• English
Saturday, July 12, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

မြန်မာပြည်က တိုင်းရင်းသားမီဒီယာများ

by ကိုထွေး
19 June 2017
in ဆောင်းပါး
A A
မြန်မာပြည်က တိုင်းရင်းသားမီဒီယာများ

တိုင်းရင်းသားဘာသာဖြင့် ထုတ်ဝေမှုများက တိုင်းရင်းသား မီဒီယာများ သတိပြုမိစရာ ဖြစ်လောက်အောင် ကျယ်ပြန့်လာခြင်းကို ဖော်ပြနေပါသည်။

6.7k
VIEWS
Share on FacebookShare on Twitter

၂၀၁၁ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံတွင် အစိုးရ၏ ပြုပြင်ပြောင်းလဲရေးများကြောင့် ပင်မမီဒီယာတွင်ရော တိုင်းရင်းသား မီဒီ ယာတွင်ပါ ထူးခြားသိသာသော အပြောင်းအလဲများ ရှိလာသည်။ မီဒီယာဌာန အသစ်များလည်း အများအပြား ပေါ် ပေါက် လာသည်။

စာပေစိစစ်ရေး အဖွဲ့ကို ဖျက်သိမ်းလိုက်ခြင်း နှင့် ပြည်ပရောက် မီဒီယာအဖွဲ့အစည်းများကို ပြည်တွင်းတွင် လုပ်ကိုင်ရန် ခွင့်ပြုပေးခြင်းတို့ အားဖြင့် ယခင်သမ္မတ ဦးသိန်းစိန်၏ အရပ်သားတပိုင်း အစိုးရက သတင်းလွတ်လပ်ခွင့်ကို ဦးတည်သော အဓိကကျသည့် အချက်များကို ဆက်လက်ဆောင်ရွက်ခဲ့သည်။ ယခုအခါ တိုင်းရင်းသား ဘာသာစကားများဖြင့် ထုတ်ဝေသည့် စာစောင် ၈၈၅ ခုကျော်ကို အစိုးရက ခွင့်ပြုပေးခဲ့ပြီး ဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် မှတ်ပုံတင်ထားသည့် စာစောင် ၃၀၀ ရှိခဲ့ရာမှ တိုးလာခြင်း ဖြစ်ပါသည်။ အဆိုပါ ထုတ်ဝေမှုများထဲတွင် ချင်းတိုင်းရင်းသား ဘာသာဖြင့် ထုတ်ဝေ သော နေ့စဉ် သတင်းစာ ၃ စောင်၊ တိုင်းရင်းသား ဘာသာများဖြင့် ထုတ်ဝေသည့် ဂျာနယ် ၄၀ နှင့် တိုင်းရင်းသား ဘာသာ မဂ္ဂဇင်း ၇ ခုရှိသည်ဟု ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီး ဦးဖေမြင့်၏ အဆိုအရ သိရသည်။

RelatedPosts

ဗုံးကြဲမှုများကြား ရင်းနှီးမြုပ်နှံရန် TNLA ဖိတ်ခေါ်

ဗုံးကြဲမှုများကြား ရင်းနှီးမြုပ်နှံရန် TNLA ဖိတ်ခေါ်

11 July 2025
391
မြေရှားနဲ့ပတ်သက်ပြီး တရုတ်ခြိမ်းခြောက်မှုမရှိဟု KIA ပြော

မြေရှားနဲ့ပတ်သက်ပြီး တရုတ်ခြိမ်းခြောက်မှုမရှိဟု KIA ပြော

9 July 2025
1.5k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

9 July 2025
2k

အထူးသဖြင့် တိုင်းရင်းသားဘာသာဖြင့် ထုတ်ဝေမှုများက တိုင်းရင်းသား မီဒီယာများ သတိပြုမိစရာ ဖြစ်လောက်အောင် ကျယ်ပြန့်လာခြင်းကို ဖော်ပြနေပါသည်။ တိုင်းရင်းသားမီဒီယာ ဆိုသည်မှာ မည်သည့်နေရာတွင်မဆို မြန်မာဘာသာကို အသုံးပြု၍ သို့မဟုတ် တိုင်းရင်းသား လူနည်းစု ဘာသာစကားကို အသုံးပြု၍ တိုင်းရင်းသား လူနည်းစုများ၏ အရေးကိစ္စ များကို အလေးပေးဖော်ပြ၍ တိုင်းရင်းသား လူနည်းစုများနှင့် တွဲဖက်ဆောင်ရွက်နေသော စာစောင်များ၊ အသံလွှင့်ဌာန များ သို့ မဟုတ် အင်တာနက် ဝက်ဘ်ဆိုက်များကို ကျနော်ဆိုလိုခြင်း ဖြစ်ပါသည်။ ထို့နည်းတူ ပြည်နယ်ကို အခြေပြု၍၊ ဒေသကို အခြေပြု မြန်မာနိုင်ငံမှ တိုင်းရင်းသား လူနည်းစုဒေသများတွင် တိုင်းရင်းသား လူနည်းစုအရေးကို အလေးပေးသော အခါအားလျှော်စွာ ထုတ်ဝေဖြန့်ချီသည့် စာစောင်များလည်း အပါအဝင် ဖြစ်ပါသည်။

