သင့်အနေနဲ့ ကုမ္ပဏီတခုခုမှာ အလုပ်သွားလျှောက်တယ်၊ အဲဒီက အင်တာဗျူးခေါ်တယ်၊ ဒီလို အင်တာဗျူးချိန် မှာ ဖြစ်စေ၊ ဒါမှမဟုတ် ပြန်ပြီး ဆက်သွယ်လိုက်ပါမယ်ဆိုတဲ့ အချိန်တွေမှာ ဖြစ်စေ၊ အလုပ်ခေါ်သူဆီကနေ အောက်မှာ ပြောမယ့် လက္ခဏာ တခုခု တွေ့လာရပြီဆိုရင်တော့ ဒီအလုပ်ကို သင် ရဖို့ ရာခိုင်နှုန်း အနည်းငယ်ပဲ ရှိပါတော့တယ်။ အခြား အလုပ်တ ခုခုသာ ပြောင်းလျှောက်ဖို့ ပြင်ဆင်ထားလိုက်ပါတော့။
(၁) အင်တာဗျူးနေရင်းနဲ့ မေးသူက မေးခွန်းအခက်တွေကို ရုတ်တရက် ဆက်တိုက်မေးလာမယ်၊ အလုပ်နဲ့ မလိုက်ဖက်တဲ့ တာဝန်မျိုးတွေကို ထမ်းဆောင်နိုင်မလား မေးမြန်းလာခြင်း
ဆိုလိုတာကတော့ ကနဦး အစပိုင်းမှာ သင့်ရဲ့ပညာအရည်အချင်း၊ လုပ်ငန်း အတွေ့အကြုံလို အပိုင်းတွေ မေးနေရင်းကနေ သင် မသိနိုင်လောက်တဲ့၊ မတွေ့ကြုံ မဖြေရှင်းဘူးတဲ့ လုပ်ငန်းအကြောင်းအရာတွေကို ပြန်မဖြေနိုင်လောက်အောင် ဆက် တိုက်မေးလာတာမျိုးတွေ၊ သင်က အငယ်တန်းစာရေးအလုပ်ကို လျှောက်နေတာ ဖြစ်ပေမယ့် မန်နေဂျာတယောက်ရဲ့တာ ဝန်လောက် အလုပ်မျိုးကို ပြီးမြောက်အောင် လုပ်နိုင်မလားဆိုတဲ့ မေးခွန်းမျိုးတွေ မေးလာပြီဆိုရင် ဒါဟာ သင့်အပေါ်မှာ မေးမြန်းသူက အပြစ်ရှာနေတာပါ။
သင် မစွမ်းနိုင်ချိန်မှာမှ သင့်ရဲ့လိုအပ်ချက်ကြောင့်ဆိုတဲ့ အကြောင်းပြချက်မျိုးနဲ့ အလုပ်ခန့်ဖို့ နောက်ဆုတ်လိုက်ပါလိမ့် မယ်။ ဒါဟာ သင့်ကို အလုပ်မခန့်ထားချင်တာကြောင့် အကြောင်းပြချက် ရှာခြင်းပုံစံတခုပါ။
(၂) အလုပ်ခန့်ထားမယ်သူကို တွေ့ဖို့ ချိန်းဆိုလို့ မရတော့ခြင်း
အင်တာဗျူးမှာ အလုပ်ရမယ်၊ မရဘူး မပြောပေမယ့် နောက်မှ ဆက်သွယ်လိုက်မယ်ဆိုပြီး သင့်ကို ပြန်လွှတ်တာမျိုး ရှိ ပါလိမ့်မယ်။ ဒါပေမယ့် နောက်ပိုင်းမှာ သင့်ဆီကို သူ ဆက်သွယ်လာမှာ မဟုတ်တော့ပါဘူး။
တကယ်လို့ သင့်အနေနဲ့ အဆိုပါ အလုပ်ရှင်ကို အလုပ်ခန့်ထားဖို့အခြေအနေနဲ့ တွေ့ဖို့ ချိန်းဆိုတိုင်း မအားဘူး၊ အစည်းအ ဝေး ရှိတယ် စသဖြင့် အချိန်တိုင်း ဖြေနေပြီဆိုရင် သင့်ကို သူ ရှောင်နေတာပါ။ အလုပ် မခန့်ချင်လို့ ဖြစ်ပါတယ်။ တခြား အလုပ်ပြောင်းလျှောက်လိုက်ပါတော့။
