နာမည်ကျော် အမေး၊ အဖြေ Website တခု ဖြစ်တဲ့ Quora မှာ Why do we kiss ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက် ပြီး စိတ်ပညာရှင်၊ လေ့လာသူ ဒေါက်တာ Natalie Engelbrecht ရဲ့ အဖြေအပေါ်ကနေ အခု ကျနော်တို့ အခု ဆောင်းပါးကို ရယူ ရေးသားတင်ပြချင်ပါတယ်။
အရင်ဆုံး Kissing ဆိုတဲ့ နမ်းခြင်းစကားလုံးကို သိပ္ပံပညာရှင်တွေက Philematology လို့ အဓိပ္ပာယ် ဖွင့်ကြပါတယ်။ Philos ဆိုတာကတော့ ရှေးဂရိစကားဖြစ်ပြီး Earthly Love (လေးနက်တဲ့အချစ်)လို့ ဆိုရမှာပါ။
ကျနော်တိ့ုတွေ တယောက်နဲ့တယောက် နမ်းနေချိန်မှာ တဦးကနေ တဦးကို ရေ ၉ မီလီဂရမ်၊ အသားဓာတ် ဝ.၇ မီလီဂရမ်၊ အော်ဂင်းနစ်ဒြပ်ပေါင်း ဝ.၁၈ မီလီ ဂရမ်၊ အဆီ ဝ.၇၁ မီလီဂရမ်၊ ဆိုဒီယမ် ကလိုရိုက် ဝ.၄၅ မီလီဂရမ်နဲ့ ဘက်တီးရီးယား ပေါင်း ၁၀ သန်းကနေ ၁ ဘီလီယံ လောက်ထိအောင် အပြန်အလှန် ကူးစက် ရောက်ရှိနေပါတယ်။
ပုံမှန် လူတယောက်ဟာ နှုတ်ခမ်းချင်း မဟုတ်ဘဲ တပါးသူရဲ့ပါးကို မိမိနှုတ်ခမ်းနဲ့ ထိတွေ့ နမ်းရှိုက်မှုအတွက် နမ်းချိန်မှာ အသုံးပြု ကြွက်သားအနေနဲ့ကတော့ ၂ ခုတည်းပါ။ ဒါကြောင့် တခါနမ်းတိုင်း ကိုယ်ခန္ဓာကနေ ကယ်လိုရီ ၂ ကနေ ၃ ကယ် လိုရီလောက်ပဲ လောင်ကျွမ်းပါတယ်။
ဒါပေမယ့် နှုတ်ခမ်းချင်း ထိစပ် နမ်းရှိုက်မှုမှာတော့ မျက်နှာပြင်မှာရှိတဲ့ ကြွက်သားပေါင်း ၃၄ ခု အလုပ်လုပ်ရပြီး အခြား ခန္ဓာ ကိုယ် အစိတ်အပိုင်းတွေကနေ လိုအပ်သလို ထောက်ပံ့ပေးမှုအတွက် ကြွက်သားစုစုပေါင်း ၁၁၂ခု ပူးပေါင်း လုပ်ဆောင်ရ ပါ တယ်။ ဒီအတွက် တမိနစ် နမ်းရှိုက်ပြီးတိုင်း ၂၆ ကယ်လိုရီ လောင်ကျွမ်းသွားပါတယ်။
ကနဦးပိုင်းမှာ အခုလို နှုတ်ခမ်း(တံတွေးဂလင်း)နဲ့ ပတ်သက်ပြီး စမ်းသပ်ချက်တွေအရ မိခင်တဦးကနေ သူ့ရဲ့ သားသမီးကို အစာ ဝါးပြီး ကျွေးမွေးတယ်။ အဲဒီမှာ မိခင်ရဲ့ တံတွေးဂလင်းဟာ အစာနဲ့ရောနှော ပါရှိသွားသလို ဇီဝဖြစ်စဉ်တွေအရ အဲဒီ လို အစာဝါးပြီး ကျွေးမွေးခံရတဲ့ ကလေးငယ်ဟာ မသိစိတ်ကနေ မိခင်ရဲ့ချစ်ခြင်းမေတ္တာကို အလိုလို ခံစားမိသလို မိခင်ကို ပိုမို အလေးထား ချစ်ခင်တယ်ဆိုတာ သိရှိလာခဲ့ရပါတယ်။
အခုတော့ အဆိုပါ စမ်းသပ်တွေ့ရှိမှုက နမ်းတဲ့အချိန် တဦးနဲ့တဦး တံတွေး ဂလင်းချင်း ထိစပ်မှုမှာလည်း မေတ္တာပိုမို ခိုင်မြဲ ချစ်ခင်စေတယ်ဆိုတာ သိလာရပါပြီ။