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ဦးဆောင် သော လက်ရှိ အစိုးရလက်ထက်တွင် မီဒီယာလုပ်ငန်းကဏ္ဍ နောက်ထပ်တိုးတက်မှုများ ဆက်လက်မြင်တွေ့ရမည်ဟု မီဒီ ယာ လေ့လာစောင့်ကြည့်သူအများအပြားက ယုံကြည်ခဲ့ကြသည်။ သို့သော်လည်း ကမ္ဘာ့ စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ (World Press Freedom Day) တွင် PEN Myanmar က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တခုအရ မြန်မာနိုင်ငံ၏ မီဒီယာ လွတ်လပ်ခွင့်အမှတ်က ရနိုင်သည့် အမှတ် ၆၀ တွင် ၈ မှတ်သာ ရကြောင်း သိရသည်။ သတင်းအချက်အလက်ရယူရေး၊ ဈေးကွက်နှင့် ဘဏ္ဍာရေးပိုင်းတွင် အကန့်အသတ်ရှိနေခြင်း၊ စာနယ်ဇင်းသမားများနှင့် အယ်ဒီတာများအား အနှောက် အယှက်ပေးမှုများ ရှိနေခြင်းတို့နှင့် အတူ ပင်မဖြစ်သည့် မြန်မာမီဒီယာများနှင့် တိုင်းရင်းသား မီဒီယာများ အပါအဝင် မီဒီယာအဖွဲ့အစည်းများအတွက် ရေရှည်ရပ်တည်နိုင်ရေးက အဓိကကျသော အတားအဆီး ဖြစ်နေသည်။

ထို့ပြင် စာနယ်ဇင်းသမားများနှင့် အယ်ဒီတာများမှာ ဆက်သွယ်ရေး ဥပဒေမှ ပုဒ်မ ၆၆(ဃ) နှင့် ရင်ဆိုင်ရနိုင်သည့် အခြေ အနေနှင့် ကြုံနေကြရသည်။ အဆိုပါ ပုဒ်မမှာ ဆက်သွယ်ရေးကွန်ရက်များကို အသုံးပြု၍ အသရေဖျက်မှုဖြင့် ထောင်ဒဏ် ၃ နှစ် အထိချမှတ်ခံရနိုင်သည့် ပုဒ်မ ဖြစ်ပါသည်။ ထိုပုဒ်မ ဖြင့် တရားစွဲဆိုခြင်း ခံရသူ ယခုချိန်အထိ အနည်းဆုံး ၅၄ ဦး ရှိခဲ့ပြီ ဖြစ်ပြီး ၈ ဦးက လူမှုကွန်ရက်မှ သူတို့၏ ရေးသားမှုများကြောင့် ထောင်ဒဏ်ချမှတ်ခြင်းခံခဲ့ရကြောင်း လူ့အခွင့်အရေး စောင့် ကြည့်မှု အဖွဲ့(HRW) မှ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ နှင ရှေ့နေချုပ် ထံ ပေးပို့သည့် စာ တစောင်အရသိရသည်။ မကြာသေးမီက The Voice သတင်းစာ အယ်ဒီတာချုပ်နှင့် ပင်တိုင် သရော်စာရေးသားသည့် စာရေးဆရာတို့ကို တပ်မတော်က ပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆိုခဲ့သည်။

ထိုကဲ့သို့ သောအခက်အခဲများ ရှိနေသော်လည်း မြန်မာနိုင်ငံတွင် သတင်း၊ အားကစား၊ ဖျော်ဖြေရေး နှင့် ဗေဒင် အကြောင်းများ ဖော်ပြသည့် နေ့စဉ်၊ အပါတ်စဉ်နှင့် လစဉ်ထုတ် စာစောင်များကို မြန်မာဘာသာနှင့်ရော တိုင်းရင်းသား ဘာသာများဖြင့်ပါ ထုတ်ဝေနေကြသည်။ အချို့က ဆက်လက်ရပ်တည် နိုင်ခဲ့ကြသော်လည်း အများအပြားမှာ ပျောက် ကွယ်သွားခဲ့ရသည်။

တိုင်းရင်းသား မီဒီယာများ ရင်ဆိုင်နေရသည့် ပြဿနာများက ပြည်နယ်နှင့် ဒေသကို လိုက်၍ အမျိုးမျိုး ရှိပါသည်။ အချို့ တိုင်းရင်းသားမီဒီယာများ သို့မဟုတ် ဒေသအခြေစိုက်နှင့် ပြည်နယ်အခြေစိုက် စာစောင်များမှာ သူတို့၏ လုပ်ငန်းကို ရေရှည် ထိန်းသိမ်းမထားနိုင်ကြပါ။ အဘယ်ကြောင့် ဆိုသော် နိုင်ငံတကာ အလှူရှင်များ အပေါ်များစွာ မှီခိုနေရခြင်း၊ ဈေး ကွက်က အကန့်အသတ်ရှိနေခြင်းနှင့် လူသားအရင်းအမြစ် နည်းပါးခြင်းတို့ကြောင့် ဖြစ်သည်။ ဥပမာအားဖြင့် ကယားပြည် နယ် အခြေစိုက် ကန္တာရဝတီတိုင်းမ် သတင်းဌာနသည် နိုင်ငံတကာ အလှူရှင်များ၏ ထောက်ပံ့မှု အပေါ်တွင် အဓိက မှီခိုနေရသည်။ အင်အားကောင်းသည့် မြန်မာ စာစောင်များနှင့် ယှဉ်ပြိုင်ရာတွင် တိုင်းရင်းသား သတင်း အဖွဲ့အစည်း အများအပြား ရင်ဆိုင်ကြရသည့် ပြဿနာ တခုဖြစ်ပါသည်။