(၃) အင်တာဗျူး ဖြေနေရင်း ငြင်းဆန်ခံရခြင်း
ဒါကတော့ သင့်အနေနဲ့ ချက်ချင်း သိနိုင်သိသင့်တဲ့အချက်ပါ။ အလုပ်ရှင်ကနေ မေးနေသမျှကို သင် ဖြေနေပေမယ့် သူက သင့်ရဲ့အဖြေအပေါ်မှာ နည်းနည်းတော့ လိုအပ်ချက်ရှိနေသလိုပဲ၊ သိပ်မသေချာသလိုပဲ။
ဒီလောက်ပဲ သိသလားဆိုတဲ့ မှတ်ချက်တွေ မကြာခဏ ပေးနေပြီဆိုရင်တော့ သင့်ကို သူ အလုပ်ခန့်ထားဖို့ ရာခိုင်နှုန်း အနည်းငယ်ပဲ ရှိပါတော့တယ်။
(၄) အလုပ်ရှင်ရဲ့လူမှုကွန်ရက်ကနေ အလုပ်နဲ့ပတ်သက်ပြီး အနုတ်လက္ခဏာဆောင်တဲ့ သဘောမျိုး ရေးသားလာခြင်း
ဆိုလိုတာကတော့ အခုခေတ်မှာ လူမှုကွန်ရက်တွေ ဖြစ်တဲ့ Facebook, Twitter တွေက လူတိုင်းသုံးနေသလို လုပ်ငန်းရှင် တွေအနေနဲ့ အမြဲမသုံးသည့်တိုင်အောင် အကောင့်တော့ ရှိနေကြပါတယ်။
အဲဒီမှာ သင်လျှောက်ထားတဲ့ အလုပ်နဲ့ပတ်သက်ပြီး သူတို့ရဲ့ လူမှုကွန်ရက်မှာ သင့်ထံ အဖြေပြန်မယ့်နေ့ကို သူ မအားကြောင်း၊ နေမကောင်းကြောင်း၊ အဆိုပါ အလုပ်နေရာ မထားတော့ဘဲ အခြားလုပ်ငန်း ဆောင်ရွက်ဖို့ စတဲ့ အနုတ်လက္ခဏာ ဆောင်တဲ့ Post မျိုး ရေးလာပြီဆိုရင်တော့ သင့်ကို အလုပ်မခန့်ချင်တော့လို့ဆိုတာ သိထားဖို့ လိုအပ်ပါတယ်။
(၅) မအားလပ်မှုတွေကြောင့် သင့်ကို လူတွေ့မေးမြန်းဖို့ ငြင်းဆန်နေခြင်း
ဒီလို ဖြစ်စဉ်က အင်တာဗျူး မဖြေရသေးခင်မှာ ဖြစ်စေ၊ အင်တာဗျူး ဖြေပြီး အကြောင်းပြန်ဖို့ ကြန့်ကြာနေချိန်မှာ ဖြစ်စေ၊ အ လုပ်ခန့်မယ် မန်နေဂျာ ဒါမှမဟုတ် အလုပ်ရှင်ဆီကို သင့်အနေနဲ့ ဆက်သွယ်မေးမြန်းချိန်တိုင်း သူက မအားလပ်ကြောင်းကို တကြိမ်ကနေ သုံးကြိမ်အထိ ပြောလာခြင်းမျိုးတွေ၊ သူ့အနေနဲ့ အလုပ်နေရာအတွက် အပြောင်းအလဲ စီစဉ်နေရခြင်း တွေရှိ နေကြောင်းမျိုး ပြောလာရင် သင့်ကို အလုပ်မခန့်ချင်တော့တာကို နားလည်ဖို့ လိုအပ်ပါတယ်။
Ref: www.busienssinsider.com