတပ်ဖွဲ့များ က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်၍ ကချင် ပြည်နယ် ဗန်းမော်မြို့ အရှေ့ဖက် တာပိန်ရေအားလျှပ်စစ် စက်ရုံအနီး တာပိန်မြစ် တလျှောက်ရှိ KIA စခန်းများကို တိုက်ခိုက် လာခဲ့ပြီး နောက် KIO နှင့် မြန်မာ့ တပ်မတော်ကြားတွင် တိုက်ပွဲများ ပြန်လည်ပေါ်ပေါက်လာခဲ့သည်။

(၁၉၄၇ မှ ၂၀၁၁ အထိ အရေးပါသော ဖြစ်ရပ်များကို ကိုဘကောင်းမှ သုတေသနပြုထားခြင်း ဖြစ်သည်) 

Did you find apk for android? You can find new Free Android Games and apps.
Loading