တိုင်းရင်းသား မီဒီယာများမှာ လူသားအရင်းအမြစ် ပြဿနာနှင့်လည်း ရင်ဆိုင်ကြရသည်။ အကြောင်းမှာ သူတို့က နာမည် ကြီး မီဒီယာများကဲ့သို့ ကျွမ်းကျင်သည့် ပရော်ဖက်ရှင်နယ် စာနယ်ဇင်းသမားများ၊ အယ်ဒီတာများကို ဆွဲဆောင်နိုင်သည့် လစာ မပေးနိုင်သောကြောင့် ဖြစ်သည်။ ထိုကဲ့သို့ စိန်ခေါ်မှုများ ရှိနေသော်လည်း တိုင်းရင်းသား မီဒီယာ အဖွဲ့အစည်း အချို့ က နည်းပညာတိုးတက်လာခြင်းကြောင့် ပေါ်ပေါက်လာသည့် အခွင့်အရေးများကို အားသာချက်ယူပြီး ကြိုးစားနေကြသည်။ လူမှုကွန်ရက်ကို အသုံးပြု၍ သူတို့ ဒေသတွင် ဘာတွေ ဖြစ်နေသည်ဆိုသည့် သတင်းများကို ဝေမျှကြသည်။

ဥပမာပြရလျှင် ရှမ်းပြည်နယ်မှ ဓနုတိုင်းရင်းသား အဖွဲ့တခုက Voice of Danu အမည်ရှိ Facebook စာမျက်နှာမှ တဆင့် သူတို့၏ အရေး ကိစ္စများကို ဝေမျှပေးနေသည်။ မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုနိုင်မှု သိသိသာသာတိုးတက်လာခြင်း (Freedom House ၏ အဆိုအရ ၂၀၁၅ ခုနှစ် တွင် ၇၀ ရာခိုင်နှုန်း အထိ တိုးလာခဲ့သည်) နှင့် Facebook အသုံးပြုသူ အရေအတွက် တိုးတက်လာခြင်း (Internet World Stats ၏ အဆိုအရ ၂၀၁၆ ခုနှစ်တွင် ၁၁ သန်း အထိရောက်လာခဲ့သည်) တို့ကြောင့် အဖွဲ့အစည်း အများအပြားက အင်တာနက်ကို မြန်မာနိုင်ငံမှ တိုင်းရင်းသားမီဒီယာများ၏ အနာဂါတ်အတွက် ဗဟိုချက် အဖြစ် မြင်ကြသည်။

၎င်းတို့ထဲမှ ထိုင်းနိုင်ငံ ချင်းမိုင် အခြေစိုက် တိုင်းရင်းသား မီဒီယာ အဖွဲ့အစည်းတခု ဖြစ်သည့် Tai TV Online က အခက်အခဲများကို ကျော်ဖြတ်နိုင်ရန် Facebook နှင့် YouTube တို့ကဲ့သို့သော လူမှုကွန်ရက်များတွင် သူတို့၏ သတင်းများကို တင်ပေးနေသည်။ နိုင်ငံတကာမှ အလှူရှင်များ၏ အထောက်အပံ့ မရရှိသလို တည်ငြိမ်သော ဈေးကွက် မရှိ သော်လည်း ကိုယ့်ဖာသာရပ်တည်နေပြီး လူသားအရင်း အမြစ်လည်း အများအပြားရှိနေသည်။

၂၀၁၃ ခုနှစ်က စတင် တည်ထောင်ခဲ့သော Tai TV Online ကို အဖွဲ့ဝင် ၁၉ ဦးဖြင့် ဖွဲ့စည်းထားပြီး သူတို့မှာ ဆောက်လုပ်ရေး လုပ်သားများ၊ အိမ် အကူများ၊ အထည်ချုပ် လုပ်သားများ၊ ချင်းမိုင်နှင့် ရှမ်းပြည်နယ်မှ ကျောင်းသားများ ဖြစ်ကြသည်။ Tai TV Online ကို တည်ထောင်သူ တဦးဖြစ်သည့် နန်းခမ်းအင် (သူက စာနယ်ဇင်းပညာကို ယခင်က ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) နှင့် မြန်မာ့ရေဒီယိုနှင့် ရုပ်မြင်သံကြား (MRTV) တို့တွင် ဆယ်စုနှစ် တခုကျော် အလုပ် လုပ်ရင်း သင်ယူခဲ့သူ) က သူတို့ အဖွဲ့အကြောင်း ရှင်းပြပါသည်။

“မိုဘိုင်းဖုန်း ရှိသူတိုင်း ဂျာနယ်လစ်တွေ ဖြစ်နိုင်တယ်ဆိုတဲ့ စိတ်ကူးအပေါ်မှာ ကျမတို့ အခြေခံခဲ့ပါတယ်။ လူမှု အသိုင်းအဝိုင်းထဲမှာ မီဒီယာကို စိတ်ဝင်စားတဲ့ သူတွေရှိပါတယ်။ ဒါကြောင့် အဲဒါက သူတို့ စမ်းသပ်ဖို့နဲ့ လေ့ကျင့်ဖို့ နေရာ ဖြစ်လာပါတယ်” ဟု နန်းခမ်းအင်က ပြောသည်။ မီဒီယာကို စိတ်ဝင်စားသော မည်သည့် အလုပ်သမားမဆို သူတို့၏ အွန်လိုင်းမီဒီယာတွင် စေတနာ့ဝန်ထမ်း ဂျာနယ်လစ်များ၊ တင်ဆက်သူများ ဖြစ်လာနိုင်သည်ဟုလည်း သူက ထပ်ပြော သည်။