လေ့လာချက်တခုမှာ ဆိုရင် အမျိုးသမီးတွေဟာ သူ့ရဲ့ချစ်သူ(ခင်ပွန်း)ရဲ့ အကျႌကို ကောင်းစွာ အနံ့ခံ မှတ်သားထားနိုင် တာ တွေ့ရပြီး ဒါဟာ အမြဲတမ်း သိနေ၊ ထိတွေ့နေတဲ့ ချစ်သူရဲ့ကိုယ်နံ့ကို ကောင်းစွာ မှတ်မိခြင်းထက် အချင်းချင်း ထိတွေ့ နမ်း ရှိုက်မှု အတွင်းပါရှိ ကူးစက်နေတဲ့ ဂလင်းတွေကြောင့် မှတ်မိ သိရှိနေတာ ဖြစ်တယ်လို့ ဆိုသလို အမျိုးသားတဦးချင်းစီမှာ လည်း တဦးနဲ့တဦး မတူညီတဲ့ အနံံ့ ထုတ်လွှတ်မှု ပုံစံရှိတယ်လို့ လေ့လာချက်တွေအရ သိရပါတယ်။
ဒီနေရာမှာ အမျိုးသားတွေကို အဆိုပါ အကျႌအနံ့ခံမှု ပုံစံ စမ်းသပ်မှုမှာတော့ အမျိုးသမီးတွေလို မှတ်သားသိရှိမှု မရှိဘူးလို့ ဆိုပါတယ်။ ဒါဟာ နမ်းရှိုက်ခြင်းနဲ့ ပတ်သက်ပြီး အမျိုးသားတွေထက် အမျိုးသမီးတွေက ပိုမိုမှတ်မိတဲ့ မှတ်သားမှုတွေ ရလာ တာလည်း ဖြစ်ပါတယ်။
ဒါဟာ နမ်းရှိုက်ခြင်းနဲ့ ပတ်သက်လို့ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုမို အာရုံစိုက်တာကြောင့် ဖြစ်ပါတယ်။ လေ့ လာချက်တွေအရ အမျိုးသမီး အများစုဟာ နမ်းခြင်းကနေမှ တဆင့် လိင်ဆက်ဆံဖို့ စိတ်နဲ့ အားအင် ဖြစ်လာမှု များပေမယ့် အမျိုးသားတွေမှာတော့ နမ်းရှိုက်မှု မရှိဘဲ လိင်ဆက်ဆံဖို့ အသင့်အနေအထား ရနိုင်တာကြောင့် ဖြစ်တယ်လို့ ထောက်ပြ ထားပါတယ်။
စစ်တမ်းတွေအရလည်း အမျိုးသမီး ရာခိုင်နှုန်း အများစုဟာ နမ်းပြီးမှ လိင်ဆက်ဆံကြတယ်လို့ ဆိုပါတယ်။ ဒါအပြင် ပြင် သစ်က ပညာရှင်တွေရဲ့ တွေ့ရှိချက်အရ အမျိုးသားတွေရဲ့ တံတွေး ဂလင်းမှာ အမျိုးသမီးတွေကို လိင်ဆက်ဆံဖို့ စိတ်အား ထက်သန်စေမယ့် ဓာတ်သဘောတွေ ပါရှိတယ်လို့ ဆိုပါတယ်။
ပြီးတော့ အမျိုးသားတွေမှာ သဘာဝအသိအနေနဲ့ နမ်းရှိုက်နေရင်း မိမိရဲ့ချစ်သူ အမျိုးသမီးအနေနဲ့ လိင်ဆက်ဆံလိုစိတ် ဘယ်လောက် ရှိနေပြီဆိုတာလည်း အလိုလို သိနေတတ်တယ်လို့ ဆိုပါသေးတယ်။
နမ်းရှိုက်ပြီးချိန်မှာရော ဘယ်လို ရလဒ်တွေ ရလာပါသေးသလဲ။ ဟော်မုန်းပြောင်းလဲမှုအရ ကျား၊ မ မရွေး နမ်းရှိုက်ပြီး တိုင်း စိတ်ဖိစီးမှု လျော့နည်းသွားတတ်ကြပါတယ်။ ကောင်းသော ကျန်းမာရေး ရလဒ်တခုပါပဲ။ ပြီးတော့ သွေးဖိအား (သွေးခုန် နှုန်း) မှန်စေတယ်။
နှလုံးကို အားကောင်းစေတယ်။ သွားပျက်စီးမှုကို ကာကွယ်ပေးနိုင်မယ့် တံတွေးဂလင်း တမျိုးလည်း ထွက်ရှိလာလို့ နမ်း ခြင်းဟာ သွားတွေကိုလည်း ကာကွယ်ပေးရာ ရောက်တယ်။
ပြီးတော့ လေ့လာချက်တွေအရ မနက်ခင်းတိုင်း အမျိုးသမီးကို နမ်းရှိုက်လေ့ရှိတဲ့ အမျိုးသားတွေဟာ လုပ်ငန်းခွင်မှာလည်း ပိုမို အဆင်ပြေ အောင်မြင်တယ်လို့ တွေ့ရသလို ပျမ်းမျှ အသက်ထက်လည်း ၅ နှစ်ခန့် ပိုမို ရှည်ကြာအောင် နေထိုင်နိုင် တယ်လို့ ဆိုပါတယ်။ ဒါဆိုရင်တော့ သင့်အနေနဲ့ ချစ်ရသူကို ချစ်ရင် နမ်းရှိုက်ပါ။
Ref: www.businessinsider.com