ထိုင်း-မြန်မာ နယ်စပ် တလျှောက် တိုင်းရင်းသားမီဒီယာ အဖွဲ့ဝင်များက သတင်းများ၊ စိတ်ကူးများ၊ ယဉ်ကျေးမှုနှင့် ဘာသာစကားများကို မျှဝေရင်း လူမှုအသိုင်းအဝိုင်းကို ချိတ်ဆက်မှုများ မည်သို့ ဆောင်ရွက် ပေးနိုင်သည်ကို Tai TV Online က ဥပမာတခု အဖြစ် ပြသနေသည်။ ရွှေ့ပြောင်းလုပ်သားများ၏ မီဒီယာ စွမ်းရည် ဖွံ့ဖြိုးလာနိုင်သည်ကိုလည်း သက်သေပြနေသည်။ အဖွဲ့ဝင် အားလုံးက စေတနာ့ဝန်ထမ်းများ ဖြစ်ကြသည်။ တပတ်လျှင် ရုပ်မြင်သံကြား အစီအစဉ်တခု ထုတ်လုပ်နိုင်ရန် ရည်ရွယ်ထားပြီး သူတို့ အလုပ်အားသည့် အချိန်များတွင် ဂျာနယ်လစ်များ၊ တင်ဆက်သူများ အဖြစ် လုပ်ကိုင်ကြသည်။

ဗီဒီယို အများစုမှာ ၃ မိနစ်မှ ၁၀ မိနစ် အတွင်းကြာမြင့်ပြီး ပြည်တွင်း စစ်ရှောင်ဒုက္ခသည်များ၊ စစ်ပွဲများ၊ ရွှေ့ပြောင်း အခြေချမှုများ၊ မြေမြှုပ်မိုင်းများ၊ ရှမ်းစာပေနှင့် သဘာဝပတ်ဝန်းကျင် အစရှိသဖြင့် အကြောင်းအရာ ခေါင်းစဉ်များ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်သည်။ ကွန်ပျူတာ အသုံးပြုခြင်းနှင့် တည်းဖြတ်ခြင်းများကို မီဒီယာမှ ဖြစ်ပြီး သူတို့၏ အသိပညာများကို အဖွဲ့အတွင်းတွင် ဝေမျှပေးသော ကျောင်းသား အဖွဲ့ဝင်များထံမှ သင်ယူကြသည်။ Tai TV Online နှင့် ပတ်သက်သည့် ပစ္စည်းများကို ချင်းမိုင်ရှိ Migrant Learning Centre (MLC) တွင် ထားရှိသည်။ ဘဏ္ဍာရေးနှင့် ပတ်သက်၍ အခက်အခဲများစွာ ရှိနေသေးသော်လည်း နိုင်ငံတကာ အလှူရှင်များ၏ ထောက်ပံ့မှု မပါဘဲ ရပ်တည် ခဲ့သည်မှာ ၄ နှစ်ရှိပြီ ဖြစ်သည်။

တိုင်းရင်းသား မီဒီယာများ ရေရှည် ရှင်သန်ရပ်တည်ရေး အတွက် ဘဏ္ဍာရေးနှင့် ရံပုံငွေက ကြီးမားသော အတားအဆီး များ ဖြစ်နေပါသေးသည်။ မြန်မာနိုင်ငံမှ တိုင်းရင်းသား မီဒီယာများ၏ ရံပုံငွေ ရရှိမှုက အမျိုးမျိုး ဖြစ်သည်။ အချို့က ကိုယ်ပိုင် ငွေကြေးပေါ်တွင် မှီခိုကြသည်။ ကျနော် မကြာသေးခင်က ပြုလုပ်ခဲ့သည့် လေ့လာမှု စာတမ်းတခု (The Role of Ethnic Media in the ‘New Myanmar) တွင် ရှမ်းဘာသာဖြင့် ထုတ်ဝေသည့် ဂျာနယ်တခု ဖြစ်သော Hsen Pai အနေ ဖြင့် နိုင်ငံတကာ အလှူရှင်များ၏ ဘဏ္ဍာရေး အထောက်အပံ့အပေါ်တွင် မှီခိုခြင်းကြောင့် အနုတ်သဘောဆောင်သည့် အတွေ့အကြုံများ ရခဲ့ကြောင်း တင်ပြထားပါသည်။ ယခုအခါ အဆိုပါဂျာနယ်သည် ကိုယ်ပိုင်ငွေကြေး၊ ပြည်တွင်း အလှူရှင်များ သို့မဟုတ် ရှမ်း တိုင်းရင်းသား အသိုင်းအဝိုင်းမှ ရှယ်ယာပိုင်ရှင်များနှင့် အရောင်း ကြော်ငြာထည့်သွင်းမှုများ စသည်တို့မှ ရရှိသည့် ငွေဖြင့် ရပ်တည်နိုင်ရန် ကြိုးစားနေပါသည်။

သို့သော်လည်း တိုင်းရင်းသား မီဒီယာ အချို့မှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ခြင်း မရှိသည့် အတိုင်းအတာများကြောင့် နိုင်ငံတကာ အလှူရှင်များ အပေါ်တွင် အဓိက မှီခိုအားထားနေကြရဆဲ ဖြစ်သည်။ သူတို့ ကိုယ်တိုင် ရပ်တည်နိုင်ရန် ကြိုးစားသော်လည်း မီဒီယာ ထုတ်လုပ်မှုမှ ရရှိသည့်ဝင်ငွေ ထိထိရောက်ရောက် တိုးပွားလာအောင် မပြုနိုင်ခဲ့ကြပါ။ ယခင်က ပြည်ပ အခြေစိုက် မီဒီယာများ ဖြစ်သည့် Irrawaddy နှင့် DVB သတင်းဌာနများသည် သူတို့၏ ဝက်ဘ်ဆိုက်နှင့် အွန်လိုင်း ကြော်ငြာများမှ တဆင့် ဝင်ငွေများ ရရှိကြပြီး Tai TV Online ကဲ့သို့ တိုင်းရင်းသား မီဒီယာများက ထိုပုံစံအတိုင်း ကြိုးစားခဲ့ကြသော်လည်း သူတို့၏ ဝန်ထမ်းများမှာ ကြော်ငြာများ ရရှိရန် အခက်အခဲများ နှင့် ရင်ဆိုင်ရလေ့ ရှိသည်။ အစိုးရထံမှလည်း ငွေကြေး အထောက်အပံ့ မရရှိကြောင်းလည်း တိုင်းရင်းသား မီဒီယာများက မှတ်ချက်ပြုခဲ့ကြသည်။

“ကျမတို့ရဲ့ အစီအစဉ်ကနေ ဝင်ငွေလိုချင်ပါတယ်။ YouTube ကို အသုံးပြုပြီး ဝင်ငွေရဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင် ခဲ့ပါဘူး” ဟု Tai TV Online မှ နန်းခမ်းအင် ကပြောသည်။ သူတို့၏ လုပ်ငန်းက အွန်လိုင်းကြော်ငြာများမှတဆင့် ဝင်ငွေ ရရှိနိုင်ကြောင်း သိသော်လည်း ထိုနည်းလမ်းကို အကောင်အထည်ဖော်ရန် အတွက် အဖွဲ့ဝင်များတွင် လုံလောက်သော နည်းပညာ ကျွမ်းကျင်မှု မရှိကြပါ။

နိုင်ငံတကာ၏ ငွေကြေးထောက်ပံ့မှုအပေါ် ပိုမိုမှီခိုခြင်းက တိုင်းရင်းသား မီဒီယာများ ရေရှည်ရပ်တည်နိုင်ရေး အဖြေတခု မဟုတ်ပါ။ သို့သော်လည်း တိုင်းရင်းသား မီဒီယာများ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ခြင်းမရှိမီ နိုင်ငံတကာ ငွေကြေး အထောက်အပံ့များကို ဖြတ်တောက်လိုက်ခြင်းကလည်း အရင်းအမြစ်များကို ဖြုန်းတီးခြင်းသာ ဖြစ်စေပါလိမ့်မည်။ Hsen Pai ဂျာနယ်၏ ကိုယ်ပိုင်ရံပုံငွေရှာဖွေသည့် ပုံစံက ကောင်းပါသည်၊ သို့သော်လည်း အဖွဲ့အစည်း အသီးသီးတွင် ကွဲပြားခြားနားသော စိန်ခေါ်မှု အခက်အခဲများ ရှိနေပါသည်။ အလှူရှင်များ အနေဖြင့် ငွေကြေးထောက်ပံ့မှု ပေးသည့် အစား တိုင်းရင်သား မီဒီယာများ အွန်လိုင်း ကြော်ငြာများမှ တဆင့် ဝင်ငွေရရှိနိုင်ရေးအတွက် နည်းပညာဆိုင်ရာ လေ့ကျင့် သင်ကြားပေးမှုများ သို့မဟုတ် တိုင်းရင်းသားမီဒီယာများမှ သတင်းများကို မီဒီယာအဖွဲ့အစည်းကြီးများသို့ ရောင်းချနိုင်မည့် နည်းလမ်းတခု ဖန်တီးရေး တို့ကို ကူညီပေးရန် စဉ်းစားသင့်ပါသည်။

မွန်-မြန်မာ ၂ဘာသာဖြင့် ထုတ်ဝေသည့် မွန်ပြည်နယ် အခြေစိုက် သံလွင်တိုင်းမ် ဂျာနယ်မှ အယ်ဒီတာ တဦး ဖြစ်သည့် နိုင်အာကာ က မွန်ပြည်နယ်တွင် ပြည်နယ် သို့မဟုတ် တိုင်းရင်းသား အခြေပြု ဂျာနယ်များ အနေဖြင့် ငွေကြေးအရ အကျိုး အမြတ် မရှိကြောင်း ပြောသည်သည်။ ဈေးကွက် သေးငယ်သည့် မွန်ပြည်နယ်တွင် ပြည်နယ် အခြေစိုက် ဂျာနယ် ၄ ခုရှိပြီး ၎င်းတို့မှာ မွန်ဘာသာဖြင့် ထုတ်ဝေသည့် ဂျာနယ် ၂ ခု၊ မွန်-မြန်မာ ၂ ဘာသာဖြင့် ထုတ်ဝေသည့် ဂျာနယ် ၁ ခုနှင့် မြန်မာဘာသာဖြင့် ထုတ်ဝေသည့် ဂျာနယ် ၁ ခုဖြစ်ကြောင်း နိုင်အာကာ၏ အဆိုအရ သိရသည်။

“အခုဆိုရင် လူမှုကွန်ရက် တွေကနေ သတင်းတွေ သိနိုင်နေပြီ။ အထူးသဖြင့် မြန်မာနိုင်ငံမှာ လူငယ်မျိုးဆက်တွေက ဂျာနယ် ဝယ်မဖတ်တော့ဘူး” ဟု သူက ပြောသည်။ အချို့မီဒီယာများက သတင်း ဗီဒီယိုဖိုင်များ ထုတ်လုပ်သည့် ဗျူဟာကို အသုံးပြုခြင်းမှာ ၎င်းတို့ကို အခြားသော မီဒီယာလုပ်ငန်းကြီးများသို့ ရောင်းချခြင်းအားဖြင့် ရေရှည်ရပ်တည်နိုင်ရေးဟု သူက ထပ်ပြောသည်။

Tai TV Online အဖွဲ့ဝင်များ အနေဖြင့် အွန်လိုင်း TV ကိုသာ ထုတ်လုပ်၍ YouTube နှင့် Facebook သို့ တင်ကြပြီး သူတို့ တွင် follower ၉၃၇၁၆ ဦးနှင့် Like လုပ်ထားသူ ၈၇၆၇၈ ကျော် ရှိသည်။ အဆိုပါ ကိန်းဂဏန်းများက ကာလကြာရှည်စွာ လုပ်ကိုင်ခဲ့ကြသည့် Karen Information Centre ( Like ၂၁ ၄၇၁)၊ Shan Herald News for Agency (Like ၁၅၂၀၅) နှင့် Mon News Agency (Like ၃၅၁၇၀) ကဲ့သို့သော တိုင်းရင်းသား မီဒီယာများထက် များပြားသော်လည်း လူကြိုက်များ သည့် မြန်မာ မီဒီယာများထက် များစွာ နည်းပါးနေဆဲ ဖြစ်သည်။

လူသိများမှုရှိနေသော်လည်း Tai TV Online က ရှမ်းဘာသာနှင့် ထိုင်းဘာသာကိုသာ သုံးစွဲသည့်အတွက် အခြားသော တိုင်းရင်းသား လူနည်းစု အသိုင်းအဝိုင်းနှင့် ထိတွေ့နိုင်မည့် လမ်းကြောင်းများ ပြတ်တောက်နေသည်။ သို့သော်လည်း တည်ထောင်သူများက ထိုအချက်ကို ၎င်းတို့ အေဂျင်စီ၏ အင်အားတခု အဖြစ် မြင်ထားသည်။ “မိခင်ဘာသာစကားကို သုံးစွဲထားတဲ့အတွက် တခြားဘာသာစကားတွေ မပြောနိုင်တဲ့သူတွေ အတွက် သတင်းတွေ ပေးနိုင်ပါတယ်။ ကျမတို့နဲ့ ဘာသာစကား တူညီတဲ့ ကျမတို့ရဲ့ အရင်းအမြစ်တွေဆီက ယုံကြည်မှုတွေ ရပါတယ်။ စကားပြန်ကတဆင့် ဖြတ်သန်းစရာ မလိုဘဲနဲ့ ယုံကြည် အားထားရတဲ့ သတင်းအချက်အလက်တွေ ကျမတို့ တိုက်ရိုက် ရရှိပါတယ်။ တချို့ဒေသခံတွေက ဗမာလို သို့မဟုတ် အင်္ဂလိပ်လို မေးရင် စကားပြောဖို့ ကြောက်ကြတယ်။ ကျမတို့က သူတို့ရဲ့ ခံစားမှုကို တိုက်ရိုက် ရရှိနိုင်ပါတယ်” ဟု နန်းခမ်းအင်က ပြောသည်။

လွန်ခဲ့သော ၃ နှစ်က Thai Public Broadcasting Service ၏ citizen journalist အစီအစဉ်က သူတို့၏ ရုပ်သံလိုင်း များတွင် ရှမ်းဘာသာဖြင့်တင်ပြသည့် ၁၅ မိနစ်စာ အစီအစဉ်ကို ထိုင်းစာတမ်းထိုးဖြင့် နေ့စဉ် ထုတ်လွှင့်ရန် Tai TV Online ကို အခွင့်အရေးပေးလာခဲ့သည်။ သို့သော်လည်း သူတို့ ညင်းပယ်ခဲ့ရသည်။ အဘယ်ကြောင့် ဆိုသော် နေ့စဉ် အစီအစဉ်တခုအဖြစ် သူတို့ ထုတ်လုပ်မပေးနိုင်သောကြောင့် ဖြစ်သည်။

“တချို့ စေတနာ့ဝန်ထမ်း (volunteer) တွေက ဂျာနယ်လစ် ဖြစ်ချင်ကြပါတယ်။ ဒါပေမယ့် သူတို့ စားဝတ်နေရေးအတွက် အလုပ်လုပ်နေရတော့ သတင်းလိုက်ဖို့ အတွက် အမြဲတမ်း အာရုံစိုက်ပြီး မနေနိုင်ကြပါဘူး။ သူတို့ ကမ်းလှမ်းလှမ်းတာက ကမ်းလှမ်းတာ သက်သက်ပါပဲ။ ဒါပေမယ့် ဒီအတွက် ဘယ်လိုပေးမယ်ဆိုတဲ့ အဓိပ္ပါယ်မျိုး မပါဘူးလေ” ဟု နန်းခမ်းအင်က ပြောသည်။ သို့သော်လည်း အခြား မီဒီယာများနှင့် ယှဉ်လျှင် Tai TV Online ၏ အားသာချက်က သူတို့ ကွဲပြားစုံလင်သော အဖွဲ့ဝင်များ၏ ကွန်ရက်က လူမှု အသိုင်းအဝိုုင်း၏ အကြိုအကြားနေရာများမှ သတင်းများအထိ ရနိုင်သည်ဟု သူက ရှင်းပြသည်။

လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လေ့လာနေသည့် သုတေသီတဦး ဖြစ်သော စိုင်းလိတ်ကလည်း ၂၀၁၅ ခုနှစ်က ဖြစ်ပွားခဲ့သည့် တပ်မတော်နှင့် ကိုးကန့် အဖွဲ့တို့၏ ပဋိပက္ခကို ပြန်ပြောရင်း အဆိုပါ အယူအဆကို ထောက်ခံသည်။ ထိုကဲ့သို့သော ကိစ္စများ၌ သတင်းရယူရန် အခက်အခဲဖြစ်လာချိန်တွင် တိုင်းရင်းသား မီဒီယာများက ပြတင်းပေါက် တခုသဖွယ် ဖြစ်လာသည်။ “ကျနော့် အမြင်အရတော့ တိုင်းရင်းသား မီဒီယာ အဖွဲ့တွေက တိုင်းရင်းသား ဒေသတွေက စစ်ပွဲတွေနဲ့ ပတ်သက်လို့ တသမတ်တည်း သတင်းပို့နိုင်ကြတယ်။ ကိုးကန့် လက်နက်ကိုင်တွေနဲ့ မဆက်သွယ်ဖို့ တပ်မတော်က မီဒီယာတွေကို သတိပေးပြီးတဲ့ နောက်မှာ အဓိက မီဒီယာကြီးတွေ အားလုံးနီးပါး ကိုးကန့်တိုက်ပွဲ သတင်းတွေ ဖော်ပြတာ ရပ်တန့်သွားခဲ့တယ်။ ဒါပေမယ့် တိုင်းရင်းသား မီဒီယာတွေကတော့ ဒီအကြောင်းကို ဆက်ပြီး သတင်းပို့နိုင်ခဲ့ကြတယ်။ ဒါပေမယ့် တချို့တိုင်းရင်းသား မီဒီယာတွေကတော့ တပ်မတော်ရဲ့ တရားဝင်ပြောရေးဆိုခွင့် ရှိသူတွေဆီက တုန့်ပြန်မှုရဖို့ မဆက်သွယ်နိုင်ခဲ့ကြဘူး” ဟု သူက ပြောသည်။

ဒေသတွင်း အခြေပြု တနင်္သာရီ အပတ်စဉ်ထုတ် ဂျာနယ်တွင် ပုံမှန်ပါဝင်ရေးသား နေသူတဦး ဖြစ်ပြီး တနင်္သာရီတိုင်း အတွင်းမှ ချောင်းတခု ပျက်စီးနေသည်ကို ထောက်ပြသည့် “ငါးရံ့တကောင်၏ ရင်ဖွင့်သံ” အမည်ရှိ ဆောင်းပါးကြောင့် အသရေဖျက်မှုဖြင့် တရားစွဲဆိုခြင်း ခံခဲ့ရသူလည်း ဖြစ်သည့် ဦးအောင်လွင်က ဒေသတွင်း ဂျာနယ်ဆိုသည်မှာ အစိုးရသစ် ၏ လက်အောက်တွင် ပြုပြင်ပြောင်းလဲရေးများ ဖော်ဆောင်ရန် ဒေသဆိုင်ရာ အစိုးရ အတွက် မောင်းနှင်အား တခုဖြစ် သည်ဟု ရှင်းပြသည်။

ရန်ကုန် အခြေစိုက် မီဒီယာများက ဒေသနှင့် ပတ်သက်၍ သတင်းရေးသားဖော်ပြရန် အခက်အခဲများ ရှိနေချိန်တွင် တနင်္သာရီ အခြေစိုက်ဂျာနယ်က ထိုကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်သည် ဟု သူက မှတ်ချက်ပြု သည်။ “တနင်္သာရီ ဂျာနယ်ကို ဖတ်ရတာက အိမ်မှာချက်တဲ့ အစားအစာကို စားရသလိုပဲ။ ဒါပေမယ့် တခြား စာစောင်တွေဖတ် ရတာက အပြင်မှာ စားရတာနဲ့တူတယ်။ အဲဒါကအသိသာဆုံးပဲ” ဟု ဦးအောင်လွင်က ပြောသည်။ ထို့ကြောင့် မြန်မာ လူမှု အသိုင်းအဝိုင်းတွင် တိုင်းရင်းသား မီဒီယာများ၏ အခန်းကဏ္ဍက အရေးပါသော်လည်း လူအနည်းငယ်ကသာ အသိအမှတ် ပြုကြသည်။ နားလည် သဘောပေါက်ကြသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ က ပြုလုပ်ခဲ့သည့် စတုတ္ထအကြိမ်မြောက် တိုင်းရင်းသား မီဒီယာကွန်ဖရင့် တွင် တိုင်းရင်းသား မီဒီယာများက ၎င်းတို့ကို အင်အားကြီး မီဒီယာများနှင့် ထပ်တူ အသိအမှတ်ပြုရန် အစိုးရထံ တောင်းဆို ခဲ့ကြသည်။ ပြည်နယ်နှင့် တိုင်းလွှတ်တော်များသို့ ဝင်ရောက်၍ သတင်းရယူနိုင်ရေးနှင့် အစိုးရက ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ တိုင်းရင်းသား မီဒီယာ အဖွဲ့အစည်း အများအပြားမှာ တိုးတက်မှု နှောင့်နှေးနေကြဆဲ ဖြစ်သည်။

“ဘာတိုးတက်မှုမှ မရှိဘူး။ သူတို့က ကျနော်တို့ကို မယုံကြည်ဘူး။ စိတ်တိုင်းမကျဘူး။ သူတို့က သူတို့ကိုယ်ပိုင် ဂျာနယ် ထုတ်မယ်လို့ ပြန်ပြောတယ်” ဟု ကန္တာရဝတီတိုင်းမ် သတင်းဌာန၏ အယ်ဒီတာ ဆေရာစိုး(Say Reh Soe) က ပြောသည်။ NLD ပြည်နယ် အစိုးရသစ်နှင့် ဆက်ဆံရေးက ယခင်အစိုးရနှင့် နှိုင်းစာလျှင် အဆင်မပြေကြောင်းလည်း သူက ထပ်ပြောသည်။

ခက်ခဲမှုများရှိသော်လည်း Tai TV Online ၏ အနာဂါတ် ရည်ရွယ်ချက်က Tai National Channel ကို ထုတ်လွှင့်ရန် ဖြစ် သည်။ အလှူရှင်များ၏ အထောက်အပံ့မရှိသော်လည်း ပြိုင်ဘက်မရှိသော ဈေးကွက်တွင် ဧပြီလအတွင်းက သူတို့ ပထမဆုံး ခြေလှမ်းကို စနိုင်ခဲ့သည်။ Tai TV Online ကို တည်ထောင်သူများက သူတို့၏ ရည်ရွယ်ချက် အကောင်အထည် ဖော်နိုင်ရန် မြန်မာနိုင်ငံမှ အခြား ရှမ်း မီဒီယာ အဖွဲ့အစည်း ၇ ခုနှင့် ဆွေးနွေးခဲ့သည်။

အဆိုပါ မီဒီယာအဖွဲ့များက နည်းပညာဆိုင်ရာ အသုံးအနှုံးသစ်များအတွက် တူညီသော ရှမ်းဘာသာစကားကို အသုံးပြုရန် နှင့် ကွဲပြားသော တိုင်းရင်းသား လူမျိုးစုများကြားတွင် လူမျိုးရေးခွဲခြားမှုနှင့် ပဋိပက္ခကို ဖြစ်စေနိုင်သော သတင်းများကို ရှောင်ရှားရန် သဘောတူညီခဲ့ကြသည်။ ထို့နောက် မြန်မာပြည်တွင်းမှာရော ပြည်ပမှာပါ အခြေစိုက်သည့် Tai မီဒီယာ ( ရှမ်း မီဒီယာ)များ အချင်းချင်း သတင်း အချက်အလက်နှင့် အကူအညီများ ဝေမျှနိုင်မည့် အဖွဲ့(group) တခုကို အခမဲ့ ဖုန်းခေါ်ဆို နိုင်ပြီး message လည်းပို့နိုင်သည့် Line (အွန်လိုင်း ဆက်သွယ်ရေး အပလီကေးရှင်း)တွင် ဖွင့်ခဲ့ကြသည်။

အများအပြားပေါ်ပေါက်လာနေသည့် တိုင်းရင်းသား မီဒီယာအဖွဲ့များမှာ ကြာရှည်ရပ်တည်နိုင်ရန်၊ ငွေကြေး အကန့်အသတ် ရှိခြင်းနှင့် လူသား အရင်းအမြစ်ဆိုင်ရာ အတားအဆီးများကြောင့် အလျှင်အမြန် ပျောက်ကွယ်သွားရမည့် အန္တရာယ်မှ ကာကွယ်နိုင်ရန် ထိုကဲ့သို့သော တီထွင်ဖန်တီးမှု ရှိသည့် အဖြေများကို ရှာဖွေနိုင်ရမည် ဖြစ်သည်။ DVB မှ ဂျာနယ်လစ် တဦး ဖြစ်သည့် ကဗျာဆရာ သားကြီးမောင်ဇေယျက တိုင်းရင်းသား မီဒီယာသည် ဆူးများ ဝိုင်းရံနေသော ပန်းတပွင့် ဖြစ် သည်ဟု ပြောသည်။

“တိုင်းရင်းသား မီဒီယာတွေက မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားမှာ အသက်ပြင်းပြင်းတောင် မရှူနိုင်ဘဲ နေနေကြရတာပါ။ တိုင်းရင်းသား မီဒီယာတွေ အတွက် နိုင်ငံတကာရဲ့ အကူအညီဆိုတာက သေခါနီး လူတ ယောက် အတွက် ရေတစက်လိုပါပဲ” ဟု သူကဆိုသည်။

(ကိုထွေးသည် Cardiff တက္ကသိုလ် မှ စာနယ်ဇင်းပညာရပ်ဆိုင်ရာ ဘွဲ့လွန် ကျောင်းသားတဦး ဖြစ်ပြီး စာနယ်ဇင်း၊ မီဒီယာ နှင့် ဆက်သွယ်ရေး တို့ကို လေ့လာနေသည်။ ယခုဆောင်းပါးသည် Oxford တက္ကသိုလ်၏ မြန်မာ့ရေးရာ ဖိုရမ်တခုဖြစ်သော Tea Circle တွင် ဖော်ပြခဲ့သည့် “Ethnic Media in Burma”  ကို ဘာသာပြန်ဆို ထားခြင်း ဖြစ်ပါသည်။)

Your Thoughts …
Tags: တိုင်းရင်းသား မီဒီယာ
ကိုထွေး

ကိုထွေး

...

Similar Picks:

No Content Available
Next Post
ဒီဇိုင်း-ကျော်မျိုးထိုက်/ ဧရာဝတီ

အချစ်ရေးကို ဖျက်ဆီးနေသော စမတ်ဖုန်းများ

တရားမဝင် အွန်လိုင်း လောင်းကစားမှု့ကြောင့် အပိတ်ခံလိုက်ရသော တရုတ်ဘဏ် အကောင့်များတွင် မြန်မာကုန်သည်များလည်းပါဝင်နေသည်  / Reuters

တရုတ်ဘဏ်တွင် အပိတ်ခံလိုက်ရသည့် မြန်မာကုန်သည်များ၏ အကောင့်များ အမြန်ဆုံးပြန်ဖွင့်ပေးရန် ညှိနှိုင်းနေ

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

1 day ago
3.7k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

5 days ago
3.5k

Most Read

  • NUG ဘာတွေပြင်သင့်သလဲ

    NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate